← Chapters

လမ်းစဉ်၁၂သွယ်နှင့် ကမ္ဘာဝန်း။

Vol. 23 Ch. 313

လမ်းစဉ်၁၂သွယ်နှင့် ကမ္ဘာဝန်း။

Vol. 23 Ch. 313

တစ်ချိန်တည်း၌ပင် ရှန်ရှန့်ကျုံဂိုဏ်း ခန်းမဆောင်ကြီးထဲတွင် ဝမ်ဖုန်းသည် ဂိုဏ်းချုပ်ထိုင်ခုံထက်တွင် ထိုင်နေခဲ့သည်။ ဝမ်ဖုန်းသည် ကုချိုး၊ကုကန်းချိုးညီအစ်ကိုမှ ဘက်တူအချင်းချင်း ဓားပြတိုက်လုယက်ရန် ကြံစည်နေကြသည်ကို မသိချေ။ လီမျိုးနွယ်စုမှ ရှန်ရှန့်ကျုံဂိုဏ်းကို ကျေးဇူးပြုရန်အတွက် ရှန်းဝမ်စန်းနှင့်အခြားအကြီးအကဲများကို ဖျက်ဆီးသုတ်သင်ရန် စီစဉ်နေသည်ကိုလည်း မသိ‌ချေ။ သူသည် စိတ်တွင်းမှ အေးစက်သည့်အသံကိုသာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် နားထောင်နေခဲ့သည်။

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအားချင်းမှ ချီလုံမျိုးနွယ်စုကို ဖျက်ဆီးခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်တစ်ဘီလီယံနှင့် တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်၁၀ခုကို ရရှိပါတယ်”

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲစစ်ဟန်ဖေးမှ ဇာမဏီမျိုးနွယ်စုကို အမြစ်ဖြတ်သုတ်သင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်….”

“ဒင်!...”

စနစ်၏ အဆက်မပြတ်အချက်ပေးသံကြောင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်သည်လည်း အဆက်မပြတ်တုန်လှုပ်နေခဲ့သည်။ မျက်နှာသည်လည်း နီမြန်းနေကာ စိတ်လှုပ်ရှားသည်ထက်ပင် သာလွန်နေတော့သည်။

ချီလုံမျိုးနွယ်စုအပါအဝင် ရှေးဟောင်းမျိုးနွယ်စုကြီးသုံးခုကို ဖျက်ဆီးသုတ်သင်ခဲ့ခြင်းသည် ဂိုဏ်းအမှတ်၂.၅ဘီလီယံနှင့် တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့် ၂၅ခုကို ရရှိစေခဲ့သည်။ ဤသည်မှာ အလွန်ချမ်းသာကြွယ်ဝစေသော လှိုင်းဂယက်ကြီးဖြစ်၏။

ရှေးဟောင်းမျိုးနွယ်စုကြီးသုံးခုကို ဖျက်ဆီးခြင်းဖြင့်ပင် ဤမျှသောပမာဏကို ရရှိနိုင်သည်ဖြစ်ရာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများကို ဖျက်ဆီးပါလျှင် မည်မျှသောပမာဏ ရရှိပါလိမ့်မည်နည်း။ ထိုသို့အတွေးတွင် ဝမ်ဖုန်း၏မျက်လုံးအစုံမှာ လင်းလက်စွာတောက်ပသွားလေသည်။

“ဒင်! စနစ်အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို အသက်သွင်းခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စနစ်အဆင့်နဲ့ ဂိုဏ်းအဆင့်များကို အဆင့်မြှင့်တင်လိုပါသလား?”

“မြှင့်မယ်!”

ဝမ်ဖုန်း တုံ့ဆိုင်းမှုမရှိပြောလိုက်သည်။

“ဒင်! စနစ်အဆင့်မြှင့်တင်ခြင်းအတွက် ဂိုဏ်းအမှတ်သန်း၅၀လို အလိုအလျောက် အသုံးပြုလိုက်ပါသည်။ ဂိုဏ်းအဆင့်မြှင့်တင်ခြင်းအတွက် ဂိုဏ်းအမှတ်သန်း၅၀ကို အလိုအလျောက် အသုံးပြုလိုက်ပါသည်”

“ဒင်! စနစ်အဆင့်၈သို့ မြင့်တင်ပြီးဆုံးခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအဆင့်၈သို့ မြှင့်တင်ပြီးဆုံးခြင်းအတွက် ဂုဏ်ပြုပါတယ်”

ဝမ်ဖုန်းသည် စိတ်လှုပ်ရှားနေမှုကိုထိန်းချုပ်၍ အလျင်စလို မေးမြန်း၏။

“စနစ်အဆင့်၈ကို မြှင့်တင်လိုက်ပြီးတဲ့‌ေနာက် စနစ်ရဲ့လုပ်ဆောင်ချက်တွေက ဘာတွေလဲ?”

“ဒင်! စနစ်အဆင့်ကို အဆင့်၈သို့မြှင့်တင်ပြီးဆုံး၍ ကနဦးနတ်မင်းအဆင့် ကျပန်းဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ။ ၎င်းဆင့်ခေါ်ခွင့် ဖွင့်လှစ်ခြင်းဖြင့် အနိမ့်ဆုံးနတ်မင်းအဆင့်မှ အမြင့်ဆုံးနတ်မင်းအဆင့်ထိ ဆင့်ခေါ်နိုင်ပါတယ်။ အမြင့်ဆုံးကန့်သတ်ချက်ကို ကျော်လွန်လိုပါက စနစ်အဆင့်ကို အဆင့်၉သို့ မြှင့်တင်ရပါမယ်”

“တာ့အိုအဆင့်အန္တိမဆင့်ခေါ်ခွင့်၁၀ခု‌ကို ပေါင်းစည်းခြင်းဖြင့် နတ်မင်းအဆင့်,ဆင့်ခေါ်ခွင့်တစ်ခုနှင့် လဲလှယ်နိုင်ပါတယ်။ နတ်မင်းအဆင့်,ဆင့်ခေါ်ခွင့်၅ခုကို ပေါင်းစည်းခြင်းဖြင့် နတ်မင်းနယ်ပယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူကို တိုက်ရိုက်ဆင့်ခေါ်နိုင်ပါတယ်”

“ဒင်! စနစ်အဆင့်ကို အဆင့်၈သို့မြှင့်တင်ပြီး‌ဖြစ်သောကြောင့် တစ်ဖက်လောကလျိုယင်းအတွက် သခင်အား ပေးသည့်ဆုလာဘ်သည် လမ်းစဉ်၁၂သွယ်ဖြစ်ပါတယ်”

“သေခြင်းရှင်ခြင်း၏ရှေ့တွင် တစ်ဖက်လောကလျိုယင်းရှိ၏၊ နတ်ဘုရားနှင့်ဝိဉာဉ်တစ္ဆေတို့၏အရှင်သခင်ဟူသည် လျိုယင်းဖြစ်၏!”

“လမ်းစဉ်၁၂သွယ်: ထူးကဲသာလွန်သောအထွတ်အထိပ်လမ်းစဉ်၊ ရှင်ခြင်းလမ်းစဉ်၊ သေခြင်းလမ်းစဉ်၊ နိဗ္ဗာန်လမ်းစဉ်၊ ပြန်လည်ဝင်စားခြင်းလမ်းစဉ်၊ နတ်ဆိုးဝိဉာဉ်လမ်းစဉ်၊ နတ်ဘုရားလမ်းစဉ်၊ တစ္ဆေလမ်းစဉ်၊ အပြစ်ငယ်သန့်စင်ခြင်းလမ်းစဉ်၊ အမှောင်လမ်းစဉ်၊ အမတလမ်းစဉ်၊ ဖျက်ဆီးခြင်းလမ်းစဉ်၊ ဆင့်ကဲကူးပြောင်းခြင်းလမ်းစဉ်!

သခင့်အနေနဲ့ လမ်းစဉ်၁၂သွယ်ကို ပေါင်းစည်းကောက်နုတ်နိုင်ပါတယ်”

ဝမ်ဖုန်းမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေသည်။ ဝမ်ဖုန်းသည် ဂိုဏ်းအမှတ်များကိုအသုံးပြု၍ စနစ်ဈေးတန်းမှ တာ့အိုစည်းမျဉ်းများနှင့်လဲလှယ်ရန် စဉ်းစားနေခြင်းဖြစ်သည်။ စနစ်မှ သူ့အား လမ်းစဉ်၁၂သွယ်ကို တိုက်ရိုက်ပေးအပ်လိုက်မည်ဟု မျှော်လင့်မထားခဲ့ပေ။ အံ့ဩဖွယ်ကောင်းလှပါဘိ!

“စနစ် ဂိုဏ်းအဆင့်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေကရော?”

ဝမ်ဖုန်းသည် လမ်းစဉ်၁၂သွယ်ကို ထုတ်ယူသုံးကြည့်ရန် အလျင်မလိုပါချေ။

“ဒင်! ဂိုဏ်းအဆင့်၈သို့မြှင့်တင်ပြီး၍ ဂိုဏ်းတပည့်များကို အရေအတွက် အပြောင်းအလဲမရှိ ခေါ်ယူခန့်ထားနိုင်ပါတယ်။ ဆုလာဘ်တွေကို ဂိုဏ်းခန်းမ’ကမ္ဘာဝန်း’ထဲကို ရွှေ့ပြောင်းနိုင်ပါတယ်”

“ကမ္ဘာဝန်း: တောင်တန်းများ၊ မြစ်များပါဝင်ပြီး ကုဗမီတာတစ်သိန်း ကျယ်ဝန်းသည်။ အပြင်ကမ္ဘာထက် အင်မော်တယ်ချီပါဝင်မှု ဆယ်ဆသာလွန်သည်။ ထို့ပြင် ဤကမ္ဘာလုံးထဲရှိ အင်မော်တယ်လေထုသည် ပါးလွှာပြီး မည်သည့်ကျင့်ကြံဆင့်ဖြစ်စေ စုပ်ယူနိုင်သည်။ သခင် ဂိုဏ်းဌာနကို နေရာပြောင်းလဲချင်ရင် ကမ္ဘာလုံးထဲကိုပြောင်းရွှေ့ဖို့ တွေးလိုက်ရုံပါပဲ။ ပြီးတာနဲ့ သို‌ေလှာင်စနစ်ထဲကို ဝင်ရောက်သွားပါလိမ့်မယ်”

“ကမ္ဘာဝန်းထဲမှာ နတ်ဘုရားအဆင့် အင်မော်တယ်သွေးကြော၁၀ခုလည်း ရှိပါတယ်။ အင်မော်တယ်သွေးကြောတွေဟာ ကောင်းကင်ဘုံနဲ့ပထဝီမြေကြီးမှ သဘာဝအလျောက်ဖြစ်တည်လာခြင်းဖြစ်ပြီး ကျင့်ကြံသူတွေ ကျင့်ကြံဖို့အတွက် အင်မော်တယ်ချီတွေ ထုတ်လွှတ်ပေးနိုင်ပါတယ်။ သခင့်မှာ အင်မော်တယ်သွေးကြောရှိရင် ကမ္ဘာဝန်းထဲက အင်မော်တယ်သွေးကြောတွေနဲ့ ပေါင်းစည်းနိုင်ပါတယ်”

ဆက်တိုက်ထွက်ပေါ်လာသည့် အချက်ပေးသံများကြောင့် ဝမ်ဖုန်းမှာ အံ့အားသင့်နေရတော့သည်။ ခေါ်ယူခန့်ထားနိုင်သည့် ဂိုဏ်းတပည့်အရေအတွက်မှာ ပြောင်းလဲခြင်းမရှိသော်ငြား ဆုလာဘ်မှာ မယုံကြည်နိုင်ဖွယ် ကောင်းမွန်လှသည်။

အင်မော်တယ်ချီဟူသည် ကောင်းကင်ဘုဲနှင့်ကမ္ဘာမြေ၏စွမ်းအင်ဖြစ်ပြီး ထိုက်ရွှမ်ဆန်းကြယ်ဘုံအဆင့်(နတ်မင်းနယ်ပယ်အဆင့်) ကျင့်ကြံသူများသာလျှင် စုပ်ယူနိုင်ပေသည်။ တာ့အိုအဆင့်ကျင့်ကြံသူများမှ အင်မော်တယ်ချီအား အတင့်ရဲ၍စုပ်ယူဝံ့ပါလျှင် အင်မော်တယ်ချီ၏ ကြီးမားပြင်းထန်သောအင်အားကြောင့် သေချာပေါက် ပေါက်ကွဲသွားပေလိမ့်မည်။

ယခု၌ ကမ္ဘာဝန်းသည် ကန့်သတ်ချက်များကို ချိုးဖျက်လိုက်ပြီဖြစ်ပြီး မည်သည့်ကျင့်ကြံဆင့်ဖြစ်စေ အင်မော်တယ်ချီကို စုပ်ယူနိုင်ပေသည်။ အလွန်ကြောက်မက်ဖွယ်ရာပင်! ငယ်ရွယ်စဉ်မှစတင်၍ ချီစွမ်းအင်ကိုသာ စုပ်ယူကျင့်ကြံခဲ့သူသည် ငယ်ရွယ်စဉ်မှစတင်၍ ‌အင်မော်တယ်ချီကို စုပ်ယူကျင့်ကြံခဲ့သူနှင့် တူညီနေမည့်ဖြစ်ရပ်ကို စဉ်းစားကြည့်ပါလေ..။

ထိုနှစ်ဦး၏ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြား၏။

ရှန်ရှန့်ကျုံဂိုဏ်းတပည့်များမှ အင်မော်တယ်ချီကို စုပ်ယူကျင့်ကြံနိုင်ပါလျှင် ကျင့်ကြံမှုအရှိန်နှုန်းများ တိုးတက်လာရုံမျှမက သူတို့၏ကိုယ်ပိုင်အင်အားနှင့် သန့်စင်မှုသည်လည်း တိုးတက်လာပေလိမ့်မည်။ ကမ္ဘာဝန်းထဲတွင် အချိန်တစ်ခုကျင့်ကြံလိုက်သည်နှင့် ဂိုဏ်းတပည့်များသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ပြိုင်ဘက်ရန်သူများနှင့် တန်းတူညီသွားကြပေမည်။

စူးစမ်းသိမြင်လိုစိတ်ကို မထိန်းချုပ်နိုင်စွာဖြင့် ဝမ်ဖုန်းသည် သိုလှောင်စနစ်ထဲမှ ကမ္ဘာဝန်းကို ထုတ်ယူလိုက်ရာ တလက်လက်တောက်ပနေသော အလုံးတစ်ခု ဝမ်ဖုန်း၏လက်ဖဝါးထက်တွင် ပေါ်ထွက်လာခဲ့သည်။

ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်တွင် ဝမ်ဖုန်းသည် ခန္ဓာကိုယ်ရော ဝိဉာဉ်ထိပါ တုန်ရီသွားရလေသည်။ ထိုအလုံးထက်တွင် သိပ်သည်းနက်နဲသော အက္ခရာစာလုံးများ တည်ရှိနေ၏။ ဝမ်ဖုန်း၏ လက်ရှိကျင့်ကြံဆင့်ဖြင့်ပင် ၎င်းပဟေဠိကို နားမလည်နိုင်ပါချေ။

ဝမ်ဖုန်း၏လက်များမှာ အချိန်ခဏမျှ တုန်ယင်နခဲ့သည်။ သူ၏လက်ဖဝါးထက်တွင် ကမ္ဘာတစ်ခုရှိနေသည်ဟူသော ခံစားချက်သည် ဖိစီးစေ၏။ ကမ္ဘာဝန်းသည် သေးငယ်ပုံပေါ်သော်ငြား အလေးချိန်မှာ ဝမ်ဖုန်း မျှော်လင့်ထားသည်ထက် များစွာပို၍လေးလံသည်။ ဝမ်ဖုန်းသည် ဤကမ္ဘာဝန်း၏အရှင်သခင်ဖြစ်နေသောကြောင့် မဟုတ်ပါလျှင် ဤကမ္ဘာဝန်းကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။

“စနစ် ရှန်ရှန့်ကျုံဂိုဏ်းအဆောက်အဦးကို ကမ္ဘာဝန်းထဲကို ဘယ်လိုရွှေ့ပြောင်းရမလဲ?”

နဖူးထက်မှ ချွေးစေးများကို ဖိသုတ်ရင်းဖြင့် ဝမ်ဖုန်း အလျင်အမြန် မေးမြန်းလိုက်သည်။

“ဒင်! ကမ္ဘာဝန်းကို မြေပြင်ပေါ်ချထားလိုက်ရင် ရပါပြီ။ မည်သည့်လှိုင်းဂယက်မှ မဖြစ်ပေါ်စေဘဲ အရှိန်အဝါက ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ကမ္ဘာဝန်းထဲ ဖြေးညင်းသိမ်မွေ့စွာနဲ့ ‌ဆွဲသွင်းသွားပါလိမ့်မယ်”

ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် တွန့်ဆုတ်မှုမရှိ ကမ္ဘာဝန်းကို မြေပြင်သို့ချလိုက်သည်။ အရှိန်အဝါသည် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။

ဝမ်ဖုန်း၏ အကြည့်‌ေအာက်၌ပင် ကမ္ဘာဝန်းသည်‌ မြေအောက်တစ်ခွင်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။ တစ်ပြိုင်နက်တည်းပင် ရှန်ရှန့်ကျုံဂိုဏ်းဌာနတစ်ခုလုံး ‌ပြောင်းလဲသွားသည်ကို ဝမ်ဖုန်း ခံစားမိခဲ့သည်။ ၎င်းပြောင်းလဲမှုကို ကမ္ဘာဝန်း၏အရှင်သခင်ဖြစ်သော ဝမ်ဖုန်းနှင့် ထိုရွှမ်ဆန်းကြယ်ဘုံအဆင့်(နတ်မင်းအဆင့်)သို့ ရောက်ရှိပြီးသော ဖောင့်ပန်းတို့သာလျှငိ သတိထားမိပေသည်။

ဤတစ်ကြိမ် စနစ်နှင့်ဂိုဏ်းတို့အား အဆင့်၈သို့မြှင့်တင်ရခြင်းသည် အလွန်ထိုက်တန်လှသည်။ သူ၏ကိုယ်ပိုင်အင်အားဖြစ်သော လမ်းစဉ်၁၂သွယ်ကို ပေါင်းစည်းလိုက်သည်နှင့် သူ၏ကျင့်ကြံဆင့်မှာ တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်သို့ ချက်ချင်းရောက်ရှိနိုင်ပြီး အဟန့်အတားကြီး၁၀ခုကို ဖြတ်ကျော်ကာ လမ်းစဉ်၁၂သွယ်ကို ပြီးပြည့်စုံစွာ ထိုးဖောက်ရောက်ရှိနိုင်မည်ဖြစ်သည်။

တစ်ပြိုင်နက်တည်းပင် ဝမ်ဖုန်း၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည်လည်း ပုံမှန်အားဖြင့် ယှဉ်ပြိုင်နိုင်သူ မရှိနိုင်လောက်တော့ပေ။ သာမန်လူများအတွက်မူ အဟန့်အတားကြီး၁၀ခုကိူ ဖြတ်ကျော်ရန်ပင် ခက်ခဲလွန်းလှသည်ဖြစ်ရာ လမ်းစဉ်၁၂သွယ်ကို ပြီးပြည့်စုံစေရန်မူ မဖြစ်နိုင်ပါချေ။

“စနစ် တာ့အိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်၅၀ကို ပေါင်းစည်းပြီး ကနဦးနတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၅ခုနဲ့ လဲလှယ်မယ်”

အချိန်ခဏမျှ စိတ်လှုပ်ရှားမှုအပြီးတွင် ဝမ်ဖုန်း၏မျက်လုံးအစုံမှာ ‌အလင်းတစ်စတောက်ပသွားလျက် ညင်သာစွာရေရွတ်၏။

“ဒင်! ကနဦးနတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၅ခုကို လဲလှယ်ပြီးပါပြီ”

“ကနဦးနတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၅ကို ထပ်ပေါင်းပြီး နတ်မင်းနယ်ပယ်အတွတ်အထိပ်အဆင့်ကျင့်ကြံသူကို တိုက်ရိုက်ဆင့်ခေါ်မယ်”

ဝမ်ဖုန်း ခေါင်းညိတ်၍ ပြောလိုက်သည်။

All Chapters