← Chapters

တောင်ပိုင်းနယ်မြေမှ သေခြင်းမဲ့နတ်ဘုရား။

Vol. 23 Ch. 318

တောင်ပိုင်းနယ်မြေမှ သေခြင်းမဲ့နတ်ဘုရား။

Vol. 23 Ch. 318

ကုညီအစ်ကိုနှစ်ဦးသည် ထိုက်ရွှမ်ဆန်းကြယ်ဘုံသို့‌ ရောက်ရှိသည်အထိ ကျင့်ကြံရမည့်ကံကြမ္မာကို လက်ခံလိုက်ရလေသည်။

နဂါးဧကရာဇ်တောက်ဇွင်းသည် တောင်ထိပ်တွင် လက်ကိုနောက်ပစ်လျက် သူ၏ရှေ့ရှိ ဖြေးညှင်းစွာထွက်ပေါ်လာနေသည့် အမည်းရောင်အက်ကွဲကြောင်းများကို တည်ကြည်လေးနက်စွာ ရပ်ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများမှာ တောက်ပသည့်အလင်းများ လင်းလက်နေ၏။

နဂါးဧကရာဇ်တောက်ဇွင်း၏ အကြည့်အောက်၌ ‌လေဟာပြင်မှ ဝိုးတဝါးပုံရိပ်၁၈ခု ထွက်ပေါ်လာခဲ့သည်။ သာမန်မျက်လုံးဖြင့်ပင် မြင်တွေ့နိုင်သည်အထိ လေဟာပြင်ကြီးတွန့်လိမ်ပုံပျက်လာခဲ့သည်မှာ ဤနေရာမှာ အချိန်မရွေး ပြိုကွဲပျက်စီးသွားနိုင်သည့်အလား ထင်မှတ်ရသည်။

၎င်းပုံရိပ်၁၈ခုမှာ အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားကြပြီး မျက်နှာများမှာ ခမောက်ဝိုင်းဆောင်းထားသည်ကြောင့် တစ်ဝက်သာမြင်တွေ့ရသည်။ သူတို့၏ရင်အုံထက်တွင် သွေးနီဓားသဏ္ဍာန်ကို ဆေးမင်ကြောင်ထိုးထားကြလေရာ ငရဲမှ တွယ်တက်လာကြသည့် အလောင်းကောင်များအလား ဖြစ်နေတော့သည်။

“နှလုံးသားမဲ့၊ ခန္ဓာမဲ့၊ ဝိဉာဉ်မဲ့ဖြင့် အရှင်သခင်၏အမိန့်တော်အောက်တွင် ကျွန်ုပ်တို့ ကူညီရန်ရောက်လာခဲ့ပါပြီ!”

ပုံရိပ်၃ခုမှ နဂါးဧကရာဇ်တောက်ဇွင်းအား လက်ဟန်ဖြင့်အရိုအသေပြုလျက် ကြမ်းရှစွာပြော၏။ သူတို့၏အသံတွင် ခံစားချက်အနည်းငယ်သော်မျှ ရှိမနေကြချေ။ စက်ယန္တရားများအလား ရှင်းပြရန်နက်နဲ‌ေသာ်ငြား အလွန်တရာ ကြက်သီးထဖွယ်ကောင်းလှသည်။

“‌ေသခြင်းမဲ့နတ်ဘုရားသုံး‌ပါးကို ငါ့ကိုကူညီဖို့ စေလွှတ်ခဲ့လိမ့်မယ်လို့ မျှော်လင့်မထားမိဘူးပဲ”

နဂါးဧကရာဇ်တောကဇွင်း၏ မျက်လုံးအစုံတွင် နက်ရှိုင်းလှစွာသော ကျေးဇူးတရားကိုသိရှိမှုတို့ ထင်ဟပ်နေခဲ့လျက် ခပ်ဖျော့ဖျော့သက်ပြင်းချ၏။

နဂါးဧကရာဇ်တောက်ဇွင်းသည် ထိုလူမှ သူ့အားကူညီခဲ့လျှင်သော်မှ သာမန်နတ်မင်းအဆင့်ကျင့်ကြံသူ၃ဦးခန့်သာ စေလွှတ်လိုက်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။

‌‌မမျှော်လင့်စွာဖြင့် ထိုလူသည် တိုက်ခိုက်ချေမှုန်းစွမ်းရည်အမြင့်မားဆုံးသော သေခြင်းမဲ့နတ်ဘုရားသုံးပါးကို စေလွှတ်ခဲ့လေသည်။

ထိုပုံရိပ်များမှာ ဂရုထားခြင်းအလျဥ်းးမရှိချေ။ နဂါးဧကရာဇ်၏ ချီးမြှောက်စကားသံကို ကြားရသည်ဖြစ်သော်မှ တောင်ထိပ်တွင် တည်ငြိမ်အေးဆေးစွာ ရပ်နေဆဲဖြစ်‌သည်။

‌ဝူရှင်းတို့သုံးဦးကိုကြည့်ရင်းဖြင့် နဂါးဧကရာဇ်တောက်ဇွင်း၏ မျက်နှာထက်တွင် မရိုးဖြောင့်သောအပြုံးတစ်စ ထင်ဟပ်လာ၏။ သူ့တွင် ထိုက်ရွှမ်ဆန်းကြယ်ဘုံအဆင့်ကျင့်ကြံသူ ၁၈ဦးရှိပြီး သေခြင်းမဲ့နတ်ဘုရားသုံးပါးလည်း ရှိသည်။ ထိုရှန်ရှန့်ကျုံဂိုဏ်းလေးသည် အဘယ်သို့များ ခုခံပါဦးမည်နည်း။

မိမိ၏နှစ်ထောင်ချီအစီအစဉ်ကို ဖျက်ဆီးဝံ့ခဲ့သည်ဖြစ်ရာ ဤရန်ငြိုးကို မမျှဝေရပါလျှင်၊ ရှန်ရှန့်ကျုံဂိုဏ်းကို ရှင်ရသည်ထက် သေရသည်က ပိုကောင်းမွန်သည်ဟု မခံစား‌ရစေပါလျှင် အဘယ်သို့များ နဂါးဧကရာဇ်တောက်ဇွင်းဟူသော ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ပါတော့အံ့နည်း။

“ဒါက ငါလေ့ကျင့်နေခဲ့တဲ့ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုရဲ့ ကျင့်ကြံမှုလမ်းစဉ်ပဲ။ ကိစ္စတွေအပြီးသတ်ပြီးသွားရင် မင်းတို့ရဲ့သခင်ဆီ ယူသွားပေးလိုက်ပါ”

နဂါးဧကရာဇ်တောက်ဇွင်းသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၍ ဝူရှင်းကို‌ပေးလိုက်သည်။

ဝူရှင်းမှ ခေါင်းညိတ်၍ ကျောက်စိမ်းပြားကို လက်လှမ်းယူလိုက်ကာ သူ၏သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းလိုက်သည်။

“သွားစို့! မင်းတို့က ရှန်ရှန့်ကျုံဂိုဏ်းကို ဖိနှိပ်ပေးဖို့ပဲလိုတယ်။ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းသားတွေကို နှိပ်စက်ညှဉ်းပန်းဖို့ကိုတော့ ငါကိုယ်တိုင်ပဲလုပ်မယ်”

နဂါးဧကရာဇ်တောက်ဇွင်းသည် လက်ကိုဝှေ့ယမ်း၍ စိတ်ပြင်းပြစွာပြော၏။

ဝူရှင်းနှင့်အခြားသူများသည် စကားမဆိုဘဲ နဂါးဧကရာဇ်တောက်ဇွင်းနောက်သို့သာ လိုက်ပါခဲ့သည်။ လူအုပ်စုကြီးသည် ရုတ်ချည်းနေရာမှ ပျောက်ကွယ်သွားကြပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့ ဦးတည်ခဲ့ကြသည်။

တစ်ချိန်တည်း၌ ရှန်ရှန့်ကျုံဂိုဏ်းချုပ်ခန်းမဆောင်တွင်ဖြစ်သည်။ ဝမ်ဖုန်းသည် မိမိ၏ကိုယ်ပိုင်စွမ်းအင်များကို သိမြင်နားလည်ရန် လေ့ကျင့်နေ၏။ နဂါးဧကရာဇ်တောက်ဇွင်းတို့ ဆန်းကြယ်ဒေသမှ ထွက်လာခဲ့ကြပြီး ထျန်းလန်ဒေသသို့ ရောက်ရှိလာကြသည်တွင် ဝမ်ဖုန်း၏မျက်လုံးများ ပွင့်ဟလာခဲ့သည်။ မျက်လုံးမှ အလင်းတစ်စ လင်းလက်သည်မှာ လေဟာပြင်ကိုပင် ဖောက်ထွင်းသွားနိုင်လောက်၏။ ဝမ်ဖုန်းသည် နဂါးဧကရာဇ်တောက်ဇွင်းတို့ရှိရာအရပ်သို့ ကြည့်ရင်းဖြင့် မျက်လုံးများ အနည်းငယ်မှေးကျဉ်းလိုက်သည်။

ဟင်!

ခန်းမဆောင်ထဲတွင် အသံဖျော့ဖျော့တစ်ခု ပဲ့တင်ထပ်သွားပြီး လန်ဖန်းယွမ့်၊ ဖောင့်ပန်းနှင့် အခြားအကြီးအကဲများသည် ခန်းမဆောင်ထဲသို့ ရောက်ရှိလာကြသည်။ သေချာပေါက်ပင် သူတို့သည်လည်း ဝူရှင်းတို့အုပ်စု၏ အရှိန်အဝါကို ခံစားမိကြသာကြောင့် ဖြစ်ပါ၏။

ဝူရှင်းတို့သည် သူတို့၏အရှိန်အဝါကို တမင်ရည်ရွယ်၍ ဖုံးကွယ်မထားခဲ့ခြင်းဖြစ်သည်။ သူတို့၏အမြင်၌မူ ထျန်းလန်ဒေသတွင် သူတို့ထက် အင်အားကြီးမားသူ မရှိနိုင်ဟူ၍ဖြစ်သည်။ သူတို့မှ ထျန်းလန်ဒေသသို့ ခြေချသည်ကိုပင် သတိတကြီးပြုမူနေရပါလျှင် သူတို့၏ အပြင်းအထန်ကြိုးစားထားခဲ့သော ကျင့်ကြံမှုများသည် ဘာများအသုံးဝင်ပါတော့မည်နည်း။

သို့သော် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများမှ သူတို့ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ခံစားသိရှိနိုင်သည်ကိုမူ သူတို့အားလုံး မသိကြပေ။

“ဂိုဏ်းချုပ် သူတို့ဦးတည်မှုကိုကြည့်ရတာ ရှန်ရှန့်ကျုံဂိုဏ်းကို ဦးတည်လာနေကြတာပါပဲ။ ဂိုဏ်းချုပ် သူတို့ကို စောင့်ကြည့်ပြီးမှ ဟန့်တားချင်လား?”

လန်းဖန်းယွမ့်၏မျက်လုံးအစုံ၌ အေးစက်သည့်အလင်းတစ်စ တောက်ပနေခဲ့ပြီး ဝမ်ဖုန်းကို မေးမြန်း၏။

“မဟုတ်ဘူး! ဒါက ထျန်းလန်ဒေသမှာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်လိမ့်မယ်”

“ထျန်းလန်ဒေသခံတွေ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အင်အားအစစ်အမှန်ကို မြင်တွေ့ကြပါစေ။ ပြီးတော့ ရှန်ရှန့်ကျုံဂိုဏ်းဆိုတဲ့ အမည်နာမကို သူတို့ရဲ့စိတ်ဝိဉာဉ်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားပါစေ။ တစ်သက်လုံး မေ့လျော့မသွား‌ရအောင်ပေါ့။ ရှန်ရှန့်ကျုံဂိုဏ်းက ထျန်းလန်ဒေသကနေ ထွက်ခွာသွားပြီးရင်တောင်မှ နောင်နှစ်ပေါင်းမြောက်များစွာ ကြာမြင့်တဲ့အထိ သူတို့ရဲ့စိတ်နှလုံးမှာ ဒီနေ့ကို အမှတ်ရနေပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ကြီးမြတ်မှုကို အမှတ်ရနေပါလိမ့်မယ်!”

ဝမ်ဖုန်း လက်ဝှေ့ယမ်းလျက်ပြော၏။ သူ၏နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးနေသည်မှာ လှောင်ရယ်ဟန်ကို လှစ်ဟပြသနေလျက် နူးညံ့စွာရေရွတ်လေသည်။

ဝမ်ဖုန်း၏စကားအဆုံးတွင် လန်ဖန်းယွမ့်နှင့်အကြီးအကဲများသည်လည်း အပြုံးဖြင့် အချင်းချင်း အကြည့်ချင်းဖလှယ်ကြကာ ခပ်သာသာခေါင်းညိတ်ကြ၏။

“စနစ် အဲဒီ့လူတွေရဲ့ဇာစ်မြစ်ကို စစ်ဆေးလိုက်ပါ”

ခဏမျှတွေးတောပြီးနောက် ဝမ်ဖုန်း စိတ်ထဲမှမေးလိုက်သည်။

လက်ရှိထျန်းလန်ဒေသတစ်ခုလုံး၍ ရှန်ရှန့်ကျုံဂိုဏ်းကို ဆန့်ကျင်ဝံ့သူမှာ နဂါးဧကရာဇ်တောက်ဇွင်းတစ်ဦးသာ ရှိနိုင်ပေသည်။ သို့သော် နဂါးဧကရာဇ်တောက်ဇွင်းသည် တာ့အိုနတ်ဘုရားနဝမကြယ်အထွတ်အထိပ်အဆင့်သာဖြစ်လေရာ အဘယ်သို့်များ နတ်မင်းအဆင့်အရှိန်အဝါကို ထုတ်လွှတ်နိုင်ပါမည်နည်း။

ထို့ပြင် နဂါးဧကရာဇ်တောက်ဇွင်းသည် ရှန်းရွှမ်ဒေသ၊ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စု၏ သားတော်တစ်ပါးဖြစ်လျှင်သော်မှ စွန့်ပစ်ခံသားတော်တစ်ပါးသာ ဖြစ်သည်။ သို့ဖြစ်၍ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုမှ ‌ဧကရာဇ်တောက်ဇွင်းကို အကူအညီပေးရန်မှာ မဖြစ်နိုင်ပေ။ ဧကရာဇ်တောက်ဇွင်းမှ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုကို အကူအညီတောင်းခံဝံ့လျှင်မူ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုမှ ရှန်ရှန့်ကျုံဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်နိုင်ကောင်းပါ၏။ သို့သော်ငြား သို့ဖြစ်ပါလျှင် ပထမဦးစွာ သေဆုံးရမည့်သူမှာ နဂါးဧကရာဇ်တောက်ဇွင်းသာ ဖြစ်ပေလိမ့်မည်။

ထိပ်တန်းမျိုးနွယ်စုတစ်ခုအနေဖြင့် ထျန်းလန်ဒေသ၏ အင်အားစုတစ်ခုကိုပင် ဖြေရှင်းနိုင်မစွမ်းသော ဧကရာဇ်တောက်ဇွင်းကို အဘယ်သို့များ သည်းခံနိုင်ပါအံ့နည်း။ စွန့်ပစ်ခံသားတစ်ယောက်ဖြစ်လျှင်သော်မှ သူ၏လုပ်ရပ်များမှာ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနေခြင်းသာဖြစ်လေသည်။

“ဒင်! စုံစမ်းစစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်၅သန်းကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ”

“ဒင်! ဒီတစ်ကြိမ် နဂါးဧကရာဇ်တောက်ဇွင်း ဦးဆောင်ခေါ်လာသူ ၁၉ယောက်ရှိပါတယ်။ ကျန်တဲ့သူတွေကတော့ သေခြင်းမဲ့နတ်ဘုရား၃ပါးဖြစ်ပါတယ်”

“နတ်မင်းအဆင့်ကျင့်ကြံသူ၁၈ဦးကို နဂါးဧကရာဇ်တောက်ဇွင်းက သူကျင့်ကြံတဲ့ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုရဲ့ ကျင့်ကြံမှုလမ်းစဉ်ကိုပေးချေပြီး ‌ခေါ်ဆောင်ထားတာပါ”

“သူတို့ရဲ့ဇာစ်မြစ်ကတော့ ရှန်းရွှမ်ဒေသတောင်ပိုင်းနယ်မြေဖြစ်ပါတယ်”

စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း မျက်လုံးအနည်းငယ်မှေးကျဉ်းလိုက်၏။ ဤနဂါးဧကရာဇ်တောက်ဇွင်းသည် အဆင်အခြင်မဲ့စွာဖြင့် ရှန်းရွှမ်ဒေသမှ ကျင့်ကြံသူများကို ဖိတ်ခေါ်ခဲ့မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပါချေ။

နတ်မင်းအဆင့်ကျင့်ကြံသူ၁၈ဦးဟူသည် ရှန်ရှန့်ကျုံဂိုဏ်း တည်ရှိနေခြင်းကြောင့်မဟုတ်ပါလျှင် ‌ထျန်းလန်ဒေသတစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် လုံလောက်သော အင်အားဖြစ်သည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းအတွက်မူ ၎င်းအင်အားလေးသည် ပုရွက်ဆိတ်တစ်အုပ်အလား အနည်းငယ်သော်မျှ ခြိမ်းခြောက်မှုမဖြစ်နိုင်ချေ။

ဝမ်ဖုန်းနှင့် လန်းဖန်းယွမ့်တို့သည် ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားကြပြီးဖြစ်သည့်အပြင် နတ်မင်းငယ်အဆင့်ရှိ အခြားသောအကြီးအကဲများကို မှီခိုလျှင်သော်မှ ထိုလူအုပ်စုကို သတ်ဖြတ်ပစ်ရန်လုံလောက်၏။

“စိတ်ဝင်စားစရာပဲ! ငါဂိုဏ်းချုပ်က စနစ်အဆင့်၉ကိုမြှင့်တင်ဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်းရှိသေးတယ် အဲ့ဒီ့ဧကရာဇ်တောက်ဇွင်းက သူ့သဘောနဲ့သူ တံခါးရှေ့ရောက်ချလာတယ်။ ဘယ်လိုတောင် အခန့်သင့်လိုက်သလဲ!”

ဝမ်ဖုန်း နှုတ်ခမ်းထောင့်များ တစ်ဖန်တွန့်ကွေးသွားလျက် ‌ကြ‌က်သီးထဖွယ်အပြုံးတစ်ခု ထင်ဟပ်လာကာ နူးညံ့ညင်သာစွာ တီးတိုးရေရွတ်လေသည်။

၎င်းနဂါးဧကရာဇ်တောက်ဇွင်းသည် ဘုံနန်းရှင်နတ်မင်းအဆင့်ကျင့်ကြံသူ၃ဦး၊ နတ်မင်းငယ်အဆင့်ကျင့်ကြံသူ၅ဦးနှင့် ပကတိနတ်မင်းအဆင့်၁၀ဦးကို ခေါ်ဆောင်လာခဲ့၏။ ထိုအင်အားမှာ အင်အားကြီးမားသည်ကိုတော့ လက်ခံရပေမည်။

ထိုအင်အားကို ချနင်းရန်ကျောက်တုံးတစ်ခုအဖြစ် နင်းလျှောက်ခြင်းဖြင့် မိမိသည်လည်း ရှန်းရွှမ်ဒေသသို့‌ဝင်ရောက်နိုင်ပြီး စနစ်ကို အဆင့်၉သို့ မြှင့်တင်နိုင်ကောင်းသည်။ ရှန်းရွှမ်ဒေသသို့ ဝင်ရောက်ရန် မတတ်နိုင်ခဲ့လျှင်သောမှ ထိပ်တန်းအင်အားစုကြီးဖြစ်ရန်အတွက်မူ လုံလောက်ပါ၏။

All Chapters