← Chapters

အစိမ်းရောင်ဝိညာဉ်ခန်းမ ဆေးဆိုင် (ခ)

Vol. 60 Ch. 939

အစိမ်းရောင်ဝိညာဉ်ခန်းမ ဆေးဆိုင် (ခ)

Vol. 60 Ch. 939

တချို့လူများတွင် အသားပိုများသည် တစ်ပေခွဲခန့် ရှည်လျားပြီး သူတို့၏ အနောက်တွင် တွဲလောင်းတည်ရှိနေကြသည်။ သို့ဖြစ်၍ ဝတ်ရုံများဖြင့် သူတို့၏ ခန္ဓာကိုယ်ကို အပြည့်ဖုံးလွှမ်းရန် ခက်ခဲလှသည်။

ဤသည်မှာ ခန္ဓာကိုယ်များက အတူတကွ ပေါင်းစည်းသွားသည့်အလား သို့မဟုတ် သန္ဓေပြောင်းသွားသည့်အလားပင်။ သူတို့အားလုံးသည် အမူအရာကင်းမဲ့စွာ ရှိနေကြသည်။

ပထမတော့ သူတို့က သူမရင်းနှီးသည့် မျိုးနွယ်ခြားများဖြစ်လိမ့်မည်ဟု ရွှီချင်း တွေးထင်ခဲ့သည်။ သို့သော်လည်း အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ ထိုသို့မဟုတ်ကြောင်း သူနားလည်သွားသည်။

“ ဒီလူတွေက မွေးဖွားလာပြီးနောက် အခုလို ပုံဆိုးပန်းဆိုး ဖြစ်လာကြတာ ဖြစ်နိုင်တယ် ”

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်လေရာ သူခံစားမိသော ကန္တာရထဲမှ ချောက်ချားဖွယ်ကောင်းသော လေထုသည် ပိုပြီးပြင်းထန်လာသည်။ အဆုံးမှာတော့ သူက မြို့ထဲမှာ လှည့်ပတ်သွားလာနေရင်း လူမနေသော အိမ်တစ်လုံးကို ရှာတွေ့သွားသည်။ သူက အိမ်ထဲသို့ ဝင်ရောက်သွားသည်။

အိမ်လေးသည် ဖုန်များ တတ်နေပြီး ကြမ်းပြင်ပေါ်တွင် အပေါက်များ ရှိသည်။ ကွဲကြေနေသော ဆေးပုလင်းများသည် နေရာအနှံ့မှာ ပြန့်ကျဲနေသည်။ ဘေးပတ်ဝန်းကျင်တွင် အံ့ဆွဲစင်များ ရှိသည်။ ဤနေရာသည် တစ်ချိန်က ဆေးဆိုင်ဖြစ်ခဲ့ဟန် တူသည်။

ဘေးပတ်ဝန်းကျင်မှ အပျက်အစီးများကိုကြည့်ပြီးနောက် ရွှီချင်းသည် သန့်ရှင်းရေးလုပ်ရန် လက်ဝှေ့ယမ်းလိုက်သည်။ လင်းအာသည်လည်း လူသဏ္ဍာန်သို့ ပြောင်းလဲလိုက်သည်။ သူက အိမ်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားလာပြီး အိမ်ကို ကူညီသန့်ရှင်းပေးသည်။

“ အကိုရွှီချင်း… အကိုက ဒီမှာ ဆေးဆိုင်ဖွင့်တော့မလို့လား ”

ရွှီချင်းသည် တစ်ခဏစဉ်းစားပြီးနောက် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ လင်းအာကို ပထမဆုံးအကြိမ် သူမြင်ခဲ့စဉ်က လင်းအာနှင့် သူ့အဖေသည် ဖန်ချွန်းလမ်းတွင် ထမင်းဆိုင်ကို ဖွင့်ထားကြသည်။

ရွှီချင်းအတွက်တော့ နေထိုင်ရန်သက်သက်ဖြစ်စေ ဆေးဆိုင်ဖွင့်ရန်ဖြစ်စေ အများကြီး ကွာခြားခြင်းမရှိပေ။ လင်းအာက ဆေးဆိုင်ဖွင့်ရန် အကြံပြုလာမှတော့ ယင်းကို လုပ်ဆောင်ကြည့်ရန် သူဆုံးဖြတ်လိုက်သည်။

“ ဟေး ကောင်းတယ်… အကိုရွှီချင်း… ညီမပြောပြမယ်… ညီမက ဈေးဆိုင်ကို စီမံခန့်ခွဲတဲ့နေရာမှာ အတွေ့အကြုံရှိပြီးသားပါ… အကိုကို့ ညီမ ကူညီပေးနိုင်တယ် ”

လင်းအာသည် ပျော်ရွှင်တတ်ကြွလာသည်။ သူ၏ မျက်လုံးသည်ပင် လင်းလက်တောက်ပလာသည်။ အိမ်ထဲမှ ဖုန်မှုန့်ကို ရှင်းလင်းပြီးသောအခါ သူက အဝတ်တစ်ထည်ကို ထုတ်လိုက်ပြီး ကြမ်းပြင်ကို စတင်တိုက်ချွတ်တော့သည်။

ထိုသို့လုပ်ဆောင်ရန် မန္တန်များကို အသုံးပြုနိုင်သော်လည်း လင်းအာသည် သူ့ဘာသာ သန့်ရှင်းရေးလုပ်ခြင်းကို ပိုနှစ်သက်ဟန် ရသည်။ ဤသည်ကို ရွှီချင်းမြင်သောအခါ လင်းအာ၏ ပျော်ရွှင်မှုကို အာရုံခံမိသွားပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

ဤခရီးစဉ်တစ်လျှောက်တွင် ရွှီချင်းသည် လင်းအာ၏ အပြစ်ကင်းစင်မှုအပေါ် ပိုပြီးနားလည်လာခဲ့သည်။ လင်းအာသည် ဉာဏ်ကောင်းသော်လည်း အလွန်ဖြူစင်သည်။ သူက ရိုးရှင်းသော ကိစ္စရပ်များဆီမှ ပျော်ရွှင်မှုကို မကြာခဏ ရှာဖွေတတ်သည်။ ယင်းက သူ့ကို ရက်အနည်းငယ်ကြာအောင် စိတ်အားတတ်ကြွစေလိမ့်မည်။

လင်းအာ၏ စီမံမှုအောက်မှာ နှစ်အတော်ကြာ စွန့်ပစ်ခံထားရသော ဤဆေးဆိုင်ငယ်လေးသည် နောက်နေ့မနက်မှာ ပြန်လည်ဖွင့်လှစ်လာသည်။

ဆေးဆိုင်၏ နာမည်သည် “ အစိမ်းရောင်ဝိညာဉ်ခန်းမ ”ဖြစ်ပြီး လင်းအာက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဆေးလုံးများအတွက်တော့ ရွှီချင်းဆီမှာ အများအပြား ရှိသည်။ အထူးသဖြင့် ဆေးလုံးဖြူများ ဖြစ်သည်။

မည်သို့ဖြစ်ပါစေ ယင်းက ပထမဆုံး သူတတ်ကျွမ်းခဲ့သော ဆေးဖော်နည်း ဖြစ်သည်။ သူက ဆေးလုံးဖြူကို မလိုအပ်သော်လည်း ဤလောကထဲမှ သက်ရှိအများအစုသည် ယင်းကို လိုအပ်ကြသည်။

ထို့အပြင် ဖုန်းဟိုင်ဒေသငယ်မှာ သူရှိနေစဉ်က ပိုင်ရှောင်ကျိုး၏ ဆေးလုံးများကို လေ့လာခဲ့ပြီး ဉာဏ်အလင်းတချို့ ရရှိခဲ့သည်။

ပိုင်ရှောင်ကျိုးသည် ဆေးလုံးဖြူကို အဆင့်မြှင့်ရန် အဆိပ်ကို ထပ်ပေါင်းထည့်ခဲ့သော်လည်း ဆေးလုံးဖြူအသစ်၏ အရည်အသွေးနှင့် အာနိသင်များသည် အမှန်တကယ် ကောင်းချီးပေးမှုဖြစ်သည်။ ယင်းက ဒြပ်နှောသန့်စင်နိုင်သည့် အတိုင်းအတာကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည်။

သို့ဖြစ်၍ ရွှီချင်းနှင့် လင်းအာ၏ ဆေးဆိုင်ငယ်လေးတွင် ဆေးလုံးဖြူများကို အဓိကရောင်းချသည်။

လူအသွင်ပြောင်းပြီးနောက် လင်းအာသည် သူ၏ အသွင်အပြင်ကို ဖုံးကွယ်လိုက်ပြီး ရုပ်ဆိုးမလေးပုံစံ ပြောင်းလဲလိုက်သည်။ သူက ဆေးဆိုင်၏ အရောင်းသမလေးအဖြစ် ပျော်ရွှင်တတ်ကြစွာ လုပ်ဆောင်သည်။

သို့သော်လည်း ဤမြို့လေးတွင် နေထိုင်သူဦးရေက အနည်းအကျဉ်းသာရှိပြီး ဆေးဆိုင်က ယခုမှ စတင်ဖွင့်ခြင်းဖြစ်သောကြောင့် လာဝယ်သူ အနည်းငယ်သာ ရှိသည်။

သို့သော်လည်း ယင်းက လင်းအာ၏ ပျော်ရွှင်မှုကို သက်ရောက်မှုမရှိပေ။

လင်းအာက အလွန်စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ရွှီချင်းသည် သူနှင့်အတူ လိုက်ပါဆောင်ရွက်ပေးသည်။ သူက ခေါင်းဆောင်ပေးခဲ့သော အစေ့များကို စိုက်ပျိုးပြီးနောက် စတင်ကျင့်ကြံပြီး ဆေးဆိုင်၏ နောက်ဖေးတွင် သုတေသနများပြုလုပ်သည်။

တစ်ဖက်တွင် သူက ကြေးမုံကို အသက်သွင်းပြီး ယင်းကို ဂရုတစိုက် စူးစမ်းလေ့လာသည်။ အခြားတစ်ဖက်တွင် သူက လမ်းတစ်လျှောက်တွင် ဖမ်းဆီးခဲ့သော သားရိုင်းကောင်များ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာများကို သုတေသနပြုလုပ်သည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။

အစတွင် မည်သူမှ သူတို့၏ ဆေးဆိုင်ကို စိတ်မဝင်စားကြချေ။ သို့သော် ယခု ဖောက်သည်တချို့သည် ဆေးလုံးဖြူများကို ဝယ်ယူရန် ဆေးဆိုင်သို့ မကြာခဏ လာရောက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ဆေးလုံး၏ တန်ဖိုးသည် နည်းပြီး ဆေးအာနိသင်သည် အလွန်ထိရောက်သောကြောင့် ဖြစ်သည်။

ဆေးဆိုင်ဖွင့်လှစ်မှုသည် လင်းအာကို ပိုပြီးစိတ်အားထက်သန်စေသည်။ သူက ဆေးဆိုင်မှ နေ့စဉ်ရရှိသော ဝိညာဉ်ဒင်္ဂါးများအား ရေတွက်ရသည်ကို အတော်လေး သဘောကျပေသည်။ သူက နေ့စဉ်ဝင်ငွေကို တိကျစွာ မှတ်တမ်းတင်ရန် စာအုပ်အသေးလေးတစ်အုပ်ပင် ပြုလုပ်ထားသည်။

ယခု ရွှီချင်းသည် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီးနောက် နေ့စဉ်ဝင်ငွေကို အသေးစိတ် စာရင်းပြုစုနေသော လင်းအာအား ကြည့်လိုက်လေသည်။ အေးချမ်းသော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။

ပိုးစုန်းကြူးမြို့တော်မှာ နေထိုင်ခဲ့သည့်အချိန်မှစ၍ သူက ထိုသို့ငြိမ်းအေးသော ဘဝနှင့် ပိုပိုပြီး ကျင့်သားရလာကြောင်း ရွှီချင်း ရှာတွေ့လာသည်။ ထိုငြိမ်းအေးမှုသည် သူ၏ စိတ်အခြေအနေကို မသိမသာ ပြောင်းလဲသွားစေဟန် ရသည်။

မည်သို့ပြောင်းလဲသွားကြောင်းကိုတော့ ရွှီချင်းသည် အသေးစိတ် မသိပေ။ သို့သော် ထိုခံစားမှုကို သူက အလွန်နှစ်ချိုက်ပြီး စိတ်နှစ်မြှုပ်ထားရန် ဆန္ဒရှိသည်။

သို့ဖြစ်၍ သူက စူးစမ်းလေ့လာခြင်းနှင့် သုတေသနရှာဖွေမှုတွင် ပိုပြီးအချိန်ကုန်ဆုံးလာသည်။

ကြေးမုံအပေါ် စူးစမ်းလေ့လာမှုသည် အလွန်ချောမွေ့သော်လည်း ကျိန်စာအပေါ် သုတေသနပြုလုပ်မှု၏ တိုးတတ်မှုသည် နှေးကွေးသည်။

ထိုအတောအတွင်း ရွှီချင်းသည် ခရမ်းလစွမ်းအားကို သားရိုင်းကောင်များ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ခဲ့ပြီး ကျိန်စာကို ဖိနှိပ်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည်။

သို့သော်လည်း ထိရောက်မှုသည် အလွန်နည်းပါးပြီး သူ၏ ကြိုးစားမှုတိုင်းက ကျရှုံးခဲ့သည်။

ယခုတစ်ခါတွင်လည်း ရွှီချင်းသည် သူ၏ အရှေ့မှ တုန်ယင်နေသော ကင်းမြှီးကောက်ကို ကြည့်လိုက်သည်။

သူက လက်ကို မြှောက်လိုက်ပြီး ကင်းမြှီးကောက်၏ ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်သည်။ ခရမ်းလစွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ ကင်းမြှီးကောက်သည် အညိုရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ ရွှီချင်းသည် ကင်းမြှီးကောက်၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာကို အာရုံစိုက်ထားသည်။

လဝတ်ပြုဒေသကြီး၏ ကျိန်စာသည် သက်ရှိအားလုံးအပေါ် သက်ရောက်မှုရှိသည်။ ကျိန်စာ၏ တည်ရှိမှုသည် ၎င်းတို့၏ သွေးမျိုးစက်နှင့် ပေါင်းစပ်ပြီးသားဖြစ်၍ ယင်းကို ခွဲထုတ်ရန် အလွန်ခက်ခဲသည်။ ကျိန်စာက ထကြွလာသည်နှင့် သက်ရှိအားလုံးသည် အချိန်တိုအတွင်း အနက်ရောင်အရည်သို့ ပြောင်းလဲသွားကြလိမ့်မည်။

ရွှီချင်း၏ ခရမ်းလစွမ်းအားက ကျိန်စာနှင့် ထိတွေ့သွားသောအခါ ယင်းက ငြိမ်သက်နေသည့်အခြေအနေမှ ချက်ချင်း ထကြွလာသည်။

ယင်းက အသက်ဝင်လာသည့်အလား ရွှီချင်း၏ ခရမ်းလစွမ်းအားကို စုပ်ယူချင်နေသည်။

ရွှီချင်း၏ ခရမ်းလစွမ်းအားက ကျိန်စာများကို ပြင်းထန်သော လိုချင်တပ်မက်စိတ် ဖြစ်ပေါ်စေဟန် ရသည်။

အကြိမ်ကြိမ်စမ်းသပ်ပြီးနောက်တွင် အကယ်၍ သူပို့လွှတ်သော ခရမ်းလစွမ်းအားက မလုံလောက်လျှင် ယင်းက ကျိန်စာ၏ ဝါးမျိုဖျက်ဆီးခြင်း ခံရလိမ့်မည်ဖြစ်ကြောင်း ရွှီချင်း နားလည်လာသည်။

ထို့နောက် အစမ်းသပ်ခံများဖြစ်သော သားရိုင်းကောင်များသည် ကျိန်စာထကြွမှုကြောင့် သွေးရည်သို့ ပြောင်းလဲသွားကြလိမ့်မည်။

ဖြစ်စဉ်တစ်ခုလုံးသည် နဂိုအတိုင်းပြန်မဖြစ်နိုင်ပေ။

သို့သော်လည်း အကယ်၍ ရွှီချင်းက ခရမ်းလစွမ်းအား အများအပြားကို ပို့လွှတ်ပြီး ကျိန်စာကို အတင်းအကျပ်ဖိနှိပ်မည်ဆိုလျှင်ပင် အတိုင်းအတာတစ်ခုကို ကျော်လွန်သွားသည့်အခါ ကျိန်စာသည် ထကြွလာဦးမည် ဖြစ်သည်။

သို့သော်လည်း ရလဒ်သည် အနည်းငယ် ကွာခြားမှုရှိသည်။ ထိုအခြေအနေမျိုးတွင် အစမ်းသပ်ခံ သားရိုင်းကောင်များသည် သွေးရည်သို့ မပြောင်းလဲသွားဘဲ အနက်ရောင်ပြာပုံသို့ ပြောင်းလဲသွားကြသည်။

All Chapters