သွေးမြစ်စီးခြင်း၊ ပြိုင်စံရှားများ၏ ကပ်ဘေး
Vol. 51 Ch. 759
နတ်ဘုရားမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉ စုထဲမှ တစ်စုဖြစ်ပြီး သူတို့က ယက္ခမျိုးနွယ်နှင့် မတူကြပေ။
ယက္ခမျိုးနွယ်သည် သူတို့၏ အမြန်နှုန်းမှာ ကျော်ကြားသည်ဆိုလျှင် နတ်ဘုရားမျိုးနွယ်က သူတို့ရဲ့ မျိုးဆက်သွေးမှာ ကြောက်လန့်စရာဖြစ်လေသည်။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက အနီရောင်မဟုတ် ရွှေရောင်ဖြစ်လေသည်။ နတ်ဘုရားမျိုးနွယ်မှ သက်ရှိများသည် အလွန်တရာကြောက်စရာကောင်းသော သွေးချီစွမ်းအား ၊ ကိုယ်ကာယနှင့် အနီးကပ်တိုက်ခိုက်ရေးစွမ်းပကားတို့ကို ပိုင်ဆိုင်ထားကြလေသည်။
စိန်ကျောင်းတော်မှ ကိုယ်တော်ဝေဖူသည် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုလေသည်။ သို့သော်လည်း သူသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ထံမှ ထိုးချက်တစ်ချက်ကိုပင် ခံန်ုင်ရည်မရှိဘဲ သူ၏ လက်က စုတ်ပြတ်သတ်သွားခဲ့လေသည်။
ထို့နောက် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ခြေလှမ်းအနည်းငယ်အတွင်း သူ့ကို လိုက်မီသွားပြီး သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြစ်သည်အထိ နင်းပေါက်လ်ိုက်၏။ သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း နေရာမှာတင် ဖျက်စီးခံလ်ိုက်ရလေသည်။
ကိုယ်တော်ဝေဖူပင်လျင် အနီးကပ်တိုက်ခိုက်ရေးမှာ မယှဥ်နိုင်ဘူးဆိုလျင် အဲ့ဒီမှာ အခြားသော နိုးထဝိညာဥ်များအတွက် မျှော်လင့်ချက်မရှိတော့ပေ။
နတ်ဘုရားမျိုးနွယ်သည် မြင့်မြတ်သော မျိုးဆက်သွေးရှိပြီး ကမ္ဘာဦးခေတ်တုန်းက မျိုးနွယ်စုတစ်သောင်းကြားမှာ သူတို့ကိုယ်သူတို့ နတ်ဘုရားများဟု ခေါ်ဆိုသမုတ်ခဲ့ကြ၏။ သူတို့၏ ဘဝသက်တမ်းသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ အဓွန့်ရှည်ပြီး သူတို့သည် နေရောင်နှင့်လရောင်ကဲ့သို့ ထွန်းတောက်ခဲ့ကြလေသည်။ သူတို့၏ မျိုးဆက်သွေးသည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်ချီနှင့် အလားသဏ္ဍာန်တူပြီး သူတို့သည် စိတ်ဝိညာဥ်ချီနှင့် ဓမ္မစွမ်းအားများကို အလွယ်တကူ ထိန်းချုပ်နိုင်လေသည်။
နတ်ဘုရားမျိုးနွယ်၏ သက်ရှ်ိများသည် စိတ်ဝိညာဥ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များ သင်ယူခြင်းမှာအတော်လေး အဆင့်မြင့်ကြလေသည်။
ထိုမျှသာမက ထိုပညာရပ်များကို သူတို့ထုတ်လွှတ်သည့်အခါ ထိုအတတ်ပညာရပ်များ၏ အစွမ်းက ပို၍ အဆင့်မြင့်သွားတတ်လေသည်။
ယက္ခခေါင်းဆောင်သည် လူသားမျိုးနွယ် နိုးထဝိညာဥ်များနှင့် ထိပ်တိုက်ရင်မဆိုင်ရဲဘဲ သူ၏လှုပ်ရှားမှုနည်းစနစ်နှင့် အမြန်နှုန်းပေါ်မှာသာ မှီခိုထားလေသည်။
သို့သော်လည်း နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ခွန်အားက လူသားမျိုးနွယ် နိုးထဝိညာဥ်များကို ထိပ်တိုက်ရင်ဆိုင်ဖို့ လုံလောက်လေသည်။
နတ်ဘုရားမျိုးနွယ်၏ ဆင်းသက်လာမှုသည် အသင်္ချေနယ်မြေ မြို့တော်ထဲမှာ အသက်ရှင်သန်ဖို့အတွက် ရုန်းကန်နေရသော လူသားများအတွက် မျှော်လင့်ချက်လုံးဝပျက်သုဥ်းသွားစေလေသည်။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ရုတ်တရက်တ်ိုက်ခိုက်မှုသည် သူ့ဘေးပတ်လည်တွင် ရွှေရောင်ချီများကို လွှမ်းခြုံလာစေသည်။ ရွှေရောင်မြစ်တစ်စင်းက လှည့်ပတ်နေသည့်အလား သူသည် နတ်ဘုရားသက်ရှိ တစ်ပါးကဲ့သို့ ရွှမ်းလဲ့တောက်ပလာ၏။
"ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူကမှ ဒီနေရာကနေ ထွက်မသွားစေရဘူး..."
သူ့လေသံက တည်ငြိမ်နေသော်လည်း မငြင်းဆန်နိုင်အောင် ခိုင်မာနေ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ရွှေရောင်ဆံပင်များသည် ကခုန်နေပြီး သူ၏ မျက်လုံးများက တောက်ပဝင်းလက်နေ၏။
သူက တစ်ယောက်တည်းဖြင့် ကိုယ်တော်ယွမ်ခုံး ၊ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းနှင့် ရှင်းသန့်လေပြည်ဘုရားကျောင်းမှ ပကတ်ိအရှင်တို့ကို တားဆီးထားလေသည်။
ရွှေအမြုတေတစ်ယောက်ဖြစ်နေတာတောင် သူသည် နိုးထဝိညာဥ်သုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ လုံလောက်အောင် သန်မာလေသည်။
အဲ့ဒါက နတ်ဘုရားမျိုးနွယ်၏ တစ်ကယ့်ကြောက်မက်ဖွယ်ရာ ဖြစ်လေသည်။ နတ်ဘုရားမျိုးနွယ်၏ ကျန်ရှိနေသော ကလန်သားခြောက်ယောက်ထဲတွင် သူတို့ထဲမှ တစ်ယောက်သည် အမျိုးသမီးတစ်ယောက်၏ ခြေနှင့်လက်များကို ကိုယ်တိုင် တုတ်နှောင်ထားလေသည်။ အခြားသော ၅ ယောက်ကတော့ ထွက်ပြေးနေကြသော လူသားပြိုင်စံရှားများဆီသို့ ပြေးဝင်ချသွားပြီး သတ်ဖြတ်မှုကို စတင်ကြလေသည်။
"ကြယ်စင်စု ဝဲကတော့..."
ကောင်းကင်ဇင်ယော်ဂိုဏ်း၏ ပြိုင်စံရှားသည် သူရှေ့တည့်တည့်ရှ်ိ မြို့ဂိတ်တံခါးကို မြင်သွားပြီး သူက အနည်းငယ်အားထပ်စိုက်သည်နှင့် အသင်္ချေနယ်မြေမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် ဆိုတာကို သိသွားပြီး ထိုဆီသို့ အတင်းပြေးတက်သွားလေသည်။ သူသည် သူ၏သတ္တိကို စုစည်း၍ သူ၏ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီး ဝင်ရောက်လာသော တိုက်ခိုက်မှုများကို လက်ခံလ်ိုက်၏။
"အရာမရောက်တဲ့ ခွန်အားနဲ့များ... ပြိုကွဲစမ်း..."
သူ့ရှေ့ရှိ နတ်ဘုရားမျိုးနွယ်ကလန်သားများသည် ရှောင်လည်းမရှောင် နောက်လည်းမဆုတ်ဘဲ သူတို့၏ မျက်လုံးများထဲမှာ အထင်သေးမှုက ပြည့်နှက်နေ၏။ သရော်ပြုံးတစ်ခုနှင့်အတူ ထိုသူက သူ့ရှေ့ရှ်ိ မရေမတွက်နိုင်သော ကြယ်များဆီသို့ ပစ်ထိုးလိုက်၏။
ဘုန်း......
ကြယ်များနှင့် ကောင်းကင်က ပျက်ပြယ်သွားလေသည်။
အမြုတေနယ်မြေက ပျောက်ဆုံးသွားပြီဖြစ်၏။
ကြယ်စင်စုဝဲကတော့သည် ဤတစ်ကြိမ် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၂ ဝင်ခဲ့လေသည်။
သို့သော် ယခုအခါမှာတော့ အဲ့ဒါသည် နတ်ဘုရားမျိုးနွယ်ကလန်သားတစ်ယောက်ထံမှ လက်ချည်း သက်သက် ထိုးနှက်ချက်ဖြင့် ကြေမွသွားခဲ့လေသည်။
ကြောက်စရာကောင်းသော သွေးချီ ၊ တုန်လှုပ်ဖွယ်ရာ ကိုယ်ကာယနှင့် ထိပ်လန့်စရာကောင်းသော ခွန်အားတို့သည် လုံးဝရပ်တန့်လို့မရနိုင်အောင်ပင်။ အဲ့ဒီမှာ သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စရာ အကြောင်းမရှိတော့ပေ။
အဲ့ဒါက တစ်ချိန်တည်းနီးပါးမှာပင် ဖြစ်ပျက်ခဲ့လေသည်။
လူသားပြိုင်စံရှားများ၏ အခြားသော ရွှေအမြုတေနယ်မြေများ အားလုံးသည်လည်း နတ်ဘုရားမျိုးနွယ်ကလန်သားများ လက်ချက်ဖြင့် ကြေမွပျက်စီးကုန်လေသည်။
"အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်... ပြိုင်စံရှား.. ဟုတ်လား... မင်းတို့က ဘာမှမဟုတ်ဘူး... ရယ်စရာ ဟာသတစ်အုပ်စုဘဲ"
"သူတို့ကိုယ်သူတို့ လိမ်လည်လှည့်ဖျားနေကြတဲ့ ပုရွက်ဆိတ်သာသာလေးတွေဘဲ..."
နတ်ဘုရားမျိုးနွယ်၏ ကလန်သားများသည် သူတို့၏ခေါင်းများကို မော့၍ စိတ်ရှိလက်ရှိ ရယ်မောလိုက်ကြသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် တတိယအဆင့်ဖြစ်သော ရန်ထူသည် သူ၏ အလောင်းတောင်တန်း သွေးပင်လယ်ကို ထုတ်ဖော်ပြီး နတ်ဘုရားမျိုးနွယ် ကလန်သားတစ်ယောက်ကို ရင်ဆိုင်ခုခံလိုက်၏။
သို့သော်လည်း နတ်ဘုရားမျိုးနွယ် ကလန်သား၏ တိုက်ခိုက်မှုသည် သူ၏ ရွှေအမြုတေနယ်မြေကို ယိမ်းထိုး၍ မှေးမှိန်သွားစေ၏။ အဲ့ဒါက အချိန်မရွေး ပျက်ပြယ်တော့မည့်အလားပင်။
ရန်ထူသည် မျက်စိမျက်နှာပျက်ယွင်းသွားပြီး အနောက်သို့ ဆက်တိုက်ဆုတ်ပေးနေရ၏။ သူက ရှုံးနိမ့်တော့မည်မှာ အချိန်တစ်ခုသာ လိုတော့လေသည်။
လေထဲတွင် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်နှင့် ရင်ဆ်ိုင်တိုက်ခိုက်နေသော ပကတိအရှင် သုံးဦးထဲတွင် နှစ်ယောက်က သေလေပြီ။
ကိုယ်တော်ယွမ်ခုံးသာလျှင် ကျန်ရှိတော့ပြီး သူကလည်း လမ်းဆုံးခါနီးသို့ ရောက်နေလေပြီ။
တိုက်ခိုက်မှုအနည်းငယ်အတွင်း နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ဟာကွက်တစ်ခုကို ရှာတွေ့သွားပြီး သူ့ရင်ဘတ်က်ို ပစ်ထိုးလိုက်၏။ ကိုယ်တော်ယွမ်ခုံး၏ နှလုံးသည် ပေါက်ကွဲထွက်သွားပြီး မြေပြင်ပေါ်သို့ ပစ်လဲကျကာ သူ၏ပါးစပ်ထဲမှ သွေးများက စီးထွက်လာလေသည်။ သူက နေရာမှာပင် သေသွားခဲ့လေပြီ။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် လေထဲမှာ မတ်တက်ရပ်ပြီး အသင်္ချေနယ်မြေမြို့တော်၏ မြောက်ဘက်သို့ ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ဆို့လိုက်၏။ သူက နတ်ဘုရားဆန်သော စွမ်းအားကိုပိုင်ဆိုင်ထားပြီး မည်သည့်ကျင့်ကြံသူမှ ရှေ့သို့ မတက်ရဲကြတော့ပေ။
သိပ်သည်းများပြားသော လူအုပ်ကြီးသည် ရှေ့သို့ ပြေးတက်လာရုံရှိသေးသည်.. နတ်ဘုရားမျိုးနွယ်ခေါငိးဆောင်ကို မြင်ပြီး နောက်သို့ စတင်၍ ပြန်ဆုတ်လိုက်ကြ၏။ သို့သော်လည်း သူတို့၏ နောက်ဘက်တွင် အနက်ရောင်အလင်းစက်များက ကူလူးယှက်ဖြာနေပြီး သူတို့ကို သတ်ဖြတ်နေဆဲပင် ဖြစ်လေသည်။
ယက္ခမျိုးနွယ်ခေါင်းဆောင်၏ မျက်လုံးများသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ဘက်သို့ ရောက်ရှိသွားပြီး အေးစက်စွာ သရော်ပြုံးကာ သူကပြောလိုက်၏။
"နတ်ဘုရားမျိုးနွယ်က ဒီလောက်စောစော ရောက်လာမယ်လို့ မထင်ထားဘူး...."
"ငါတို့နှစ်ဖွဲ့လုံးက အတူတူပါဘဲ...."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ထူးမခြားနားစွာ ပြန်ဖြေလိုက်၏။ သို့သော်လည်း သူ၏သတ်ဖြတ်မှုကတော့ ရပ်တန့်မသွားပေ။
ဖောက်......
ပကတိအရှင်ပေတူ၏ ဦးခေါင်းသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ထိုးချက်တစ်ချက်ဖြင့် စုတ်ပြတ်သတ်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း ဖျက်စီးခံလိုက်ရ၏။
နောက်ထပ်နိုးထဝိညာဥ်တစ်ယောက်က သေလေပြီ။
အသင်္ချေနယ်မြေမြို့တော်တွင် အလောင်းများက နေရာအနှံ့ပြန့်ကျဲ၍ သွေးမြစ်များက စီးဆင်းနေပြိး ငရဲခန်းတစ်ခုနှင့် ဆင်တူနေလေသည်။
လူသားပြိုင်စံရှားများသည် မကြုံစဖူး ကပ်ဘေးတစ်ခုကို တွေ့ကြုံခံစားနေရ၏ ။
အဲ့ဒီမှာ မည်သည့် လူသားပြိုင်စံရှားကမှ ခုခံမတိုက်ခိုက်သည်တော့ မဟုတ်ပေ။
သို့သော်လည်း ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်၏ ကြောက်မက်ဖွယ်ရာ တ်ိုက်ခိုက်ရေးခွန်အားနှင့် ရင်ဆိုင်ရချိန်တွင် ထိုကျင့်ကြံသူများသည် ထိထိရောက်ရောက် ဘာမှမလုပ်နိုင်ဘဲ ပြန်လည် ဖိနှိပ်ခံခဲ့ရလေသည်။
သူတို့သည် မြေပြင်ပေါ်မှာ အေးစက်စက်အလောင်းများ ဖြစ်လျှင်ဖြစ် မဟုတ်ရင် ယက္ခမျိုးနွယ်များ၏ ဝမ်းဗိုက်ထဲမှ အစာများ ဖြစ်သွားကြလေသည်။
နိုးထဝိညာဥ် ၁၇ ယောက်ထဲတွင် ပကတိအရှင် ယွီကျွင်း ၊ ပကတိအရှင် လောရွှယ် ၊ ကိုယ်တော်ယင်လူ ၊ အဆူရာဂိုဏ်း၏ အကတိအရှင် ချူယွီနှင့် မိုးပျံငှက်မွှေးဂိုဏ်းနှင့် ပညာဉာဏ်အလင်းကျောင်းတော်မှ ပကတိအရှင်များသာ ကျန်ရှိတော့လေသည်။
ဒါ့အပြင် သူတို့ ၆ ယောက်လုံးသည် အပြင်းအထန်ဒဏ်ရာ ရရှိထားကြပြီး မြေပြင်ပေါ်မှာ ဒုက္ခိတများကဲ့သို့ ထိုင်နေရ၏။ သူတို့သည် လုပ်နိုင်တာ ဘာမှမရှိတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့်သာ ငေးကြည့်နေရလေသည်။
"အပြစ်သား... ငါက အပြစ်သားတစ်ယောက်ဘဲ...."
ပကတိအရှင်ယွီကျွင်းသည် လူးလဲ၍ ကျုံးထလိုက်ပြီး တစ်ခဏအတွင်းမှာပင် သူက သိသိသာသာ အိုစာသွားသည့်အလား တုန်ယင်နေလေသည်။
ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ် ကလန်သားများ၏ လက်ထဲမှာ လူသားပြိုင်စံရှားများသည် စဉ်းတီတုံးပေါ်ရောက်နေသော ငါးများကဲ့သို့ သတ်ဖြတ်သုတ်သင်ခြင်းခံနေရသည်ကို သူက မြင်သောအခါ သူ၏နှလုံးသားက အပိုင်းပိုင်းဆုတ်ဖြဲခံရသည့်လား ခံစားရလေသည်။
ဤသည်က အသင်္ချေနယ်မြေမြို့တော် သို့မဟုတ် လူသားမျိုးနွယ်၏ အထွတ်အမြတ်ကုန်းမြေဖြစ်လေသည်။
များစွာသော ဧကရာဇ်များနှင့်အတူ လူသားဧကရာဇ်မွေးဖွားခဲ့သော ရှေးဟောင်းခေတ် သို့မဟုတ် လူသားတို့၏ ရွှေခေတ်မှ စတင်၍ အခြားမည်သည့် မျိုးနွယ်မှ ဤမြို့တော်ထဲသို့ ခြေမချရဲခဲ့ကြပေ။
ရှေးဟောင်းအသင်္ချေကျောက်စာတိုင်က ဤနေရာမှာ ရှိနေ၏။
အဲ့ဒီမှာ မရေမတွက်နိုင်သော အရင်လူများ၏ ချန်ရစ်ထားခဲ့သော အမှတ်အသားများလည်း ရှိနေ၏။
တစ်ကယ်ဆို အဲ့ဒီမှာ ရှေးဟောင်းဧကရာဇ်များ၏ အငွေ့အသက်နှင့် အရိပ်အယောင်များလည်း ရှိနေ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် တူညီသော ရှေးဟောင်းမြို့တော်မှာ.. အသင်္ချေနယ်မြေတောင်ထွတ်၏ အောက်ခြေမှာ.. လူသားများသည် အခြားမျိုးနွယ်များ၏ သတ်ဖြတ်သုတ်သင်ခြင်းကို ကူကယ်ရာမဲ့စွာ ခံစားနေကြရသည်။
"ကျုပ်က နတ်မိမယ်လင်းလုံကို စိတ်ပျက်စေမိပြီ။ ကျုပ်က လူသားမျိုးနွယ်ရဲ့ အလျင်လူတွေကို စိတ်ပျက်စေမိပြီ..."
ပကတိအရှင်ယွီကျွင်း၏ မျက်နှာသည် သွေးများ ပြင်းထန်စွာ ဆုံးရှုံးမှုကြောင့် ကြောက်မက်ဖွယ်ရာ ဖြူဖျော့နေပြီး သူက မြေပြင်ပေါ်မှာ ဒူးထောက်ချကာ ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ရှေးဟောင်းအသင်္ချေကျောက်စာတိုင်သို့ ထပ်တလဲလဲ ဦးချနေ၏။
ဟား.......
ပကတိအရှင်ယင်လုက သက်ပြင်းချလိုက်၏။
ဗုဒ္ဓဝါဒတွင် ကံကံ၏အကျိုးနှင့် ပြန်လည်ဝင်စားခြင်းသံသရာကို ယုံကြည်ထားပြီး သူတို့က သေခြင်းရှင်ခြင်းနှင့်ပက်သက်သည့် အချုပ်အနှောင်များစွာ မရှိသော်လည်း သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်ပြီး သူ၏နှလုံးသားက နာကျင်ကိုက်ခဲလာလေသည်။
"ကောင်းကင်ဘုံက... ကျုပ်တို့ကို သနားပါဦး.. လွန်ခဲ့ပြီးသော ဧကရာဇ်တို့ အရှင်တို့က အရှင်တို့ရဲ့ စိတ်ဝိညာဥ်နဲ့ ဒီမြင်ကွင်းကို.. လူသားပြိုင်စံရှားတွေ တွေ့ကြုံခံစားနေရတဲ့ကပ်ဘေးကို မြင်နိုင်မယ်ဆိုရင် တစ်ယောက်ယောက်က သူတို့ကို ကယ်ပေးပါဦး..."
ပကတိအရှင်လောရွှယ်သည် စိတ်အားညိုးငယ်နေပြီး မှုန်ရီဝေဝါးသော ကောင်းကင်ထက်ကို ငေးကြည့်နေ၏ ။ သူမ၏ မျက်လုံးထောင့်နှစ်ဖက်မှ မျက်ရည်များက စီးဆင်းလာနေပြီး သူမက တစ်တွတ်တွတ် ရွတ်ဆိုနေ၏။
ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်၏ မောက်မာသော ရယ်သံများသည် အသင်္ချေနယ်မြေမြို့တော် တစ်လျှောက်လုံးမှာ နားကြားပြင်းကပ်စွာဖြင့် ထွက်ပေါ်နေ၏ ။ သို့သော်လည်း မရေမတွက်နိုင်သော လူသားပြိုင်စံရှားများသည် အသည်းခိုက်စရာပုံစံဖြင့် ကူကယ်ရာမဲ့စွာ အော်ဟစ်ညည်းတွားနေကြ၏။
ယောင်္ကျား သို့မဟုတ် မိန်းမဖြစ်စေ ၊ အင်မော်တယ် သို့မဟုတ် မိစ္ဆာဖြစ်စေ ထိုအခိုက်အတန့်တွင် လူသားပြိုင်စံရှားများ၏ အသက်သည် အလွန်တရာစျေးပေါပြီး ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်၏ အညှာ အတာမဲ့စွာ သတ်ဖြတ်သုတ်သင်ခြင်းကို ခံနေရ၏။ သူတို့၏သွေးများက မိုင်ထောင်ပေါင်းများစွာအထိ စီးဆင်းသွားပြီး သူတို့၏ ဆိုးဆိုးရွားရွား အော်ဟစ်သံများက နေရာတိုင်းမှာ ကြားနေရ၏။
အစက အယောက်တစ်သိန်းကျော်ကျော်ရှ်သော လူသားပြိုင်စံရှားများသည် ယခုအခါ အယောက်ရှစ်သောင်းကျော်ကျော်သာလျှင် ကျန်ရှိတော့လေသည်။
ဒါ့အပြင် သူတို့၏ အရေအတွက်က လျှင်မြန်စွာဖြင့် ဆက်လက်ကျဆင်းနေဆဲ ဖြစ်လေသည်။
ကျန်ရှိနေသော ကျင့်ကြံသူများသည် ကြောက်လန့်တကြား မျက်နှာများဖြင့် အော်ဟစ်၍ ခြေဦးတည့်ရာသို့ ရူးသွပ်စွာ ပြေးလွှားနေကြ၏။
သူတို့ထဲမှ အချို့ဆိုလျင် ထွက်ပြေးဖို့ကိုပင် လက်လျှော့လိုက်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်ချကာ သူတို့၏ အသက်များကို ချမ်းသာပေးဖို့ ကောင်းကင်ဘုံသို့ တောင်းပန်နေ၏။
အသင်္ချေနယ်မြေမြို့တော်က အဆုံးမဲ့ငရဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။