ယက္ခတစ်ယောက်ကို သတ်ဖြတ်ခြင်း
Vol. 51 Ch. 762
သူ၏နောက် လေထဲတွင် တစ်မူထူးခြားသော စွမ်းအင်အတက်ကျ တစ်ခုက ပေါ်လာ၏။
ဆူဇီမိုသည် လှည့်တောင်မကြည့်ဘဲ အေးစက်စက်အကြည့်နှင့်အတူ ခုတ်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။
ဝေါ......
ဆူနာမီအသံက ထွက်ပေါ်လာပြီး သွေးအလင်းတန်းက ပြန့်ကားသွား၏။
ခုတ်ချက်က လွဲချော်သွားသည့်အလား သတ္တုခြင်းထိခတ်သံက ထွက်ပေါ်မလာပေ။ ယက္ခသည် အချိန်မီရှောင်တိမ်းလိုက်ပြီး ဆူဇီမို၏ ဘေးဘက်မှာ ပြန်ပေါ်လာ၏။
"ဟေး......"
ယက္ခသည် လှောင်ပြောင်သရော်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အသံဖြင့်ပြောလ်ိုက်၏။
"မင်းက... ဆူနာမီသွေးအဆင့်ထိရောက်အောင်တောင် ကျင့်ကြံထားနိုင်တယ်ဆိုတော့ မဆိုးဘူးဘဲ.. မင်းရဲ့အသားက တော်တော်လေး အရသာရှိမှာဘဲ.."
"ငါ့အသားကိုစားဖို့ အိပ်မက်မက်မနေနဲ့... ဘာက မင်းအတွက် ကောင်းတယ်ဆိုတာကိုတောင်မှ မသိဘူးဘဲ... "
ဆူဇီမိုက လှောင်ရယ်လိုက်၏။
"ဟေ့ ပုရွက်ဆိတ်... မင်းက အခုချ်ိန်ထိတောင် ဘယ်လိုပြိုင်ဘက်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မသိသေးဘူးဘဲ"
ယက္ခက အော်ပြောလိုက်၏။
"ငါက... ကမ္ဘာဦးမျိုးနွယ် ၉ စုထဲက ယက္ခမျိုးနွယ်၊ ကမ္ဘာဦးခေတ်ရဲ့ အမြင့်မြတ်ဆုံး မျိုးနွယ်ကဘဲ... ငါတို့က တစ်ခါတုန်းက မျိုးနွယ်စုတစ်သောင်းကိုတောင် အုပ်စိုးခဲ့ဖူးတယ် ၊ မင်းလိုမျိုးပုရွက်ဆိတ်တွေက ငါ့ရဲ့ဖိနပ်ကို သယ်ဖို့တောင် အဆင့်မမီဘူး..."
သူ၏ ပေါ့ပါးဖျတ်လက်သော လှုပ်ရှားမှုနည်းစနစ်နှင့်အတူ ယက္ခသည် ဆူဇီမိုကို ဆက်တိုက်လှည့်ပတ်နေပြီး ဘယ်နှင့်ညာမှ အနီးနှင့်အဝေးမှ ပြောင်းလဲ၍ ပေါ်လာနေ၏။
သူ၏ လှုပ်ရှားမှုနည်းစနစ်က ပုံရိပ်ယောင်တစ်ခုကဲ့သို့ အံ့မခန်းပင်။
ဆူဇီမိုသည် သူ၏ဆေဘာနည်းစနစ်ကို ဆက်တိုက်ပြောင်းလဲနေ၏။ ခဏမှာ အဲ့ဒါက မာကျောခက်ထန်နေပြီး နောက်ခဏမှာ အဲ့ဒါက ပျော့ပျောင်းနူးညံ့သွား၏။ သို့သော်လည်း ယက္ခသည် သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မရွေးချယ်ဘဲ တစ်ချက်ထိ ပြန်ခွာ ပုံစံဖြင့်သာ ဆက်တိုက်လှုပ်ရှားနေ၏။
"ဟီးဟီး... ပုရွက်ဆိတ် မင်းကငါ့ရဲ့ ဝတ်ရုံစကိုတောင် ထိနိုင်မှာမဟုတ်ဘူး... "
ယက္ခက အူမြူးအားရစွာဖြင့် ရယ်မောလိုက်၏။
ဆူဇီမိုက နေရာမှာပင်ရပ်နေပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ၏ အထွတ်အထိပ်အခြေအနေမှာဆိုပါက သူ၏ရွှေအမြုတေနှင့် အတွင်းအမြုတေကို တစ်ချိန်တည်းမှာ လှည့်ပတ်ပြီး သူ၏ ကိုယ်ကာယနှင့် သွေးချီစွမ်းအားကို ထုတ်ဖော်ပါက သူသည် ယက္ခမျိုးနွယ်၏ အမြန်နှုန်းကို သေချာပေါက် လိုက်မှီနိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုအခါ သူက သီယင်းနှင့် အကြိတ်အနယ် တိုက်ခိုက်ပြီးနောက် သူ၏ စိတ်ဝိညာဥ်စွမ်းအင်က ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့လေသည်။
သူ၏ အတွင်းအမြုတေ ၊ သွေးချီနှင့် ကိုယ်ကာယပေါက်ကွဲအားဖြင့် ယက္ခမျိုးနွယ်ကို အမီလိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။
"ငါမင်းကို... နောက်ထပ် ပြောပြစရာရှိသေးတယ်..."
ယက္ခက အေးစက်စွာဖြင့် ပြောလိုက်၏။
"မင်းကျင့်ကြံထားတဲ့ စိတ်ဝိညာဥ်တောင်ပံက မင်းတို့လူသားမျိုးနွယ်က ငါတို့ယက္ခမျိုးနွယ်ရဲ့ လှုပ်ရှားမှုနည်းစနစ်ကို စူးစမ်းလေ့လာပြီး ဖန်တီးထားတဲ့အရာဘဲ..."
"ဟေး... ကံဆိုးတာကတော့ လူသားတွေက တုံးလွန်းတော့ ငါတို့ ယက္ခနည်းစနစ်ရဲ့ ခက်ခဲနက်နဲမှုကို ကုန်စင်အောင် သဘောမပေါက်နိုင်ဘူး..."
"လူသားမျိုးနွယ်ရဲ့ မျိုးဆက်သွေးက အရမ်းကို ပေါပဲပြီးတော့ မင်းတို့ကောင်တွေက မွေးရာပါ အားနည်းလာကြတာဘဲ.. မင်းတို့က ငါတို့ယက္ခမျိုးနွယ်ရဲ့ လျှို့ ဝှက်ပညာရပ်ကို အဲ့လိုမျိုး အလွယ်တကူ ဘယ်လိုလုပ် ထိန်းချုပ်နိုင်ပါ့မလဲ..."
ဆန်းကြယ်တောင်ပံများသည် ယက္ခမျိုးနွယ်များ၏ လှုပ်ရှားမှုနည်းစနစ်ကို အတုယူပြီး ဖန်တီးထားခြင်းမှာ ဖြစ်ပုံရလေသည်။
ကံဆိုးစွာနှင့်ပင် လူသားများနှင့် ယက္ခများသည် မတူညီသော မျိုးနွယ်စုများ ဖြစ်ကြလေသည်။ ယက္ခတစ်ကောင်၏ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် သူတို့၏ မျိုးဆက်သွေးသည် အချိန်ကြာလာပြီးနောက် ဆင့်ကဲပြောင်းလဲလာခဲ့လေသည်။
သူတို့၏ တောင်ပံများနှင့်ဆိုပါက သူတို့သည် လေထဲမှာ ခုခံနိုင်မှု မရှိသလောက်နီးပါးဖြင့် သွားလာနိုင်ကြလေသည်။
သို့သော်လည်း လူသားများသည် ယက္ခများနှင့် မတူညီကွဲပြားသော ခန္ဓာကိုယ်တည်ဆောက်ပုံများ ရှိကြလေသည်။
ဆန်းကြယ်တောင်ပံများသည် ယက္ခမျိုးနွယ်များ၏ အမြန်နှုန်းကို လိုက်မမှီနိုင်သည်မှာ ယုတ္တိရှိလေသည်။
ဆူဇီမို၏ မျက်နှာက ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး သူက သွေးသောက်သူကို မြေကြီးထဲသို့ ပစ်စိုက်လိုက်၏။ သူ၏လက်နှစ်ဖက်ကို ဘေးသို့ချထားပြီး သူ၏မျက်လုံးများကို မှေးကျဥ်းထားလိုက်၏။ သူက ယက္ခကို အရေးလုပ်ပြီး ပြန်လည်စကားပြောမနေတော့ပေ။
သူသည် သူ၏စိတ်ကို အကောင်းဆုံးကြိုးစား၍ ဗလာကျင်းထားလိုက်ပြီး ဈာန်ဝင်စားသည့် အခြေအနေတစ်ခုကို ထိန်းသိမ်းထားလိုက်၏။
"ဟမ်.... မင်းက ငါ့ကို ခြေကုန်လက်ပမ်းကျအောင် လုပ်ချင်နေတာလား..."
ယက္ခ၏အသံက တစ်ဖန်ထွက်ပေါ်လာ၏။
"ငါက.. မင်းတို့လူသားတွေ မြေပြင်ပေါ်မှာ လမ်းလျှောက်သလိုမျိုး လေထဲမှာ သွားလာနိုင်တယ်... ငါက အဲ့ဒါနဲ့ပက်သက်ပြီး လုံးဝမောပမ်းလာမှာမဟုတ်ဘူး... ပုရွက်ဆိတ် မင်းငါ့ကို ခြေကုန်လက်ပမ်းကျအောင် လုပ်လို့မရဘူး..."
ဆူဇီမိုက တိတ်ဆိတ်နေစဲဖြစ်၏။
ယက္ခမျိုးနွယ်သည် စကားပြော၍ အချိန်ဆွဲရင်း တိုက်ခိုက်ဖို့အခွင့်ရေးတစ်ခုကို ချောင်းမြောင်းနေ၏။
အဲ့ဒါက ဆူဇီမိုအတွက်လည်း ထို့အတူပင်ဖြစ်လေသည်။
သူတို့ထဲမှ တစ်ယောက်သည် လှည့်ပတ်လှုပ်ရှားနေပြီး တစ်ယောက်ကတော့ တည်ငြိမ်နေ၏။
သူတို့သည် ကိုယ်ကာယချင်း ထိတွေ့မှု မရှိသော်လည်း သူတို့နှစ်ယောက်လုံးသည် တစ်ယောက်ပေါ်တစ်ယောက် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေကြပြီး သူတို့ထဲမှ တစ်ယောက်က သိပ်မကြာခင် သေရပေတော့မည်။
ယက္ခသည် အလွန်တရာ သတိကြီးကြီးထားနေပြီး သူက အရမ်းကာရော ပစ်ဝင်မသွားပေ။ သူက ဆက်တိုင်အကဲစမ်းနေဆဲဖြစ်၏။ သို့သော်လည်း ဆူဇီမိုသည် ဆရားထိုင်နေသော ဘုန်းတော်ကြီးတစ်ပါးကဲသို့ မလှုပ်မယှက် နေနေ၏။
" မင်းက အသင်္ချေနယ်မြေမြို့တော်ထဲမှာ အပေါင်းအသင်း မိတ်ဆွေတွေကျန်ခဲ့တယ်လို့ ငါကြားတယ်..."
ခဏမျှလွန်ဆွဲနေပြီးနောက် ယက္ခက ရုတ်တရက်ပြောလိုက်၏။
"ငါမင်းကို သတိပေးလိုက်မယ်... အခုလောက်ဆို မင်းရဲ့ အဲ့ဒီမိတ်ဆွေတွေက ငါတို့ယက္ခတွေရဲ့ အစာဖြစ်နေလောက်ပြီ... ဟားဟားဟားဟား..."
ယက္ခက ဇောင်းကြွစွာဖြင့် ရယ်မောလိုက်၏။
"ဒီတစ်ခေါက်.ရှေးဟောင်းတိုက်ပွဲမြေကို ဝင်ရောက်လာတာ ငါတိုမျိုးနွယ်စုပေါင်း တစ်ရာကျော်ရှိတယ် ၊ လူသားတွေရဲ့ အထွတ်အမြတ်နယ်မြေလို့ခေါ်တဲ့ အသင်္ချေနယ်မြေမြို့တော်ထဲမှာဆို ငါတို့ ယက္ခမျိုးနွယ်က အခုလောက်ဆို သတ်ဖြတ်ပွဲကြီး ကျင်းပနေလောက်ပြီ..."
ဆူဇီမို၏ စိတ်သည် ပြင်းထန်စွာ တုန်လှုပ်သွားသည့်အလား သူ၏လက်က အနည်းငယ် တုန်ယင်သွား၏။
အဲ့ဒါက ထောက်လှမ်းသိရှိဖို့ရန် ခက်ခဲသော ဟာကွက်တစ်ခုဖြစ်လေသည်။
သို့သော်လည်း ယက္ခ၏မျက်လုံးများက အလွန်တရာထက်ရှပြီး တိုက်ခိုက်ဖို့အတွက် ရှားရှားပါးပါး ထိုအခွင့်အရေးကို ချက်ချင်း ဖမ်းဆုပ်မိသွား၏။
သူ၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့သွားပြီး ဆူဇီမိုထံသို့ ဖျတ်ကနဲ ပြေးဝင်သွား၏။
ထိုဟာကွက်က အလွန်ဆုံး တဒင်္ဂလေးမျှသာ ကြာမြင့်လေသည်။
သို့သော်လည်း ထိပ်တန်းအဆင့် ပညာရှင်များကြား တိုက်ပွဲတွင်.. အထူးသဖြင့် ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် ယက္ခတစ်ကောင်အတွက်တော့ သူလိုအပ်သည်မှာ ထိုတဒင်္ဂအချိန်လေးသာ ဖြစ်လေသည်။
ထိုတဒင်္ဂအချိန်လေးက သေခြင်းရှင်ခြင်း သို့မဟုတ် အနိုင်ရသူကိုပင် ဆုံးဖြတ်ပေးနိုင်လေသည်။
ရုတ်တရက်ဆိုသလို....
လှုပ်ခါနေသော အနက်ရောင်ဆံပင်များကြားတွင် ဆူဇီမို၏ မျက်လုံးများက ကျိန်းစပ်သော အလင်းရောင်နှင့်အတူ ဖျတ်ကနဲပွင့်သွားပြီး အဲ့ဒီမှာ လှောင်ပြောင်သရော်လိုသော အရိပ်ယောင်က ရှိနေ၏။
"မကောင်းတော့ဘူး....."
ယက္ခသည် ဆူဇီမို၏ မျက်နှာပေါ်မှ အကြည့်ကို မြင်ရသောအခါ ထိတ်လန့်သွား၏။
"သူက အဲ့ဟာကွက်ကို တမင်တကာ ထုတ်ပြလိုက်တာဘဲ... ငါကတော့ လှည့်စားခံရပြီ..."
ယက္ခက အဲ့တာကို နားလည်ချိန်တွင် နောက်ကျလွန်းသွားပြီ ဖြစ်လေသည်။
ထိုတဒင်္ဂအချိန်လေးက ဆူဇီမိုအတွက်လည်း လုံလောက်လေသည်။
ယက္ခသည် သူ၏မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူ၏ဦးတည်ချက်ကို ချက်ချင်းတုံ့ပြန် ပြောင်းလဲလိုက်၏။ သူက လှုပ်ရှားမှုရှုထောင့်ကို ချိန်ညှိပြီး အလွန်တရာလျှင်မြန်စွာဖြင့် လေထဲသို့ ပြန်ထွက်လိုက်၏။
ယက္ခများ၏ တု့န်ပြန်မှုက အမြန်ဆုံးဖြစ်လေသည်။
ဆူဇီမိုက ကြိုတင်ပြင်ဆင်ထားသည်ဆိုလျှင်တောင် သူက မထိမခိုက်ရုန်းထွက်နိုင်သည်ဟု ယက္ခက သူ့ကိုယ်သူ ယုံကြည်ထားလေသည်။
သို့သော်လည်း သူ၏ မျက်လုံးထောင့်ကနေ ဖြစ်ပျက်လာသည့်အရာကို မြင်လိုက်ရပြီးနောက် သူ၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။
ဆူဇီမိုက သူ့နောက်သို့ ဆက်လိုက်မလာဘဲ နေရာမှာပင် ရပ်နေဆဲဖြစ်၏။
မသိလိုက်မသိဘာသာနှင့်ပင် စိတ်ဝိညာဥ်အင်းကွက် ခြောက်ခုနှင့်အတူ တောက်ပနေသော ဧရာမ လရောင်လေးကြီးတစ်လက်က သူ၏လက်ထဲတွင် ပေါ်လာခဲ့လေသည်။
သူက ရွှေညိုရောင်မြားတစ်စင်းကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကိုင်ထားပြီး ၎င်းကလည်း စိတ်ဝိညာဥ်အလင်းခြောက်ခုနှင့် တောက်ပနေလေသည်။
လရောင်ဝှက်လေးနှင့် မဟူရာရွှေမြားဖြစ်လေသည်။
နှစ်ခုစလုံးက မူလစိတ်ဝိညာဥ် လက်နက်များဖြစ်လေသည်။
မြောက်ပိုင်းဒေသရှိ မဟာချွမ်အပျက်အစီးတိုက်ပွဲပြီးနောက် ဆူဇီမိုသည် မဟူရာရွှေမြားတစ်စင်းကို ထုတ်ယူဖို့အတွက် အချိန်တစ်ခုယူရလေသည်။
ယခုအခါ သူ၏လက်ဝါးထဲသို့ မြားတစ်စင်းက အချိန်မရွေး ရောက်လာနိုင်လေသည်။
ဇီ......
လပြည့်ဝန်းတစ်ခုကဲ့သို့ လေးနှင့် မြားများက ကြယ်များကြွေနေသကဲ့သို့ ပစ်လွင့်လာ၏။
ယက္ခသည် လေးကြိုးသံကို ကြားရသောအခါ မဟူရာရွှေမြားက သူ့အနီးသို့ရောက်လာခဲ့လေသည်။
ဆူဇီမိုသည် လှုပ်ရှားမှုနည်းစနစ်မှာ ယက္ခမျိုးနွယ်ကို မယှဥ်နိုင်သော်လည်း မူလစိတ်ဝိညာဥ်လက်နက်နှစ်ခုကတော့ ယှဥ်နိုင်လေသည်။
ယက္ခများသည် အတော်လေး အထင်ကြီးဖို့ ကောင်းလေသည်။ သူက ခုခံနေရသောအချိန်မှာပင် သူ၏ လှုပ်ရှားမှုကို အလျှင်အမြန်ထိန်းချုပ်နိုင်ပြီး သေကွင်းသေကွက်သို့ ရိုက်ခတ်မှုကို ရှောင်ရှားနိုင်လေသည်။
"ဇီ...."
မဟူရာရွှေမြားသည် ယက္ခ၏ အသားပြားတောင်ပံကို ထိုးဖောက်သွားပြီး ပန်းကန်လုံးအရွယ်လောက် သွေးပေါက်တစ်ပေါက်က ဖြစ်ပေါ်လာလေသည်။
အဲ့ဒါက သာမန်လေးနှင့်မြား မဟုတ်ပေ။
အဲ့ဒါက မူလစိတ်ဝိညာဥ်လက်နက်များ ဖြစ်လေသည်။
အဲ့ဒါက သွေးပေါက်တစ်ပေါက်မျှသာ ဖြစ်သော်လည်း ၎င်းအတွင်းတွင် ပါဝင်သော စွမ်းအားသည် ယက္ခ၏ အသားပြားတောင်ပံကို ပျက်စီးသွားစေဖို့ လုံလောက်လေသည်။ သူ၏ တောင်ပံပေါ်ရှိ အသားများက ပေါက်ကွဲထွက်သွားပြီး သူ၏ အရွတ်များနှင့် အရိုးများက ကျိုးပဲ့သွားလေသည်။
"အား......"
ယက္ခက ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်၏။
ဆူဇီမိုက မြားကိုပစ်ပြီးနောက် လုံးဝရပ်တန့်မသွားဘဲမြေပြင်တွင်စိုက်ထားသော သွေးသောက်သူကို ဆွဲထုတ်လိုက်၏။ သူက ဖနှောင့်တစ်ချက်ပေါက်၍ လေထဲသို့ ခုန်တတ်လိုက်၏။
သူ၏ လှုပ်ရှားမှုက ရေကဲ့သို့ ချောမွေ့နေပြီး ထိုယက္ခသည် အချိန်မှီမတုန့်ပြန်နိုင်တော့ပေ။
"ပိုင်းဖြတ်စမ်း....."
သူက ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်ပြီး အဲ့တာက ယက္ခ၏အော်သံနှင့် တစ်ချိန်တည်းနီးပါး ထွက်လာလေသည်။
သွေးရောင်အလင်းက ပြန့်ကားသွားပြီး အဲ့တာက ယက္ခ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွား၏။
အတောင်ပံတစ်ဝက်ပျက်စီးသွားသော ယက္ခသည် အတောင်ကျိုးသွားသော ငှက်တစ်ကောင်လို ဖရိုဖရဲဖြစ်နေ၏။
သူ၏အကြီးမားဆုံး အားသာချက်က ပျက်စီးသွားပြီးနောက် ယက္ခသည် ပြုတ်ကျလုဆဲဆဲ ဖြစ်လာလေသည်။ သူသည် ဆူဇီမို၏ ခုတ်ချက်ကို ရှောင်ဖို့နေနေသာသာ သူ့ကိုယ်သူပင် ဟန်ချက်ညီအောင် မနည်းထိန်းနေရ၏။
ဖြီး.......
လေထဲတွင် သွေးများက ဖြာထွက်လာ၏။
မြင့်မား၍ တုတ်ခိုင်သန်မာသော ယက္ခ၏ခန္ဓာကိုယ်သည် လေထဲမှာ သွေးသောက်သူလက်ချက်ဖြင့် နှစ်ပိုင်း ပြတ်ထွက်သွားပြီး ညှီစို့စို့အနံ့နှင့်အတူ သူ၏ ကိုယ်တွင်းအင်္ဂါများက ပြန့်ကျဲ ကျလာ၏ ။
ယက္ခ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် မြေကြီးပေါ်သို့ ပစ်ကျသွားပြီး သူ၏ မျက်လုံးများက အရောင်မှိန်ကျလာ၏။ သူက အခုချိန်ထိ မသေသေးဘဲ သူ၏ပါးစပ်ထဲမှ သွေးများက စီးကျလာနေ၏။ သူက ငါးသေတစ်ကောင်နှင့် ဆင်တူသော မျက်လုံးများဖြင့် ဆူဇီမိုကို စိုက်ကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။
"မင်း... မင်းက အဲ့.. အဲ့ဒီမှာ သေ..သေချာပေါက် သေ..ရလိမ့်မယ်.. ငါ့ရဲ့.. ခေါင်းဆောင်က မင်းကို... သေ..ချာပေါက်.. လက်..လက်စားပြန်ချေလိမ့်မယ်..."
"အေးအေးဆေးဆေး သေလိုက်ပါတော့... ငါက မင်းရဲ့ယက္ခခေါင်းဆောင်ကိုပါသတ်ပြီးတော့ မင်းနဲ့အတူ ငရဲကို အဖော်ပြုပေးခိုင်းလိုက်မယ်"
ဆူဇီမိုက ရှေ့တက်သွားပြီး ယက္ခ၏ဦးခေါင်းကို ဖနှောင့်ဖြင့် ပြင်းထန်စွာ ပေါက်ချလိုက်၏။