← Chapters

ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်းပါပဲ!

Vol. 23 Ch. 320

ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်းပါပဲ!

Vol. 23 Ch. 320

ဝမ်ဖုန်း၏ကျင့်ကြံမှုကို မသိရှိနိုင်သော်ငြား ဝူရှင်းအခြားသူများသည် ဂရုမထားဘဲ မနေနိုင်ပါချေ။ ဝန်းရံတိုက်ခိုက်ကြရုံမျှမက စန်းဝူသတ်ဖြတ်ခြင်းအစီအရင်ကိုပါ တိုက်ရိုက်အသုံးပြုရန် စီစဉ်ကြသည်။

အလောင်းနှင့်သွေးပင်လယ်မှ တွယ်တက်လာခဲ့သည့် သေခြင်းမဲ့နတ်ဘုရားများအနေဖြင့် ဝူရှင်းတို့သည် ကပ်ဘေးကာလများတွင် အလွန်သတိထားဆင်ခြင်တတ်၏။ ဝမ်ဖုန်းသည် အားနည်းဟန်ဆောင်နေခြင်းဖြစ်မည်ဟု သိရှိသောကြောင့် ပြိုင်ဘက်ကို အထင်မြင်မသေးဝံ့ကြတော့။

ဝူရှင်း၏စကားတွင် ဝူဟွမ်နှင့်ဝူရှန်းတို့သည် တစ်ပြိုင်နက်ခေါင်းညိတ်၏။ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကြပြီး ရတနကြီးသုံးပါးအလား ဝူရှင်းသည် ကောင်းကင်၊ ဝူဟွမ်သည် နေမြဲနေရာ၊ ဝူရှန်းသည် ရုပ်ခန္ဓာ၌ အသီးသီးရပ်တည်ကြလေသည်။ သူတို့နေရာယူရပ်တည်ပြီးသည်နှင့်တစ်ပြိုင်နက် သာမန်မျက်လုံးဖြင့်မမြင်တွေ့နိုင်သော စွမ်းအင်လှိုင်းလုံးကြီးသည် လောကတစ်ခွင် ဖုံးလွှမ်းသွားခဲ့သည်။

စန်းဝူသတ်ဖြတ်ခြင်းအစီအရင်သည် သေခြင်းမဲ့နတ်ဘုရားသုံးပါး၏ အစဉ်အလာဖြစ်သော အစီအရင်ဖြစ်သည်။ ၎င်းသည် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ကာကွယ်ပေးသည့်အရာဖြစ်ပြီး ၎င်းအစီအရင်ကို လူအများကြောက်ရွံ့ကြသည်။ အစီအရင်၏ ဖုံးလွှမ်းရစ်ပတ်ခြင်းခံလိုက်ရသည်နှင့် အဆုံးမဲ့သော အသက်နုတ်ယူတိုက်ကွက်များဖြင့် တိုက်ခိုက်ပြီး ခန္ဓာကိုယ်ကို ဦးစွာဝါးမျိုသွားလိမ့်မည်။ တစ်ဖန် နှလုံးအိမ်ကိုဝါးမျိုပြီး ဝိဉာဉ်ကိုဖျက်ဆီးမည်ဖြစ်ရာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဘုန်း!

ဝူရှင်းတို့သုံးဦးသည် အတူတကွပေါင်းစည်း၍ လက်များမှ ပုံရိပ်‌ယောင်ကို ဖန်တီး၏။ သူတို့၏လှုပ်ရှားမှုနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများသည် ခန္ဓာကိုယ်ကို ဖြည့်ဆည်းနေခဲ့သည်။ သူတို့သုံးဦးထံမှ ရောင်ခြည်တန်းသုံးခုသည် ကောင်းကင်သို့ဦးတည်သွား၏။

ကြောက်မက်ဖွယ်သောစွမ်းအင်လှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ခုလုံးမှာ အဆက်မပြတ်တုန်ခါနေသည်။ ထိုအခိုက်၌ ဤကမ္ဘာလောကတွင် ဝူရှင်းတို့သုံးဦးသာ တည်ရှိနေသည့်အလား ခံစားရ‌ေပသည်။ နေရာရှိလူအားလုံးမှာ သူတို့သုံးဦးထံ စိတ်အာရုံအလုံးစုံကို သွန်းလောင်းထားခဲ့ပြီး အခြားအရာများမှာ အရိပ်များပမာ ဖြစ်နေတော့သည်။

စန်းဝူသတ်ဖြတ်ခြင်းအစီအရင်မှ အလွန်အမင်းအေးစက်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ အရပ်လေးမျက်နှာသို့ စိမ့်ဝင်ပျံ့နှံ့သွားခဲ့သည်။ ၎င်းသတ်ဖြတ်ခြင်းအငွေ့အသက်ကြောင့် ကမ္ဘာလောကကြီးမှာ အပူချိန်ကျဆင်းသွားခဲ့ရပြီး ဆီးနှင်းခဲများပင် ကျဆင်းလာခဲ့သည်။ ၎င်းစန်းဝူသတ်ဖြတ်ခြင်းအစီအရင်ကို မည်သည့်အရှိန်အဝါဖြင့် ရင်ဆိုင်ရမည်ကို စိတ်ကူးမှန်းဆ၍မရနိုင်ပေ။

စန်းဝူသတ်ဖြတ်ခြင်းအစီအရင်ကို ဝမ်ဖုန်းသည် မျက်လုံးအစုံကိုမှေးကျဉ်းလျက် ကြည့်နေခဲ့၏။ စိတ်ထဲမှလည်း အသိအမှတ်ပြုလိုက်သေးသည်။ တကယ့်ကို ရှန်းရွှမ်ဒေသရဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေပါပဲလား!

ဝူဟွမ်၏စွမ်းအင်ကို အလွယ်တကူ ဖြိုခွင်းပြီးနောက်တွင် ဝမ်ဖုန်းသည် တွေဝေခြင်းမရှိ မှန်ကန်သောရွေးချယ်မှုကို ရွေးချယ်ခဲ့သည်။ သူ၏လက်များသည် ဝန်းရံတိုက်ခိုက်လာသော စွမ်းအင်များကို စိုးစဉ်းမျှပင် ဂရုမထားချေ။

စစ်မှန်သည့်စွမ်းအား၏ရှေ့မှောက်တွင် မည်သည့်တိုက်ကွက်ဖြစ်စေ အလဟသဖြစ်ရသည်မှာ နှမြောတသဖွယ်ကောင်းလှသည်!

“ခုတ်ပိုင်း”

ဝူရှင်းသည် ဝမ်ဖုန်းနှင့်အကြီးအကဲများကို အေးစက်စွာကြည့်လျက် ဟစ်ကြွေး၏။ ၎င်းအသံနိမ့်ဟစ်ကြွေးသံ၌ ကြောက်ခမန်းလိလိသော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပါဝင်နေပြီး ထျန်းလန်ဒေသတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ များစွာသောကျင့်ကြံသူများမှာ လန့်ဖျပ်ကုန်ကြ၏။

သူတို့သည် တိုက်ပွဲနေရာမှ ထျန်းလန်ဒေသ၏တစ်ဝက်ခန့်သော အကွာအဝေးတွင် ရှိနေကြခြင်းဖြစ်သော်ငြား ၎င်းအသံတွင်ပါဝင်သည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ခံစားမိနိုင်ပါသည်။ ထို့ကြောင့် တစ်ကိုယ်လုံးတုန်ရီနေရ၏။

ရှန်ရှန့်ကျုံဂိုဏ်းက ခုခံနိုင်ပါဦးမလား?

ထျန်းလန်ဒေသ၏ကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာသို့ ကြည့်နေခဲ့ကြကာ သူတို့၏စိတ်နှလုံးအတွင်း၌ ထိုအ‌‌ေတွးကို တွေးမိနေကြပေသည်။

ဘုန်း!

ရှန်ရှန့်ကျုံဂိုဏ်းအထက်ကောင်းကင်၌ ဝူရှင်းတို့မှ စွမ်းအင်များထုတ်လွတ်လိုက်သောအခါ စန်းဝူသတ်ဖြတ်ခြင်းအစီအရင်မှ ဧရာမပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ၎င်းမှာ ဒဏ္ဍာရီလာ စန်းဝုသတ်ဖြတ်ခြင်းအစီအရင်ဖြစ်ပြီး ဝူရှင်းတို့သုံးဦး၏ ယုံကြည်ရာလည်းဖြစ်သည်။ အတိအကျဆိုရပါလျှင် ၎င်းယုံကြည်မှုဖြင့် ဤအစီအရင်ကို ဖော်ဆောင်နိုင်ခြင်းဖြစ်သည်။

ဧရာမပုံရိပ်ယောင်ကြီးပေါ်ထွက်လာသည်တွင် လောကတစ်ခွင်၌ တင်းကြပ်သည့်ဖိအားကြီး လွှမ်းခြုံသွားခဲ့သည်။ နဂါးဧကရာဇ်တောက်ဇွင်းကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူပင်လျှင် မထိန်းချုပ်နိုင်စွာ တုန်ရီနေရလျက် ကြောက်ရွံ့ချောက်ချားစွာဖြင့် ပုံရိပ်ယောင်ကို ကြည့်နေခဲ့လေသည်။ နဂါးဧကရာဇ်တောက်ဇွင်း၏ မျက်လုံးထဲတွင် ၎င်းသည်ပုံရိပ်ယောင်သာ ဖြစ်သော်ငြား ပြိုင်ဘက်ကင်းစွမ်းအားဖြင့် ဤကမ္ဘာမြေသို့ ဆင်းသက်လာသည့်အလား ခံစားရပေသည်။

နတ်မင်းငယ်အထွတ်အထိပ်အဆင့်ရှိ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများပင် ၎င်းပုံရိပ်ယောင်၏ သက်ရောက်မှုကို ခံစားခဲ့ရ၍ မျက်နှာအမူအရာတို့မှာ အတော်လေးတောင့်ခဲသွားခဲ့ရ၏။

ဧရာမပုံရိပ်ယောင်ကြီး ပြီးပြည့်စုံစွာဖြစ်တည်ပြီးနောက်တွင် ၎င်း၏နီစွေးသောမျက်လုံးကြီးများသည် ဝမ်ဖုန်းနှင့်အကြီးအကဲများကို ရုတ်တရက် ဖွင့်ကြည့်လာခဲ့သည်။ ထိုအခိုက်တွင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများမှာ အလောင်းတောင်ထိပ်မှ သွေးပင်လယ်စီးဆင်းလာနေသည်ကဲ့သို့ ခံစားရလေရာ မထိန်းချုပ်နိုင်စွာ တုန်ရီလာခဲ့ရသည်။

ဧရာမပုံရိပ်ကြီးသည် လက်ကိုဆန့်ထုတ်၍ ဆွဲယူဆုပ်ကိုင်ဟန်ပြုလိုက်သည်တွင် ထျန်းလန်ဒေသတစ်ခုလုံး၏ ချီစွမ်းအင်အလုံးစုံကို ဆွဲယူသွားသည့်အလား ထင်မှတ်ရသည်။ ၎င်းပုံရိပ်သည် လက်ဖဝါးထက်တွင် စွမ်းအင်များစုဝေး၍ ကြီးကျယ်ခမ်းနားလှစွာသောစွမ်းအင်များသည် ဓားရှည်တစ်လက်အဖြစ် ဖြစ်တည်သွားခဲ့သည်။

ရေခဲတမျှအေးစက်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်သည် ၎င်းဧရာမပုံရိပ်ကြီးမှ ဖြာထွက်လာခဲ့လေရာ ကမ္ဘာမြေကြီးတစ်ခုလုံး အေးခဲသွားရသည်။ ၎င်းအေးခဲမှုကြောင့် အားလုံးမှာ လှုပ်ရှားမှုများ ရပ်တန့်သွားရလေသည်။

ဘုန်း!

ဧရာမပုံရိပ်‌ကြီးသည် တုံ့ဆိုင်းတွေဝေမှု အလျဉ်းမရှိချေ။ ဓားရှည်ကိုင်ဆွဲထားသောလက်ကိုဝှေ့ယမ်း၍ ခုတ်ပိုင်းချလိုက်သည်။ လေဟာပြင်တွင် ကျဉ်းမြောင်းရှည်လျားသော အက်ကွဲကြောင်းကြီး ဖြစ်တည်သွားခဲ့ပြီး အက်ကွဲကြောင်းသည် မိုင်ထောင်ချီတိုင်ရှည်လျားလွန်းသည်မှာ ကမ္ဘာလောကကြီးမှာ နှစ်ခြမ်းခုတ်ပိုင်းခံလိုက်ရသည့်အလား ထင်မှတ်ရပေသည်။

ဓားလှုပ်ရှားမှုနှင့်အတူ ဓားရောင်ခြည်ဖြင့်ခုတ်ပိုင်းလိုက်သည်တွင် ကမ္ဘာကြီးသည် မူရင်းအရောင်အသွေး ပျောက်ဆုံးသွားလျက် အဆုံးမဲ့အမှောင်ထုကြီး ကြီးစိုးသွားခဲ့သည်။ တောက်ပစွာထွန်းလင်းနေသော ဓားရောင်ခြည်သာလျှင် ကမ္ဘာလောကကို အလင်းပေးနေခဲ့၍ ထျန်းလန်ဒေသ၏ကျင့်ကြံသူများမှာ ထိတ်လန့်ကုန်ကြလေသည်။

သူတို့နှင့်တိုက်ပွဲနေရာ၏ အကွာအဝေးမှာ ထျန်းလန်ဒေသအကျယ်အဝန်း၏တစ်ဝက်ခန့် ကွာဝေးသည်ဖြစ်သော်ငြား ကောင်းကင်ဘုံမှခုတ်ပိုင်းသည်ကဲ့သို့သော ကမ္ဘာပျက်သုဥ်း‌စေနိုင်လောက်သော ဓားရောင်ခြည်ကို မြင်တွေ့ကြရသည်ဖြစ်၏။ ထိုဓားရောင်ခြည်သည် မိမိတို့ထံသို့ ဦးတည်ခုတ်ပိုင်းခြင်းမဟုတ်သည်ကို သိရှိပါသော်ငြား သူတို့အားလုံးမှာ ကြောက်ရွံ့မိကြမြဲပင်။ ထို့ကြောင့် အသီးသီးပုန်းအောင်းလိုက်ကြသည်။ ထိုဓားရောင်ခြည်၏သက်ရောက်မှုကို မတော်တဆခံလိုက်ရပြီး ဤကမ္ဘာပျက်သုဉ်းတိုက်ပွဲကြီးတွင် မြေစာပင်ဖြစ်သွားရခြင်းမှ မိမိတို့ကိုယ်ကိုကာကွယ်ရန်အတွက် အကာအကွယ်တစ်ခုပင် ဖန်တီးလိုက်ကြသေးသည်။

နဂါးဧကရာဇ်တောက်ဇွင်း၏ အကျည်းတန်အပြုံးအောက်တွင် ကမ္ဘာတုန်လှုပ်စေသော ကြောက်မက်ဖွယ်ဓားရောင်ခြည်သည် အလွန်လျင်မြန်လှစွာသောအရှိန်ဖြင့် ဝမ်ဖုန်းတို့ထံသို့ ဦးတည်ခုတ်ပိုင်း၏။ ထိုကြောက်မက်ဖွယ်ဓားရောင်ခြည်ကို ရင်ဆိုင်ရသည်တွင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအချို့သည်ပင်လျှင် စိတ်ပျက်အားလျော့မှုအနည်းငယ်ကို ခံစားလိုက်ရသည်။

သူတို့မှတ်မိနိုင်သည့်အချိန်မှစတင်၍ သက်တမ်းတစ်လျှောက်လုံးတွင် ဤမျှကြောက်မက်ဖွယ်သောတိုက်ခိုက်မှုကို မကြုံတွေ့ဖူးပါချေ။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများ၏ လွန်လေပြီးသောတိုက်ပွဲသည်ပင် ဤမျှကြောက်မက်ဖွယ်မကောင်းပေ။ ဤတိုက်ခိုက်မှုအဆင့်သည် သူတို့၏သိမြင်နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။

အကြီးအကဲများသည် သူတို့၏စိတ်အာရုံအလုံးစုံကို ‌လက်နှစ်ဖက်ကိုနောက်ပစ်၍ရပ်နေသော ဝမ်ဖုန်းထံသို့ဦးတည်လိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင် ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေ၏။ ဂိုဏ်းချုပ်သည် ရေစီးကြောင်းကို ပြောင်းပြန်လှန်နိုင်လိမ့်မည်၊ အပြစ်ကျူးလွန်သည့်ရန်သူများကို သတ်ဖြတ်လိမ့်မည်၊ ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို မြှင့်တင်လိမ့်မည်ဟု ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများမှ မျှော်လင့်ကြသည်။

ဂိုဏ်းချုပ်က သူတို့ကိုဘယ်တုန်းကမှ မသိမ်ငယ်စေခဲ့ဘူး!

ရှန်ရှန့်ကျုံဂိုဏ်းသားအားလုံး၏ မျှော်လင့်ကြီးစွာသောအကြည့်များအောက်တွင် ဝမ်ဖုန်းသည် တောက်‌ပနေသောဓားရောင်ခြည်ကို တည်ငြိမ်အေးဆေးစွာ ရပ်ကြည့်နေခဲ့သည်။ ထို့နောက် ဖြေးညင်းစွာဖြင့် လက်ချောင်း‌တစ်ချောင်းကို ဆန့်ထုတ်ကာ စွမ်းအားကြီးမားပြင်းထန်လှစွာ‌ေသာ ဧရာမဓားရောင်ခြည်ကို ညွှန်ပြ၏။

ဘုန်း!

ဧရာမဓားရောင်ခြည်သည် လောကတစ်ခွင်ကို မှုန်မှိုင်းသွားစေခဲ့ပြီး ဝမ်ဖုန်း၏လက်ချောင်းနှင့် ထိခတ်ပြီးနောက် အပြင်းအထန် သိမ့်သိမ့်တုန်ခါလေသည်။ ဝမ်ဖုန်း၏လက်ချောင်းထိပ်မှ ကြောက်ခမန်းလိလိသောစွမ်းအင်တန်းကြီး ထွက်ပေါ်လာခဲ့ပြီး ဓားရောင်ခြည်ကို ဖောက်ထွင်းသွားလေသည်။

လူများစွာ၏အကြည့်များအောက်၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတစ်ခုလုံးကို ‌အမှောင်ကျရောက်စေနိုင်စွမ်းသော ပြင်းထန်လှစွာသော ဧရာမဓားရောင်ခြည်ကြီးသည် ဓားထိပ်ဖျားမှစတင်၍ ဓားကိုယ်ထည်အဆုံးထိ တစ်လက်မချင်းစီ ‌ကြေမွပြိုကွဲသွားခဲ့သည်။ အပျက်အစီးအပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့ပြီး လေဟာပြင်တွင် လွင့်မျောနေ‌တော့သည်။

“ဂိုဏ်းချုပ်က တကယ်ကိုပြိုင်ဘက်ကင်းပါပဲ!”

“ဂိုဏ်းချုပ် ကျွန်တော် ဂိုဏ်းချုပ်ကိုချစ်ခင်ပါတယ်!”

“ရှန်ရှန့်ကျုံဂိုဏ်းက ပြိုင်ဘက်ကင်းဂိုဏ်းတော်ကြီးပဲ!”

“ဘာကို သေခြင်းမဲ့နတ်ဘုရားတဲ့လဲ? ဟာသပဲ! ဂိုဏ်းချုပ်နဲ့ရင်ဆိုင်ရတော့ လက်ချောင်းလေးတစ်ချက်ညွှန်တာနဲ့တင် အလွယ်လေးပျက်စီးသွားရှာတယ်!”

“ဂိုဏ်းချုပ်က စစ်မှန်တဲ့လောကထိပ်ခေါင်ပါပဲ!”

ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသောမြင်ကွင်းတွင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် အချိန်ခဏမျှ အံ့ဩမင်သက်သွားကြသည်။ ထို့နောက်တွင်မူ အားရကျေနပ်စွာဖြင့် အော်ဟစ်ကြွေးကြော်ကြကာ အချို့သောအမျိုးသမီးဂိုဏ်းတပည့်များမှာမူ နှလုံးအိမ်၌ စိတ်ခံစားချက်များစွာတို့ ပေါက်ဖွားကြကုန်သည်။

All Chapters