လုယက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်(ခ)
Vol. 60 Ch. 935
သို့သော်လည်း ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ဘေးပတ်ဝန်းကျင်၏ လေထဲမှာ အဆိပ်ရှိနေကြောင်း သူအာရုံခံမိသည်။
အဆိပ်သည် နက်နဲစွာ ဖုံးကွယ်ခံထားရပြီး အရောင်မရှိ အနံ့မရှိပေ။ ယင်းက လေထဲမှာ ပျံ့နှံ့နေပြီး တစ်စုံတစ်ယောက်ကို သတိမထားမိစေဘဲ တိတ်တဆိတ် အဆိပ်မိစေနိုင်သည်။
“ အဆိပ်ဖော်ထားတာက နည်းနည်း မဆီလျော်ဘူး… မူးဝေမြက်ရယ် နှစ်တစ်ရာသစ်ရွက်ခြောက်တွေရယ် သူရကိုးမျိုးကျောက်မှုန့်ရယ်… ပြီးတော့ အလောင်းကောင်ပန်းပွင့်တချို့လည်း ပါသေးတယ်… ဒါက ရောနှောအဆိပ်ပဲ… အဆိပ်ထကြွလာဖို့ဆိုရင် နောက်ထပ်အဆိပ်တစ်မျိုးရဲ့ အကူအညီကို လိုအပ်လိမ့်မယ် ”
ရွှီချင်းသည် အနံ့ခံလိုက်သည်။ သို့သော်လည်း သူ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ သူက အရှေ့သို့ ဆက်လျှောက်သွားသည်။
ဆယ့်ငါးမိနစ်ပြည့်ခါနီးတွင် လေတိုးသံသည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။ ရွှီချင်းသည် အမူအရာကင်းမဲ့စွာ အနောက်လှည့်လိုက်သည်။
မျက်စိတစ်ဖက်လပ်ကျင့်ကြံသူက ပြန်ရောက်လာခြင်းဖြစ်ပြီး သူက ရွှီချင်းနှင့် ပေတစ်ရာအဝေးမှာ ရပ်နေသည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး စုန်ချည်ဆန်ချည် အကဲခတ်လိုက်စဉ် သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အကြည့် ထွက်ပေါ်လာသည်။
သူက တရှုပ်ရှုပ် အနံ့ခံလိုက်သေးသည်။
“ မင်းရဲ့ ခန္ဓာကိုယ်က တစ်ခုခု မူမမှန်ဘူး… မင်းရဲ့အနံ့က အရမ်းကောင်းတယ် ”
စကားပြောလိုက်သည်နှင့် မျက်လုံးတစ်ဖက်လပ်ကျင့်ကြံသူ၏ အကြည့်သည် ရွှီချင်း၏ လည်ပင်းပေါ်သို့ ကျရောက်သွားသည်။ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည့်အခါ သူက လက်မြှောက်လိုက်ပြီး ညွှန်ပြလိုက်သည်။
“ မင်းဆီမှာ စားကောင်းတဲ့ တစ်စုံတစ်ခုရှိရမယ်… ငါ့ကို အဲ့ဒါပေးရင် မင်းလိုချင်တဲ့အဖြေကို ငါပြောပြမယ် ”
လင်းအာသည် တုန်ယင်သွားသည်။
မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ အကြည့်က သူ၏ တည်နေရာပေါ်သို့ တိကျစွာ ကျရောက်နေခြင်း ဖြစ်သည်။ ယင်းက တိုက်ဆိုင်မှုမဟုတ်ပေ။
လင်းအာက တုန်ယင်နေသည်ကို အာရုံခံမိသွားသောအခါ ရွှီချင်း၏ အကြည့်က အေးစက်လာသည်။ တစ်ဖက်လူက လက်ညှိုးညွှန်လိုက်စဉ် သူ၏ ဘေးပတ်ပတ်လည်မှ အဆိပ်သည် သူ့အား ချက်ချင်း လွှမ်းခြုံလာကြောင်း သတိပြုမိသည်။ ယင်းက အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်ဟန် ရသည်။
ထို့ကြောင့် သူက မျက်စိတစ်ဖက်လပ်ကျင့်ကြံသူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် မသက်မသာခံစားရလာသည်။ ဘေးပတ်ဝန်းကျင်မှ အဆိပ်ကို သူက တိတ်တဆိတ် ဖြန့်ထားခဲ့ခြင်း ဖြစ်သည်။ အစောနက တစ်ဖက်လူ၏ လည်ပင်းပေါ်မှာ တစ်စုံတစ်ခုရှိကြောင်း သူအာရုံခံမိခဲ့ပြီး ယင်းက ရတနာတစ်ခုဖြစ်ရမည်ဟု တွေးမိခဲ့သည်။
သို့သော်လည်း သူ့အရှေ့မှလူ၏ တိုက်ပွဲစွမ်းအားသည် သူ့အား အနည်းငယ် စိုးရိမ်ကြောင့်ကြစေသည်။
သို့ဖြစ်၍ သူက အဆိပ်ကို တိတ်တဆိတ် ဖြန့်ခဲ့ခြင်းဖြစ်သည်။
ယခု သူပြန်ရောက်လာသည့်အခိုက်အတန့်မှာ အဆိပ်သည် ပေါက်ကွဲထွက်လာရန် သိပ်မလိုတော့ကြောင်း အာရုံခံမိသည်။ သို့သော်လည်း ယခု သူက အဆိပ်ကို လှုံ့ဆော်ပေးမည့် ပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ထားသည့်တိုင် တစ်ဖက်လူသည် မည်သို့မှမဖြစ်သည့်အလား ပြုမူနေသည်။
ထိုမြင်ကွင်းက မျက်စိတစ်ဖက်လပ်ကျင့်ကြံသူကို တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိစေသည်။ သို့ဖြစ်၍ သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး တည်ငြိမ်စွာ ပြောသည်။
“ မင်းရဲ့အမူအရာအရ အဲ့ဒီပစ္စည်းက မင်းအတွက် အရမ်းအရေးကြီးတဲ့ပုံပဲ… ကောင်းပြီ… ငါက သူတစ်ပါးတန်ဖိုးထားတဲ့ ပစ္စည်းတွေကို ဘယ်တော့မှ မယူဘူး… ဒါပေမဲ့ မင်းလိုချင်တဲ့ အဖြေကိုရဖို့ ငါ့ကို တန်ဖိုးတစ်ခု ပေးချေရလိမ့်မယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကျင့်ကြံခြင်းအခြေခံသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်သည် ဝိညာဉ်နတ်သူငယ်အကောင်(၃၀)၏ တိုက်ပွဲစွမ်းအားနှင့်အတူ ပေါ်လျှိုးထွက်လာကြသည်။
ထိုစွမ်းအားသည် နတ်နန်းတော်(၆)ခုဖြင့် ဝိညာဉ်နတ်သူငယ်အဆင့်သို့ တတ်လှမ်းပြီး ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခ၏ မဟာပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေကြသော ကျင့်ကြံသူများထက်ပင် သာလွန်ပေသည်။
ကျယ်ပြောလှသော ထိုစွမ်းအားအောက်မှာ ဘေးပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းများ အစပျိုးလာကြသည်။ ယင်းက ၎င်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး အားလှိုင်းများကို ပဲ့တင်ထပ်သွားစေသည်။
မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ အသိစိတ်သည် တုန်လှုပ်သွားပြီး သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူ၏ အမူအရာက ချောက်ချားမှုသို့ ပြောင်းလဲသွားကာ အလန့်တကြား ရေရွတ်လိုက်သည်။
“ မင်း… မင်း… မင်း ”
“ ဒါက ဘယ်လိုတိုက်ပွဲစွမ်းအားလဲ ”
ရွှီချင်းက ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့်မှာဖြစ်ပြီး သူ့ထက် ဝိညာဉ်နတ်သူငယ်ပိုများကြောင်း အစကတည်းက အာရုံခံမိသည်။ သူက ရွှီချင်းအပေါ် အနည်းငယ် စိုးရိမ်သော်လည်း ကြောက်လန့်ခြင်း လုံးဝမရှိပေ။
သို့သော်လည်း သူ၏ အဆိပ်တိုက်ခိုက်မှု ကျရှုံးသွားခြင်းသည် သူ့အား မသက်မသာ ခံစားရစေသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက သူ၏ အစွမ်းကို ထုတ်လွှတ်လာသည်။ ထိုကြောက်မက်ဖွယ်ရာ အရှိန်အဝါသည် သူ့အား ရုတ်တရက် ရိုက်ခတ်လာပြီး သူ၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။ သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာသည်။
သူက မယုံကြည်နိုင်ဖြစ်နေစဉ် အနည်းငယ် ခေါင်းမူးလာသည်။ လေလွင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုမျှအစွမ်းကြီးမားသော ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ကျင့်ကြံသူကို တစ်ခါမှ သူမမြင်ဖူးပေ။
“ ဒါက မွန်းစတားအိုကြီးပဲ… သူက ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခ လုံးဝမဖြစ်နိုင်ဘူး… သူက ငါးစာချနေတာပဲ ”
မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် နှလုံးတုန်လာပြီး အနောက်သို့ အရူးအမူး ပြန်ဆုတ်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ စိတ်ထဲ၌ အသက်ရှင်နိုင်မည့် နည်းလမ်းများဖြင့် ပြည့်နှက်နေသည်။ သို့ဖြစ်၍ သူက အနောက်ပြန်ဆုတ်နေစဉ် လက်နှစ်ဖက်စလုံးဖြင့် မန္တန်များစွာကို ထုတ်ဖော်လိုက်ပြီး အညိုရောင်ပိုးကောင်များကို ဆင့်ခေါ်လိုက်သည်။
ထိုပိုးကောင်များ၏ ခန္ဓာကိုယ်ပေါ်တွင် အတောင်ပံများရှိပြီး အရေအတွက် ထောင်သောင်းမက များပြားသည်။
ပိုးကောင်များသည် အရပ်မျက်နှာအဘက်ဘက်မှ ပျံသန်းလာကြပြီး ချည်မျှင်များကို ထွေးထုတ်လိုက်ကြသည်။ ယင်းတို့က ကြီးမားသော ပိုးချည်မျှင်ပိုက်ကွန်များသို့ ပြောင်းလဲသွားကြပြီး ရွှီချင်းကို လွှမ်းခြုံလာကြသည်။
တစ်ခုပြီးတစ်ခု ပျံသန်းထွက်လာနေကြသော ဓမ္မရတနာများလည်း ရှိသည်။ ဓမ္မရတနာတချို့သည် အကာအကွယ်အလွှာများသို့ ပြောင်းလဲသွားပြီး မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကြသည်။ တချို့သည် ဓားပျံများဖြစ်ပြီး တချို့သည် လှံများဖြစ်သည်။
ဓမ္မရတနာများသည် အမျိုးအစားစုံလင်ပြီး အရေအတွက် များပြားသည်။ သိသာစွာပင် ယင်းတို့ကို လူအများကြီးထံမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ယင်းတို့အားလုံးက အတူတကွ အသုံးပြုခြင်းခံလိုက်ရသည်။ ယင်းတို့၏ စွမ်းအားသည် တစ်ခုတည်းဆိုလျှင် သာမန်မျှသာဖြစ်သော်လည်း ယခုကဲ့သို့ ရတနာအများအပြားကို ပေါင်းစည်းလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လာသည်။
တစ်ချိန်တည်းမှာ အရေအတွက်များပြားသော ဆေးပုလင်းများသည် လွင့်ပျံလာကြပြီး တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားကြသည်။ ယင်းတို့ထံမှ အလွန်ပြင်းထန်သော အဆိပ်မှုန့်များ ထွက်ပေါ်လာပြီး ရွှီချင်းကို ဝန်းရံလိုက်သည်။
သူက အရှေ့သို့ ဆက်သွားနေစဉ် ဝဲကတော့တစ်ခုသည် မြေပြင်ပေါ်မှ ကျောက်ဆောင်ကျောက်တုံးများပေါ်မှာ ထွက်ပေါ်လာပြီး နှစ်ခြမ်းခွဲထွက်သွားသည်။ အညိုရောင်နွယ်လက်တံများသည် ထိုထဲမှ ပျံသန်းထွက်လာကြပြီး ရွှီချင်းကို တိုက်ခိုက်လိုက်ကြသည်။
သူက မျက်စိတစ်မှိတ်အတွင်းမှာ နည်းလမ်းများစွာ အသုံးပြုခဲ့သည်။
သို့သော်လည်း ယင်းက မလုံလောက်သေးပေ။
လျှပ်တစ်ပြက်အတွင်းမှာ ရွှီချင်းသည် အဆုံးမဲ့မုန်တိုင်းကို သယ်ဆောင်ထားသော ထိတ်လန့်ဖွယ်ရာ သားရဲရိုင်းကြီးတစ်ကောင်နှယ် ဖြစ်လာသည်။ သူက အရှေ့သို့ ပြေးလွှားနေစဉ် သူ့အနောက်မှ နယ်မြေသည် ပေါက်ကွဲသွားတော့မည့်ဟန် ရသည်။
နွယ်လက်တံများသည် ရွှီချင်းနားသို့ မရောက်လာမီ တုန်ယင်သွားကြပြီး သူတို့ဘာသာ ပြိုကွဲထွက်သွားကြသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထိတ်လန့်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို နွယ်ပင်များသည် မတောင့်ခံနိုင်ကြပေ။
ပိုးကောင်များမှ ထွေးထုတ်လိုက်သော ပိုက်ကွန်များသည်လည်း ထို့အတူပင်။ ရွှေကျီးကန်း၏ ပုံရိပ်မှ ဖြစ်တည်လာသော ရွှီချင်း၏ အရှိန်အဝါအောက်မှာ ပိုက်ကွန်အားလုံးသည် လောင်ကျွမ်းသွားကြသည်။
မီးတောက်များသည် ပိုးချည်မျှင်များတောက်လျှောက် ဆက်လက် လောင်ကျွမ်းသွားပြီး ပိုးကောင်များဆီသို့ ကူးစပ်သွားသည်။
ထိုအညိုရောင်ပိုးကောင်များသည် အော်ဟစ်ညည်ူးညူလိုက်ကြပြီး မီးတောက်များသို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းလာကြသည်။
မျက်စိတစ်ဖက်လပ်ကျင့်ကြံသူပင် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူက အတော်လေး ချောက်ချားသွားသည်။
“ စီနီယာ ငါမှားသွားပါတယ်… ငါမှားသွားပါတယ် ”
သူက အနောက်သို့ မြန်ဆန်စွာ ဆုတ်သွားစဉ် အော်ပြောလိုက်သည်။ သူ၏ နှလုံးသားထဲမှ ပရမ်းပတာဖြစ်မှုသည် လေပြင်းမုန်တိုင်းသို့ ပြောင်းလဲသွားကာ သူ၏ အသိစိတ်ကို လွှမ်းမိုးသွားသည်။
သူ၏ ခရီးစဉ်အစမှာ ထိုသို့ကြောက်စရာကောင်းသော မွန်းစတားအိုကြီးနှင့် လာတွေ့လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။
ထို့ပြင် တစ်ဖက်လူသည် အလွန်သန်မာသော်လည်း အစပိုင်းတွင် သူက အလွန်ယဉ်ကျေးသည်။ ယင်းက သူ့အား ဇဝေဇဝါဖြစ်စေသည်။ အဓိကအရေးကြီးဆုံးမှာ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ယင်းက သူ့ကို စိတ်ပျက်အားလျော့စေသည်။
သူက အော်ဟစ်လိုက်စဉ် သူထုတ်ယူလိုက်သော ဓမ္မရတနာများသည် အက်ကွဲထွက်သွားကြသည်။ အဆိပ်မှုန့်များသည်တော့…
ယင်းတို့က ရွှီချင်းအတွက် အလွန်အဆင့်နိမ့်လှသည်။
အဆိပ်အပေါ် နားလည်သဘောပေါက်ခြင်းနှင့် အသုံးပြုနည်းတွင် သူတို့နှစ်ယောက်ကြားမှ ကွာဟမှုသည် ကလေးနှင့် လူကြီးပမာပင်။