← Chapters

လုယက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်(ဂ)

Vol. 60 Ch. 936

လုယက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်(ဂ)

Vol. 60 Ch. 936

ရွှီချင်းသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုထားပြီး လေပြင်းမုန်တိုင်းတစ်ခုကို လှုံ့ဆော်လိုက်သည်။ သူက ကျယ်လောင်သော ဟိန်းသံနှင့်အတူ ချဉ်းကပ်လာသည်။

သူက ညာလက်ကိုသာ မြှောက်လိုက်ပြီး ရှောင်ရှားခြင်းသော်လည်းကောင်း ခုခံခြင်းသော်လည်းကောင်း မပြုလုပ်ပေ။ မန္တန်များနှင့် ဓမ္မရတနာများ၏ ပျက်စီးသွားမှုအောက်မှာ သူက မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် အော်ဟိန်းလိုက်သည်။ တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ဝိညာဉ်နတ်သူငယ်(၇)ကောင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။ သူက ရွှီချင်း၏ အနားမှ အမြန်ထွက်သွားနိုင်ရန် တည်နေရာပြောင်းရွှေ့ခြင်းကို ရုတ်တရက် အသုံးပြုလိုက်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အရေအတွက်များပြားသော ကောင်းကင်မိစ္ဆာကိုယ်ပွားများသည် ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြပြီး ဝဲကတော့သဖွယ် လှည့်ပတ်လိုက်ကြသည်။ ယင်းက ဤနေရာမှ ဟင်းလင်းပြင်ကို ဖရိုဖရဲဖြစ်သွားစေပြီး မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ တည်နေရာပြောင်းရွှေ့ခြင်းကို နှောင့်နှေးသွားစေသည်။

ထိုသို့အနည်းငယ် နှောင့်နှေးသွားခြင်းသည် သေခြင်းရှင်ခြင်းကြားမှ ခြားနားမှုကို ဖြစ်ပေါ်စေနိုင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်း၏ ညာလက်သည် မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ လည်ပင်းကို ဖမ်းဆုပ်သွားသည်။ သူက တုံ့ဆိုင်းခြင်း လုံးဝမရှိဘဲ တစ်ဖက်လူကို မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။

ဝုန်းခနဲမြည်သံက ပဲ့တင်ထပ်သွားသည့်အခါ ကျောက်ဆောင်ကျောက်တုံးများသည် အက်ကွဲသွားကြပြီး မြေပြင်ပေါ်မှာ ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်လာသည်။

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် သက်မဲ့အရုပ်ပမာ ရွှီချင်း၏ ဖိနှိပ်ခြင်းခံလိုက်ရသည်။ သူက ခုခံနိုင်စွမ်းအားလုံးကို ဆုံးရှုံးသွားသည်။ ပြင်းထန်သော အကြောက်တရားက သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည့်အခါ အလျင်စလို ပြောသည်။

“ စီနီယာ ကျေးဇူးပြုပြီး မင်းရဲ့ဒေါသကိုလျှော့ပါ… ငါမှားသွားပါတယ်… စီနီယာမေးချင်တာကို ငါသိပါတယ်… အားလုံးကို ငါသိပါတယ် ”

ရွှီချင်း၏ အမူအရာသည် အေးစက်နေဆဲပင်။ တစ်ဖက်လူက သူ့အား မတိုက်ခိုက်လာသရွေ့ သူ့ဘက်မှ စတင်တိုက်ခိုက်လေ့ မရှိပေ။ သို့သော်လည်း သူက တိုက်ခိုက်ပြီဆိုလျှင် ညှာတာထောက်ထားခြင်း လုံးဝမရှိပေ။

သက်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည့်အခါ မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် အလွန်ကြောက်လန့်သွားသည်။ သူက မည်သည်ကိုမှ မစဉ်းစားနိုင်တော့ဘဲ အလျင်စလို ပြောသည်။

“ စီနီယာ… မင်းက လပုန်ကန်ခန်းမအကြောင်း သိချင်တာမလား ”

“ အနီရောင်လက ပြိုင်ဘက်ကင်းတည်ရှိမှု မဟုတ်ဘူး… မျှော်လင့်ချက်က အမြဲထာဝရ တည်ရှိနေမယ် ”

ရွှီချင်းသည် မျက်စိတစ်ဖက်လပ်ကျင့်ကြံသူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် နှလုံးတုန်သွားသည်။ အမှန်မှာ ရွှီချင်းကို ပထမဆုံး သူမြင်လိုက်ကတည်းက တစ်ဖက်လူသည် အပြင်လူဖြစ်ကြောင်း သူပြောနိုင်သည်။ ဘဝကံကြမ္မာဆိုးတောင်တန်းသို့ ရောက်လာကြသော အပြင်လူအများစုသည် လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်ရန် ရောက်လာကြခြင်းဖြစ်သည်။

မှန်ပေသည်။ ချွင်းချက်များလည်း ရှိသည်။ သို့သော်လည်း သေခြင်းရှင်ခြင်းအခက်အခဲဖြင့် တွေ့ကြုံလာရသည့်အခါ မည်သည့်အရာကိုမှ သူမစဉ်းစားနိုင်တော့ပေ။ သူက အသက်ရှင်ဖို့အရေးအတွက် လျှို့ဝှက်စကားကို ပြောလိုက်သည်။ ထို့နောက် သူက ရွှီချင်း၏ မျက်လုံးကို အမြန်ကြည့်ရှုလိုက်သည်။ ကံမကောင်းစွာဖြင့် မည်သည့်အရာကိုမှ သူမမြင်ရပေ။

သို့သော်လည်း တစ်ဖက်လူက သူ့အား ချက်ချင်း မသတ်ပစ်သည်ကို သတိထားမိသွားသောအခါ အလျှင်စလို ပြောသည်။

“ စီနီယာ… ငါက လပုန်ကန်ခန်းမက အဖွဲ့ဝင်တစ်ယောက်ပါ… ငါတို့က ဘက်တူတဲ့လူတွေပါ… မင်းက လပုန်ကန်ခန်းမကို ဝင်ရောက်ချင်တာမလား… ငါကူညီပေးနိုင်ပါတယ် ”

ရွှီချင်း၏ အကြည့်သည် အေးစက်နေဆဲပင်။ အကယ်၍ လပုန်ကန်ခန်းမမှ လူတိုင်းက ထိုပုံစံအတိုင်းဆိုလျှင် ဤအဖွဲ့အစည်းထဲသို့ ဝင်ရောက်ရန် သူဆန္ဒမရှိတော့ပေ။

“ စီနီယာ… မင်းက ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲမှာ ကြေးမုံတစ်ချပ်ကို ထုတ်လိုက်ဖို့ပဲ လိုပါတယ်… ဘယ်ကြေးမုံမဆို ရပါတယ်… ပြီးသွားရင် ကြေးမုံဆီ ငါတို့လပုန်ကန်ခန်းမရဲ့ လျှို့ဝှက်စကားကို ပြောလိုက်ရုံပါပဲ… အဲ့ဒါက လပုန်ကန်ခန်းမရဲ့ ပဏာမအကဲဖြတ်စစ်ဆေးခြင်းပါ ”

“ စီနီယာ… တကယ်လို့ မင်းက အကဲဖြတ်စစ်ဆေးခြင်းကို အောင်မြင်သွားမယ်ဆိုရင် ကြေးမုံကို အသုံးပြုလိုက်တာနဲ့ ဘယ်နေရာကနေမဆို လပုန်ကန်ခန်းမဆီ ချက်ချင်း ဝင်ရောက်နိုင်ပါလိမ့်မယ် ”

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် တုန်တုန်ယင်ယင် ပြောသည်။ သို့သော်လည်း စကားဆုံးသွားသောအခါ သူက ထိတ်လန့်သွားပြီး သူ့စကားထဲမှာ အမှားပါသွားခဲ့ကြောင်း သတိပြုမိသွားသည်။

သို့သော်လည်း သူ့ကိုယ်သူ အားပေးရုံမှလွဲ၍ ဘာမှမတတ်နိုင်ချေ။ ရွှီချင်းက ယင်းကို သတိမထားမိရန်သာ ဆုတောင်းနေမိသည်။

“ ဒါဆို စောစောက မင်းထွက်ပြေးတုန်းက ကြေးမုံကို ဘာလို့ မထုတ်သုံးခဲ့တာလဲ ”

ရွှီချင်းက တည်ငြိမ်စွာ မေးသည်။

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် ခါးသီးစွာ ပြုံးလိုက်သည်။ သူ့အရှေ့မှ လူကို ပိုပြီးစိုးရိမ်လာသည်။ စောစောက သူအစိုးရိမ်လွန်သွားသဖြင့် သူ့စကားထဲမှာ အမှားပါသွားခဲ့ခြင်း ဖြစ်သည်။

“ စီ… စီနီယာ… ငါ ငါက အကဲဖြတ်စစ်ဆေးနေဆဲကာလမှာပဲ ရှိပါသေးတယ်… ငါက မအောင်သေးပါဘူး… ”

သူက ထိုသို့ပြောလိုက်သော်လည်း သူ့အရှေ့မှ လူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မလျော့နည်းသွားကြောင်း သိလိုက်သည်။ သို့ဖြစ်၍ သူ့အသက်ကို ကယ်ဆယ်နိုင်ရန် အမြန်ပြောလိုက်သည်။

“ စီနီယာ… ငါပြောခဲ့သမျှအားလုံးက အမှန်တွေပါ… စောစောက ငါ့အပြုအမူတွေက မျက်လုံးတစ်ဖက်ကန်းနေလို့ ဖြစ်ခဲ့တာပါ… ငါမှားသွားပါတယ် စီနီယာ ”

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ သူက တောင်းပန်နေစဉ် သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ဝိညာဉ်နတ်သူငယ်တစ်ကောင်က သူ၏ ဦးခေါင်းပေါ်မှ တိုက်ရိုက် ထွက်ပေါ်လာသည်။ ရွှီချင်း၏ မျက်စိအောက်မှာတင် ထိုဝိညာဉ်နတ်သူငယ်သည် သူ့ဘာသာ တိုက်ရိုက် ပေါက်ကွဲသွားသည်။

“ စီနီယာ… ငါ့ရဲ့ ဝိညာဉ်နတ်သူတစ်ကောင်ကို ဖောက်ခွဲပစ်ပြီး တောင်းပန်ကြောင်း ဖော်ပြပါတယ် ”

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် တုန်ယင်လာပြီး သွေးသည် သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။ သူ၏ အရှိန်အဝါသည် အများကြီး ပိုအားနည်းလာသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ယင်းက အနည်းငယ် အလဟဿဖြစ်သွားသည်ဟု သူခံစားမိသည်။ သူက အေးတိအေးစက် ပြောသည်။

“ ဒီလိုရိုးရှင်းတဲ့နည်းလမ်းက လပုန်ကန်ခန်းမထဲ ဝင်ရောက်နိုင်တယ်ဆိုရင် ဘာလို့ အနီရောင်လဗိမာန်က ဒီနေရာကို ချိပ်မပိတ်ပစ်တာလဲ ”

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် အံ့ဩသွားသည်။ ဤသည်မှာ အခြေခံဗဟုသုတဖြစ်သော်လည်း တစ်ဖက်လူသည် မသိထားပေ။ သို့သော်လည်း သူက အများကြီး မတွေးဘဲ အမြန်ဖြေကြားလိုက်သည်။

“ စီနီယာ… လဝတ်ပြုဒေသကြီးတစ်ခုလုံးမှာ လပုန်ကန်ခန်းမကို ဝင်ရောက်ဖို့ နေရာကိုးနေရာရှိပါတယ်… ဘဝကံကြမ္မာဆိုးတောင်တန်းက ဝင်ပေါက်ကိုးနေရာထဲက တစ်ခုပါ… အတိတ်တုန်းက အနီရောင်လဗိမာန်က အဲ့ဒါကို ချိပ်ပိတ်ခဲ့ပါတယ်… ဒါပေမဲ့ ဝင်ပေါက်ကို ချိပ်ပိတ်လိုက်တဲ့အခါ အဲ့ဒါက ပျောက်သွားပြီး တခြားတစ်နေရာမှာ ပြန်ပေါ်လာပါတယ် ”

“ လပုန်ကန်ခန်းမဆီဝင်ရောက်တဲ့ ဝင်ပေါက်တွေက ကြုံရာကျပန်းတွေပါ… အဲ့ဒါကြောင့် ချိပ်ပိတ်ပစ်လည်း ဘာမှမထူးပါဘူး… အဲ့ဒီအစား နေရာအတည်အကျတည်ဆောက်ပြီး လိုက်စစ်ဆေးတာက ပိုအဆင်ပြေပါတယ် ”

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် စကားပြောနေရင်း ရွှီချင်းကို အသနားခံသော မျက်နှာဖြင့် စူးစမ်းလိုစွာ ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အသက်ရှင်နိုင်မည့်နည်းလမ်းကိုသာ ကြံဆနေသည်။

ရွှီချင်းထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မပျောက်ကွယ်သေးကြောင်း သတိထားမိသွားသောအခါ သူက အံတင်းတင်းကြိတ်လိုက်ပြီး နောက်ထပ်ဝိညာဉ်နတ်သူငယ်တစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။

ယင်းကို ရွှီချင်းအရှေ့မှာတင် ဖောက်ခွဲပစ်လိုက်သည်။

“ စီနီယာ… ငါတောင်းပန်တဲ့အနေနဲ့ နောက်ထပ် ဝိညာဉ်နတ်သူငယ်တစ်ကောင်ကို ဖောက်ခွဲလိုက်ပါတယ်… ငါတကယ်မှားသွားပါတယ် ”

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် စိတ်ထဲမှာ ညည်းညူလိုက်သည်။ သူ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့လာသည်။

ဝိညာဉ်နတ်သူငယ်နှစ်ကောင်ကို တစ်ဆက်တည်း ဖောက်ခွဲခြင်းသည် သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။ သူ၏ အရှိန်အဝါသည် အလွန်အမင်း အားနည်းလာသည်။ သူက သေအံ့ဆဲဆဲလူတစ်ယောက်ဖြင့် မခြားနားတော့ပေ။

သို့သော်လည်း သူက စိတ်ရင်းမှန်ကို ထုတ်ဖော်ပြရန် အကောင်းဆုံး ကြိုးစားထားသည်။

ထိုမြင်ကွင်းသည် လင်းအာ၏ နှလုံးသားကို ပျော့ပျောင်းသွားစေသည်။ သူက ရွှီချင်းထံသို့ အသံပို့လွှတ်လိုက်သည်။

“ အကိုရွှီချင်း… ဒီလူက အရမ်းသနားဖို့ကောင်းတာပဲ… သူလိမ်ညာနေတာ ဟုတ်မဟုတ်သိရအောင် သူ့ရဲ့ ဝိညာဉ်နတ်သူငယ်တချို့ကို အကို ယူလိုက်ပါလား… တကယ်လို့ သူက ဟန်ဆောင်နေတာမဟုတ်ဘူးဆိုရင် နာကျင်မှုကင်းကင်းနဲ့ သေသွားပါစေလား ”

ရွှီချင်းသည် သဘောတူလိုက်သည်။ သူ့အား လာရောက်တိုက်ခိုက်သူများကို လွှတ်ပေးရိုးထုံးစံ ရွှီချင်းမှာ မရှိပေ။

သို့ဖြစ်၍ မျက်စိတစ်ဖက်လပ်ကျင့်ကြံသူက ဆက်ပြီး စကားပြောတော့မည့်အချိန် သူ၏ ညာလက်က အောက်လမ်းတာအိုအတတ်ဖြင့် အသွင်ပြောင်းလဲသွားပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွားသည်။

သူက ကျန်ရှိနေသော ဝိညာဉ်နတ်သူငယ်များကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီး ချေမွဖျက်ဆီးပစ်လိုက်သည်။

အော်ဟစ်ညည်းသံများကြားမှာ ဝိညာဉ်နတ်သူငယ်ငါးကောင်သည် လွင့်ပြယ်သွားကြသည်။ ကျန်ရစ်ခဲ့သော ကောင်းကင်အာဏာစက်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကြသည်။ သို့သော်လည်း ယင်းက အလွန်နည်းပါးသည်။

သို့တိုင် ၎င်းတို့က အသွင်ပြောင်းလဲသွားကြသော ကောင်းကင်မိစ္ဆာကိုယ်ပွားများသည် ယခင်ထက် ပိုပြီးမိစ္ဆာဆန်ကြသည်။

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည်တော့ နာကျင်စွာ အော်ဟစ်လိုက်ပြီး တိတ်ဆိတ်သွားသည်။ ဝိညာဉ်နတ်သူငယ်အားလုံးကို ဆုံးရှုံးသွားပြီးနောက် သူက အသက်မျှင်းမျှင်းသာ ကျန်တော့သည်။

All Chapters