← Chapters

ကောက်ရိုးပုံကို လောင်ကျွမ်းပစ်မယ့် မီးပွားတွေ(ဃ)

Vol. 60 Ch. 933

ကောက်ရိုးပုံကို လောင်ကျွမ်းပစ်မယ့် မီးပွားတွေ(ဃ)

Vol. 60 Ch. 933

ရွှီချင်းသည် ခေါင်းဆောင်နှင့် လမ်းခွဲပြီးနောက် နောက်ဆက်သွားမည့် သူ၏ ခရီးစဉ်ကို စဉ်းစားချင့်ချိန်ခဲ့သည်။ နောက်ဆုံးမှာတော့ သူက ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ တိုက်ရိုက် သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

သူက အခြေချရန် နေရာတစ်နေရာ ရှာဖွေချင်ပြီး လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို စူးစမ်းလေ့လာချင်သည်။

ယနေ့သည်ကား အစိမ်းရောင်ဆံချည်ကန္တာရထဲမှာ သူ၏ တတိယမြောက်နေ့ ဖြစ်သည်။

သူက တာအိုဝတ်ရုံအစား ဒေသခံအဝတ်အစားကို ပြောင်းလဲဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အောက်ပိုင်းကိုတော့ ဖောင်းပွပွဘောင်းဘီရှည် ဝတ်ဆင်ထားသည်။

ထို့ပြင် သူက တိရိစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော ဒူးထိရှည်လျားသည့် ဘွတ်ဖိနပ်ရှည်ကို ဝတ်ထားပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ဖုံးလွှမ်းနိုင်သော မီးခိုးရောင်ဝတ်ရုံကိုလည်း အပေါ်မှ ထပ်ခြုံထားသေးသည်။

ယင်းက လင်းအာကိုလည်း ကောင်းကောင်း အကာအကွယ်ပေးနိုင်သည်။

ဤနေရာမှ လေသည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲသို့ပင် ထိုးဖောက်နိုင်စွမ်း ရှိသည်။

သူတို့က ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုမည်ဆိုလျှင် တိုတောင်းသော အချိန်ကာလတစ်ခုအထိ တောင့်ခံနိုင်လိမ့်မည်။ အကယ်၍ သူတို့က အချိန်တော်တော်ကြာ ခရီးသွားလာမည်ဆိုလျှင် ယင်းက သူတို့၏ စွမ်းအားကို ကုန်ခမ်းသွားစေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် လွင်ပြင်ထဲမှာရှိသော ဝိညာဉ်စွမ်းအားက အလွန်ပါးလွှာပြီး နည်းပါးသောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာ ဤနေရာမှာ တိုက်ခတ်နေသော လေသည် ယိုယွင်းပျက်စီးစေနိုင်သော အစွမ်းသတ္တိရှိသည်။ အချိန်ကြာရှည်စွာ ခရီးသွားခြင်းသည် တစ်စုံတစ်ယောက်၏ အသက်စွမ်းအင်ကို တဖြည်းဖြည်း လျော့ပါးသွားစေလိမ့်မည်။ ထို့နောက် သေခြင်းအရှိန်အဝါသည် သူတို့၏ ခန္ဓာကိုယ်ထဲမှာ စွဲကပ်လာပြီး အရိုးခြောက်သို့ ပြောင်းလဲသွားလိမ့်မည်။

ထူးဆန်းသော သတ္တဝါများသည်သာလျှင် ဤသို့ပတ်ဝန်းကျင်မျိုးမှာ လှည့်လည်ကျက်စားနိုင်ကြပြီး လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြသည်။

ဥပမာ ယခု ရွှီချင်းက ဦးတည်ရာတစ်နေရာသို့ စစ်ဆေးကြည့်နေစဉ် လူတစ်ယောက်၏ အလျားထက်ဝက်ခန့် ကျော်လွန်သော အစိမ်းရောင်ကင်းမြှီးကောက်တစ်ကောင်သည် သူ့အနောက်မှ သဲမြေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်း၏ အလျင်သည် အလွန်မြန်ဆန်လေရာ ရွှီချင်းနားသို့ ချက်ချင်း ရောက်ရှိလာသည်။ ကင်းမြှီးကောက်သည် အေးစက်စက်အလင်း ဖြာထွက်နေသော ၎င်း၏ အမြှီးကို လွှဲယမ်းလိုက်ပြီး ရွှီချင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ကြံရွယ်လိုက်သည်။

သို့သော်လည်း ၎င်း၏ အမြှီးက ရွှီချင်းထံသို့ မကျရောက်လာမီ ရွှီချင်း၏ ခြေဖဝါးအောက်မှ အရိပ်လေးသည် ရုတ်တရက် ပေါ်လျှိုးလာပြီး ကင်းမြှီးကောက်ကို ဖုံးလွှမ်းပစ်လိုက်သည်။

ကင်းမြှီးကောက်က ပျောက်ကွယ်သွားသောအခါ အရိပ်လေးသည် အမြန်ပြန်ရောက်လာသည်။

အစမှအဆုံးအထိ ရွှီချင်းသည် ၎င်းကို လုံးဝလှည့်မကြည့်ခဲ့ပေ။ ဤနေရာသို့ သူဝင်ရောက်လာပြီးနောက် ထိုသို့အလားတူ သားရဲများစွာကို တွေ့ကြုံခဲ့ရသည်။ မည်သည့်သားရဲမဆို ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှာ ကျိန်စာများ ရှိကြသည်။ ယင်းက ရွှီချင်းကို အလွန်ဝမ်းသာစေသည်။

သို့ဖြစ်၍ သူက အရိပ်လေးကို ထိုသားရဲများအား အရှင်ဖမ်းဆီးရန် အစောကြီးကတည်းက မှာကြားထားခဲ့သည်။ နောင်တစ်ချိန်တွင် ၎င်းတို့ကို သူစူးစမ်းလေ့လာနိုင်လိမ့်မည်။

ယခု သူက လက်ရှိရပ်နေသော နေရာကို အတည်ပြုပြီးပြီ ဖြစ်သည်။ ရွှီချင်းသည် မြေပုံကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

လဝတ်ပြုဒေသကြီးနှင့်ပတ်သက်ပြီး သူ့အား ခေါင်းဆောင်ပေးခဲ့သော သတင်းအချက်အလက်ထဲတွင် ချင်းရှဒေသငယ်နှင့်ပတ်သက်ပြီး အနည်းအကျဉ်းသာ ပါရှိသည်။ ဤနေရာသို့ ရွှီချင်းရောက်ရှိလာသည့်အခါ သူက အနည်းငယ် အားစိုက်ထုတ်ပြီး ချင်းရှဒေသငယ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို လိုက်လံစုဆောင်းခဲ့သည်။

သို့ဖြစ်၍ သူသည် ချင်းရှဒေသငယ်၏ ဒဏ္ဍာရီများကို ရှင်းလင်းစွာ နားလည်ထားပြီး ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ သွားရောက်နိုင်မည့် လမ်းကြောင်းကိုလည်း သိရှိထားသည်။

သူက အရှေ့သို့ ခရီးဆက်နေစဉ် နောက်ထပ်ခုနစ်ရက် ကုန်ဆုံးသွားပြန်သည်။ သူက သဲကန္တာရ၏ အနက်ပိုင်းထဲသို့ ဆက်လက် ဝင်ရောက်လာသည်နှင့်အမျှ အစိမ်းရောင်သဲမုန်တိုင်းထဲမှ ထူးထူးဆန်းဆန်း အရာများကို တွေ့မြင်လာသည်။

ဤသည်မှာ ပေတစ်ရာကျော်ရှည်လျားသော ဧရာမမှိုကြီးဖြစ်သည်။

ထိုမှိုပွင့်များသည် အိမ်တစ်လုံးအရွယ်အစားခန့် ကြီးမားပြီး ကန္တာရထဲမှာ ထောင်မတ်စွာ ရပ်နေကြသည်။ ၎င်းတို့၏ အရောင်သည် အလွန်တောက်ပပြီး အဝေးမှပင် လှမ်းမြင်နိုင်သည်။ ယင်းက တစ်စုံတစ်ယောက်ကို မှိုပွင့်များအား လိုချင်တပ်မက်စိတ် အလိုအလျောက် ဖြစ်ပေါ်စေသည်။

ရွှီချင်းသည် မှိုပွင့်များအနားသို့ မသွားခဲ့ပေ။ သူက မှိုပွင့်များကို တစ်ချက်ကြည့်ပြီးနောက် ၎င်းတို့ကို ရှောင်ဖယ်သွားရန် ရွေးချယ်ခဲ့သည်။

သူက မလိုလားအပ်သော ပြဿနာများဖြင့် မတွေ့ကြုံချင်ပေ။ ထိုဧရာမမှိုပွင့်များအပြင် ကန္တာရထဲမှာ ပုံရိပ်ယောင်များ ရံဖန်ရံခါ ထွက်ပေါ်လာလေ့ ရှိသည်။

ထိုပုံရိပ်များသည် လေနှင့် သဲ၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့က ယောင်္ကျားများနှင့် မိန်းမများအသွင်သို့ ပြောင်းလဲသွားကြပြီး ရယ်မောကာ လျှောက်သွားလေ့ ရှိသည်။

သူတို့၏ အသံထဲမှာ ဝိညာဉ်လှုပ်ခတ်စေနိုင်သော စွမ်းအင်တစ်မျိုး ပါရှိသည်။ သူတို့က နေရာအနှံ့ လျှောက်သွားနေကြစဉ် ရှည်လျားသော ခြေရာစွတ်ကြောင်းသည် သဲမြေပေါ်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ရှည်လျားသော အင်းစက်ကောင်များက ကန္တာရ၏ အောက်ခြေထဲမှာ ကူးခတ်ရွေ့လျားနေကြသည့်အလားပင်။

ထို့အပြင် ထောင့်တိုင်ကြီးများသည်လည်း ရံဖန်ရံခါ ရွှီချင်း၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာကြသည်။

ထိုထောင့်တိုင်ကြီးများသည် အလွန်ကြီးမားပြီး ခြောက်သွေ့နေသော အရိုးစုများဖြင့် အတူတကွ ရှိနေသည်။ ယင်းတို့က သူ့ကို တစ်စုံတစ်ခု သတိပေးနေသည့်အလားပင်။

ရွှီချင်းသည် ထိုအရာများကို ကြည့်ပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားသည်။ ရက်ပေါင်းများစွာကြာပြီးနောက် သူက ခေါင်းလောင်းချိတ်ဆွဲခံထားရသော ဧရာမသတ္တဝါအုပ်စုကို မြင်သွားသည်။

ထိုသတ္တဝါများသည် ဒိုင်နိုဆောများနှင့် ဆင်တူကြသည်။ ၎င်းတို့က လမ်းလျှောက်နေကြစဉ် ခေါင်းလောင်းသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။ ၎င်းတို့၏ ကျောပေါ်တွင် အရပ်ရှည်ပြီး ပိန်ပါးသော မျိုးနွယ်ခြားများက ထိုင်နေကြသည်။

သူတို့သည် အဝတ်အစားကို ထူထူထဲထဲ ဝတ်ဆင်ထားကြပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာရန် မျက်လုံးကိုသာ ဖော်ထားကြသည်။

ရွှီချင်းနှင့်တွေ့ဆုံသောအခါ ထိုသတ္တဝါများသည် ရပ်တန့်သွားကြသည်။ ၎င်းတို့၏ ကျောပေါ်မှ မျိုးနွယ်ခြားများသည် သတိထားလာကြသည်။

ရွှီချင်းသည် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး အနောက်ဆုတ်ရန် ရွေးချယ်လိုက်သည်။ တစ်ခဏတွေးပြီးနောက် သူတို့သည် ရွှီချင်းကို ခေါင်းညိတ်ပြပြီး ထွက်ခွာသွားကြသည်။ သူတို့သည် တစ်ဖက်လူကို ရန်မပြုချင်ကြပေ။

ထိုသို့ဖြင့် အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသွားပြီး တစ်လကုန်လွန်သွားသည်။

နောက်ဆုံးမှာတော့ ဘဝကံကြမ္မာဆိုးတောင်တန်းသည် သူ၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

မှေးမှိန်သော အလင်းရောင်နှင့် မှုန်ဝါးဝါး ကောင်းကင်အောက်မှာ လောကကြီးသည် မထင်မရှား ထွက်ပေါ်လာသည်။ ဘဝကံကြမ္မဆိုးတောင်ကုန်းသည် ကန္တာရထဲမှာ ဓားနဂါးတစ်ကောင် လဲလှောင်းနေသည့်ပုံစံဖြင့် ဆင်တူသည်။ အနိမ့်အမြင့်မတူညီသော တောင်ထွတ်များသည် အနောက်မှ အရှေ့သို့ သွယ်တန်းတည်ရှိနေကြပြီး ဧရိယာသည် ကီလိုမီတာ(၄၀၀)အကျယ်အဝန်း ရှိသည်။

All Chapters