← Chapters

ကျားနှုတ်ခမ်းမွှေးဆွဲခြင်း(ဂ)

Vol. 60 Ch. 944

ကျားနှုတ်ခမ်းမွှေးဆွဲခြင်း(ဂ)

Vol. 60 Ch. 944

သူက သားရိုင်းကောင်များကို လေ့လာရာတွင် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။

ရွှီချင်း၏ အရှေ့မှ ဧရာမကင်းမြှီးကောက်သည် မသေသေးပေ။ ၎င်း၏ မျက်လုံးထဲမှာ အကြောက်တရားနှင့် စိတ်ပျက်အားလျော့ခြင်းတို့ ထွက်ပေါ်နေသည်။ ၎င်း၏ အသိအမြင်အရ သူ့အရှေ့မှ လူသားသည် အလွန်ကြောက်စရာကောင်းသည်။

ထို့ပြင် ၎င်းသည် ခွဲခြားစိတ်ဖြာခြင်းခံထားရသော်လည်း အသက်ရှင်နေဆဲပင်။

ဤနေရာမှ ကျင့်ကြံခြင်းအားလှိုင်းများသည် ကောင်းမွန်စွာ ဖုံးကွယ်ခံထားရသဖြင့် အပြင်လောကသို့ ပျံ့လွင့်သွားခြင်းမရှိပေ။

သို့မဟုတ်လျှင် အရိုးခေါင်းအဖွဲ့မှ ပြီးပြည့်စုံသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူသည် သေချာပေါက် အကြောက်လွန်ပြီး ခြေထောက်ပျော့ခွေသွားလိမ့်မည်။

“ အခု ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာကို လေ့လာဖို့ အချိန်ကျပြီ ”

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ကင်းမြှီးကောက်၏ ဦးခေါင်းကို ချေမွလိုက်ပြီး ၎င်း၏ ဘဝကို အဆုံးသတ်ပေးလိုက်သည်။

ညအချိန် မှောင်ရီသော ကောင်းကင်အောက်တွင် အနက်ရောင်အလင်းတန်းတစ်ခုသည် ဆေးဆိုင်ဆီမှ ပျံသန်းထွက်လာပြီး အံ့ဖွယ်ကောင်းသော အလျင်ဖြင့် ရွေ့လျားသွားနေသည်။ ဤသည်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေးမှလွဲ၍ တခြားမဟုတ်ပေ။ သူက နတ်ငါးအရိုးဆူးချွန်ကို ထိန်းချုပ်လိုက်ပြီး နေ့လယ်က ရောက်လာခဲ့သော အရိုးခေါင်းအဖွဲ့ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

“ အရိပ်လေးက ပုံမှန်ဆိုရင် ခပ်တုံးတုံးကောင်ပါ… ဒါပေမဲ့ ကလေးမလေးကို ကပ်ဖားရပ်ဖားလုပ်တဲ့ သူ့အစီအစဉ်က တကယ်အလုပ်ဖြစ်မယ်လို့ မထင်ထားဘူး ”

“ ဒီကိစ္စမှာ ငါက အမှားလုပ်ခဲ့တာပဲ… အစကတော့ အဲ့ဒီကလေးမလေးက အပြစ်ကင်းစင်ပြီး လွတ်လွတ်လပ်လပ် နေတတ်တဲ့လူလို့ အောက်မေ့ခဲ့တာပဲ… သူ့မှာ စေတန်ဂြိုလ်ကောင်လို နက်မှောင်တဲ့နှလုံးသားရှိမယ်လို့ ဘယ်သူက ထင်မှာလဲ ”

“ ငါဖတ်ဖူးတဲ့စာအုပ်တွေထဲမှာ အဲ့လိုမိန်းကလေးမျိုးတွေက သာမညောင်ညမဟုတ်ဘူး ”

“ အရိပ်လေးမှာ အခု အားကိုးရှိသွားပြီဆိုတော့ ပိုပြီးမာနထောင်လွှားလာတော့မယ် ”

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် နေ့လယ်က လင်းအာ၏ အဖြစ်အပျက်ကို ပြန်မှတ်မိသွားသောအခါ တစ်ဖက်လူသည် သာမန်မိန်းကလေးမဖြစ်နိုင်ကြောင်း ခံစားမိသွားသည်။ သို့ဖြစ်၍ အနာဂတ်တွင် တစ်ဖက်လူကို အလိုလိုက်အကြိုက်ဆောင်ပေးမည်ဟု သူ၏ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်‌လေသည်။

“ ဒါပေမဲ့ ငါက လက်ဦးမှုယူတဲ့နေရာမှာ အရိပ်လေးကို ရှုံးသွားခဲ့တယ်… ကိစ္စမရှိဘူး… ဖုန်းဟိုင်ဒေသငယ်ကို ငါတို့ပြန်ရောက်တဲ့အခါ တခြားသခင်မတစ်ယောက်ကို ငါ ဖော်လံဖားရမယ် ”

“ ဒါမှ စေတန်ဂြိုလ်ကောင် ငါ့ကို သဘောမကျတဲ့အခါကျရင် ငါ့မှာ အသက်ကယ်ဝှက်ဖဲကတ်ရှိမှာ ”

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အတွေးပေါင်းသောင်းခြောက်ထောင်နှင့်အတူ လေထဲမှာ မြန်ဆန်စွာ ရွေ့လျားနေပြီး မြို့ထဲမှ ထွက်ခွာသွားသည်။ မကြာမီ သူက အနီးနားဝန်းကျင်ရှိ အရိုးခေါင်းအဖွဲ့၏ တည်နေရာသို့ ရောက်ရှိသွားသည်။ သို့သော်လည်း ထိုနေရာသို့ သူမချဉ်းကပ်သွားမီ သွေးနံ့ကို အာရုံခံမိသွားသဖြင့် သူ၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အံ့ဩသွားသည်။ တစ်ဖက်လူသည် သူ၏ မျက်စိထဲမှာ ပုရွက်ဆိတ်မျှသာဖြစ်သော်လည်း သူက သတိထားနေဆဲပင်။ သူက ခြေရာလက်ရာများကို ဖုံးကွယ်လိုက်ပြီး ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။

သူက တစ်ပတ်လှည့်ပတ်ပြီးနောက် နေရာတိုင်းမှာ အလောင်းကောင်များကို မြင်တွေ့သွားသည်။ အရိုးခေါင်းအဖွဲ့ထဲမှ အဖွဲ့ဝင်အားလုံးသည် အသက်ရှင်သူတစ်ယောက်မှမရှိဘဲ သတ်ဖြတ်ခံထားရသည်။ အဖွဲ့ထဲမှ တန်ဖိုးကြီးပစ္စည်းအားလုံးသည်လည်း အမြစ်ပါမကျန်အောင် ယူဆောင်သွားခြင်းခံခဲ့ရသည်။

“ ကြည့်ရတာ သူတို့က လွန်ခဲ့တဲ့တစ်နာရီလောက်က သေဆုံးသွားခဲ့တာဖြစ်မယ်… သူတို့ကို သတ်သွားခဲ့တဲ့လူက ရွှေအမြူတေအဆင့် ကျင့်ကြံသူပဲ… သူက ရောက်ရောက်လာချင်း သူတို့အားလုံးကို မြန်မြန်ဆန်ဆန် သတ်ဖြတ်သွားခဲ့တာပဲ… ”

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် တစ်ခဏတွေးပြီးနောက် အနောက်လှည့်လိုက်ပြီး ထွက်ခွာသွားသည်။ သူက ဆေးဆိုင်သို့ ပြန်ရောက်သွားသည်နှင့်ချက်ချင်း မြင်ခဲ့သမျှအားလုံးကို လင်းအာနှင့် ရွှီချင်းဆီ အစီအရင်ခံတင်ပြလိုက်သည်။

လင်းအာသည် အံ့ဩသွားပြီး ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

ယင်းက မည်သို့မှ တိုက်ဆိုက်မှုမဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်သွားခဲ့ခြင်းဖြစ်မည်ဟု သူခံစားမိသည်။

အဖြေသည် နောက်တစ်နေ့မှာ ထွက်ပေါ်လာသည်။

နောက်နေ့မနက်တွင် ဆေးဆိုင်မဖွင့်မီ လူနှစ်ယောက်သည် ဆေးဆိုင်၏ အပြင်ဘက်မှာ ရိုသေလေးစားစွာ စောင့်ဆိုင်းနေကြသည်။

လင်းအာက တံခါးဖွင့်လိုက်သည့်အခိုက် သူတို့နှစ်ယောက်သည် သူ့ကို အရိုအသေပေးလာကြသည်။

“ ဆိုင်ရှင်ကို နှုတ်ဆက်ပါတယ်… ဆရာသခင် အထဲမှာရှိလား သိပါရစေ ”

လင်းအာသည် မျက်တောင်ခတ်လိုက်ပြီး သူ့အရှေ့မှ နှစ်ယောက်ကို ကြည့်လိုက်သည်။

သူတို့ထဲမှ တစ်ယောက်ကို ယခင်က သူမြင်ဖူးသည်။ ထိုသူသည် အဆိပ်ဖြေဆေးလုံးဝယ်သွားခဲ့သော လူသားမျိုးနွယ် လူငယ်ဖြစ်သည်။

လူငယ်၏ ဘေးမှ ပုဂ္ဂိုလ်သည် သက်လတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ကျောင်းတော်သားအရှိန်အဝါသည် သူ့ထံမှ ပေါ်လျှိုးထွက်နေသည်။ သူ၏ ဝတ်ဆင်ပုံသည် မြို့ထဲမှ တခြားလူများနှင့် သိသိသာသာ ခြားနားသည်။

ထိုသူ၏ ကျင့်ကြံခြင်းသည်လည်း အလွန်အံ့ဩဖွယ်ကောင်းပြီး နှောင်းပိုင်းအဆင့် ရွှေအမြူတေကျင့်ကြံသူဖြစ်သည်။ ထို့ပြင် သူက မကြာသေးခင်ကမှ အဆင့်ချိုးဖြတ်ထားပုံပေါ်သည်။

အစောနက စကားပြောသူသည် ရွှေအမြူတေအဆင့် သက်လတ်ပိုင်းအမျိုးသား ဖြစ်သည်။ သူ၏ ဘေးမှ လူငယ်သည် ရိုသေလေးစားသော အမူအရာဖြင့် ရွှီချင်းရှိသော နောက်ဖေးခန်းကို ကြည့်လိုက်သည်။

ဤသည်ကိုမြင်သောအခါ သက်လတ်ပိုင်းအမျိုးသားသည် နောက်ဖေးခန်းထံသို့ ဦးညွတ်အရိုအသေပေးလိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။

“ ဆရာသခင်… မနေ့က အရိုးခေါင်းအဖွဲ့က လူတွေက ဆရာသခင်ကို ရန်ပြုခဲ့တယ်လို့ ကြားမိပါတယ်… ဒါကြောင့် ကျွန်တော် သူတို့ကို အမြစ်ဖြတ်သုတ်သင်ခဲ့ပါတယ်… ဒီဟာက သူတို့ဆီကနေ ကျွန်တော်ရှာဖွေရမိတဲ့ ဆေးလုံးဖြူတွေပါ ”

ရွှေအမြူတေအဆင့် သက်လတ်ပိုင်းအမျိုးသားသည် အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး လင်းအာကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

လင်းအာသည် မျက်လုံးဝင်းလက်သွားသည်။ မနေ့ညက ဆေးလုံးဖြူအကြောင်းကို ပြန်စဉ်းစားမိသွားတိုင်း သူက အနည်းငယ် စိတ်မသက်မသာ ခံစားမိသည်။

သို့သော်လည်း သူက ချက်ချင်း လှမ်းမယူပေ။ ယင်းအစား ရွှီချင်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းသည်။

အကိုရွှီချင်း၏ အကျင့်စရိုက်ကို သူသိသည်။ သို့ဖြစ်၍ တချို့ကိစ္စများကို သူ့ဘာသာ မဆုံးဖြတ်နိုင်ကြောင်း နားလည်ထားသည်။

“ ကျေးဇူးပြုပြီး အထဲဝင်လာပါ ”

တစ်ခဏကြာပြီးနောက် ရွှီချင်း၏ အသံသည် နောက်ဖေးခန်းထဲမှ ပျံ့လွင့်ထွက်လာသည်။

လင်းအာသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ တံခါးဝအရှေ့မှ လူနှစ်ယောက်သည် အထဲသို့ ရိုသေလေးစားစွာ လျှောက်ဝင်လာကြသည်။

သူတို့သည် ဘေးမှာ မတ်တတ်ရပ်လိုက်ကြပြီး နောက်ဖေးခန်း၏ ဝင်ပေါက်ကို ကာဆီးထားသော ကန့်လန့်ကာကို ကြည့်လိုက်ကြသည်။

အခြေအနေကို နားလည်သွားသောအခါ ရွှီချင်းသည် သူ့ကိုယ်သူ ထုတ်ဖော်မပြရန် မဖြစ်နိုင်ကြောင်း နားလည်သွားသည်။ သို့ဖြစ်၍ သူက နောက်ဖေးခန်းထဲမှ ထွက်လျှောက်လာပြီး သူတို့ကို ကြည့်လိုက်သည်။

ရွှီချင်း၏ အသက်ငယ်ရွယ်ပုံကို မြင်လိုက်ရသောအခါ ရွှေအမြူတေအဆင့်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင် ဖြတ်ပြေးသွားသည်။

သို့သော်လည်း ယင်းက သူ၏ ရိုသေလေးစားသော အပြုအမူပေါ် သက်ရောက်မှု မရှိပေ။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ရွှီချင်းထံ လက်သီးဆုပ်လိုက်ပြီး သူ၏ လာရင်းရည်ရွယ်ချက်ကို ထုတ်ဖော်ပြောသည်။

“ မင်္ဂလာပါ ဆရာသခင် ”

“ ကျွန်တော်က ချန်းဖန်ကျိုးပါ… ဒီအနီးနားက ကမ္ဘာမြေဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ပါ… သူကတော့ ကျွန်တော့်ရဲ့ ဂိုဏ်းတပည့်တစ်ယောက်ပါ… သူ့ဆီကနေ ဆရာသခင်ရဲ့ ဆေးပညာစွမ်းကို ကျွန်တော်ကြားသိခဲ့ရပါတယ် ”

“ ကျွန်တော် ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းက ကျွန်တော့်ဂိုဏ်းက တပည့်တွေအားလုံး အဆိပ်မိနေကြလို့ပါ… ကျွန်တော်ကိုယ်တိုင်တောင် အဲ့ဒီအဆိပ်ရဲ့ သက်ရောက်မှုကိုခံနေရပါတယ်… အဲ့ဒါ ဆရာသခင်ဆီမှာ အဆိပ်ဖြေဆေး ရှိသေးလားဆိုတာ သိပါရစေ ”

“ ကျွန်တော် ဈေးကြီးပေးဝယ်ဖို့ ဆန္ဒရှိပါတယ် ”

တချို့ကိစ္စများသည် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရန် လိုအပ်ကြောင်း ရှင်းလင်းစွာ သူနားလည်သည်။ ထို့ပြင် ဂိုဏ်းထဲမှ တပည့်တချို့သည် အဆိပ်ထကြွနေကြပြီ ဖြစ်သည်။ သူသည် သမားတော်များစွာကို ရှာဖွေခဲ့သော်လည်း မည်သူမှ ထိုအဆိပ်ကို မကုသနိုင်ကြပေ။

သို့ဖြစ်၍ သူက အလွန်အမင်း စိုးရိမ်ကြောင့်ကြနေစဉ် အဆိပ်မမိဘဲ အကောင်းအတိုင်းရှိနေသေးသည့် တပည့်တစ်ယောက်ကို မတော်တဆ ရှာတွေ့သွားသည်။

ထိုတပည့်ထံမှ အကြောင်းစုံကို သိပြီးနောက် သူက ဤနေရာသို့လာရန် စိတ်ဆုံးဖြတ်လိုက်သည်။

သေမျိုးလူသားတစ်ယောက်က ထိုသို့အဆိပ်ဖြေဆေးကို သန့်စင်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။ ဆေးပညာတွင် ထိုမျှကျွမ်းကျင်သောလူသည် မည်သို့မှ သာမန်မဖြစ်နိုင်ပေ။

သို့ဖြစ်၍ သူ၏ အပြုအမူက ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက သက်လတ်ပိုင်းအမျိုးသားကို ကြည့်လိုက်သည်။ တစ်ဖက်လူက အရိုးခေါင်းအဖွဲ့ကို တကယ်သုတ်သင်ပစ်ခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးရန် သူခေါင်းရှုပ်မခံချင်ပေ။

တစ်ဖက်လူ၏ လက်ရှိအပြုအမူသည် သူ့အတွက် လုံလောက်ပေသည်။

သို့ဖြစ်၍ သူက လက်ဝှေ့ယမ်းလိုက်ပြီး အဆိပ်ဖြေဆေးလုံးများဖြင့် ပြည့်နှက်နေသော အိတ်တစ်လုံးကို ပစ်ပေးလိုက်သည်။

သက်လတ်ပိုင်းအမျိုးသားသည် အိတ်ကို လက်နှစ်ဖက်ဖြင့် တရိုတသေ လက်ခံလိုက်သည်။ သူက အိတ်ကို စစ်ဆေးခြင်းမပြုဘဲ သိုလှောင်အိတ်တစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။ သူက ယင်းကို ဘေးတွင် ချထားပြီးနောက် ရိုသေလေးစားစွာ ထွက်ခွာသွားသည်။

All Chapters