ရွေ့လျားလာသော ဒီရေများ
Vol. 51 Ch. 757
ပကတိအရှင် ထျန်မင်းသည် မိုးကြိုးလေပြေထွက်ပြေးခြင်းကို ထုတ်ဖော်လိုက်ပြီး ဓမ္မစွမ်းအားများက တစ်လိပ်လိပ်တက်လာ၏။ မိုးကြိုးတစ်စင်းကဲ့သို့ သူသည် ရပ်နားခြင်းမရှိဘဲ အသင်္ချေနယ်မြေမြို့တော်ထဲကနေ ပြေးထွက်သွား၏။
တစ်ကယ်ဆို သူက သူ့ဂိုဏ်းသားများကိုပင် အရေးမလုပ်တော့ပေ။
ပကတိအရှင်ထျန်မင်းသည် ဘဝနေဝင်ခါနီးအရွယ် ချိတ်ပိတ်ထားသူတစ်ယောက် မဟုတ်ပေ။
သူက သူ၏ အထွတ်အထိပ် အရွယ်မှာရှိနေသော နိုးထဝိညာဥ်တစ်ယောက်ဖြစ်လေသည်။ သူက သူ့ဂိုဏ်းမှ ဂိုဏ်းသားများကို ကာကွယ်ဖို့အတွက် သူ့အသက်ကို စတေးပစ်လိုက်စရာ အကြောင်းမရှိပေ။
သူ၏အမူအရာက ထိတ်ထိတ်ပျာပျာဖြစ်နေပြီး သူ၏မျက်လုံးများထဲမှ ကြောက်ရွံမှုအရိပ်အယောင်က နက်ရှိုင်းနေလေသည်။
သူသည် မိုက်မဲစွာနဲ့ ထိုဆုံးဖြတ်ချက်က်ို ချခဲ့ခြင်းမဟုတ်ပေ။ သူက အခြေအနေကိုအကဲဖြတ်ပြီးမှ ပြတ်သားစွာဖြင့် ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာဦးမျိုးနွယ်စု ၉ စုက အရမ်းကို ကြောက်စရာကောင်းလွန်းပေသည်။
ကမ္ဘာဦးမျိုးနွယ် ၉ စုအပေါ် သူ၏ကြောက်ရွံမှုက သူ၏ မျိုးဆက်သွေးအနက်ပိုင်းထဲမှာပင် အမြစ်တွယ်နေလေသည်။ သူက အဲ့တာကို ခုခံနိုင်စွမ်းမရှိပေ။
အဲ့ဒါသည် မော်တယ်တစ်ယောက်က ကြမ်းကြုတ်တောကောင်တစ်ကောင်နှင့် တွေ့ကြုံရသည့်အခါ တိုက်ခိုက်ခြင်းမရှိဘဲ ကြောက်ရွံ့မှုလွန်ကဲလာသည်နှင့် တူပေသည်။
ဒါ့အပြင် ယက္ခခေါင်းဆောင်၏ ကြောက်စရာကောင်းသော အစွမ်းအစများကို မြင်တွေ့ပြီးနောက် ပကတိအရှင် ထျန်မင်းသည် သူက ထိုသူ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိနားလည်သွား၏။ သူက အသင်္ချေနယ်မြေမြို့တော်ထဲမှာ ဆက်လက်ကြန့်ကြာနေလျှင် သေချာပေါက် သေရပေလ်ိမ့်မည်။
ယခုသူက ထွက်ပြေးဖို့ ရွေးချယ်ခဲ့ပြီဖြစ်သောကြောင့် အသက်ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု ရကောင်းရန်ိုင်လေသည်။
တစ်ကယ်တော့ ပကတိအရှင် ထျန်မင်းတစ်ယောက် တည်းသာ မဟုတ်ပေ။ ပကတိအရှင်ပေတူ ၊ ကိုယ် တော်ယွမ်ခုံးနှင့် အခြားသော ပကတိအရှင်အများစုသည်လည်း တူညီသော အတွေးများရှိနေကြလေသည်။
အသင်္ချေနယ်မြေမြို့တော်က အုံးအုံးကျက်ကျက်ဖြစ်နေလေပြီ။
လေထဲမှာ ပုံရိပ်များက ရှုပ်ထွေးစွာ ပျံသန်းနေကြ၏။
မကောင်းဆိုးဝါးဆန်သော ရယ်မောသံများက မြို့တော်တစ်ခုလုံးကို ပျံ့နှံ့၍ မြည်ဟည်းနေလေသည်။
ယက္ခကလန်သားများသည် သူတို့၏ ပါးစပ်များကိုဖြဲ၍ သွားစွယ်များကို ထုတ်ပြကာ အသန်းအသန်ပြေးလွှားနေကြသော ကျင့်ကြံသူများကို ကြည့်လိုက်ကြ၏။ သူတို့၏ အကြည့်များသည် အရသာရှိသော စားသောက်ဖွယ်ရာများကို ကြည့်နေသည့်အလား တောက်လောင် ပြင်းပြနေလေသည်။
ဖောက်.....
မိုးခရမ်းပြာ ကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သည် ခြေလှမ်းအနည်းငယ်သာ ရွေ့လျားရသေးစဥ်မှာပင် အနက်ရောင်အလင်းတစ်စက်က သူ့ရင်ဘတ်ကို ဖောက်ဝင်သွားသည်ကို တွေ့လိုက်ရပြီး သွေးများက ဖြာထွက်သွားလေသည်။
ထိုလူ၏အကြည့်က အေးခဲသွားပြီး သူ့မျက်လုံးများက တဖြည်းဖြည်း အရောင်မှိန်ကျသွားလေသည်။ သူ့ခန္ဓာကိုယ်က ခဏမျှရပ်တန့်သွားပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။ သူက နေရာမှာပင် သေဆုံးသွားပေသည်။
"အား....."
သန့်စင်နှလုံးသားသီလရှင်ကျောင်းမှ အမျိုးသမီး ကျင့်ကြံသူတစ်ယောက်သည် လေထဲသို့ ပျံတက်လာစဥ်မှာပင် အရိပ်တစ်ခုက သူမကို ပွတ်သပ်၍ ဖြတ်သန်းသွားလေသည်။
သူမက သူမ၏ ရွှေအမြုတေနယ်မြေက်ို မထုတ်ဖော်ရသေးခင်မှာပင် သူမ၏ ဝမ်းဗိုက်မှ စူးစူးရှရှနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သတိလစ်လုနီးပါး ဖြစ်သွားလေသည်။
သူမက အလိုလို အောက်သို့ ငုံ့ကြည့်လိုက်၏။
သူမမြင်လ်ိုက်ရသည်မှာ သူမ၏ ဝမ်းဗိုက်ကနေ သွေးသံရဲရဲ လက်တစ်ဖက်က ထွက်လာပြီး ၎င်း၏လက်ဝါးထဲမှာ လုံးဝိုင်းသော ရွှေအမြုတေတစ်ခုကို ဆုပ်က်ိုင်ထားလေသည်။
သူမ၏ ဦးခေါင်းက ဘေးဖက်သို့ လည်ကျသွားပြီး အသိစိတ် လွတ်သွားလေသည်။
"ဟီးဟီး....."
ယက္ခကလန်သားသည် သူမ၏ ရွှေအမြုတေကို ထုတ်၍ သူ၏ပါးစပ်ထဲသို့ထည့်ပြီး အဲ့ဒါကို မြိုချလိုက်လေသည်။
ထို့နောက်ချက်ချင်းပင် သူက ထိုသီလရှင်၏ နှလုံးကိုထုတ်ပြီး ပါးစပ်ထဲသို့ ထပ်ထည့်လိုက်ပြန်၏။ သူက အဲ့ဒါကို ဝါးလိုက်သောအခါ သွေးစက်များက စင်ထွက်လာလေသည်။
တူညီသော မြင်ကွင်းများက အခြားနေရာများမှာလည်း ဆက်တ်ိုက်ဖြစ်ပွားနေလေသည်။
သူတို့အားလုံးက ရွှေအမြုတေအဆင့်မှာ ဖြစ်ကြသော်လည်း လူသားပြိုင်စံရှားများသည် ယက္ခကလန်သားများ၏တိုက်ခိုက်မှု တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိကြပေ။ သာမန်ရွှေအမြုတေနယ်မြေများပင်လျှင် ယက္ခမျိုးနွယ်များ၏ အလွယ်တကူဖျက်စီးခြင်းကို ခံရလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရှိ ပြိုင်စံရှားများသာလျှင် သူတို့၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီး ခဏမျှ ထိန်းထားနိူင်ကြလေသည်။
သို့သော်လည်း ယက္ခမျိုးနွယ်က အမြန်နှုန်းနှင့် လှုပ်ရှားမှုနည်းစနစ်များကို အထူးပြုလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရှိ ပြိုင်စံရှားများသည် သူတို့၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီး ရုန်းကန်ခုခံန်ိုင်ရုံမျှသာ ရှိကြလေသည်။ သူတို့၏ ရွှေအမြုတေနယ်မြေစွမ်းအားက ပျက်ပြယ်သွားသည်နှင့် သူတို့က စဥ်းတီတုံးပေါ်ရောက်လာသော ငါးတစ်ကောင်ထက် ပိုကြာလိမ့်မည်မဟုတ်ပေ။
ယက္ခကလန်သားတစ်ရာကျော်သည် သူတို့၏ လက်များထဲမှာ ဆေဘာများကို ကိုင်စွဲ၍ လူအုပ်ကြီးထဲမှာ ကူလူးယှက်ဖြာ သွားလာနေကြ၏။ သူတို့ဖြတ်သွားသည့် နေရာတိုင်းတွင် သွေးနှင့်အလောင်းများက ကျန်ရစ်ခဲ့လေသည်။
နက်မှောင်နေသော အလင်းတန်းများသည် လူသားပြိုင်စံရှားများ၏ အသက်ကို ရိတ်သိမ်းမည့် သေမင်းတံစဥ်များနှင့် တူနေလေသည်။
ကျင့်ကြံသူ အယောက်တစ်သိန်းကျော်သည် အဖက်ဖက်သို့ ပြေးလွှားနေကြ၏။ ဖက်တီးလေးနှင့် အခြားသူများသည် အတူတကွ စုစည်းလိုက်ကြပြီး သူတို့၏ အုပ်စုငယ်က ယက္ခမျိုးနွယ်၏ အာရုံစိုက်မှုကို အခုထိမရရှိသေးပေ။
"ကျုပ်တို့ ဘာလုပ်ကြရင် ကောင်းမလဲ...."
ဖက်တီးလေး၏နဖူးက ချွေးများဖြင့်စိုနေပြီး သူကတိုးတိတ်စွာဖြင့် မေးလိုက်၏။
သူတို့အုပ်စုသည် ဆူဇီမိုကြောင့် စုစည်းနေကြခြင်းဖြစ်လေသည်။
ဆူဇီမိုက ဤနေရာမှာ မရှိသောအခါ သူတို့ထဲက မည်သူကမျှ ဆုံးဖြတ်ချက်မချနိုင်ကြသေးပေ။ သူတို့သည် အမျိုးမျိုးသောအမူအရာများနှင့် မတူညီသောအတွေးများ ရှိနေကြလေသည်။
"အဲ့ဒီမှာ ဘာကိုကြောက်နေရဦးမှာလဲ....."
မျောက်၏မျက်လုံးများက တောက်ပ၍ နီရဲနေပြီး လေထဲမှာ ကူးလူးယှက်ဖြာသွားလာနေကြသော ယက္ခမျိုးနွယ်များ၏ အနက်ရောင်အလင်းများကို စိုက်ကြည့်နေ၏။ ပြင်းထန်ကြမ်းကြုတ်သော အကြည့်နှင့်အတူ သူကအေးစက်စွာဖြင့် ပြောလိုက်၏။
"သူတို့ဟာသူတို့ ဘာမျိုးနွယ်ဘဲဖြစ်ဖြစ် ငါတို့က သူတို့ကိုသတ်ပြီး ဖောက်ထွက်ရုံဘဲ ရှိတော့တာပေါ့..."
"ဟင်း....."
ကျိရှန်းချန်က သက်ပြင်းချလိုက်၏။
"အဲလိုဆိုပေမယ့်လည်း ယက္ခမျိုးနွယ်က အရမ်းကိုကြောက်ဖို့ကောင်းလွန်းနေတယ်.... "
မြို့တော်ထဲတွင် ကျင့်ကြံသူများသည် ခေါင်းများပြတ် ခြေများပြတ်ဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြသည်ကိုကြည့်ပြီး သူက နာကျင်နေသော အမူအရာတစ်ခု ရှိနေသော်လည်း သူက ကူကယ်ရာမဲ့မှုကို ခံစားနေရလေသည်။
ရှောင်းနင်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မျက်ရည်များက ကျဆင်းလာတော့မည်ပင်။
လမ့်ရို၏ အေးတိအေးစက်နေတက်သော အမူအကျင့်ဖြင့်ပင်လျှင် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ သူမ၏ဂိုဏ်းသားများ သေဆုံးကုန်ကြသည်ကိုကြည့်ပြီး သူမ၏နှလုံးက နာကျင်ကိုက်ခဲလာကာ ခါးသက်သက်အမူအရာ ရှိနေလေသည်။
စိတ်ဝိညာဥ်ကျားက တံတွေးကို အလျှင်အမြန်မြိုချပြီး သူ၏မျက်လုံးများက တောက်ပလာကာ တီးတိုးပြောလ်ိုက်၏။
"အစ်ကိုမျောက်... ယက္ခမျိုးနွယ်က ခုထိကျုပ်တို့ကို ရန်လာမစသေးဘူး... လောလောဆယ်တော့ သူတို့နဲ့ ထိပ်တိုက်မတွေ့အောင် အရင်ရှောင်ထားရအောင်..."
ထိုသည်တို့ကိုကြည့်ပြီး လင်းရွှမ်ကျီက သက်ပြင်းချလိုက်၏။
သူတို့အုပ်စုအတွင်းမှာပင် လူတိုင်းက အမျိုးမျိုးသော ထင်မြင်ချက်များ ရှ်ိနေလေသည်။ အမျိုးမျိုးသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ ရောက်လာကြသော ကျင့်ကြံသူပေါင်းတစ်သိန်းကျော်ဆိုရင်တော့ ပြောနေစရာမလိုတော့ပေ။
ကျင့်ကြံသူတစ်သိန်းကျော်က်ို အတူတစ်ကွ စုစည်းန်ိုင်ဖို့က ယုတ္တိမတန်ပေ။ သူတို့၏ စည်းလုံးညီညွတ်မှုက ပျက်ပြားသွားခဲ့လေပြီ။
လူသားပြိုင်စံရှားများအနေဖြင့် ဤနေ့ကပ်ဘေးကနေ လွတ်မြောက်နိုင်ဖို့က အတော်လေးခက်ခဲသွားလေပြီ။
ဖက်တီးလေးနှင့် အခြားသူများကို မပြောနှင့် မြေခွေးလေး ၊ ချင်ချင် ၊ ရွှေခြင်္သေ့နှင့် စိတ်ဝိညာဥ်ကျားတို့ ကဲ့သို့သော ဆူဇီမို၏ဘေးရှိ သားရဲတောကောင်များပင်လျှင် သူတို့၏မျက်လုံးများထဲမှ ကြောက်ရွံ့ထိတ်လန့်မှုက ပေါ်ပေါက်လာခဲ့လေသည်။
မျောက်ကသာလျှင် မာန်မာနကြီးသော အကြည့်နှင့်အတူ သူ၏ခက်ထန်မှုကို ထိန်းသိမ်းထားနိူင်၏။
ညဝိညာဥ်က အမူအရာကင်းမဲ့နေပြီး လူတိုင်း၏ နောက်ကနေ အေးစက်စက်အကြည့်နှင့်အတူ လိုက်ပါလာ၏။ မည်သူကမှ သူ၏အတွေးကို မဖတ်နိုင်ကြပေ။
"ညဝိညာဥ်... မင်းကော ဘယ်လိုထင်လဲ..."
မျောက်က လှည့်ပြောလိုက်လေသည်။
"ကျုပ်တို့က ဒီကသောင်းကနင်းအခြေအနေကို အားပြုပြီးသော လွတ်မြောက်အောင် ထွက်ပြေးရမယ်..."
ညဝိညာဥ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
"ကျုပ်တို့တစ်ကယ်တမ်း တိုက်ခိုက်ရမယ်ဆိုရင် မထိမခိုက် လွတ်မြောက်အောင်ထွက်ပြေးဖို့က ခဲယဥ်းတယ်..."
မျောက်၏စိတ်သည် ပြန်လည်တည်ငြိမ်လာပြီး သူ၏အတွေးများကို စုစည်းလိုက်၏။
သူက သူ၏ တိုက်ခိုက်ရည်အပေါ် ယုံကြည်မှုရှိသည် ဆိုလျှင်တောင် သူက အလွန်ဆုံး ယက္ခကလန်သားနှစ်ယောက်ကိုသာ ထိန်းထားနိုင်ပေသည်။
သူတို့အုပ်စုတွင် လူပေါင်း ဆယ်ယောက် ကျော်ကျော်မျှသာ ရှိလေသည်။ သို့သော်လည်း ယက္ခမျိုးနွယ်ဘက်မှာတော့ အယောက်တစ်ရာကျော် ရှိလေသည်။ ဒါ့အပြင် နိုးထဝိညာဥ်များကိုတောင် သတ်ဖြတ်နိုင်သော များစွာ ပို၍ကြောက်စရာကောင်းသည့် ယက္ခခေါင်းဆောင်တစ်ယောက်လည်း ရှိနေသေးသည်။
တိုက်ပွဲတစ်ပွဲက ဖြစ်ပွားမည်ဆိုလျှင် သူတို့ထဲမှ အများစုသည် ယက္ခမျိုးနွယ်၏ သတ်ဖြတ်သုတ်သင်မှုကို ရှောင်နိုင်ကြလိမ့်မည် မဟုတ်ပေ။
"အရင်ဆုံး အသင်္ချေနယ်မြေမြို့တော်ထဲကနေ ထွက်ကြတာပေါ့... ဒီရေက ကျုပ်တို့ဘက်မှာ ရှိမနေတော့ဘူး..."
ထိုအချိန်မှာပင် ပင်ပန်းနွမ်းလျမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ ရောယှက်နေသော လင်းရွှမ်ကျီ၏ အသံကထွက်ပေါ်လာ၏။ သူတို့က ဆုံးဖြတ်ချက်တစ်ခုကို ချပြီးဖြစ်သောကြောင့် သူတို့အုပ်စုက ဆက်လက်တုံ့ဆ်ိုင်းမနေတော့ပေ။
"ကဲ.... သွားကြတာပေါ့"
မျောက်က ခေါင်းညိတ်အချက်ပြလိုက်ပြီး သူတို့အုပ်စုသည် အသင်္ချေနယ်မြေမြို့တော်ထဲကနေ လူအုပ်ကြီးနှင့်အတူ အလိုက်သင့်သွား၍ ထွက်ဖို့လုပ်လိုက်ကြ၏။
လေထဲတွင် ပကတိအရှင်ထျန်မင်းသည် အလွန်တရာကြာက်စရာကောင်းသော အမြန်နှုန်းဖြင့် တစ်ချိန်လုံး ပြေးလွှားနေ၏။
သူ့နောက်ကနေ ဓါးအလင်းတန်းတစ်ခုက အလွန်တရာ မြန်ဆန်စွာဖြင့် ထပ်ကြပ်မကွာ လိုက်ပါလာ၏။
"ယွဲ့ဟွား... ဝေးဝေးထွက်သွားစမ်း..."
ပကတိအရှင်ထျန်မင်းသည် သူ့မျက်လုံးထောင့်ကနေ ဓါးအလင်းတန်းကို မြင်လိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားကာ ငေါက်ငမ်းလိုက်၏။
ထိုဓါးအလင်းတန်းသည် ဓါးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်ထားသော ဓါးဂိုဏ်းမှ ပကတိအရှင် ယွဲ့ဟွားဖြစ်လေသည်။
နိုးထဝိညာဥ်နှစ်ယောက်က အတူတကွစုစည်းနေလျှင် သူတို့က ယက္ခမျိုးနွယ်၏ အာရုံစိုက်မှုကို ရပြီး ကြီးမားသည့် ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို ထျန်မင်းက သိထားလေသည်။
"မင်းကရော.... ဘာလို့ ဝေးဝေးထွက်မသွားတာလဲ"
ပကတိအရှင် ယွဲ့ဟွားကလည်း အလျှော့မပေးလိုဘဲ ပြန်လည်ခွန်းတုံ့ပြန်လိုက်၏။
သူ့စကားမဆုံးသေးခင်မှာပင် ပကတိအရှင် ထျန်မင်းနှင့် ပကတိအရှင် ယွဲ့ဟွား နှစ်ယောက်စလုံးသည် သူတို့၏ ကျောက်ရိုးတစ်လျှောက် ချမ်းစိမ့်လာကြ၏။
ဆိုးယုတ်သော လေပြင်းတစ်ချက်က ဖြတ်တိုက်လာပြီး အနက်ရောင်အလင်းတန်းတစ်ခုက လေထဲမှာ ဖြတ်သန်းလာ၏။ အဲ့ဒါက အရမ်းကို မြန်ဆန်လေသည်။
ယက္ခခေါင်းဆောင်က သူတို့နောက်ကို အမှန်တစ်ကယ်ပင် အမှီလိုက်လာခဲ့လေပြီ။
"ဟာ......"
ပကတိအရှင်ယွဲ့ဟွားသည် သူ၏ထွက်ပြေးခြင်းပေါ်မှာသာ အပြည့်အဝအာရုံစိုက်ထားသည့်အတွက် သူ၏တုန့်ပြန်မှုက အနည်းငယ် နှေးကွေးသွား၏။ သွေးအလင်းတန်းတစ်ခုက ဖြာထွက်သွားပြီး နောက်ခဏ၌ သူ၏ဦးခေါင်းသည် သူ၏ခန္ဓာကိုယ်ပေါ်ကနေ ပြတ်ကျသွားလေသည်။
ပကတိအရှင် ယွဲ့ဟွား၏ နဖူးမှ သေးငယ်သောလူလေးတစ်ယောက်က ပျံသန်းထွက်လာပြီး စိုးရိမ်ထိတ်လန့်သော အမူအရာရှိနေ၏။ ခန္ဓာကိုယ်ထဲကနေထွက်လာပြီးနောက် အဲ့ဒါက တစ်ကိုယ်လုံး တုန်ယင်နေကာ အသင်္ချေနယ်မြေမြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသော သတ်ဖြတ်လိုစိတ်ဆန္ဒများကို ခံနိုင်ရည်မရှိကြောင်း သိသာနေလေသည်။
နိုးထဝိညာဥ်များ၏ အမြုတေစိတ်ဝိညာဥ်များသည် အလွန်တရာနုနယ်လေပေသည်။
ပကတိအရှင်တစ်ပါး၏ အမြုတေစိတ်ဝိညာဥ်သည် သူ၏ခန္ဓာကိုယ်ကနေ ထွက်လာသည့်ခဏမှာပင် အဲ့ဒါက အထိခိုက်မခံဘဲ အချိန်မရွေး ပျက်စီးသေဆုံးသွားနိုင်လေသည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ ပကတိအရှင် ယွဲ့ဟွားမှာ တစ်ခြားရွေးချယ်စရာလမ်း မရှိတော့ပေ။
သူ၏အမြုတေစိတ်ဝိညာဥ်က သူ၏ခန္ဓာကိုယ်ကနေ ထွက်လာသည့်ခဏမှာပင် နက်မှောင်တောင့်တင်းသော လက်ဝါးတစ်ဖက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။
ယက္ခမျိုးနွယ်၏ ခေါင်းဆောင်က ရယ်မောလိုက်လေသည်။
"ငါအခုချိန်ထိ ပကတိအရှင်တစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဥ်ကို မြည်းမကြည့်ဖူးသေးဘူး... ငါဒီနေ့ အဲ့တာကို အရသာခံကြည့်ရမယ်..."
သူက ပကတိအရှင်ယွဲ့ဟွား၏ အမြုတေစိတ်ဝိညာဥ်ကို သူ၏ပါးစပ်ထဲသို့ ပစ်ထည့်ပြီး ကိုက်ဝါးလိုက်လေသည်။
ထိုသည်ကိုကြည့်ပြီး ပကတိအရှင်ထျန်မင်းသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာလေသည်။ သူ၏ ခြေလက်များက အေးစက်လာပြီး လေထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားရလေသည်။