← Chapters

အစိမ်းရောင်ဝိညာဉ်ခန်းမ ဆေးဆိုင်(ဃ)

Vol. 60 Ch. 941

အစိမ်းရောင်ဝိညာဉ်ခန်းမ ဆေးဆိုင်(ဃ)

Vol. 60 Ch. 941

ပထမစမ်းဆေးမှုသည် ယဇ်ပူဇော်ခြင်းဖြစ်သည်။

ဤသည်မှာ သစ္စာရှိခြင်းကို စမ်းသပ်ခြင်းဖြစ်သည်။ လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်ချင်သော မည်သူမဆို ကျင့်ကြံခြင်းအဆင့်တူညီသော အနီရောင်လဗိမာန်မှ ကျင့်ကြံသူနှစ်ယောက်ကို သတ်ပစ်ရလိမ့်မည်။

သူတို့သတ်ထားသော အလောင်းများကို ကြေးမုံထဲသို့ ပို့လွှတ်နိုင်မှသာလျှင် ပထမစစ်ဆေးမှုကို ပြီးမြောက်နိုင်လိမ့်မည်။

ရွှီချင်းသည် ယင်းကို နားလည်ပေးနိုင်သည်။

ဤပထမစစ်ဆေးမှုသည် ပါဝင်သူများ၏ တိုက်ပွဲစွမ်းအားကို စစ်ဆေးရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး တစ်ဖက်အင်အားစုကို ဆန့်ကျင်ထားခြင်း ဖြစ်သည်။ ထိုနည်းဖြင့်ဆိုလျှင် အကယ်၍ အနီရောင်လဗိမာန်မှ တစ်စုံတစ်ယောက်က လပုန်ကန်ခန်းမထဲသို့ သူလျှိုဝင်လုပ်ချင်သည်ဆိုလျှင် သူတို့သည် တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မည်။

ကျင့်ကြံခြင်းအဆင့်က ပိုပြီးမြင့်လေ သူတို့ပေးချေရမည့် တန်ဖိုးက ပိုပြီးများလေ ဖြစ်သည်။

ထို့အပြင် ယင်းက ပထမစမ်းသပ်မှုမျှသာ ဖြစ်သည်။ အကယ်၍ သူတို့က တန်ဖိုးကို ပေးချေပြီးနောက် ကျန်ရှိသည့်စစ်ဆေးမှုများကို မကျော်ဖြတ်နိုင်ဘူးဆိုလျှင် အားလုံးသည် အလဟဿဖြစ်သွားလိမ့်မည်။

သို့ဖြစ်၍ ထိုစစ်ဆေးမှုကို အရှေ့ဆုံးမှာ သတ်မှတ်ထားခြင်း ဖြစ်သည်။

လပုန်ကန်ခန်းမသို့ ဝင်ရောက်ရန် ဒုတိယစစ်ဆေးမှုသည်တော့ ယုံကြည်မှု ဖြစ်သည်။

ရွှီချင်းသည် တတိယစစ်ဆေးမှုကို မသိထားပေ။ သူက သစ္စာရှိခြင်းကို စမ်းသပ်သော လပုန်ကန်ခန်းမ၏ ပထမစစ်ဆေးခြင်းကို အရင်ဦးစွာ ဆောင်ရွက်ရန် စီစဉ်ထားသည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် အဝေးမှ မှောင်ရီနေသော ကောင်းကင်ကို ကြည့်လိုက်သည်။ စိတ်ဆုံးဖြတ်ထားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်းသည် သူ့အရှေ့မှ ကြေးမုံကို သိမ်းဆည်းလိုက်ပြီး ဆေးဆိုင်ထဲမှ ထွက်ခွာသွားသည်။ သူ၏ ပစ်မှတ်သည် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲမှ အနီရောင်လဗိမာန်မဟုတ်ပေ။

ဤနေရာတွင် အနီရောင်လဗိမာန်၏ ဌာနခွဲတစ်ခုကို တည်ဆောက်ထားနိုင်လေရာ ယင်း၏ အင်အားကို ရွှီချင်း လျှော့မတွက်ဝံ့ချေ။

မည်သို့ဖြစ်ပါစေ အကယ်၍ တစ်စုံတစ်ယောက်က လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ချင်လျှင် ပထမစစ်ဆေးမှုကို ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်ချင်သော လူတိုင်းသည် ဘုရားကျောင်းအပေါ် အလိုအလျောက် မျက်စိကျလာကြမည်။

အကယ်၍ သူတို့သာ ငတုံးမဟုတ်လျှင် ထိုသို့အခြေအနေမျိုးမှာ ဘုရားကျောင်းသည် သတိပေါ့လျော့နေမည် မဟုတ်ပေ။

အနီရောင်လဗိမာန်နှင့် အကြိမ်ရေအနည်းငယ် ထိတွေ့ဆက်ဆံပြီးနောက် ဘုရားကျောင်းသည် ဤနေရာမှာ ငါးစာချနေခြင်း ဖြစ်နိုင်လောက်သည်ဟု ရွှီချင်း ခံစားမိသည်။

မှန်ပေသည်။ လူတိုင်းတွင် အတွေးကိုယ်စီရှိကြသည်။ လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်ချင်သော လူအများစုသည် ငတုံးများမဟုတ်နိုင်ကြောင်း ရွှီချင်း တွေးမိသည်။ သို့ဖြစ်၍ သူတို့သည် ကန္တာရအပြင်ဘက်ရှိ တခြားဧရိယာများထံမှ အနီရောင်လဗိမန်၏ ကျင့်ကြံသူများကို ချုံခိုတိုက်ခိုက်ရန် ရွေးချယ်ကြလိမ့်မည်။

သို့သော်လည်း ရွှီချင်းသည် ထိုသို့မစွန့်စားချင်ပေ။

ဤအခိုက်အတန့်မှာ သူက အင်မော်တယ်အတတ်မျက်နှာဖုံးကို ဝတ်ဆင်လိုက်ပြီး အောက်လမ်းတာအိုပြောင်းလဲခြင်းကို အသက်သွင်းလိုက်ကာ သူ့ကိုယ်သူ လုံးဝဖုံးကွယ်လိုက်သည်။

ရွှီချင်းသည် တောင်တန်းဒေသထဲမှ ထွက်ခွာသွားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ညီမျှသော သားရိုင်းကောင်များကို ရှာဖွေရန် ကန္တာရဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုသို့ဖြင့် နေ့ရက်များစွာ ကုန်ဆုံးသွားသည်။

အစိမ်းရောင်သဲကန္တရာထဲမှ သားရိုင်းကောင်များသည် ကျင့်ကြံခြင်းအဆင့်အမျိုးမျိုး ရှိကြသည်။ အရိပ်လေးက ရွှီချင်းအတွက် သားရိုင်းကောင်များကို အမဲလိုက်ပေးခဲ့စဉ်အတွင်း ၎င်းသည် အန္တရာယ်ရှိသော နေရာများကို မှတ်သားထားခဲ့သည်။ သို့ဖြစ်၍ ရွှီချင်း၏ ပစ်မှတ်သည် အလွန်ရှင်းလင်းသည်။

နှစ်ရက်ကြာပြီးနောက် ကျယ်လောင်သော ဟိန်းသံသည် အစိမ်းရောင်သဲကန္တာရထဲမှ မြည်ဟိန်းထွက်လာသည်။ အလွန်ကြီးမားသော ဧရာမပိုးကောင်နီက သဲမြေပေါ်မှာ ပေါ်ထွက်လာသည့်အခါ စွမ်းအင်လှိုင်းများသည် ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားကြသည်။

၎င်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဝိညာဉ်စွမ်းအင်အရှိန်အဝါသည် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သို့တိုင် ၎င်းက ကျယ်လောင်စွာ အော်ညည်းနေရသည်။

ရွှီချင်းသည် သဲမြေပေါ်တွင် မြန်ဆန်စွာ ရွေ့လျားနေပြီး ဧရာမပိုးကောင်နီကို လိုက်မီသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။ ယင်းက ပိုးကောင်နီ၏ ဧရာမခန္ဓာကိုယ်ကို တစ်ဝက်နီးပါးခန့် ယိုယွင်းပျက်စီးသွားစေသည်။ ၎င်းက သဲမြေပေါ်သို့ ပြုတ်ကျသွားပြီး အသက်မျှင်းမျှင်းသာ ရှူနိုင်တော့သည်။

ရွှီချင်းသည် ဧရာမပိုးကောင်နီကို သိမ်းဆည်းပြီးနောက် အရှေ့သို့ ဆက်လက် လျှောက်သွားသည်။

ငါးရက်ကြာပြီးနောက် ပေတစ်ရာကျော်ရှည်လျားသော ဧရာမကင်းမြီးကောက်တစ်ကောင်သည် ကန္တာရထဲမှာ မြန်ဆန်စွာ ထွက်ပြေးနေပြီး ပုံရိပ်တစ်ခုသည် ၎င်းနောက်သို့ ထက်ကြပ်မကွာ လိုက်ဖမ်းနေသည်။ တစ်ခဏကြာပြီးနောက် မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာကိုယ်ပွားများက ဆင်းသက်လာသည့်အခါ ကင်းမြှီးကောက်သည် စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။

၎င်းက အပြင်သို့ ထွက်ပြေးချင်သည်။ သို့သော်လည်း ၎င်းက ထိုသို့မလုပ်ဆောင်နိုင်မီ အနောက်မှ ပုံရိပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။

နောက်ထပ်ဆယ့်ငါးမိနစ်ကြာပြီးနောက် အရာအားလုံးသည် တည်ငြိမ်သွားသည်။ ရွှီချင်းသည် အစိမ်းရောင်လေထဲမှ ထွက်လျှောက်လာပြီး ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ပြန်သွားသည်။

တစ်ရက်နှင့် နေ့တစ်ဝက်ကြာပြီးနောက် သူက မြို့ငယ်လေးထဲမှ ဆေးဆိုင်ဆီသို့ ပြန်ရောက်လာသည်။

အားလုံးသည် ပုံမှန်အတိုင်းပင်။ သို့သော်လည်း လင်းအာသည် သူပျောက်သွားသောကြောင့် အနည်းငယ် စိတ်ပူပန်နေသည်။

ရွှီချင်းပြန်ရောက်လာသည်ကို မြင်သောအခါ လင်းအာသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ တောက်ပသော အပြုံးပင် ထွက်ပေါ်လာသည်။

ရွှီချင်းသည် လင်းအာ၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ထို့နောက် သူက ဆေးဆိုင်၏ နောက်ဖေးဘက်သို့ လျှောက်သွားပြီး အကာအကွယ်စည်းတစ်ခုကို ခင်းကျင်းလိုက်ကာ အပြင်လောကနှင့် အဆက်အသွယ်ဖြတ်လိုက်သည်။ သူက ကြေးမုံကို အရှေ့တွင် ချထားလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက ဘုရားကျောင်းမှ ကျင့်ကြံသူများကို စွန့်စွန့်စားစား ချုံခိုမတိုက်ခိုက်ချင်ပေ။ ထိုကိစ္စက ပေါက်ကြားသွားမည်ဆိုလျှင် အနာဂတ်မှာ သူက ပြဿနာများစွာဖြင့် ရင်ဆိုင်ရလိမ့်မည်။

သို့ဖြစ်၍ သူက လပုန်ကန်ခန်းမ၏ စစ်ဆေးမှုကို လှည့်စားရန် သူ့ကိုယ်ပိုင်နည်းလမ်းများဖြင့် ဘုရားကျောင်းမှ ကျင့်ကြံသူများကို ဖန်တီးရန် အစီအစဉ်ဆွဲခဲ့သည်။ ဤသည်မှာ သူက သုတေသနပြုလုပ်ခြင်းတွင် အချိန်အများကြီး ကုန်ဆုံးခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။

ထိုနည်းလမ်းဖြင့်ဆိုလျှင် သူသည် အချိန်အများကြီး သက်သာသွားလိမ့်မည်။

“ ငါ အကြိမ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့တယ်… ဒီစစ်ဆေးမှုက စက်ယန္တရားလည်ပတ်မှုပုံစံပဲ… အဲ့ဒါကို လူတွေက ထိန်းချုပ်ထားတာ မဟုတ်ဘူး… ဒီတော့ ငါ့အစီအစဉ်က အောင်မြင်နိုင်လောက်တယ်… ဒါပေမဲ့ ငါ့အစွမ်းက ကျိန်စာကို လှုံ့ဆော်စေလိမ့်မယ်… ဒီတော့ ငါမြန်မြန် လုပ်ဆောင်မှဖြစ်မယ် ”

ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ သူ၏ ဖမ်းဆီးခြင်းခံထားရသော ကင်းမြှီးကောက်နှင့် ပိုးကောင်နီက ထွက်ပေါ်လာကြသည်။ သူက ထိုသားရိုင်းကောင်များပေါ်သို့ ခရမ်းလစွမ်းအားကို မြန်ဆန်စွာ အပ်နှင်းပေးလိုက်သည်။

အတိတ်တွင် သူက မူယဲ့ကို ကောင်းချီးပေးခဲ့သည့်အတိုင်း ထိုသားရိုင်းကောင်နှစ်ကောင်သည် ချက်ချင်း ခန္ဓာကိုယ်တုန်ယင်လာကြသည်။ ခရမ်းရောင်အမှတ်သင်္ကေတများသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

နောက်အခိုက်အတန့်မှာ ၎င်းတို့၏ ကျိန်စာများသည် အသက်ဝင်လာကြသည်။

ကျိန်စာက မပေါက်ကွဲခင် ရွှီချင်းသည် ထိုသားရိုင်းကောင်နှစ်ကောင်ကို ကြေးမုံထဲသို့ မြန်ဆန်စွာ ပစ်သွင်းလိုက်သည်။

အရွယ်အစားချင်း နှိုင်းယှဉ်လျှင် ကြေးမုံသည် သေးငယ်ပြီး သားရိုင်းကောင်များသည် အလွန်ကြီးမားကြသည်။ သို့သော်လည်း ၎င်းတို့က ကြေးမုံနှင့် ထိတွေ့သွားသည့်အခိုက် ပြင်းထန်သော ဆွဲငင်အားသည် ကြေးမုံအတွင်းမှ ပေါ်လျှိုးလာပြီး ထိုသားရိုင်းကောင်နှစ်ကောင်ကို အမှန်တကယ် စုပ်ယူသွားသည်။

ရွှီချင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူ၏ အစဉ်မပြတ် သုတေသနလုပ်ဆောင်မှုများနှင့် စူးစမ်းရှာဖွေမှုများမှတဆင့် ဤနည်းလမ်းအပေါ် ယုံကြည်မှုတချို့ရှိသော်လည်း ဤအခိုက်အတန့်မှာ စစ်ဆေးမှုအောင်မြင်ခြင်း ကျရှုံးခြင်းနှင့်ပတ်သက်ပြီး အနည်းနှင့်အများ သူစိတ်ပူသည်။

သို့ဖြစ်၍ သူက ကြေးမုံကို ကြည့်နေစဉ် စိုးရိမ်ကြောင့်ကြမှုကို အနည်းငယ် ခံစားမိသည်။

လေထဲမှ ကြေးမုံသည် ရုတ်တရက် တုန်ယင်လာသည်။ ကြေးမုံပေါ်မှ အလင်းရောင်သည် တဖျပ်ဖျပ်လင်းလက်လာသည်။ ဤသည်မှာ ၎င်းက အကဲဖြတ်နေသည့်အလားပင်။

ယင်းက အသက်ရှူချိန်ဒါဇင်ခန့် ကြာမြင့်ခဲ့သည်။ ရွှီချင်း၏ စိုးရိမ်မှုက ကြီးထွားလာတော့မည့်အချိန် ကျယ်ပြောသော စိတ်ဆန္ဒသည် ကြေးမုံထဲမှ ပျံ့လွင့်ထွက်လာသည်။

“ အောင်မြင်တယ် ”

ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။

အမှန်မှာတော့ ထိုသို့လှည့်ကွက်ကို သူအသုံးမပြုချင်ပေ။ သို့သော်လည်း အနီရောင်လဗိမာန်ကို ချုံခိုတိုက်ခိုက်ခြင်းသည် အလွန်အန္တရာယ်များသည်။ တစ်ဖက်လူက ငါးစာချနေသည့် ဖြစ်နိုင်ခြေသည် အလွန်မြင့်မားသည်။

အကယ်၍ သူက ကောင်းမွန်စွာ မဖြေရှင်းနိုင်လျှင် အဆုံးမဲ့သော ပြဿနာများက သူ့နောက်သို့ လိုက်ပါလာလိမ့်မည်။ သို့ဆိုလျှင် ငြိမ်းချမ်းစွာ သုတေသနပြုလုပ်ချင်သည့် သူ၏ မူလရည်ရွယ်ချက်သည် ပျက်စီးသွားလိမ့်မည်။

အကယ်၍ သူက အစိမ်းရောင်ဆံချည်ကန္တာရထဲမှ ထွက်ခွာပြီး တခြားတစ်နေရာသို့ သွားမည်ဆိုလျှင် ခရီးသွားခြင်းသက်သက်ပင် နှစ်ဝက်မျှ အချိန်ကြာမြင့်လိမ့်မည်။

သို့ဖြစ်၍ အခြေအနေအမျိုးမျိုးကို စဉ်းစားသုံးသပ်မည်ဆိုလျှင် သူအသုံးပြုခဲ့သော နည်းလမ်းသည် အကောင်းဆုံးဖြစ်သည်။

“ တကယ်တော့ ပထမစစ်ဆေးမှုကို ငါ့ကိုယ်ပိုင်စွမ်းအားနဲ့ ဖြတ်ကျော်ခဲ့တာပဲ… ဒါကို လူလည်ကျတယ်လို့ မသတ်မှတ်နိုင်ဘူး ”

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူ့ဆရာ၏ သင်ကြားပြသမှုများကို ပြန်တွေးမိသွားသည့်အခါ သူ၏ လုပ်ဆောင်မှုက မှန်ကန်သည်ဟု ခံစားမိသွားသည်။

All Chapters