← Chapters

သေခြင်းမဲ့နတ်ဘုရားသုံးပါး

Vol. 23 Ch. 319

သေခြင်းမဲ့နတ်ဘုရားသုံးပါး

Vol. 23 Ch. 319

“ရှန်ရှန့်ကျုံ ထွက်လာပြီးအသေခံစမ်း!”

မိုးခြိမ်းသံအလား ဟိန်းဟောက်သံကြီးသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့ရာ ထျန်းလန်ဒေသ၏ကျင့်ကြံသူအားလုံးကို နိုးကြားသွားစေသည်။

“ဟေး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လက်ရှိအင်အားကို ဆန့်ကျင်ရဲတဲ့သူရှိသေးတယ်လား?!”

“အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုလေးခုရဲ့ လူတွေများလား?”

“မဖြစ်နိုင်တာ။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုလေးခုကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေ တိုက်ခိုက်ကြတယ်လို့ကြားတယ်။ အဲ့ဒီ့အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေက သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့‌တောင် အတော်လေးအလုပ်များနေလောက်မှာ။ ဘယ်လိုလုပ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို လာတိုက်နိုင်ဦးမှာလဲ?”

“ဒါဆို ဘယ်သူဖြစ်မလဲ? ဒီလို ဝက်ဝံနှလုံးနဲ့ကျားသစ်အသည်းရှိနေတာ?!”

“သွားကြည့်လိုက်ရင် သိရမှာပဲမဟုတ်ဘူးလား?”

ထျန်းလန်ဒေသ၏ကျင့်ကြံသူများသည် ကြောက်ရွံ့ထိတ်လန့်မှုနှင့်အတူ ဆွေးနွေးနေကြ၏။ ထို့နောက် တစ်ယောက်ပြီး‌တစ်ယောက် အထက်ကောင်းကင်သို့ ပျံတက်သွားကြ၍ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဦးတည်သွားကြသည်။

ဘယ်သူတွေများလဲ? ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်သူတွေကများ တိုက်ခိုက်ရဲတာလဲ?

တစ်ချိန်တည်း၌ပင် နဂါးဧကရာဇ်တောက်ဇွင်းတို့သည် ရှန်ရှန်ကျုံဂိုဏ်း၏‌ အထက်ကောင်းကင်သို့ ရောက်ရှိလာကြသည်။ ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည်လည်း လေဟာပြင်ထက်တွင် ပေါ်ထွက်လာကြလျက် ဆန့်ကျင်ဘက်ရှိပုံရိပ်များကို အထင်မြင်သေးဟန်‌ေသာ အကြည့်များဖြင့် ကြည့်နေကြသည်။

“နဂါးဧကရာဇ်တောက်ဇွင်း မင်းကို ဘယ်သူကများ ရှန်ရှန့်ကျုံဂိုဏ်းကို စိန်ခေါ်ဖို့သတ္တိပေးလိုက်တာလဲ?”

ဝမ်ဖုန်းသည် နဂါးဧကရာဇ်တောက်ဇွင်းအား အထင်မြင်သေးဟန်ဖြင့် ပျက်ရယ်ပြု၏။

“မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းက ငါ့တပည့်တွေကိုသတ်ပြီး ငါ့ရဲ့နှစ်ထောင်ချီအစီအစဉ်ကို ဖျက်ဆီးခဲ့တယ်။ အခု ငါအရှင်က မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို သေတာထက်ပိုဆိုးတဲ့ငရဲကို ခံစားရစေမယ်!”

နဂါးဧကရာဇ်တောက်ဇွင်းမှာ မျက်လုံးများနီရဲနေခဲ့ကာ ဝမ်ဖုန်းကို ဟိန်းဟောက်ပြောဆို၏။

သူ၏တစ်ကိုယ်လုံးမှာ အမုန်းတရားများဖြင့် လွှမ်းခြုံနေလျက် တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်အရှိန်အဝါသည် တုံ့ဆိုင်းခြင်းမရှိ ထွက်ပေါ်လာခဲ့သည်ကြောင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ အထက်ကောင်းကင်ယံမှာ လျှပ်စီးမိုးကြိုးများ ဖြစ်‌ေပါ်လာခဲ့၍ မှုန်မှိုင်းသည့်အခြေအနေသို့ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ကမ္ဘာပျက်သုဉ်းမည့် မြင်ကွင်းအလား ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ဝမ်ဖုန်း စကားမဆိုပေ။ သူ၏မျက်နှာသည် မထီမဲ့မြင့်ဟန်ဖြင့် တည်ငြိမ်နေ‌ဆဲဖြစ်၏။ ဤလူမှာ သံမဏိနှလုံးသားဖြင့် အလွန်အံ့ချီးဖွယ်ကောင်းလှပေသည်။ နဂါးဧကရာဇ်တောက်ဇွင်းသည် မိမိကိုယ်ကို သက်သေပြရန်အတွက် နှစ်ထောင်ချီသောအချိန်ကို ထိထိရောက်ရောက် အသုံးချအစီစဉ်ဆွဲခဲ့သည်။ သို့သော် သူ၏ရှန်ရှန့်ကျုံဂိုဏ်းနှင့် ငြိစွန်းခဲ့သည်မှာ နှမြောတသဖွယ်ဖြစ်၏။

ဝမ်ဖုန်းနှင့် နဂါးဧကရာဇ်တောက်ဇွင်းတို့ အ‌ေချအတင်ပြောဆိုနေကြစဉ်တွင် ဝူရှင်းနှင့်အခြားသူများသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ‌အသေးစိတ်အရာများကို သတိပြုမိစေရန်အတွက် ဂိုဏ်းတစ်ခုလုံးကို ခြုံငုံအကဲခတ်နေခဲ့ကြသည်။ ကံဆိုးစွာဖြင့် လက်ရှိရှန်ရှန့်ကျုံဂိုဏ်းသည် ကမ္ဘာဝန်းထဲတွင် တည်ရှိနေခြင်းဖြစ်၏။ ကမ္ဘာဝန်းမှ အပြည့်အဝကာကွယ်ထားသည်ဖြစ်ရာ အဘယ်အချက်အလက်ကိုများ ရှာဖွေအကဲခတ်နိုင်ပါမည်နည်း။

ဝမ်ဖုန်းနှင့်ဂိုဏ်းအကြီးအကဲများကိုမူ စနစ်မှ သူတို့၏ကျင့်ကြံမှုအခြေခံများကို ဖုံးကွယ်ပေးထားသောကြောင့် ဝူရှင်းတို့သည် အချိန်အတော်ကြာ စူးစမ်းနေခဲ့သော်ငြား ဝမ်ဖုန်းနှင့်အကြီးအကဲများ၏ ကျင့်ကြံမှုအစစ်အမှန်ကို မသိရှိနိုင်ဘဲဖြစ်နေရသည်။

ကျင့်ကြံမှုကို စုံစမ်းသိရှိလိုခြင်းမှာ သေချာပေါက် သတိတကြီးထားလိုခြင်းကြောင့်သာ ဖြစ်၏။ ကြောက်ရွံ့သောကြောင့် မဟုတ်ပါချေ။

သူတို့အားလုံးသည် နတ်မင်းအဆင့်ကျင့်ကြံသူများဖြစ်ကြပြီး ၁၈‌ယောက်ပေါင်းစည်းမှုအင်အားဖြစ်၏။ ရှန်းရွှမ်ဒေသတောင်ပိုင်းနယ်မြေ၌ပင် ဤအင်အားမှာ သေးငယ်သည့်အင်အားလေး မဟုတ်နေချေ။ ဤထျန်းလန်ဒေသတွင် တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်သည် အင်အားအကြီးမားဆုံး ဖြစ်နိုင်လေရာ ဤလူများသည် အဘယ်သို့များ သူတို့၏ပြိုင်ဘက် ဖြစ်နိုင်ပါအံ့နည်း။

သေခြင်းမဲ့နတ်ဘုရားသုံးပါးနှင့် နတ်မင်းအဆင့်ကျင့်ကြံသူ၁၅ဦးကို စေလွှတ်ခဲ့ခြင်းဖြင့်ပင် ဝမ်ရှခန်းမအရှင်သခင်သည် ရှန်ရှန့်ကျုံဂိုဏ်းကို အလုံအလောက် အာရုံထားခဲ့ပြီးဖြစ်သည်။ ဤအကြောင်းအရာသာ ပျံ့နှံ့သွားခဲ့ပါလျှင် ဝမ်ရှခန်းမသည် တောင်ပိုင်းနယ်မြေ၏ အင်အားစုကြီးများမှ ဂုဏ်သိက္ခာဖျက်ဆီးခြင်းကို ခံရနိုင်သည်။ ဤထျန်းလန်ဒေသလေးမျှကို ကြောက်ခမန်းလိလိသောစွမ်းအင်များ အသုံးပြုရန် ထိုက်တန်ပါ၏လော။

ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို ကြောက်မက်ဖွယ်ကြီးမားလိမ့်မည်ဟု မည်သူမျှ မှန်းဆမထားခဲ့သည်မှာ နှမြောတသဖွယ်ကောင်းလှသည်။ ဤလောကတွင် ကောင်းကင်ဘုံနှင့်ဖက်ပြိုင်နိုင်စွမ်းသော ရတနာတစ်ပါးရှိနေလိမ့်မည်ဟု မည်သူမျှ မတွေးတောမိခဲ့ကြချေ။

“ကျေးဇူးပြုပြီး!”

ဧကရာဇ်တောက်ဇွင်းသည် ဝမ်ဖုန်းနှင့်အကြီးအကဲများကို ဆိုးယုတ်စွာကြည့်လျက်မှ ဝူရှင်းတို့ဘက်သို့လှည့်၍ တည်ကြည်လေးနက်စွာဖြင့် အရိုအသေပြု၏။

ဝူရှင်းတို့သည် ခေါင်းညိတ်လိုက်ပြီးနောက် ဝမ်ဖုန်းတို့အား အထင်‌မြင်သေးစွာ ကြည့်လာလေသည်။ သေခြင်းမဲ့နတ်ဘုရားသုံးပါးမှ တစ်‌ဦးဖြစ်သည့် ဝူဟွမ်သည် ရုတ်တရက်ဆန်သော လှုပ်ရှားမှုတစ်ခုဖြင့် နှစ်ဖက်အင်အားစု၏အလယ်တွင် ပေါ်ထွက်လာခဲ့သည်။ ဝူဟွမ်သည် ဝတ်ရုံစဖြင့်ဖုံးလွှမ်းနေသော လက်တို့ကိုနောက်ပစ်လျက်ဖြင့် ရပ်နေ၏။ ဝတ်ရုံစသည် လေမတိုက်ပါဘဲနှင့် မျောလွင့်နေကာ သူ၏စွမ်းအင်တို့ကို ထုတ်လွှတ်ထားခြင်းမရှိသော်ငြား နေရာရှိလူအားလုံးမှာ သူ၏အရှိန်အဝါကို ခံစားနိုင်ပေသည်။

ပြိုင်ဘက်ကင်းသားရဲကြီး နိုးထလာတော့မည့်အလား လေးလံသည့်ဖိအားကြီးသည် လူ၏စိတ်ဝိဉာဉ်ထိတိုင် တုန်လှုပ်စေ၏။

ဘုန်း!

ဝူဟွမ်၏ခန္ဓာကိုယ်မှ လေလှိုင်းထန်သည့်မုန်တိုင်းကဲ့သို့သော စွမ်းအင်လုံးကြီးသည် ဝမ်ဖုန်းထံသို့ ဦးတည်သွားသည်။ စွမ်းအင်လှိုင်းလုံးကြီးမှာ တစ်လွှာထက်တစ်လွှာ ပို၍အင်အားကြီးမား၏။ စွမ်းအင်လှိုင်းလုံး တစ်ကြိမ်ဖြတ်သွားတိုင်းတွင် လေဟာပြင်မှာ သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သည်အထိ အက်ကွဲသွားခဲ့ပြီး ကမ္ဘာလောကကြီးတစ်ခုလုံးမှာ အပြင်းအထန်တုန်ခါနေတော့သည်။

ဝူဟွမ်မှ သူ၏အဟုန်ကိုထုတ်လွှတ်ခြင်းဖြင့် ကမ္ဘာတုန်စေသည့်ပြောင်းလဲမှုကြီးများ ဖြစ်ပွားစေသည်ကို မြင်တွေ့သောအခါ နဂါးဧကရာဇ်တောက်ဇွင်း၏ မျက်လုံးအစုံမှာ တမ်းတမှုလေးတစ်စ လင်းလက်သွားခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းအား တိုက်ခိုက်ဝံ့သူကိုကြည့်ရှု‌ရန် လာရောက်ကြသောကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်းအနီးသို့ မရောက်မီ၌ပင် စွမ်းအင်လှိုင်းလုံးကြီးကို ခံစားလိုက်ရပြီး အကြီးအကျယ် မျက်နှာပျက်ယွင်းသွားကြရသည်။ ၎င်းစွမ်းအင်လှိုင်းလုံး၏ သက်ရောက်မှုဒဏ်ကို ခံစားရမည်စိုးသောကြောင့် ကြောက်လန့်တကြား နောက်လှည့်ထွက်ပြေးကုန်ကြလေသည်။

အဖျားခတ်လာသော စွမ်းအင်လေးပင်ဖြစ်သော်ငြား၊ အင်အားအစစ်အမှန်၏ ဆယ်ပုံတစ်ပုံပင် မရှိလောက်ပါသော်ငြား ၎င်းစွမ်းအင်လှိုင်းလုံးများသည် သူတို့၏ဝိဉာဉ်ကို တုန်လှုပ်စေမြဲဖြစ်သည်။ ကြီးမြတ်‌ေသာ ရှန်ရှန့်ကျုံဂိုဏ်းဖြင့် ရင်ဆိုင်ရသည်ဖြစ်ရာ အဘယ်သို့သော ကြောက်မက်ဖွယ်စွမ်းအင်ဖြစ်စေ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

တိုက်ပွဲအတွင်း၌ ဝမ်ဖုန်းနှင့်အကြီးအကဲများသည် သူတို့ထံဦး‌တည်နေသည့် ထိုကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများကို တည်ငြိမ်အေးဆေးစွာ ရပ်ကြည့်နေခဲ့သည်။ ၎င်းစွမ်းအင်လှိုင်းလုံးသည် လောကတစ်ခွင်ကို ပြိုပျက်စေလုနီးပါး ဖြစ်စေခဲ့သော်ငြား ဝမ်ဖုန်းနှင့်အကြီးအကဲများသည်တော့ တည်ငြိမ်နေဆဲပင်။ ၎င်းကြောက်မက်ဖွယ်စွမ်းအင်ကို စိုးစဉ်းမျှ မခံစားမိသည့်အလား တည်ငြိမ်နေကြ၏။

ဝမ်ဖုန်းနှင့်အကြီးအကဲများသည် ထိုသို့တည်ငြိမ်နေသော်ငြား နဂါးဧကရာဇ်တောက်ဇွင်းသည်တော့ ချောက်ချားဖွယ်ရယ်မောလာ၏။ သူ၏အမြင်တွင် ဝမ်ဖုန်းတို့မှာ အကြောက်လွန်သွားကြပြီ ထင်မှတ်နေခြင်းဖြစ်၏။ မိမိသည်လည်း ထိုသို့သောကြောက်မက်ဖွယ်စွမ်းအင်ဖြင့် ရင်ဆိုင်ရပါလျှင် သေချာပေါက် သေအောင်ကြောက်ရွံ့မိပေလိမ့်မည် မဟုတ်ပါလော။

သို့သော်ငြား အချိန်ခဏကြာပြီးနောက်တွင် နဂါးဧကရာဇ်တောက်ဇွင်း၏ မျက်လုံးအိမ်တို့မှာ ကျဉ်းကျုံ့သွားရ၏။ ပါးစပ်အဟောင်းသားနှင့် မျက်နှာမှာ မယုံကြည်နိုင်ခြင်းတို့ ပြည့်နှက်နေကာ ဝူရှင်းနှင့်အခြားသူများသည်လည်း ဝမ်ဖုန်းကို မျက်မှောင်ကြုတ်၍ ငေးစိုက်ကြည့်လာခဲ့ကြသည်။

၎င်းစွမ်းအင်လှိုင်းလုံးကြီးသည် ဝမ်ဖုန်းနှင့်အတူ ရှန်ရှန့်ကျုံဂိုဏ်းသားအားလုံးကို ထိခတ်သွားတော့မည်မှာ မျက်မြင်ဖြစ်၏။ သို့သော် သူတို့မှ ပုရွက်ဆိတ်တစ်ကောင်အလား အထင်သေးခဲ့သော ဝမ်ဖုန်းသည် လက်အသာဝှေ့ယမ်းရုံဖြင့် တာ့အိုနတ်ဘုရားနဝမကြယ်အဆင့် ကျင့်ကြံသူ၏စွမ်းအင်လှိုင်းကိုဖြိုခွင်း၍ကြေမွသွားစေခဲ့သည်။ မည်သည့်အရာမျှ မဖြစ်ပွားခဲ့သည်ကဲ့သို့ အရာအားလုံးမှာ အကုန်အစင် ပျောက်ကွယ်သွားလေသည်။

“ဘယ်လို.. ဘယ်လိုဖြစ်နိုင်မှာလဲ?”

နဂါးဧကရာဇ်တောက်ဇွင်းသည် မျက်လုံးများကိုပွတ်သပ်လျက် အံ့အားခြင်းကြီးစွာ ရေရွတ်၏။ သူ၏မျက်နှာမှာ ရှုံ့မဲ့သွားရလေပြီ။ မကြာမီအချိန်၌ပင် သူသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ပျက်စီးခြင်းကိုမှန်းဆ၍ ပျော်ပါးနေခဲ့သေးသည်။ ယခုတွင်တော့ အိပ်မက်အလား မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

ဝူဟွမ် မျက်မှောင်ကြုတ်လိုက်၏။ သူ၏မျက်လုံးတို့မှာ ဝမ်ဖုန်းထံမှ အကြည့်မခွာပေ။

တာ့အိုအဆင့်ကျင့်ကြံသူ‌တစ်ယောက်က သူ့ရဲ့စွမ်းအင်ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ဖြိုခွင်းနိုင်ရတာလဲ? ဒီလူမှာ ဝက်တစ်ကောင်အယောင်ဆောင်နေသော ကျားကိုပင်ဝါးမြိုနိုင်သူဖြစ်လျှင်သော်မှ သူ၏စွမ်းအင်ကို အလွယ်တကူဖြိုခွင်းနိုင်ရန်အတွက်မူ အနည်းဆုံးတော့ သူနှင့်ကျင့်ကြံဆင့်တူညီရန် လိုအပ်၏။

ဝူရှင်းနှင့်ဝူရှန်းတို့မှ လှုပ်ရှားလာကာ ဝူဟွမ်၏ဘေးတွင် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြသည်။ ဝူဟွမ်သည် သူ၏ဘေး‌သို့ရောက်ရှိလာသည့် နှစ်ဦးနှင့်အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှန်ရှန့်ကျုံဂိုဏ်းအပေါ် အတွေးအမြင်တို့ကို အချင်းချင်းသိနားလည်စေကြသည်။

ဤရှန်ရှန့်ကျုံဂိုဏ်းမှာ ဝက်တစ်ကောင်အဖြစ်ဟန်ဆောင်‌သော ကျားတစ်ကောင်းကို ဝါးမြိုစားသုံးနိုင်သည့် အယောင်ဆောင်ဖြစ်ပေသည်။

“အတူတိုက်ကြမယ်! စန်းဝူသတ်ဖြတ်ခြင်းအစီအရင်ကို တိုက်ရိုက်ထုတ်သုံးလိုက်တော့!”

ဝူရှင်းမှ မျက်လုံးအနည်းငယ်မှေးကျဉ်းလျက် နူးညံ့စွာတီးတိုးပြောဆိုလိုက်သည်။

All Chapters