← Chapters

ရှန်ရှန့်ကျုံဂိုဏ်း၏ဓား၄လက်

Vol. 23 Ch. 316

ရှန်ရှန့်ကျုံဂိုဏ်း၏ဓား၄လက်

Vol. 23 Ch. 316

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းတပည့်ကုချိုးမှ တာ့အိုနတ်ဘုရားပထမကြယ်အဆင့် လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်သန်း၂၀နှင့် တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့်၂ခု ရရှိပါတယ်”

ရှန်ရှန့်ကျုံဂိုဏ်းခန်းမဆောင်ထဲတွင်ဖြစ်သည်။ ဝမ်ဖုန်းသည် စနစ်၏အချက်ပေးသံကြောင့် ကြောင်အသွား၏။

အချက်ပေးသံထွက်ပေါ်လာချိန်တွင် ဝမ်ဖုန်းသည် လမ်းစဉ်၁၂သွယ်ကို ပေါင်းစည်း၍ တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်သို့ တက်လှမ်း‌ပြီးချိန်ဖြစ်သည်။ ဝမ်ဖုန်းသည် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို ထိန်းညှိနေခြင်းဖြစ်ပြီး မမျှော်လင့်စွာဖြင့် ကုညီအစ်ကိုနှစ်ဦးမှ အံ့အားသင့်ဖွယ်ရာများ ပေးလာခဲ့လေသည်။

ဒီအရူးနှစ်ကောင်ကတော့ လုယက်တာကလည်း အဲ့လောက်မြန်ရလား? မဖြစ်နိုင်တာ! စုန့်ချယ်ရဲ့ကျင့်ကြံဆင့်က နတ်မင်းငယ်အဆင့်ထိ‌ ရောက်သွားပြီကို အတွေးတစ်ချက်နဲ့တင် ထျန်းလန်ဒေသတစ်ဝက်ကျော်လောက်ကို ဖြတ်သန်းသွားနိုင်တယ်လေ။ ကုညီအစ်ကိုက မိုင်တစ်သောင်းလောက် ရှေ့ကိုကြိုပြေးထားရင်တောင် အမီလိုက်နိုင်မှာပဲကို?

“စနစ် ဘယ်လိုဖြစ်တာလဲ?”

စဉ်းစားမရသည်ကြောင့် ဝမ်ဖုန်း စနစ်ကိုမေးလိုက်သည်။

“ဒင်! ကုညီအစ်ကိုနှစ်ဦးက လင်းယုန်ကုန်သည်အသင်းကို လုယက်ချင်ခဲ့ပါတယ် ဒါပေမဲ့…”

စနစ်၏ရှင်းပြချက်ကို နားထောင်ရင်းဖြင့် ဝမ်ဖုန်းမှာ ပို၍ပို၍ မျက်နှာပျက်ယွင်းလာရသည်။ ခန္ဓာကိုယ်မှာလည်း ဒေါသကြောင့် ‌တုန်ယင်နေတော့၏။

တော်လိုက်တဲ့ကောင်တွေ! ဘယ်လိုတောင် ကိုယ့်လူကိုယ် ဓားပြတိုက်ဖို့ဖြစ်သွားရတာလဲ!

ကောင်းတယ် ကောင်းတယ်!

ဝမ်ဖုန်း ထိပ်တန်းညှဉ်းပန်းနှိပ်စက်မှု နည်းလမ်းကြီး၁၀မျိုးကို စဉ်းစားကြည့်နေ၏။ အရေပြားခွာခြင်း၊ ဟန်ကျု၊ စသည်ဖြင့်…။

ဒီညီအစ်ကိုနှစ်ယောက်အတွက် ဘယ်နည်းလမ်းက သင့်တော်လောက်မလဲ?

ထိုသို့ စဉ်းစားနေခဲ့ပြီးနောက်တွင် ဝမ်ဖုန်းသည် အဆင်ပြေပါသည်ဟု စိတ်ပြေလျော့သွားခဲ့သည်။ ထိုညီအစ်ကိုနှစ်ဦးသည် ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရွေးစင်တပည့်များပင် မဟုတ်ပါလော။

ထားပါတော့ ဒီညီအစ်ကိုနှစ်ယောက်အတွက် အပြင်းထန်ဆုံးညှင်းပန်းနှိပ်စက်မှုက လုယက်လို့မရတာပဲ မဟုတ်လား?

ဝမ်ဖုန်းသည် မေးစေ့ကိုပွတ်သပ်လျက် ထိုညီအစ်ကိုနှစ်ဦးပြန်ရောက်လာလျှင် မှောင်မည်းသည့်အခန်းကျဉ်းလေးထဲတွင် သော့ခတ်ပိတ်ထားပြီး နတ်မင်းအဆင့်သို့ မရောက်ရှိပါက ရှန်ရှန့်ကျုံဂိုဏ်းနယ်နိမိတ်မှ ဖြတ်ကျော်ခွင့်မပြုရန် တွေးထားလိုက်သည်။

ဟမ်!

ထိုအခိုက်တွင် ခန်းမဆောင်မှာ ရုတ်တရက်တုန်ခါလာခဲ့ပြီး ပုံရိပ်တစ်ခုပေါ်ထွက်လာခဲ့သည်။

ခမ်းနားဝံ့ထည်သည့်အရှိန်အဝါနှင့် ခက်ထန်သောမျက်နှာရှိသော ထိုပုံရိပ်သည် သေရည်မူးနေဆဲဟန်ရှိ၏။ အရှည်၄ပေ၊၉လက်မခန့်အရွယ်အစားရှိ ဓားရှည်ကို ခါးထက်တွင်ချိတ်ဆွဲထားပြီး သူ၏လက်တို့မှာ သာမန်လူများထက် သွယ်လျသည်။ သူ၏လက်ချောင်းများသည် သာမန်လူများထက် ၂လက်မ၊၄လက်မခန့် ပို၍ရှည်လျား၏။

“လန်ဖန်းယွမ့် ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”

ထိုပုံရိပ်မှာ ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားအကြီးမားဆုံးသော လန်ဖန်းယွမ့်ဖြစ်သည်။ လန်ဖန်းယွမ့်သည် ဝမ်ဖုန်းကို ရိုသေကျိုးနွံ့စွာ နှုတ်ဆက်၏။

“အရမ်းယဉ်ကျေးဖို့မလိုပါဘူး။ ရှန်ရှန့်ကျုံဂိုဏ်းကို မင်းရောက်လာတာကြောင့်မလို့ ဂိုဏ်းက ပိုပြီးအင်အားဖြစ်ရတာပါ”

ဝမ်ဖုန်းသည် အပြုံးဖြင့် လက်ကိုဆန့်ထုတ်၍ လန်ဖန်းယွမ့်အား ကူညီထူမတ်ပေးလိုက်သည်။

“လန်ဖန်းယွမ့်က ရှန်ရှန့်ကျုံဂိုဏ်းနဲ့ဂိုဏ်းချုပ်အတွက် သေချာပေါက် ရန်သူတွေအားလုံးကို သုတ်သင်ပေးပါ့မယ်”

လန်ဖန်းယွမ့်မှ တည်ကြည်လေးနက်စွာပြော၏။

ဝမ်ဖုန်းမှ စိတ်ကျေနပ်စွာခေါင်းညိတ်လျက် အချိန်ခဏမျှတွေးတောပြီးနောက် ပြောခဲ့သည်။

“ကုညီအစ်ကိုနှစ်ယောက်ပြန်ရောက်လာရင် မင်းနဲ့ဖောင့်ပန်းတို့ သူတို့နဲ့ဂိုဏ်းတပည့်တွေကို သင်ပြပေးလိုက်ပါ။ အထူးသဖြင့် ကုညီအစ်ကိုနှစ်ယောက်ကိုပေါ့။ သူတို့‌ကို အပြင်ထွက်မသွားစေနဲ့”

ရှန်ရှန့်ကျုံဂိုဏ်းသည် ထျန်းလန်ဒေသတွင် တည်ရှိနေဆဲဖြစ်သော်ငြား ကမ္ဘာဝန်းနှင့် ပေါင်းစည်းပြီးဖြစ်သည်။ ယခုလက်ရှိတွင် ရှန်ရှန့်ကျုံဂိုဏ်းအတွင်း၌ စိမ့်ဝင်ပျံ့နှံ့နေသည်မှာ ချီစွမ်းအင်များ မဟုတ်တော့ပေ။ အင်မော်တယ်စွမ်းအင်များဖြစ်သည်။

ရှန်ရှန့်ကျုံဂိုဏ်းတပည့်အများစုကို နတ်မင်းငယ်အဆင့် ဂိုဏ်းအကြီးအကဲများမှ သင်ကြားပးနေခြင်းဖြစ်သည်။ လက်‌ရွေးစင်တပည့်၅ဦးကိုမူ ဘုံနန်းရှင်နတ်မင်းအဆင့်နှင့် ဂုဏ်သရေနတ်မင်းအဆင့်ဖြစ်‌သော ဖောင့်ပန်းနှင့် လန်ဖန်းယွမ့်တို့မှ သင်ကြားပေးပေမည်။ အင်မော်တယ်စွမ်းအင်၏ အထောက်အပံ့နှင့် ပေါင်းစည်းလိုက်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် မကြာသည့်အချိန်အတွင်း တိုးတက်မှုများစွာရှိလာ‌လိမ့်မည်ဟု ဝမ်ဖုန်း သေချာပါ၏။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

လန်ဖန်းယွမ့်သည် ဝမ်ဖုန်းကို လက်ဟန်ဖြင့် အရိုအသေပြုနှုတ်ဆက်ပြီးနောက် ခန်းမဆောင်ထဲမှထွက်ခွာရန် လှည့်ထွက်သွားတော့သည်။ လန်ဖန်းယွမ့်သည် ရန်သူတစ်ဖြစ်လည်း မိတ်ဆွေလည်းဖြစ်သော ဖောင့်ပန်းနှင့် စကားစမြည်ပြောဆိုချင်လှသည်။

ထွက်ခွာသွား‌ေသာ လန်ဖန်းယွမ့်၏နောက်ကျောကိုကြည့်ရင်းဖြင့် ဝမ်ဖုန်း ခေါင်းညိတ်မိ၏။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများကို ဖျက်ဆီး၍ ထျန်းလန်ဒေသကို ပေါင်းစည်းခြင်းဖြင့် ထျန်းလန်ဒေသအား အုပ်ချုပ်သည့်အခွင့်အရေးကို ရယူရန် အချိန်ကျရောက်ခဲ့လေပြီ။

“ချီမိန်ချွေရွှယ်၊ ယဲ့ကူချန်၊ ယန်ရှစ်စန်း၊ ရှဲ့ရှောင်ဖုန်း ဂိုဏ်းချုပ်ခန်းမဆောင်ကို လာခဲ့ပါ”

ဝမ်ဖုန်း အချိန်ခဏမျှ စဉ်းစားတွေးတောပြီးနောက်တွင် ချီမိန်ချွေရွှယ်နှင့် အခြားအကြီးအကဲများသို့ အသံပို့ဆောင်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ဝမ်ဖုန်းကိုယ်တိုင် မလှုပ်ရှားလိုပါချေ။ လက်ရှိတွင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအားလုံးသည် နတ်မင်းငယ်အဆင့်သို့ ရောက်ရှိနေကြပြီးဖြစ်ပြီး မည်သို့ပင်ဖြစ်စေ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများကို ဖျက်ဆီးရန်လုံလောက်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့်များ ဂိုဏ်းချုပ်မိမိမှာ ကိုယ်တိုင်ဦးဆောင်လှုပ်ရှားရန် လိုအပ်ပါမည်နည်း။

ရှန်ရှန့်ကျုံဂိုဏ်း၏ ဓား၄လက်ကို လောကသို့ချပြရန် အချိန်ကျရောက်ခဲ့ပြီ။

“ဂိုဏ်းချုပ်”

အချိန်ခဏကြာပြီးနောက်တွင် ချီမိန်ချွှေရွှယ်နှင့် အခြားအကြီးအကဲများ ဂိုဏ်းချုပ်ခန်းမဆောင်သို့ ရောက်လာခဲ့ကြသည်။

“ယဉ်ကျေးမှုတွေကို ထားလိုက်တော့။ ငါမင်းတို့ကိုခေါ်လိုက်တာက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေကို ဖျက်ဆီးချင်လို့ပဲ။ ချီမိန်ချွှေရွှယ် မင်းက ရှေးဟောင်းမျိုးနွယ်စုကို သွား၊ ယဲ့ကူချန်က ရှန့်ယွီမျိုးနွယ်စု၊ ယန်ရှစ်စန်းက ဝူမျိုးနွယ်စု၊ ရှဲ့ရှောင်ဖုန်းက ကျိမျိုးနွယ်စုကို သွားဖျက်ဆီးလိုက်ပါ”

ဝမ်ဖုန်း လက်ကိုဝှေ့ယမ်း၍ လိုရင်းကိုတိုက်ရိုက်ပြောလိုက်သည်။

“ဟုတ် ဂိုဏ်းချုပ်!”

ချီမိန်ချွှေရွှယ်တို့သည် လက်ဟန်ဖြင့် ဝမ်ဖုန်းကို ထပ်မံအရိုအသေပေးလိုက်ကြ၏။ ထို့နောက် အလင်းတစ်ပြက်နှင့်အတူ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများသို့ ဦးတည်ထွက်ခွာသွားကြ‌လေသည်။

“စနစ် စနစ်အဆင့်နဲ့ဂိုဏ်းအဆင့်ကို အဆင့်၉မြှင့်တင်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ?”

ချီမိန်ချွှေရွှယ်တို့ ထွက်သွားပြီးနောက် ဝမ်ဖုန်း စိတ်ထဲမှမေးမြန်းလိုက်သည်။

“ဒင်! စနစ်အဆင့်၉သို့ မြှင့်တင်ရန်အတွက် အကျော်ဇေယျနတ်မင်းအဆင့်ရှိကျင့်ကြံသူကို ဖျက်ဆီးရန်လိုအပ်ပါတယ်။ ဂိုဏ်းအဆင့်၉သို့ မြှင့်တင်ရန်အတွက် ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်သောင်း ခေါ်ယူခန့်အပ်ရန် လိုအပ်ပါတယ်။ အနည်းဆုံး ဂိုဏ်းတပည့်၁၀ယောက်မှ နတ်မင်းငယ်အအထွတ်အထိပ်အဆင့်ကို ရောက်ရှိရန်လိုအပ်ပြီး ဂိုဏ်းတပည့်တစ်ထောင်ဟာ ပကတိနတ်မင်းအဆင့်ကို ရောက်ရှိရန်လိုအပ်ပါတယ်”

စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း မျက်လုံးများမှေးကျဉ်းလိုက်၏။ ထို့နောက် တည်ကြည်စွာဖြင့် မေးလိုက်သည်။

“စနစ် အကျော်ဇေယျနတ်မင်းအဆင့်က ဘာလဲ?”

ဝမ်ဖုန်းသိထားသည့် ထိုက်ရွှမ်ဆန်းကြယ်ဘုံကျင့်ကြံဆင့်များမှာ ပကတိနတ်မင်း၊နတ်မင်းငယ်၊ဘုံနန်းရှင်နတ်မင်း၊ ဂုဏ်သရေနတ်မင်းအဆင့်များသာ ဖြစ်သည်။ ထိုအထက်ရှိအဆင့်များကိုမူ ဝမ်ဖုန်း သေချာမသိပါချေ။

“ဒင်! ပဉ္စမမြောက်နတ်မင်းသွေးကြော ယန်အာကာပြင်သွေးကြောကို ဖွဲ့တည်ပြီးနောက်တွင် အကျော်ဇေယျနတ်မင်းအဆင့်သို့ ရောက်ရှိမည်။ ဆဌမမြောက်နတ်မင်းသွေးကြောကို ဖွဲ့တည်နိုင်လျှင် ထွက်ရပ်ပေါက်နတ်မင်းအဆင့်သို့ ရောက်ရှိမည်။ သတ္တမမြောက်သွေးကြောဖြစ်သည့် နေမင်းသွေးကြောကို ဖွဲ့တည်နိုင်လျှင် ပြောင်းလဲခြင်းနတ်မင်းအဆင့်သို့ ရောက်ရှိနိုင်ပြီး အဌမမြောက်နတ်မင်းအဆင့် ထိုက်ယင်သွေးကြောကို ဖွဲ့တည်နိုင်လျှင် နတ်ဘုရင်အဆင့်သို့ ရောက်ရှိနိုင်သည်”

“နဝမမြောက်သွေးကြောကိုဖွဲ့တည်နိုင်လျှင် နတ်ဝိဇ္ဇာအဆင့်၊ ဒသမမြောက်နတ်မင်းသွေးကြောကို ဖွဲ့တည်နိုင်လျှင် ကိုးကွယ်ခံနတ်မင်းအဆင့်၊ ဆယ့်တစ်ခုမြောက်သော နှလုံးသားသွေးကြောကို ဖွဲ့တည်နိုင်လျှင် မိုးကောင်းကင်နတ်မင်းအဆင့်၊ ဆယ့်နှစ်ခုမြောက်သော စိတ်ဝိဉာဉ်သွေးကြောကို ပြီးပြည့်စုံသည်အထိ ဖွဲ့တည်နိုင်လျှင် အန္တိမနတ်မင်းအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်”

“နတ်မင်းနယ်ပယ်၏ နတ်မင်းသွေးကြော၁၂သွယ်ကို အပြည့်အဝဖွဲ့တည်ပြီးနောက် ပြန်လည်ဝင်စားခြင်း၏မဟာစက်ဝန်းကို ဖော်ဆောင်နိုင်ပြီးရင် မေ့လျော့ခံအာကာဘုရင်အဆင့်သို့ တက်လှမ်းနိုင်ပါလိမ့်မယ်”

စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း၏မျက်နှာမှာ ပို၍တည်ကြည်လေးနက်သွားသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏လက်ရှိအင်အားမှာ တစ်စုံတစ်ရာ ပြီးမြောက်အောင်မြင်ပြီးသည့် အခြေအနေဟု ဝမ်ဖုန်း တွေးတာခဲ့၏။ သို့သော် နယ်ပယ်ပေါင်းများစွာ ကျန်ရှိနေသေးပြီး ရှန်ရှန့်ကျုံဂိုဏ်း လျှောက်လှမ်းရန်လမ်းမှာ အတော်ဝေးဝေး ကျန်ရှိနေသေးပေသည်။

ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအင်အားဖြင့် အကျော်ဇေယျနတ်မင်းအဆင့်ကျင့်ကြံသူကို ဖျက်ဆီးရန်အတွက်မူ ယခုအချိန်အတောတွင်း၌ မဖြစ်နိုင်သေးပေ။ ကပ်ဘေးအန္တရာယ်စနစ်ပွင့်သွားပြီး လီပိုင် ပေါ်ထွက်မလာမီအချိန်အထိ စွမ်းအားမြင့်ပုဂ္ဂိုလ်များကို ထပ်မံဆင့်ခေါ်ရန်သာ တတ်နိုင်သည်။

“အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုလးခုကို ဖျက်ဆီးပြီးရင် ဂိုဏ်းတပည့်တစ်သောင်း ခန့်အပ်နိုင်မယ်။ ကမ္ဘာဝန်းရဲ့အထောက်အပံ့နဲ့ဆို ဂိုဏ်းတပည့်တစ်ထောင်လောက်ကို ပကတိနတ်မင်းအဆင့်ကို ရောက်စေဖို့က ပြဿနာမရှိနိုင်ဘူး”

ဝမ်ဖုန်း မျက်လုံးများကို‌ေမှးကျဉ်း၍ ခပ်ဖျော့ဖျော့ရေရွတ်၏။ ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏အနာဂတ်အတွက် ဆုံးဖြတ်ချက်ချပြီးခဲ့ပြီဖြစ်သည်။

All Chapters