← Chapters

အစိမ်းရောင်ဝိညာဉ်ခန်းမ ဆေးဆိုင်(ဂ)

Vol. 60 Ch. 940

အစိမ်းရောင်ဝိညာဉ်ခန်းမ ဆေးဆိုင်(ဂ)

Vol. 60 Ch. 940

“ အဲ့ဒါက လောင်ကျွမ်းတဲ့ အမျိုးအစားတစ်မျိုးပဲ ”

ရွှီချင်းသည် အနက်ရောင်ပြာမှုန်သို့ ချက်ချင်း ပြောင်းလဲသွားသော သူ့အရှေ့မှ ကောင်းမြှီးကောက်ကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်သွားပြီး နှုတ်ဆိတ်သွားသည်။

သူသည် ထိုအနက်ရောင်ပြာမှုန်ကို ယခင်က လေ့လာဖူးသော်လည်း အကျိုးသက်ရောက်မှုမရှိပေ။

ဤသည်မှာ ကျိန်စာက ဖိနှိပ်ခံရပြီးနောက် ၎င်း၏ သွေးမျိုးစက်နှင့် အတူသေဆုံးရန် ‌ရွေးချယ်လိုက်သည်ဟု ရွှီချင်း ခံစားမိသည်။

“ သုတေသနအများကြီးလုပ်ဖို့ လိုအပ်တယ်… ပြီးတော့ မတူညီတဲ့ မျိုးစိတ်တွေရောပဲ ”

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ သူက အရိပ်လေးထံမှ တခြားသားရိုင်းကောင်များကို ထုတ်ယူလိုက်ပြီး ဆက်လက်လေ့လာသည်။

နေ့ရက်များသည် ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

မြို့ထဲတွင် ရန်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ သို့သော်လည်း ရွှီချင်းသည် မြို့ထဲသို့ ရောက်လာသည့်အချိန်မှစ၍ တစ်ခါမှ အပြင်ဘက်သို့ စွန့်စားသွားလာခြင်း မလုပ်ပေ။ သူက ထိုသို့အသေးအမွှားကိစ္စများကို လျစ်လျူရှုထားသည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သူစိုက်ပျိုးထားသော အစေ့သည် တဖြည်းဖြည်း အညှောင့်ထွက်လာပြီး အစိမ်းရောင်ပျိုးပင် ဖြစ်လာသည်။

ထိုအစေ့လေးသည် ထူးခြားသည်။ ၎င်းက အသိဉာဏ်တချို့ ပိုင်ဆိုင်ထားဟန် ရသည်။ ရွှီချင်းက ပျိုးပင်နားသို့ ချဉ်းကပ်လာသည့်အခါ ၎င်းက အလိုအလျောက် တုန်ယင်လာသည်။

လင်းအာက ချဉ်းကပ်လာသည့်အခါ ပျိုးပင်သည် ဘယ်ညာယိမ်းနွဲ့ပြလေ့ ရှိသည်။ ပျိုးပင်၏ လှုပ်ရှားပုံကို မြင်သောအခါ လင်းအာသည် မရယ်မောဘဲ မနေနိုင်ပေ။ လင်းအာ၏ ရယ်သံကိုကြားသောအခါ ပျိုးပင်သည် ပိုပြီးအားစိုက်ထုတ်လာသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အစောင့်အကြပ်တာဝန်ကို ရွှီချင်းထံမှ လက်ခံရရှိသည်။ သူက အိမ်ခေါင်မိုးပေါ်မှာ ရှိနေပြီး အမြဲတမ်း ဆေးဆိုင်၏ ဝင်ပေါက်ကို ကြည့်နေသည်။

အရိပ်လေးသည်တော့…

၎င်းက ပျိုးပင်၏ လင်းအာအပေါ် မျက်နှာလိုမျက်နှာရလုပ်ပုံကို သဘောမကျပေ။ ထို့ကြောင့် လင်းအာနှင့် ရွှီချင်းက အနားမှာမရှိသည့်အခါတိုင်း ၎င်းက ပျိုးပင်၏ ဘေးမှာ ရုတ်တရက် ထွက်ပေါ်လာတတ်ပြီး ပျိုးပင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လေ့ရှိသည်။

ထိုသို့ဖြစ်သည့်အခါတိုင်း ပျိုးပင်လေးသည် တန်းတန်းမတ်မတ် ရပ်သွားပြီး လုံးဝမလှုပ်ရှားတော့ပေ။

သို့သော်လည်း အရိပ်လေးသည် ထိုသို့မကြာခဏ မလုပ်နိုင်ပေ။ ၎င်းမှာ တခြားတာဝန်များ ရှိသည်။

ရံဖန်ရံခါ အရိပ်လေးသည် ရွှီချင်းအတွက် သားရိုင်းကောင်များကို ဖမ်းဆီးရန် မြို့ထဲမှ ထွက်သွားပြီး ဘဝကံကြမ္မာဆိုးတောင်တန်းနှင့် အစိမ်းရောင်ဆံချည်ကန္တာရထဲမှာ အမဲလိုက်လေ့ရှိသည်။

သို့မှသာ ရွှီချင်းသည် သုတေသနပြုလုပ်ခြင်းကို အနှောင့်အယှက်ကင်းမဲ့စွာ ဆက်လုပ်နိုင်လိမ့်မည်။

ထို့ပြင် အရိပ်လေးသည် ပြန်ရောက်လာသည့်အခါတိုင်း ထိုဧရိယာမှ မြင်ကွင်းတချို့နှင့် ဗဟုသုတတချို့ကို သယ်ဆောင်လာလေ့ရှိသည်။ သူက ရွှီချင်းထံသို့ စိတ်ခံစားချက်များကို ပို့လွှတ်ပေးသည်။

ထိုအခိုက်အတန့်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ အခန်းကဏ္ဍသည် ပိုပြီးထင်ရှားလာသည်။

သူက ဘေးမှ စကားပြန်အဖြစ်ဆောင်ရွက်ပေးပြီး အရိပ်လေး၏ စကားများကို ရှင်းပြသည်။ သို့သော်လည်း သူက ရံဖန်ရံခါ သူ့ဘာသာ စကားလုံးတချို့ ထပ်ပေါင်းထည့်ပြီး အရိပ်လေးအတွက် ထောင်ချောက်ဆင်သည်။

အရိပ်လေးသည် အတော်လေး ရင့်ကျက်လာပြီဖြစ်သော်လည်း ကျင်းကန်းဂိုဏ်းဘိုးဘေးနှင့် နှိုင်းယှဉ်လျှင် နုငယ်သေးပေသည်။ သို့ဖြစ်၍ အရိပ်လေးသည် ဆယ်ကြိမ်တွင် နှစ်ကြိမ်သုံးကြိမ်ခန့်က ထောက်ချောက်ထဲသို့ ဘာမှမသိဘဲ ကျရောက်သွားလေ့ရှိသည်။

ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ သူက ထိုနှစ်ယောက်ကြားမှ ပဋိပက္ခကို ကျင့်သားရနေပြီဖြစ်သည်။

အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းဘိုးဘေးမှတဆင့် အစိမ်းရောင်ဆံချည်ကန္တရအကြောင်းကို ပိုပြီး သူနားလည်လာသည်။

ဥပမာ မြို့တော်များကို ထောင်ထိပ်များပေါ်တွင် တည်ဆောက်ထားရသည့် အကြောင်းအရင်းကို ရွှီချင်း နားလည်လာသည်။

အဘယ်ကြောင့်ဆိုသော် ကန္တရာထဲတွင် ထူးဆန်းသော သတ္တဝါအများအပြားရှိနေသောကြောင့် ဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူမဆို မြို့ငယ်တစ်မြို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ကြသည်။

တောင်ထိပ်ပေါ်တွင် မြို့တည်ထားခြင်းသည် ပိုပြီးလုံခြုံစိတ်ချရသည်။

ထို့ပြင် အမျိုးမျိုးသော ပုံရိပ်ယောင်များသည် ကန္တာရထဲမှာ အခါအားလျော်စွာ ထွက်ပေါ်လာတတ်သည်။

တစ်ခါတစ်ရံ ကန္တာရထဲမှာ အိုအေစစ်များ ထွက်ပေါ်လာပြီး တစ်ခါတစ်ရံ မြို့များသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာတတ်သည်။ တခြားလောကများသည်ပင် ထွက်ပေါ်လာလေ့ ရှိသည်။

၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း လေထဲမှာ သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်သွားလိမ့်မည်။

တစ်စုံတစ်ယောက်က ထိုပုံရိပ်ယောင်များထဲ ဝင်ရောက်သွားလျှင် အသက်ရှင်လျက် ပြန်ထွက်လာရန် အလွန်ခက်ခဲလိမ့်မည်။ ပုံရိပ်ယောင်များက ပျောက်ကွယ်သွားသည့်အခါ အသွေးအသားများ အပြောင်စားသုံးခြင်းခံထားရသော အရိုးစုများသာလျှင် မြေပြင်ပေါ်မှာ ကျန်ရစ်နေခဲ့လိမ့်မည်။

ထပ်ပေါင်းဆိုရသော် ခရီးစဉ်တစ်လျှောက်တွင် ရွှီချင်းမြင်တွေ့ခဲ့သော ဧရာမမှိုပွင့်များနှင့်ပတ်သက်ပြီး သတင်းအချက်အလက်တချို့ကို အရိပ်လေးက သယ်ဆောင်လာခဲ့သည်။ ၎င်းက ကန္တာရထဲတွင် အလွန်ကြီးမားသော ဧရာမမှိုပွင့်ကြီးကို မြင်တွေ့ခဲ့သည်ဟု ပြောသည်။

မှိုပွင့်၏ အောက်ခြေတွင် လူပုံသဏ္ဍာန် ဖြစ်တည်နေကြသော အမြစ်လက်တံအများအပြား ရှိသည်။ ထိုအမြစ်များသည် ကန္တာရထဲမှာ ရွေ့လျားကူးခတ်နေကြပြီး ပုံရိပ်ယောင်များကို လိုက်လံရှာဖွေနေသည်။

ယင်းတို့က အစိမ်းရောင်ဆံချည်ကန္တာရထဲမှာ ကြောက်စရာအကောင်းဆုံးအရာများ မဟုတ်သေးပေ။

အရိပ်လေး၏ ဖော်ပြမှုအောက်မှာ ရွှီချင်းသည် ဤကန္တာရထဲမှ လေ၏ အရောင်က ပုံသေမဟုတ်ကြောင်း နားလည်လာသည်။

အစိမ်းရောင်လေက အဖြူရောင်သို့ ပြောင်းလဲသွားသည့်အခါ ကန္တာရထဲမှ သက်ရှိအားလုံးသည် ပုန်းခိုရန်အတွက် အနီးဆုံးမှာရှိသော တောင်တစ်လုံးကို မြန်နိုင်သမျှမြန်မြန် ရှာဖွေရလိမ့်မည်။

သို့မဟုတ်လျှင် သူတို့သည် ကြောက်စရာကောင်းသော အခြေအနေဖြင့် ရင်ဆိုင်ကြရလိမ့်မည်။ ဤဧရိယာထဲမှ တောင်ထွတ်များသည်သာလျှင် သဲမုန်တိုင်းများ၏ အန္တရာယ်မှ ကာကွယ်ပေးနိုင်လိမ့်မည်။

အချိန်ကာလရှည်အတွင်း အဖြူရောင်လေသည် အကြိမ်ရေအနည်းငယ်ခန့် ပေါ်ထွက်လာခဲ့ဖူးသည်။ ရံဖန်ရံခါ အဖြူရောင်လေတိုက်ခတ်နေစဉ်အတွင်း အနီးနားမှ တောင်များဆီသို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော အသက်ရှင်သူတချို့လည်း ရှိသည်။

သို့သော်လည်း လွတ်မြောက်ခဲ့ကြသော ထိုလူများသည် သိသာသော ခန္ဓာကိုယ်အပြောင်းအလဲဖြင့် တွေ့ကြုံရလိမ့်မည်။

သူတို့၏ ခန္ဓာကိုယ်သည် ပုံဆိုးပန်းဆိုးဖြစ်လာပြီး အလွန်အရုပ်ဆိုးလာလိမ့်မည်။ ထို့ပြင် ထိုသို့အခြေအနေမျိုးသည် သူတို့၏ နောင်မျိုးဆက်များအထိ ပြောင်းလဲခြင်းမရှိဘဲ လက်ဆင့်ကမ်းသွားလိမ့်မည်။

ယင်းက ရွှီချင်းအား ဤမြို့ငယ်လေးအတွင်းမှ ခန္ဓာကိုယ်ချို့ယွင်းနေသော လူများကို ပြန်အမှတ်ရသွားစေသည်။

ထို့ပြင် အစိမ်းရောင်ဆံချည်ကန္တာရထဲတွင် အဖြူရောင်လေသာမက အနက်ရောင်လေလည်း ရှိပေသည်။ သို့သော်လည်း အနက်ရောင်လေ ထွက်ပေါ်မလာသည်မှာ နှစ်ပေါင်းရာချီကြာမြင့်သွားချေ၏။

သို့သော် ကောလဟာလများအရ အနက်ရောင်လေသည် တည်ရှိနေဆဲ ဖြစ်သည်။

အနက်ရောင်လေတိုက်ခတ်သည့်အခါ အစိမ်းရောင်ဆံချည်ကန္တာရထဲမှ သက်ရှိအားလုံးအတွက် အသက်ရှင်ရန် အခွင့်အရေး အလွန်နည်းပါးသည်။ သူတို့က တောင်ပေါ်မှာ ပုန်းအောင်းလျှင်ပင် အန္တရာယ်ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း လဝတ်ပြုဒေသကြီးထဲတွင် အန္တရာယ်မရှိသောနေရာဟူ၍ အလွန်ရှားပါးသည် မဟုတ်ပါလော။

အပြင်လောကမှ အစဉ်မပြတ်ဖြစ်ပေါ်နေသော အန္တရာယ်များနှင့် နှိုင်းယှဉ်လျှင် ရာစုနှစ်တစ်ခုကြာပြီးမှ ဖြစ်ပေါ်လာတတ်သော အနက်ရောင်လေသည် သူတို့အတွက် ခြိမ်းခြောက်မှုမဟုတ်ဟန် ရ၏။

သို့သော်လည်း နောက်ထပ်တစ်ရောင် ထပ်ရှိသေးပေသည်။ ယင်းမှာ မီးခိုးရောင် ဖြစ်သည်။

ထိုမီးခိုးရောင်လေသည် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။ ယင်းကို ဆေးဆိုင်သို့ ဆေးလုံးလာဝယ်သော အဖိုးအိုတစ်ဦးထံမှ ရွှီချင်း သိရှိခဲ့ခြင်း ဖြစ်သည်။ ထိုမီးခိုးရောင်လေသည် အစိမ်းရောင်ဆံချည်ကန္တာရထဲတွင် တစ်ကြိမ်သာ ထွက်ပေါ်လာဖူးသည်။

ယင်းက နှစ်ပေါင်းမြောက်များစွာကြာမြင့်ခဲ့ပြီဖြစ်၍ ထိုစဉ်က မည်သို့ဖြစ်ပျက်ခဲ့ကြောင်း မည်သူမှ အတိအကျ မသိကြပေ။

ထိုသတင်းအချက်အလက်များသည် ရွှီချင်းအား ဤကန္တာရအကြောင်း ပိုပြီးနက်နဲစွာ နားလည်သွားစေသည်။ တစ်ချိန်တည်းမှာ ထိုအတောအတွင်း သူသည် သုတေသနပြုလုပ်ခြင်းသာမက ကြေးမုံကိုလည်း ကြိမ်ဖန်များစွာ အသက်သွင်းခဲ့သည်။

သူ၏ ထပ်ခါထပ်ခါ စူးစမ်းလေ့လာမှုမှတဆင့် လပုန်ကန်ခန်းမ၏ စစ်ဆေးခြင်းနှင့်ပတ်သက်ပြီး ပိုပြီးရှင်းလင်းစွာ နားလည်လာသည်။

“ မျက်စိတစ်ဖက်လပ်ကျင့်ကြံသူက လိမ်မပြောခဲ့ဘူးပဲ… ဘဝကံကြမ္မာဆိုးတောင်တန်းထဲက ဘယ်ကြေးမုံမဆို လပုန်ကန်ခန်းမဆီ ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်ပဲ ”

“ တစ်ချိန်တည်းမှာ အဲ့ဒါက လပုန်ကန်ခန်းမရဲ့ စစ်ဆေးမှုကို အသက်သွင်းနိုင်တဲ့ နည်းလမ်းလည်း ဟုတ်တယ် ”

“ စစ်ဆေးတာကို ကျော်ဖြတ်နိုင်မှပဲ လပုန်ကန်ခန်းမဆီ ဝင်ရောက်နိုင်လိမ့်မယ် ”

ရွှီချင်းသည် အိမ်ထဲမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ သူ၏ အကြည့်က သူ့အရှေ့မှ ကြေးမုံပေါ်သို့ ကျရောက်နေသည်။ မကြာမီ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤအတောအတွင်း သူ၏ နားလည်ထားမှုအရ လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်ရန် ကျော်ဖြတ်ရမည့် စမ်းသပ်မှုများသည် စုစုပေါင်းသုံးခုရှိသည်။

All Chapters