← Chapters

ဖုံးကွယ်ထားသော ညဝိညာဥ်

Vol. 51 Ch. 765

ဖုံးကွယ်ထားသော ညဝိညာဥ်

Vol. 51 Ch. 765

ညဝိညာဥ်သည် ဘာစကားမှမပြောသလို သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲခြင်းလည်း မရှိပေ။ သူက တိတ်တဆိတ်ဖြင့် ရှောင်းနင်၏ဘေးမှာ အမူ အရာကင်းမဲ့စွာဖြင့် မတ်တက်ရပ်နေလေသည်။ သူ၏ နက်မှောင်နေသော မျက်လုံးများက တွေဝေနေသော စိတ်ခံစားချက်တစ်ခုကို ထုတ်ပြနေ၏။

အဲ့ဒါက ကြောက်ရွံ့ခြင်းမဟုတ်ပေ။

သတိကြီးကြီးထားနေခြင်းနှင့် ပိုတူလေသည်။

နန်းကြည်၏ လက်နှင့်ခြေများကို နတ်ဘုရားမျိုးနွယ်က တုတ်နှောင်ထားပြီး သူမက ပင်ပန်းနွမ်းလျသော အမူအရာရှိနေ၏။ သူမ၏ ​ညိုးခြောက်နေသော အဝါရောင်ဆံပင်များက သူမ၏ လှပသော သွင်ပြင်လေးကို ဖုံးကွယ်ထား၏။

သူမသည် တစ်ချိန်လုံး ခေါင်းငိုက်စိုက်ကျနေပြီး တိတ်ဆိတ်နေ၏။

"ဟီးဟီး...."

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က မျက်ခုံးပင့်လိုက်ပြီး ဟန်လုပ်၍ပြုံးလိုက်၏။

"ကြည့်ရတာတော့ ယက္ခမျိုးနွယ်က အပြင်လောကကို ထွက်မလာတာ အတော်ကြာသွားလို့ထင်တယ်... အဲ့ဒီ အိမ်မွေးတိရိစ္ဆာန်လေးတွေကတောင် မင်းတို့တွေကို စိန်ခေါ်ရဲနေကြပြီ..."

"မင်းကမှ... အိမ်မွေးတိရစ္ဆာန်နဲ့ ပိုတူတာ....."

ဒီအခြေအနေထိ ရောက်လာပြီးမှတော့ စိတ်ဝိညာဥ်ကျားသည် ဆက်လက်၍ ထိန်ချန်နေခြင်းမရှိတော့ဘဲ အော်ဟစ်လိုက်၏။

"ဒီက မင်းရဲ့ ကျားဖေဖေမှာ နာမည်ရှိတယ်... ငါ့နာမည်က ဟူပါးထျန်... ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး..."

"မင်းကတော့ သေချင်နေပြီထင်တယ်..."

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ မျက်နှာက ညိုမဲသွား၏။

ယက္ခခေါင်းဆောင်က ဟားတိုက်ရယ်မောလိုက်လေသည်။

"ကြည့်ရတာတော့ နတ်ဘုရားမျိုးနွယ်ကလည်း သိပ်မဟန်ပါဘူးကွာ.."

"ငါက... လူတွေရဲ့ အသားကို မစားဘူးဆိုပေမယ့်လို့ ကျားရိုးကတော့ တော်တော်အားရှိတယ်လို့ ပြောကြတယ်... အဲ့ဒီစိတ်ဝိညာဥ်ကျားကို နတ်ဘုရားမျိုးနွယ်အတွက် ချန်ထားလ်ိုက်..."

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် မောက်မာခက်ထန်သော အမူအရာဖြင့် ငုံ့ကြည့်ပြီး ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။

"ငါ့အတွက်တော့... မင်းကို သတ်ရတာက ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်လိုက်ရသလို လွယ်ကူတယ်... ငါက မင်းကို အနိုင်ကျင့်တယ်လို့ ပြောလို့မရအောင် မင်းက နတ်ဘုရားမျိုးနွယ်က အားအနည်းဆုံး ကလန်သားတစ်ယောက်ကို အန်ိုင်ယူနိုင်မယ်ဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးလိုက်မယ်..."

ထိုသို့ သူပြောလိုက်သည်နှင့် နတ်ဘုရားမျိုးနွယ်ဘက်မှ တစ်စုံတစ်ယောက်က ထွက်လာလေသည်။ သူက ရွှေရောင်ဆံပင် အဇူရာမျက်လုံးနှင့် ကြော့ရှင်းလှပသော သွင်ပြင်ရှိပြီး စိတ်ဝိညာဥ်ကျားကို သတ်ဖြတ်လိုစိတ်နှင့်အတူ စိုက်ကြည့်လိုက်၏။

"ငါကကော မင်းတို့ကို ကြောက်နေမယ်လို့ ထင်လို့လား..."

စိတ်ဝိညာဥ်ကျားသည် အံကိုကြိတ်ပြီး ရဲတင်းစွာဖြင့် ထွက်ရပ်လိုက်၏။

ပြောရမည်ဆိုလျှင် အဲ့တာက သူတို့အတွက် အခြေအနေကောင်းသေးသည်ဟု ဆိုရပေမည်။

ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်များသည် ရွှေအမြုတေအဆင့်များပင် ဖြစ်ကြသော်လည်း သူတို့သည် သူတို့ထက် ကျင့်ကြံမှု တစ်ဆင့်မြင့်သော နိုးထဝိညာဥ်များကို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။ စိတ်ဝိညာဥ်ကျားက သေချာပေါက် သူတို့၏ ပြိုင်ဘက်မဖြစ်န်ိုင်ပေ။

သို့သော်လည်း သူက သာမန်ယက္ခ သို့မဟုတ် သာမန်နတ်ဘုရား မျိုးနွယ်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် သူက အန်ိုင်ရရှိဖို့ အခွင့်အရေးတစ်ခု ရကောင်းရန်ိုင်လေသည်။

ယက္ခခေါင်းဆောင်က ကျေနပ်နှစ်ခြိုက်သွားပြီး ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။

"ငါ့ရဲ့ ကလန်သားတွေကို အနိုင်ယူနိုင်တဲ့သူ ရှိရင်လည်း မင်းတို့ရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်"

"မင်းတို့တွေက သေချင်နေမှတော့ ငါက ဟန်လုပ်မနေတော့ဘူး..."

အားလုံး၏ ရှေ့မှောက်မှာပင် မျောက်က ခြေလှမ်းကျဲကြီးဖြင့် ထွက်လာပြီး လက်နှစ်ဖက်ဖြင့် သူ၏ ရင်ဘတ်ကိုပုတ်ကာ ခက်ထန်သော သတ်ဖြတ်လိုစိတ်ဖြင့် အော်ဟစ်လိုက်၏။

"ငါ့ကို ဘယ်သူ စိန်ခေါ်ချင်လဲ....."

နှစ်ဖက်စလုံးရှိ တင်းအားက ပို၍မြင့်မားလာကြသည်။

"သားရဲမျောက်တစ်ကောင်က ဘယ်လိုတောင် မောက်မာနေတာလဲ... မင်းကတော့ သေချင်နေတာဘဲ..."

ယက္ခတစ်ကောင်သည် သူ၏ တောင်ပံများကို ဖြန့်ပြီး လေထဲသို့ တက်ကာ မျောက်ဆီသို့ ​ဖျတ်ကနဲ ခုန်ဝင်သွား၏။

ထိုအပြုမူတစ်ခုနှင့်ပင် နှစ်ဖက်စလုံးမှ ကြီးမားသည့် တိုက်ပွဲတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

နတ်ဘုရားမျိုးနွယ်မှ စိတ်ဝိညာဥ်ကျားနဲ့တိုက်ခိုက်ဖို့ ပို့လွှတ်လိုက်သော လူတစ်ယောက်အပြင် ယက္ခမျိုးနွယ်သည် ရှောင်းနင် ၊ ဖက်တီးလေး ၊ လမ့်ရို ၊ ကျိရှန်းချန် ၊ ရှစ်ကျန့် ၊ မင်းကျန် ၊ နတ်ဆိုးမကျိ ၊ မျောက် ၊ ချင်ချင် ၊ ညဝိညာဥ် ၊ မြေခွေးလေး ၊ ရွှေခြင်္သေ့နှင့် တူကူကျန့်တို့နဲ့ တိုက်ခိုက်ရန် သူတို့ကလည်း လူ ၁၃ ယောက်ကို ထုတ်ပေးလိုက်၏။

နတ်ဘုရားမျိုးနွယ်မှ တစ်ယောက်ဖြစ်စေ ယက္ခမျိုးနွယ်မှ ၁၃ ယောက်ဖြစ်စေ သူတို့အားလုံးသည် ကြောင်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရည်ခွန်အားများကို ပိုင်ဆိုင်ထားကြလေသည်။

သို့သော်လည်း မြေခွေးလေးနှင့် အခြားသူများသည် မတူညီသော အဆင့်များမှာ ရှိနေကြသည်။

မျောက်က အလွန်ကြီးမားသော ကြမ်းကြုတ်ခက်ထန်မှုတစ်ခုရှိပြီး သူ၏ စွမ်းအားကြီးသောခွန်အား ၊ သန်မာသော လက်သီးနည်းစနစ်နှင့် ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှု နည်းစနစ်နှင့်အတူ ယက္ခအပေါ်မှာ အသာစီးရယူထားနိုင်၏။ ထိုယက္ခက သူ့အနားသို့ လုံးဝမကပ်နိုင်ပေ။ မင်းကျန့်၏ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်သည် အဆင့် ၄ ဖြစ်ပြီး တည်ငြိမ်သော အခြေခံအုတ်မြစ်ရှိ၏။ သူသည် ဗုဒ္ဓဂိုဏ်းများမှ များစွာသော လျှို့ဝှက်နည်းစနစ်များကို သိထားပြီး ကမ္ဘာသန့်စင်အစိမ်းရောင်ကြာပန်း၏ ကာကွယ်မှုကိုလည်း ရရှိထား၏။ သူက ယက္ခမျိုးနွယ်များနှင့် ညီတူမျှတူ ယှဥ်နိုင်လေသည်။

ကျိရှန်းချန် ၊ လမ့်ရိုနှင့် အခြားသူများသည် အသည်းအသန် ခုခံနိုင်ရုံသာ ရှိကြလေသည်။

ရှောင်းနင် ၊ ချင်ချင်းနှင့် အခြားသူများကတော့ တိုက်ခိုက်လိုက်သည့်ခဏမှာပင် အလွန်တရာ အန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိသွား၏။ သူတို့က အချိန်မရွေး သေဆုံးသွားနိုင်လေသည်။ ရှောင်းနင်က ယန်ဆေးဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်၏။ သူမသည် ဆေးဖော်စပ်ခြင်းမှာ အဆင့်တူခြင်း၌ လူတိုင်းကို ဖိနှိပ်နိုင်သော်လည်း သူမ၏ တိုက်ခိုက်ရည်က သိပ်ပြီး ဖြုံလောက်စရာ မဟုတ်ပေ။ သူမက ယက္ခများနှင့် ဘယ်လိုလုပ် ယှဥ်၍ တိုက်ခိုက်နိုင်ပါမည်လဲ။

ချွမ်း.....

ယက္ခ၏ ဆေဘာကွေးသည် အေးစက်စက် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ရှောင်းနင်၏ လည်ပင်းကို လှီးဖြတ်တော့မည် ရှိစဥ်မှာပင် ရုတ်တရက်ထွက်ပေါ်လာသော လက်ငါးချောင်းက အဲ့တာကို ပြန်ကန်ထွက်သွားစေလေသည်။

ထိုလက်သည်းများသည် အလွန်တရာ ထက်ရှပြီး နက်မှောင်နေသော အလင်းရောင်ဖြင့် တောက်ပနေ၏။ အဲ့ဒါက ယက္ခမျိုးနွယ်၏ ဆေဘာကွေးနှင့် ရိုက်ခတ်မိသောအခါ မီးပွားများက စင်ထွက်လာ၏။

သူကတော့ ညဝိညာဥ်ပင်ဖြစ်လေသည်။

ညဝိညာဥ်သည် သူ့နောက်ရှိ ယက္ခနှင့် တိုက်ခိုက်မှုကနေ ရုန်းထွက်လာပြီး မသိလိုက်မသိဖာသာနှင့်ပင် ရှောင်းနင်၏ ဘေးမှာ ထွက်ပေါ်လာကာ သူမကို ကယ်တင်သွား၏။

"ကျုပ်နောက်မှာ ရပ်နေ....."

သူက အသေးစိတ်မှာကြားနေဖို့ အချိန်မရှိဘဲ ရှောင်းနင်ကို သူ၏နောက်မှာ နေခိုင်းပြီး ရှေ့ကနေ ကာထားလိုက်ပြီ။

အစက ရှောင်းနင်နောက်သို့ လိုက်နေသော ယက္ခသည် သူ၏ သားကောင်ကို လုယူခံလိုက်ရသည့်အတွက် ဒေါသူပုန်ထသွားလေသည်။ ထိုသို့ဖြင့် သူက ညဝိညာဥ်ထံ ပြေးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် အစက ညဝိညာဥ်နှင့် တိုက်ခိုက်နေသော ယက္ခကလည်း နီးကပ်လာပြန်၏။

ယက္ခနှစ်ကောင်သည် တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။

ညဝိညာဥ်၏ အကြည့်သည် အေးစက်နေပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်များက ပေါ့ပါးဖျတ်လတ်၏။ သူ၏ပုံရိပ်က သူရပ်နေရာကနေ ပုံရိပ်ယောင်တစ်ခုကဲ့သို့ အဆက်မပြတ် ရွေလျားနေပြီး နောက်ချန်ပုံရိပ်များကို ဆက်တိုက်ချန်ထားရစ်ခဲ့၏။ သူက နှစ်ယောက်တစ်​ယောက် ရင်ဆိုင်တိုက်ခိုက်နေရသော်လ​ည်း အရေးနိမ့်ခြင်းမရှိပေ။

"ယက္ခနှစ်ယောက်နဲ့ ယှဥ်ပြီး ခုခံနိုင်တယ်ဆိုတော့ မင်းက တော်တော်လေး စွမ်းတာဘဲ... "

ယက္ခခေါင်းဆောင်က လက်ပိုက်ပြီး လှောင်ပြောင်လိုက်၏။

ချင်ချင်သည် တောင်ပံများကို ပိုင်ဆိုင်ထားသော် လည်း သူမ၏ လှုပ်ရှားမှု နည်းစနစ်က ယက္ခများနှင့် ယှဥ်လျင် နိမ့်ကျလေသည်။

သွေးရောင်က ဖျတ်ကနဲလက်သွား၏။

အသက်ရှုချိန် သုံးချိန်အတွင်းမှာ ချင်ချင် ဒဏ်ရာရရှိသွားလေပြီ။

အဲ့တာက သေလောက်အောင် မပြင်းထန်သော်လည်း သူမ၏ဒဏ်ရာမှ သွေးများက အဆက်မပြတ် စီးထွက်နေ၏။ ချင်ချင်၏ မျက်နှာက ဖြူလျော့သွားပြီး သူမ၏ ဟန်ချက်ကို ဆုံးရှုံးသွားလေသည်။ သူမက လေထဲကနေ ပြုတ်ကျတော့မည့်ဆဲဆဲဖြစ်လာ၏။

"သေစမ်း....."

ယက္ခသည် စိတ်လှုပ်ရှားပြီး အော်ဟစ်ကာ ခုတ်ပိုင်းချလိုက်၏။

ရွှစ်......

နောက်ထပ်ပုံရိပ်တစ်ခုက ဖျတ်ကနဲပေါ်လာပြီး ယက္ခ၏ ဆေဘာကွေးကနေ ချင်ချင်ကို ကယ်တင်သွား၏။

အဲ့တာက ညဝိညာဥ်ပင် ဖြစ်ပြန်သည်။

ချင်ချင်ကို ကယ်တင်ပြီးနောက် ညဝိညာဥ်သည် ယက္ခသုံးယောက်နှင့် တိုက်ခိုက်ရလေသည်။

ယက္ခများ၏ လှုပ်ရှားမှုနည်းစနစ်များက ဘယ်လိုပင် ကြောက်စရာကောင်းပါစေ သို့မဟုတ် သူတို့သည် ဘယ်လိုရှုထောင့်ကပင် တိုက်ခိုက်ကြပါစေ ညဝိညာဥ်သည် သူ၏ လှုပ်ရှားမှုနှင့်အတူ အကုန်လုံးကို ချေဖျက်ခုခံသွား၏။

ယက္ခသုံးယောက်သည် သူတို့၏ သတ်ဖြတ်ရန် ကြိုးပမ်းမှုကို ကျရှုံးရုံသာမက သူတို့က ဒဏ်ရာအချို့ပင် ပြန်လည်ရရှိသွားကြ၏ ။

ညဝိညာဥ်ကို တိတ်တဆိတ်စောင့်ကြည့်နေပြီး ယက္ခခေါင်းဆောင်၏ အမူအရာက အနည်းငယ် ညိုမဲလာ၏။

"ဟမ့်....."

ညဝိညာဥ်၏ အခြေအနေသည် နိုးထဝိညာဥ်သုံးယောက်ကို ဆွဲဆောင် မိသွား၏။

ပကတိအရှင် လောရွှယ်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။

"အဲ့ဒါက... ဘာစိတ်ဝိညာဥ်တောကောင်လဲ... သူရဲ့ လှုပ်ရှားမှုနည်းစနစ်က ယက္ခမျိုးနွယ်ထက်တောင် မနိမ့်ကျဘူး..."

"အဲ့တာတင် မကဘူး..."

ကိုယ်တော်ယင်လူက ခေါင်းခါလိုက်၏။

"မမေ့လိုက်နဲ့... သူက အခုချိန်ထိ သူ့ရဲ့ အစစ်အမှန်ပုံစံကို မပြောင်းလဲရသေးဘူး ၊ ပြောရမယ်ဆိုရင် အခုချိန်က သူ့တိုက်ခိုက်ရည်ရဲ့ အထွတ်အထိပ်မဟုတ်သေးဘူး..."

ပကတိအရှင်ယွီကျွင်းသည် ဘာမှ ထပ်မပြောတော့ဘဲ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူသည် နောက်ကွယ်က အ​ကောင်းပြချက်ကို စဥ်းစားနေခြင်းဖြစ်၏။

ညဝိညာဥ်က ဒီအခြေအနေထိ ရောက်လာတာတောင် သူ၏အစစ်အမှန်ပုံစံကို မပြောင်လဲရခြင်းက ဘာ့ကြောင့်လဲ... သူက တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလား။

သူက တစ်ခုခုကို ငဲ့ကွက်ထိန်ချန်ထားတာလား....။

"အား...."

ရုတ်တရက် လူအုပ်ကြီးထဲမှ အာမေဋိတ်သံတစ်သံက ထွက်ပေါ်လာ၏။ မြေခွေးလေးသည် ယက္ခကို ငြို့ငင်ဖမ်းစားရာမှာ ကျရှုံးသွားပြီး အသက်ခံရလုနီးပါး ဖြစ်နေစဥ်မှာပင် ညဝိညာဥ်က သူမကို ကယ်တင်သွား၏။

ယက္ခများ၏ မျိုးဆက်သွေးသည် မြင့်မြတ်ပြီး အလွန်တရာ ကြောက်စရာကောင်းသော အမွေအနှစ် မှတ်ဉာဏ်များကိုလည်း ပိုင်ဆိုင်ထား၏။ ဒါ့အပြင် သူတို့သည် လျှို့ဝှက်နည်းစနစ်များနှင့် ကျင့်ကြံရေး နည်းစနစ်များကိုလည်း တတ်မြောက်ထားကြ၏။ ယက္ခတစ်ကောင်သည် မြေခွေးလေး၏ ညှို့ငင်ဖမ်းစားမှုအောက်မှာ အလွယ်တကူ ကျရှုံးသွားစရာ အကြောင်းမရှိပေ။

ထိုအချိန်တွင် ညဝိညာဥ်သည် ယက္ခလေး​ယောက်ကို တစ်ယောက်တည်းနှင့် ရင်ဆိုင်တိုက်ခိုက်နေရ၏။

အသက်ဆယ်ရှိုက်စာ မရှိခင်မှာပင် သူတို့ဘက်မှ လူသုံး​ယောက်က ရှုံးနိမ့်သွားလေသည်။

ဒါ့အပြင် အခြားသူများ၏ အခြေအနေကလည်း သိပ်ပြီး မကောင်းလှပေ။ သူတိုက အချိန်မရွေး သေဆုံးသွားနိုင်လေသည်။

ကျိရှန်းချန်သည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ဝင်သော်လည်း သူ၏အဆင့်က အောက်ဆုံးနားမှာ ဖြစ်လေသည်။

နောက်ဆုံးမှာ​တော့ သူသည် ယက္ခ၏ အတောမသတ်တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိတော့ဘဲ သူ၏ အမြုတေနယ်မြေက ကြေမွသွား၏။

အေးစက်စက်အလင်းက ဖျတ်ကနဲလက်သွားလေသည်။

ကျိရှန်းချန်က အဲ့တာကို တုန့်ပြန်မိချိန်တွင် အလင်းရောင်က သူနှင့် အလွန်တရာ နီးကပ်နေလေပြီ။

အဲ့ဒါက အရမ်းမြန်လွန်းလှ၏။

"အား....."

ကျိရှန်းချန်သည် သူ၏မျက်လုံးကို မှိတ်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

"ချွမ်း...."

သတ္တုခြင်းထိခတ်သံက ထွက်ပေါ်လာ၏။

"ညီကိုကျိ နောက်ကိုဆုတ်နေ.. ကျုပ်ခင်ဗျားကို ကူညီပေးမယ်..."

လင်းရွှမ်ကျီက သူ့လက်ထဲရှိ ခေါက်ယပ်တောင်ကို ဝှေ့ယမ်းပြီး ယက္ခ၏ ဆေဘာကွေးကို ခတ်ထုတ်ကာ ကျိရှန်းချန်ကို ကယ်တင်လိုက်၏။ သူက ယက္ခနှစ်ယောက်နှင့် တိုက်ခိုက်နေရင်း သူ၏ သွေးချီနှင့် စိတ်ဝိညာဥ်စွမ်းအင်များကို ကုန်စင်အောင် ထုတ်ဖော်လိုက်၏။

ပဟေဠိနန်းတော်မှ တပည့်များသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် တိုက်ပွဲတွင် ဘယ်တုန်းကမှ ပါဝင်ယှဥ်ပြိုင်ခြင်း မရှိခဲ့ကြပေ။

သူတို့က ဘယ်လောက်သန်မာကြသလဲဆိုတာ မည်သူမှ မသိကြပေ။

ဤအခိုက်အတန့်မှသာလျှင် များစွာသော ကျင့်ကြံသူများသည် လင်းရွှမ်ကျီ၏ အစွမ်းအစများကို မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရခဲ့ကြ၏။

အဲ့ဒါက လူသားမျိုးနွယ်၏ အစစ်အမှန်ပြိုင်စံရှား တစ်ယောက်ပင် ဖြစ်လေသည်။

သူသည် ယက္ခမျိုးနွယ်နှင့် တိုက်ခိုက်နေရသော်လည်း သူ့ထံတွင် အားနည်းသည့် လက္ခဏာလုံးဝမရှိဘဲ သူက နောက်သို့လည်း လုံးဝမဆုတ်ခဲ့ပေ။

All Chapters