← Chapters

ယက္ခမျိုးနွယ်

Vol. 51 Ch. 755

ယက္ခမျိုးနွယ်

Vol. 51 Ch. 755

သိပ်သည်းသော သွေးရနံ့တစ်ခုက ဖြာထွက်လာလေသည်။

အနက်ရောင်ဝတ်ကျင့်ကြံသူ၏ ခြေထောက်ဘေးတွင် အသားတစ်များက တစ်ခုပြီးတစ်ခု ပြုတ်ကျလာ၏။

ပဒေသရာဇ်နန်းတော်၏ ရွှေအမြုတစ်ယောက်ကို အနက်ရောင်ဝတ်ကျင့်ကြံသူက အရှင်လတ်လတ် ဝါးစားခဲ့လေသည်။

အသင်္ချေနယ်မြေမြို့တော်သို့ ရောက်ရှိလာသော ကျင့်ကြံသူတိုင်းသည် လူများသေဆုံးတာကို မြင်ဖူးကြပြီး တစ်ယောက်ကိုတစ်ယောက်လည်း သတ်ဖြတ်ခဲ့ဖူးကြလေသည်။

သို့သော်လည်း.. ကျင့်ကြံသူတစ်ယောက်သည် အခြားတစ်ယောက်၏ပါးစပ်ထဲမှာ တစ်ယောက်ပြီးတစ်ယောက် အရှင်လတ်လတ် ဝါးစားခံနေရသည်ကို မြင်ရသောအခါ.. သူတို့သည် တုန်လှုပ်သွားကြဆဲဖြစ်လေသည်။

အမျိုးသမီးကျင့်ကြံသူအချို့သည် သူတို့၏မျက်နှာများက ဖြူလျော့သွားပြီး သူတို့၏ဝမ်းဗိုက်များထဲမှ အစာများက လှိုက်တက်လာလေသည်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ နေရာမှာတင် အော့အန်လိုက်ကြလေသည်။

အစက.. တိုက်ပွဲမြေပြင်မှာ ဆက်တိုက်ဆင့်ကဲသတ်ဖြတ်နေသော ညဝိညာဉ်သည် တစ်ခုခုကို အာရုံခံမိသွားပြီး သူ၏ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်၏။ သူက နှာခေါင်းတစ်ချက်ရှုံ့၍ သူ၏နားရွက်နှစ်ဖက်က တွန့်သွားပြီးနောက် သူ၏အမူအရာက ပြောင်းလဲသွားလေသည်။

သူက ဖျတ်ခနဲဆို လူအုပ်ကြီးထဲကနေ ပျောက်ကွယ်သွားလေသည်။

‘အစ်ကိုကျောက်..’

ပဒေသရာဇ်နန်းတော်၏ မိစ္ဆာအမွေခံ ဖန်းယွဲ့သည် ထိုသည်ကို မြင်သောအခါ ဒေါသူပုန်ထသွားပြီး ဝမ်းနည်းဖွယ်ရာ အော်ဟစ်လိုက်၏။ သူက ဘာစကားမျှ မပြောတော့ဘဲ လှံရှည်တစ်လက်ကို ထုတ်ကာ အခြားတစ်ဘက်ရှိ အနက်ရောင်ဝတ်ကျင့်ကြံသူထံသို့ ပြေးဝင်သွားလေသည်။

‘ဟီး.. ဟီး.. ဟီး.. ဟီး.. နောက်ထပ် သေချင်နေတဲ့လူတစ်ယောက်ပဲ’

လူအုပ်ကြီးထဲရှိ အနက်ရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ရယ်မောလိုက်ပြီး လှုပ်ရှားလာလေသည်။

‘အဲ့တစ်ယောက်ကိုတော့ ငါစားဖို့အတွက် ထားပေး’

ထိုသို့ပြောပြီးသည်နှင့်.. သူက နေရာကနေ ပျောက်ကွယ်သွားလေသည်။

ဖန်းယွဲ့သည် သူ့အနားကနေ တစ်စုံတစ်ယောက် ဖြတ်သွားသည့်အလား သူ၏အမြင်အာရုံက ရိပ်ခနဲ ဖြစ်သွားလေသည်။

‘မကောင်းတော့ဘူး’

သူက စိတ်ထဲကနေ ရေရွတ်လိုက်၏။

အဲဒါက မြန်ဆန်လွန်းလှလေသည်။

ထိုအမြန်နှုန်းက သူ့မျက်လုံးနှင့် မြင်နိုင်သည်ထက်ပင် များစွာပို၍ မြန်ဆန်နေလေသည်။

‘ရွှစ်..’

တစ်စုံတစ်ယောက်က သူ၏နောက်ကျောကနေ တိုက်ခိုက်လိုက်သည့်အလားပင်။

သူ၏ခြေဖျားကနေ အေးစိမ့်နေသော စိတ်ဆန္ဒတစ်ခုက မြင့်တက်လာပြီး ခေါင်းမွေးများ ထောင်ထလာလေသည်။

ဖန်းယွဲ့သည် တွေဝေခြင်း မရှိဘဲ သူ၏ရွှေအမြုတေနယ်မြေကို ချက်ချင်းထုတ်ဖော်လိုက်၏။

‘ဘုန်း..’

ရွှေအမြုတေစွမ်းအားများက လေထဲမှာ ရုန်းကြွလာလေသည်။

စိတ်ဝိညာဉ်စွမ်းအင်များက ဖန်းယွဲ့ကို အဆက်မပြတ် လှည့်ပတ်လာပြီး ကြောက်စရာကောင်းသည့်ပုံစံဖြင့်‌ နက်မှောင်နေသော လှံတစ်လက်အဖြစ် လျင်မြန်စွာ စုစည်းလာလေသည်။ ထိုလှံတံက မိုးကြိုးများဖြင့် တဖျစ်ဖျစ် မြည်နေပြီး အနည်းငယ် တုန်ယင်နေ၏။ ၎င်း၏တည်ရှိမှုကြောင့် လေဟာနယ်ပင် ငိုကြွေးသွားရလေသည်။

ပဒေသရာဇ်နန်းတော်၏ အမွေအနှစ်အမြုတေနယ်မြေ ကောင်းကင်ထိုးဖောက်လှံ..။

‘နှေးတယ်’

ဖန်းယွဲ့က သူ၏ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်သည့်ခဏမှာပင်.. သူ၏နားထဲသို့ လှောင်ပြောင်ခြင်း ၊ သရော်ခြင်းနှင့် သတ်ဖြတ်လိုစိတ်တို့ ရောစွက်နေသော စကားလုံးနှစ်လုံးက တိုးဝင်လာလေသည်။

ချက်ချင်းပင်.. သူ၏လည်ပင်းဆီမှ အေးစက်စက် ခံစားမှုတစ်ခုကို ရလိုက်၏။

အဲဒါက သူ ဒီ့ထက်ပိုပြီး မရင်းနှီးနိုင်တော့မည့် အေးစက်မှုဖြစ်လေသည်။

အဲဒါက.. ဓားသွား၏အေးစက်မှု ဖြစ်လေသည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင်.. သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှု၏ရလဒ်က ဆုံးဖြတ်ပြီးသွားလေပြီ။

ကျင့်ကြံသူများစွာ၏ရှေ့မှောက်မှာပင်.. ဖန်းယွဲ့သည် ရှေ့သို့ထိုးတက်သွားပြီး အနက်ရောင်ဝတ်ကျင့်ကြံသူက နေရာကနေ ပျောက်ကွယ်သွားခဲ့လေသည်။

ဖန်းယွဲ့က သူ၏ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်ချိန်တွင်.. အရိပ်ကဲ့သို့ ပုံရိပ်ယောင်တစ်ခုက သူ၏နောက်မှာ ပေါ်လာပြီး အေးစက်၍ ကွေးညွှတ်ထားသော ဆေဘာတစ်လက်ကို ကိုင်ဆွဲကာ သူ၏လည်ပင်းဆီသို့ လွှဲရမ်းလိုက်၏။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်နေရာအတွင်းဝင်သော ပြိုင်စံရှားတစ်ယောက်သည် အနက်ရောင်ဝတ်ကျင့်ကြံသူထံမှ တိုက်ခိုက်မှုတစ်ချက်တွင်ပင် အသက်မရှင်နိုင်တော့မည့်ပုံပင်။

ဖန်းယွဲ့၏ဦးခေါင်းက ပြတ်ကျသွားတော့မည်ဟု လူတိုင်းက ထင်မိလိုက်စဉ်မှာပင် အနက်ရောင်လှံရိပ်များက လေထဲမှာ သိပ်သည်းစွာဖြင့် အနက်ရောင်ဝတ်ကျင့်ကြံသူထံသို့ အလွန်တရာလျင်မြန်စွာ ဖြတ်သန်းလာလေသည်။

လှံရိပ်များက ကောင်းကင်နှင့်ကမ္ဘာမြေ၏ စွမ်းအားမျှင်များကို ပိုင်ဆိုင်ထားလေသည်။

အဲဒါက ဓမ္မတိုက်ကွက်တစ်ခုဖြစ်လေသည်။

နိုးထဝိညာဉ်တစ်ယောက်က တိုက်ခိုက်ခဲ့လေပြီ။

များစွာသော ကျင့်ကြံသူများသည် လှည့်ကြည့်လိုက်ကြ၏။

ပဒေသရာဇ်နန်းတော်၏ပကတိအရှင်သည် အနက်ရောင်ဝတ်ကျင့်ကြံသူအုပ်စုကို လေးနက်စွာဖြင့် စိုက်ကြည့်နေပြီး သူ၏အမူအရာက သုန်မှုန်နေလေသည်။ သူက သူ၏လက်ချောင်းများကို တရိပ်ရိပ် လှုပ်ရှားလိုက်ပြီး လက်ဟန်ချိတ်စည်းများကို ဖန်တီးလိုက်၏။ သူ၏ခန္ဓာကိုယ်မှ ဓမ္မစွမ်းအားများက ရုန်းကြွလာလေသည်။

ထိုသိပ်သည်းသော လှံရိပ်များကို ထုတ်ဖော်လိုက်သူက သူပင်လျှင် ဖြစ်လေသည်။

‘သေစမ်းကွာ’

အစက.. ဖန်းယွဲ့၏နောက်မှာရှိနေသော အနက်ရောင်ဝတ်ကျင့်ကြံသူသည် တစ်ချက်အော်ဟစ်၍ သူ၏အနက်ရောင်ဝတ်ရုံက ရုတ်တရက် စုတ်ပြဲသွားပြီး လေထဲမှာ အပိုင်းပိုင်းအတစ်တစ် ပြုတ်ကျလာလေသည်။

အနက်ရောင်ဝတ်ကျင့်ကြံသူ၏ အစစ်အမှန်သွင်ပြင်က အပြည့်အဝ ထွက်ပေါ်လာခဲ့လေပြီ။

သူက နက်မှောင်နေသော အသားအရည်နှင့်အတူ အလွန်တရာမြင့်မားပြီး သူ၏နောက်ကျောတွင် ပိတုန်းရောင် အသားပြားတောင်ပံတစ်စုံက ရှိနေလေသည်။ သူတို့ကို ဖြန့်ကြက်လိုက်သောအခါ.. အဲဒါက ပေအတော်များများ ကျယ်လေသည်။

စိမ်းဖန့်ဖန့်မျက်နှာနှင့်အတူ အနက်ရောင်ဝတ်ကျင့်ကြံသူက အလွန်တရာ ရုပ်ဆိုးအကျည်းတန်ပြီး သွားစွယ်များက ငေါထွက်နေလေသည်။ သူ၏နှာခေါင်းက အပေါ်သို့ ချွန်ထွက်နေပြီး သူ၏လက်ချောင်းများနှင့် ခြေချောင်းများက ကွေးညွတ်ထားသော သံချိတ်များလို အေးစက်စက်ဖြင့် တလက်လက်ထ၍ ထက်ရှနေလေသည်။

အဲဒါက.. လူမဟုတ် ၊ ငရဲမှလာသော ဆိုးယုတ်တစ္ဆေတစ်ကောင်နှင့် ဆင်တူလေသည်။

စိမ်းဖန့်ဖန့်မျက်နှာနှင့် ဆိုးယုတ်တစ္ဆေသည် သူ့နောက်ရှိဖိအားကို အာရုံခံမိလိုက်ပြီး ဖန်းယွဲ့၏လည်ပင်းကို အချိန်မီ လှီးဖြတ်နိုင်ခြင်း မရှိတော့ပေ။ သူ၏အစစ်အမှန်ပုံစံကို ထုတ်‌ဖော်လိုက်ပြီး တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ အနက်ရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားလေသည်။

‘ဝှစ်.. ဝှစ်.. ဝှစ်’

ထိုအလင်းတန်းက အလွန်တရာလျင်မြန်ပြီး လက်ရှိကျင့်ကြံသူများအားလုံး၏ တုံ့ပြန်နိုင်သော အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေလေသည်။

သူက သိပ်သည်းသော လှံရိပ်များကြား တစ်မူထူးခြားသော ပေါ့ပါးဖျတ်လတ်မှုဖြင့် လူးလွန့်သွားပြီး အရာရာတိုင်းကို ရှောင်ရှားကာ အနက်ရောင်ဝတ် ခေါင်းဆောင်ကျင့်ကြံသူ၏နောက်မှာ ပြန်ပေါ်လာလေသည်။

လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။

တစ်ဘက်မှာတော့.. သူတို့သည် ထိုသတ္တဝါ၏ စပ်ဆုပ်စရာကောင်းပြီး အရုပ်ဆိုးအကျည်းတန်လှသော သွင်ပြင်ကြောင့် တုန်လှုပ်သွားရခြင်းဖြစ်လေသည်။

အခြားတစ်ဘက်မှာတော့.. သူတို့သည် ထိုသူ၏အစွမ်းအစများကို တုန်လှုပ်သွားခြင်းဖြစ်လေသည်။

စိမ်းဖန့်ဖန့်မျက်နှာနှင့် ဆိုးယုတ်တစ္ဆေထံမှ ဓမ္မစွမ်းအား အတက်အကျ လုံးဝမရှိပေ။

တစ်နည်းအားဖြင့်ပြောရလျှင်… သူက အလွန်ဆုံး ရွှေအမြုတေအဆင့်မှာသာလျှင် ရှိလေသည်။

သို့သော်လည်း.. သူ၏ကြောက်စရာကောင်းသော အမြန်နှုန်းပေါ်မှာ မှီခို၍ နိုးထဝိညာဉ်တစ်ယောက်၏ သတ်ဖြတ်ကွက်ကနေ လုံးဝ မထိမခိုက်နှင့် ရုန်းထွက်နိုင်ခဲ့လေသည်။ သူက ရွှေအမြုတေတစ်ယောက်သာလျှင် ဖြစ်လေသည်။

ဖန်းယွဲ့သည် သူ၏ခြေလက်များက အေးစက်လာသည်ဟု ခံစားလိုက်ရ၏။

သူက အသက်ရှင်နိုင်ခဲ့သော်လည်း.. သူ၏နှလုံးက တလှပ်လှပ်ဖြစ်နေပြီး သူ၏စိတ်ကို တည်ငြိမ်လို့ မရနိုင်ပေ။

သူ၏လည်ပင်းပေါ်မှာ ခပ်ပါးပါး သွေးမျဉ်းကြောင်းတစ်ခုက ပေါ်လာလေသည်။

ပဒေသရာဇ်နန်းတော်၏ပကတိအရှင်ကသာ ခြေတစ်လှမ်းနောက်ကျသွားမည်ဆိုလျှင်.. သူက အခုလောက်ဆို အလောင်းကောင်ဖြစ်နေလောက်လေပြီ။

‘မင်းကတော့ သေချင်နေတာပဲ’

မျက်နှာအစိမ်းရောင်နှင့်ဆိုးယုတ်တစ္ဆေက သူတို့လူအုပ်ထဲသို့ ပြန်ရောက်သွားသည့်ခဏမှာပင် ခေါင်းဆောင်ဖြစ်သူ အနက်ရောင်ဝတ်ကျင့်ကြံသူက ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ဝတ်ရုံစက ပေါက်ကွဲထွက်သွားလေသည်။

အနက်ရောင်ဝတ်ကျင့်ကြံသူများကြားထဲတွင် သူက ဗလအတောင့်ဆုံးဖြစ်ပြီး သူ၏ ပိတုန်းရောင် အသားပြားတောင်ပံကနေ တုန်လှုပ်ချောက်‌ခြားဖွယ် ဆိုးယတ်ချီများကို ထုတ်ပေးနေလေသည်။

‘ရွှစ်..’

အနက်ရောင်ဝတ်ခေါင်းဆောင်လူက ပျောက်ကွယ်သွားလေသည်။

‘မင်းတို့တွေက..’

ပဒေသရာဇ်နန်းတော်မှ ပကတိအရှင်၏မျက်လုံးနှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်သွား၏။ သူက သူ၏လှံကို မြှောက်ပြီး သူ့ပါးစပ်က အနည်းငယ်ဖွင့်ဟ၍ စကားလုံးအချို့ ပြောနေစဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားလေသည်။

အချိန်ကာလက အေးခဲသွားသည့်အလား ထင်ရလေသည်။

များစွာသော ကျင့်ကြံသူများ၏ရှေ့မှောက်မှာပင်.. အနက်ရောင်ဝတ်ခေါင်းဆောင်လူက ပျောက်ကွယ်သွားခဲ့လေသည်။ သူပြန်ပေါ်လာသောအခါ.. သူက ပဒေသရာဇ်နန်းတော်မှ ပကတိအရှင်၏နောက်မှာ ရောက်နေပြီး သူ၏တောင်ပံများကို ပြန်ရုတ်လိုက်၏။

အနက်ရောင်ဝတ်လူက ကွေးညွတ်ထားသော ဆေဘာနှစ်လက်ကို ဆွဲကိုင်ထားပြီး ထိုဆေဘာအသွားများပေါ်တွင် ရှုပ်ထွေးနက်နဲ၍ ရှေးကျသော အင်းကွက်များကို ရေးဆွဲထားလေသည်။

‘ပေါက်.. ပေါက်..’

ထက်ရှသော ဓားသွားနှစ်ခုမှ မသတီစရာ သွေးစက်များက ဖြည်းဖြည်းချင်း တစ်စက်ပြီးတစ်စက် ကျလာလေသည်။

ပဒေသရာဇ်နန်းတော်မှ ပကတိအရှင်၏ဦးခေါင်းသည် သူ၏လည်ပင်းထက်ကနေ လျှောကျသွားပြီး မြေပြင်ပေါ်မှာ အပတ်အနည်းငယ် လိမ့်သွား၏။

သွေးသံရဲရဲဦးခေါင်းကြီး၏ မျက်လုံးနှစ်ဖက်သည် သေသည့်တိုင်အောင်.. ကြီးမားသည့် တုန်လှုပ်ချောက်ခြားမှုကို တွေ့ကြုံခံစားခဲ့ရသည့်အလား ပြူးကျယ်နေလေသည်။ ပဒေသရာဇ်နန်းတော်၏ပကတိအရှင်က သေလေပြီ..။

သူသည် အနက်ရောင်ဝတ်ခေါင်းဆောင်လူထံမှ တိုက်ခိုက်မှုတစ်ခုမှာပင် မရှင်သန်နိုင်ခဲ့ပေ။

များစွာသော ကျင့်ကြံသူများသည် ဖြစ်ပျက်သမျှကို စောင့်ကြည့်နေရင်း သူတို့၏စိတ်က ဗလာကျင်းသွားလေသည်။

အဖြစ်အပျက်များသည် အရမ်းကိုမြန်ဆန်၍ ရုတ်တရက်ဆန်လွန်းလေသည်။

ဖန်းယွဲ့၏အကြည့်က အေးခဲသွား၏။ သူက သူ၏ရှင်သန်မှုကနေ ဝမ်းသာပျော်ရွှင်လို့ မဆုံးသေးခင်မှာပင် သူ့ကိုကယ်တင်ပေးခဲ့သော သူ့ဂိုဏ်း၏စီနီယာက သေသွားခဲ့လေပြီ။

လေထဲမှာ အသေအကြေတိုက်ခိုက်နေကြသော နိုးထဝိညာဉ်များသည်လည်း တပြိုင်နက်တည်း ရပ်တန့်သွားကြ၏။

ပကတိအရှင်ယွီကြွင်း ၊ ပကတိအရှင်ပေတူ ၊ ပကတိအရှင်ထျန်မင်း ၊ ကိုယ်တော်ယင်လူနှင့် အခြားသူများသည် သုန်မှုန်နေသော အမူအရာများ ရှိကြပြီး.. သူတို့က လမ်းမထက်ရှိ အစိမ်းရောင်မျက်နှာများနှင့် သွားစွယ်များ ငေါထွက်နေသော သတ္တဝါများကို ငေးကြည့်နေကြ၏။ သူတို့မျက်လုံးများ၏အနက်ပိုင်းထဲတွင် နက်ရှိုင်းသည့် သတိကြီးကြီးထားမှုတစ်ခုက ပေါ်နေကြလေသည်။

တကယ်ဆို.. အဲဒါက ကြောက်ရွံ့မှုလည်းဖြစ်လေသည်။

မြေပြင်ပေါ်ရှိ ရုတ်ရုတ်သဲသဲ တိုက်ပွဲကလည်း ရပ်တန့်သွားလေပြီ။

ထိုမျက်နှာအစိမ်းရောင်နှင့်သက်ရှိများက သူတို့အပေါ် ရန်လိုစိတ်ရှိနေကြကြောင်း အရူးတောင်မှ ပြောနိုင်လေသည်။

အစကတော့.. ကြီးမားသော အသင်္ချေနယ်မြေမြို့တော်ထဲတွင် သတ်ခြင်းဖြတ်ခြင်း အသံများဖြင့် ဆူညံပွက်လောရိုက်နေကြ၏။

နောက်ခဏမှာတော့ အဲဒါက.. သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

သတ်ဖြတ်လိုစိတ်တစ်ခုနှင့်အတူ သွေးရနံ့တစ်ခုက လေထဲမှာ လွှမ်းခြုံလာလေသည်။

ညဝိညာဉ်က လူအုပ်ကြီးထဲမှာ ပုန်းကွယ်နေ၏။

သူက အစိမ်းရောင်မျက်နှာနှင့် သတ္တဝါများကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်တစ်ခုက ပေါ်လာပြီး အဲဒါက နက်ရှိုင်းလာသော်လည်း သူက သူ၏အော်ရာကို ချက်ချင်းပြန်ရုတ်သိမ်း၍ သူ၏အကြည့်ကို တစ်ဘက်အဖွဲ့က သတိမထားမိစေရန် အကောင်းဆုံး ဖုံးကွယ်လိုက်၏။

လင်းရွှမ်ကျီ၏ဘေးတွင် ဖက်တီးလေးက ရပ်နေပြီး.. သူက ထိုသူ့ထံမှ ပြောင်းလဲသွားသော အမူအရာကို သတိထားမိနေ၏။

နောက်တွင်ပစ်ထားသော လင်းရွှမ်ကျီ၏လက်နှစ်ဖက်သည် အနည်းငယ်တုန်ယင်နေ၏။

‘အစ်ကိုလင်း.. သူတို့ရဲ့နောက်ခံက ဘာလဲ’

ဖက်တီးလေးက တီးတိုးမေးလိုက်၏။

ဖြူဖတ်ဖြူလျော်အမူအရာနှင့်အတူ လင်းရွှမ်ကျီက တံတွေးကို မျိုချပြီး ဖြည်းဖြည်းချင်း ပြန်ပြောလိုက်၏။

‘ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲက တစ်စု…. ယက္ခမျိုးနွယ်’

All Chapters