← Chapters

လုယက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်(က)

Vol. 60 Ch. 934

လုယက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်(က)

Vol. 60 Ch. 934

လပုန်ကန်ခန်းမဆီသို့ မည်သို့ဝင်ရောက်ရမည်ကို ရွှီချင်း မသိပေ။

အတိတ်တွင် သွမ့်မူကျန်းသည် ထိုအကြောင်းနှင့်ပတ်သက်ပြီး သူ့အား အသေးစိတ် မပြောပြခဲ့ပေ။ သူ့ကို ဤနေရာသို့ ဦးတည်သွားရန်သာ ပြောခဲ့သည်။

ယခု နှစ်ဝက်ကျော်လွန်သွားပြီ ဖြစ်သည်။ ရွှီချင်းသည် သဲမုန်တိုင်းထဲမှာ မတ်တတ်ရပ်နေပြီး အဝေးမှ ဘဝကံကြမ္မာဆိုးတောင်တန်းကို ကြည့်နေသည်။ ထိုနေရာနှင့်ပတ်သက်ပြီး သူစုဆောင်းထားသော သတင်းအချက်အလက်များသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

အဆုံးမဲ့ကောင်းကင်နွားတောင်တန်းနှင့် ခြားနားသည်မှာ ဘဝကံကြမ္မာဆိုးတောင်တန်းတွင် မည်သည့်သစ်ပင်ပန်းပင်မှ မရှိပေ။ ဤနေရာတွင် အဆုံးမဲ့စွာ တိုက်ခတ်နေသော လေနှင့် သဲသာလျှင် ရှိသည်။

ထိုသို့လေတိုက်ခတ်မှုမှ ထွက်ပေါ်လာသော တဝီဝီအသံများသည် တစ်စုံတစ်ယောက်ကို ဖိနှိပ်သော ခံစားမှုအား ဖြစ်ပေါ်စေသည်။

ရွှီချင်းသည် သူ၏ ကော်လံကို တင်းတင်းကျပ်ကျပ် ပြင်ဝတ်လိုက်သည်။ သူ၏ လည်ပင်းပေါ်၌ လင်းအာက လျှောဆင်းသွားသည်ကို ခံစားမိသွားသောအခါ နွေးထွေးသော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက သဲမုန်တိုင်းနှင့်အတူ ဘဝကံကြမ္မာဆိုးတောင်တန်း၏ နယ်နိမိတ်အတွင်းသို့ ဖြည်းဖြည်းချင်း ခြေချလိုက်သည်။ သူက လမ်းတစ်လျှောက်တွင် လပုန်ကန်ခန်းမနှင့်ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် အာရုံစိုက်ထားသည်။

အချိန်သည် ကောင်းကင်နှင့် မြေပြင်ကြားမှ အစဉ်မပြတ် တိုက်ခတ်နေသော လေကဲ့သို့ပင် ဖြည်းဖြည်းမှန်မှန် ကုန်ဆုံးသွားသည်။

ဆယ်ရက်ကြာပြီးနောက် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ တောင်ထွတ်တစ်ခုပေါ်ဝယ် ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။

ထိုဆယ်ရက်အတောအတွင်းမှာ သူသည် ဘဝကံကြမ္မာဆိုးတောင်တန်းထဲ၌ အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်သော မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။

သို့သော်လည်း ဤတောင်တန်းဒေသထဲမှာ မျိုးနွယ်စုအသီးသီးမှ မျိုးနွယ်ဝင်များ နေထိုင်ကြကြောင်း သူသတိပြုမိခဲ့သည်။ သူတို့သည် တောင်ထွတ်များပေါ်တွင် မြို့တော်များကို တည်ဆောက်ထားကြသည်။

သူတို့ထဲတွင် သေမျိုးများသည် အလွန်ရှားပါးသည်။ သူတို့အများစုသည် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားကြသော်လည်း တခြားမျိုးနွယ်ခြားများအပေါ် မနှစ်သက်ကြပေ။

ရွှီချင်းက သူတို့ကို အဝေးမှ လှမ်းလေ့လာနေစဉ် ထိုကျင့်ကြံသူများထံမှ ရန်လိုသော အကြည့်များကို သူအာရုံခံမိသည်။

“ သွမ့်မူကျန်းပြောတာက လပုန်ကန်ခန်းမကို ဝင်ရောက်ဖို့နည်းလမ်းက ဘဝကံကြမ္မာဆိုးတောင်တန်းမှာရှိတယ်တဲ့… ”

ရွှီချင်းသည် အဝေးမှ တောင်ထွတ်များကို လှမ်းကြည့်လိုက်သည်။ ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ အရှည်လျားဆုံး တောင်ပေါ်တွင် အနီရောင်လ၏ အချုပ်အနှောင်အားလှိုင်းများ ရှိသည်။

“ အနီရောင်လဗိမာန်က ပုံမှန်ဆိုရင် ဌာနခွဲတွေကို အပြင်မှာ တည်ဆောက်လေ့မရှိဘူး… ဒါပေမဲ့ ဒီမှာတော့ ဌာနခွဲတစ်ခုရှိတယ်… ”

“ တစ်နည်းပြောရရင် ဒီနေရာက ထူးခြားတယ်… ဒီမှာ လပုန်ကန်ခန်းမဆီ ဝင်ရောက်နိုင်မယ့် နည်းလမ်းတစ်ခု တကယ်ရှိနိုင်တယ်… ဒါပေမဲ့ ထူးဆန်းတယ်… တကယ်လို့ ဘဝကံကြမ္မာဆိုးတောင်တန်းက လပုန်ကန်ခန်းမရဲ့ ပိုက်နက်ဆိုတာကို လူတွေအများကြီးသိနေမယ်ဆိုရင် ဘာဖြစ်လို့ ဘုရားကျောင်းက ဒီနေရာကို ချိပ်မပိတ်ပစ်တာလဲ… ဘာဖြစ်လို့ ဝင်ထွက်ခွင့်ပြုထားတာလဲ ”

ရွှီချင်းသည် အတွေးနက်သွားပြီး အကြည့်ပြန်ရုပ်လိုက်ကာ တောင်ခြေသို့ ကြည့်လိုက်သည်။

လက်ရှိ သူရပ်နေသော အမြင့်မှကြည့်လျှင် တောင်ခြေအောက်မှ သဲမြေသည် အစိမ်းရောင်ဖြစ်သည်။ လေသည် ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး သဲမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ တစ်လောကလုံးကို အစိမ်းရောင်မြူခိုးပင်လယ်ထဲသို့ ဆွဲသွင်းလိုက်သည်။

“ မဟုတ်မှ အကြောင်းအရင်းတချို့ကြောင့် ဒီနယ်မြေမှာ ချိပ်ပိတ်စည်းတွေနဲ့ အချုပ်အနှောင်စည်းတွေက သက်ရောက်မှုမရှိတာများ ဖြစ်နေမလား ”

ရွှီချင်းသည် အတွေးနက်သွားပြီး ဆက်လက်စူးစမ်းရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အော်ဟစ်သံတချို့သည် အဝေးမှ လေတိုးသံနှင့်အတူ ပျံ့လွင့်လာသည်။ လေထဲတွင် မန္တန်အားလှိုင်းတချို့လည်း ပဲ့တင်ထပ်နေသည်။

အစတွင် ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။

ဘဝကံကြမ္မာဆိုးတောင်တန်း၌ သူနေထိုင်ခဲ့သည့် ဤရက်များတွင် ထိုသို့ကိစ္စမျိုးကို မကြာခဏ တွေ့ကြုံခဲ့ဖူးသည်။

အများစုသည် အကြောင်းအမျိုးမျိုးကြောင့် တိုက်ခိုက်ကြသည့် မျိုးနွယ်စုအသီးသီး၏ ကျင့်ကြံသူများကြားမှ တိုက်ပွဲများ ဖြစ်ကြသည်။

ထိုတိုက်ပွဲများသည် အဆင့်မမြင့်မားပေ။ အများစုသည် အခြေတည်အဆင့်သာဖြစ်ပြီး ရွှေအမြူတေအဆင့်တိုက်ပွဲများသည် အလွန်နည်းပါးသည်။

သို့သော်လည်း ရွှီချင်းသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်လိုက်သည်။ သူက မန္တန်အားလှိုင်းများ ပျံ့လွင့်နေသော နေရာဆီသို့ ကြည့်လိုက်သည်။

“ ဝိညာဉ်နတ်သူငယ်အဆင့် စွမ်းအင်လှိုင်းတွေလား… ပြီးတော့ အဲ့ဒါက အရမ်းအားမကောင်းဘူး… ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခနဲ့ တတိယကောင်းကင်ကဒ်ဘေးဒုက္ခကြားမှာ ဖြစ်လောက်မယ် ”

ဤသည်မှာ ဘဝကံကြမ္မာဆိုးတောင်တန်းသို့ သူရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဝိညာဉ်နတ်သူငယ်အဆင့်ကြားမှ တိုက်ပွဲကို တွေ့ကြုံဖူးခြင်း ဖြစ်သည်။

သူက ဤနေရာမှာ လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်ရန် နည်းလမ်းကို မရှာတွေ့မှတော့ သွယ်ဝိုက်သောနည်းဖြင့် ရှာဖွေရန် တခြားနည်းလမ်းများကို အသုံးပြုရလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းသည် သူ့ကိုယ်သူ ဖုံးကွယ်လိုက်ပြီး လေထဲသို့ ပေါင်းစပ်သွားကာ အရှေ့သို့ ရွေ့လျားသွားသည်။

မကြာမီ တိုက်ပွဲ၏ တည်နေရာသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထင်ပေါ်လာသည်။

ယင်းက တောင်ကြားတစ်ခုဖြစ်ပြီး အောက်ခြေတွင် ကန္တာရ၏ အစိမ်းရောင်လေကြမ်းများ တိုက်ခတ်နေသည်။ ကျင့်ကြံသူနှစ်ယောက်သည် လေထဲတွင် တိုက်ပွဲဖြစ်နေကြပြီး မန္တန်များကို အစဉ်မပြတ် ပြောင်းလဲအသုံးပြုနေကြသည်။ ဓမ္မရတနာများသည် ရှေ့တိုးနောက်ဆုတ်ဖြင့် လေထဲမှာ ပျံသန်းနေကြလေရာ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ပေါ်ထွက်လာစေသည်။

ထိုလူနှစ်ယောက်သည် သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး သူတို့၏ အဝတ်အစားများသည် ရွှီချင်းနှင့် တူညီသည်။ သူတို့က ခန္ဓာကိုယ်တစ်ခုလုံးကို အဝတ်အစားဖြင့် ရစ်ပတ်ထားကြပြီး မျက်လုံးကိုသာ ဖော်ထားကြသည်။

သူတို့၏ တိုက်ခိုက်မှုများသည် အလွန်အမင်း ကြမ်းတမ်းသည်။ အကြင်နာမဲ့သော အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ တစ်ယောက်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ကြီးမားသော ဟက်တက်ကွဲရာသည် သူ၏ ဝမ်းဗိုက်အောက်တွင်ရှိပြီး လက်တစ်ဖက်သည် ပိုင်းဖြတ်ခံထားရပုံပေါ်သည်။

သူ့အား တိုက်ခိုက်သူသည် မျက်လုံးတစ်ဖက်ကန်းနေပြီး သွေးများက ဒလဟော စီးကျလာနေသည်။ သို့သော်လည်း ကျန်မျက်လုံးတစ်ဖက်ထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် ပြည့်နှက်နေသည်။

သိသာစွာပင် အသေအကြေတိုက်ပွဲသည် ဤနေရာမှာ စတင်ခဲ့ခြင်းမဟုတ်ပေ။ ယင်းက တခြားတစ်နေရာမှာ စတင်ခဲ့ပြီး ပြေးလိုက်ဖမ်းခြင်းဖြင့် ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ရွှီချင်းရောက်ရှိလာသည့်အခိုက် မျက်စိတစ်ဖက်လပ် ကျင့်ကြံသူသည် ရုတ်တရက် မြူခိုးနက်ကို မှုတ်ထုတ်လိုက်သည်။

မြူခိုးနက်၏ ဝန်းရံမှုအောက်မှာ ဒဏ်ရာအပြင်းအထန် ရရှိထားသော သူ့ရန်သူသည် ပိုပြီးအားနည်းလာပြီး မရှောင်ရှားနိုင်တော့ပေ။ မြူခိုးနက်သည် သူ၏ မျက်နှာကို တိုက်ရိုက် ဝါးမျိုသွားသည်။

ကျယ်လောင်သော အော်မြည်သံ ထွက်ပေါ်လာပြီး ဒဏ်ရာရထားသော ကျင့်ကြံသူသည် အလျှင်အမြန် အနောက်ဆုတ်သွားသည်။ သို့သော်လည်း ယင်းက အလွန်နောက်ကျသွားချေ၏။ မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် ချောက်ချားဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး တစ်ဖက်လူနောက်သို့ လိုက်ဖမ်းသည်။ သူက လက်နှစ်ဖက်ကို တစ်ဖက်လူ၏ ရင်ဘက်ပေါ်သို့ အကြင်နာမဲ့စွာ ထိုးစိုက်လိုက်ပြီး ကိုယ်တွင်းအင်္ဂါများကို ကြေမွသွားစေသည်။

သူက မည်သည့်မန္တန်ကို အသုံးပြုလိုက်မှန်းမသိရသော်လည်း သူ၏ ရန်သူသည် အရိုးခြောက်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။

ရွှီချင်းသည် သေချာဂရုတစိုက် ကြည့်ရှုသည်။ ဝိညာဉ်နတ်သူငယ်များသည်ပင် မလွတ်မြောက်နိုင်ဘဲ အရိုးခြောက်ထဲမှာ ချိပ်ပိတ်ခံလိုက်ရသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် အရိုးခြောက်ကို သိမ်းဆည်းလိုက်ပြီး သူ၏ ဦးခေါင်းကို ဆတ်ခနဲ လှည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အနက်ရောင်အလင်း တောက်ပလာပြီး မှော်သင်္ကေတတချို့က သူ၏ သူငယ်အိမ်ထဲမှာ တလက်လက် လင်းလက်လာကြသည်။ ယင်းက ထူးဆန်းဖွယ်ကောင်းသည်။

သူက ပြုံးလိုက်သည်။

“ တစ်ကောင်ထပ်ရှိသေးတယ် ”

“ မင်းကရော မင်းရဲ့အဘိုးကို ဓားပြတိုက်ချင်တာလား ”

စကားပြောနေစဉ် သူ၏ အကြည့်သည် ရွှီချင်း ပုန်းနေသော နေရာဆီသို့ ကျရောက်သွားသည်။

ရွှီချင်းသည် မျက်နှာဖုံးမဝတ်ထားသော်လည်း သူ၏ ဖုံးကွယ်ခြင်းအတတ်ပညာသည် အတော်လေး အစွမ်းထက်သည်။ တစ်ဖက်လူက သူ့ကို အာရုံခံနိုင်မှတော့ သူ့မှာ ထူးခြားချက်တစ်စုံတစ်ရာ ရှိရမည်။ ထို့အပြင် တစ်ဖက်လူ၏ အကြည့်က သူ့ထံသို့ တိုက်ရိုက် ကျရောက်လာခြင်းဖြစ်ပြီး တိုက်ဆိုက်မှုမဟုတ်ပေ။

ရွှီချင်းသည် တစ်ခဏ တွေးတောပြီးနောက် ထွက်လာရန် ဆုံးဖြတ်လိုက်သည်။ သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူ့မှာ ရန်ပြုလိုသော ရည်ရွယ်ချက်မရှိကြောင်း ဖော်ပြသည်။

သူက ရိုးသားသော အကြည့်ဖြင့် တည်ငြိမ်စွာ ပြောသည်။

“ တာအိုရောင်းရင်း… ငါက မင်းသတ်လိုက်တဲ့လူနဲ့ ဘာမှမပတ်သက်ပါဘူး… လွန်ခဲ့တဲ့တစ်လလောက်က ဒီတောင်တန်းထဲမှာ ငါ့မိတ်ဆွေတစ်ဦးပျောက်သွားတာကြောင့် သူ့ကို လိုက်ရှာနေရင်း မန္တန်အားလှိုင်းတွေကို အာရုံခံမိတာနဲ့ ဒီကို ရောက်လာတာပါ… မင်းများ သူ့ကို တွေ့မိ… ”

ရွှီချင်းက စကားဆုံးအောင် မပြောနိုင်ခင် မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ ဒီနေရာမှာ ပျောက်သွားဖူးတဲ့လူတွေက အများကြီးပဲ… သူတို့ကို ငါတစ်ခါမှ မမြင်ဖူးဘူး ”

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် အဝေးသို့ အရှိန်မြှင့်တင်လိုက်သည်။

ရွှီချင်း၏ အမူအရာသည် ယခင်အတိုင်း တည်ငြိမ်နေစမြဲပင်။ အစက သူက ထိုအကြောင်းကို အသုံးပြုပြီး တစ်ဖက်လူထံမှ သတင်းနှုက်ထုတ်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက အလွန်သတိကြီးလိမ့်မည်ဟု သူမျှော်လင့်မထားပေ။

သို့သော်လည်း ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ သူက မည်သည့်အဖြေမှမရမှတော့ ထွက်သွားရန် အနောက်သို့ လှည့်လိုက်သည်။

All Chapters