← Chapters

နတ်မင်းသွေးကြောများဖျက်စီးခြင်း

Vol. 23 Ch. 321

နတ်မင်းသွေးကြောများဖျက်စီးခြင်း

Vol. 23 Ch. 321

စန်းဝူသတ်ဖြတ်ခြင်းအစီအရင်အတွင်း၌ရှိနေသော ဝူရှင်းတို့သုံးယောက်သည် ဒီမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ မအံ့ဩပဲမနေနိုင်တော့ချေ။ သူတို့က လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသော်လည်း ဤအချိန်တွင် အကြောက်တရားကို စတင်ခံစားလိုက်ရသည်။ အကြောက်တရား၏အရသာကို မခံစားရတော့သည်မှာ နှစ်ပေါင်းဘယ်လောက်ကြာပြီဆိုတာကို သူတို့ကိုယ်တိုင်တောင် မမှတ်မိတော့ချေ။

သူတို့ပုရွတ်ဆိတ်များလို့သတ်မှတ်ခဲ့ကြသော ရှန်ရှန့်ကျုံဂိုဏ်း၏အရှင်သခင်သည် သူတို့ကိုလက်ချောင်းတစ်ချောင်းလေးဖြင့် အကြောက်တရား၏အရသာကို ခံစားစေခဲ့သည်။ သူတို့၏စိတ်ဝိညာဥ်တစ်ခုလုံးမှာ တုန်ခါနေလျက် နတ်ဘုရားတစ်ပါးကဲ့သို့မြင့်မြတ်လှသောဝမ်ဖုန်းကို လှမ်းကြည့်လိုက်မိသည်။

ဒါ့အပြင် နဂါးဧကရာဇ်တောက်ဇွင်း၏မျက်နှာပေါ်ရှိ လှောင်ပြုံးကလည်း ရုတ်ချည်းပျောက်ကွယ်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆက်မပြတ်တုန်ခါနေပြီး ကြောရိုးတစ်ခုလုံးအေးစိမ့်သွားသလို ခံစားလိုက်ရသည်။

" ဒါဘယ်လ်ိုလုပ်ဖြစ်နိုင်မလဲ။ " နဂါးဧကရာဇ်တောက်ဇွင်းက မယုံကြည်နိုင်စွာ ဟစ်အော်ပြောဆိုလိုက်သည်။ သူ ဒီမြင်ကွင်းကို မယုံကြည်နိုင်ပေ။ သူဟာ အရာအားလုံးစတေးခဲ့ပြီး ပြင်ပအင်အားစုတစ်စုကို ဖိတ်ခေါ်ခဲ့တာကိုတောင် ဝမ်ဖုန်း၏လက်ချောင်းကို မတားဆီးနိုင်ဘူးဆိုတာကို လုံးဝမယုံကြည်နိုင်ခဲ့....

ထွက်ပေါ်လာခဲ့သော ဓါးအလင်းတန်းက နဂါးဧကရာဇ်ဝောာက်ဇွင်း၏ခန္ဓာကိုယ်ကို အဆက်မပြတ်ဖိနှိပ်နေခဲ့ကာ သူ့ကိုရူးလုမတတ် ခံစားစေခဲ့သည်။

နတ်မင်းနယ်ပယ်အဆင့် ပုဂ္ဂိုလ်ငါးယောက်နှင့် ပကတိနတ်မင်းအဆင့် ပုဂ္ဂိုလ်ဆယ်ယောက်တို့၏ မျက်လုံးများကလည်း လက်ရှိတွင်ပြူးကျယ်နေကြသည်။ သူတို့မယုံကြည်နိုင်ကြပေ။ ဒီလိုထျန်းလန်ဒေသလေးထဲမှာ ဒီလောက်ကြောက်စရာကောင်းတဲ့တည်ရှိမှုကြီး ဘယ်လိုလုပ်ရှိနေရတာလဲ။

တခြားသူတွေကမသိကြသော်လည်း သူတို့ကဝူရှင်းတို့သုံးယောက်၏ခွန်အားကို ရှင်းရှင်းလင်းလင်းသိထားကြသည်။ သူတို့ဟာအတူတကွပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ဘုံနန်းရှင်နတ်မင်း အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် သတ်ဖြတ်နိုင်ခဲ့သော လူသတ်သမားကြီးများသာ။ နတ်မင်းနယ်ပယ်အဆင့် ပုဂ္ဂိုလ်များစွာထဲတွင် ဝူရှင်းလို့သုံးယောက်သည် အလွန်အမင်းကျော်ကြားသည်။ သူတို့ကိုမရေမတွက်နိုင်သောလူများက ကြောက်လန့်ကြသည်။

ဒါက ... ဒဏ္ဍာရီဆန်လ်ိုက်တာ။

ထိတ်လန့်သွားပြီးနောက် ဝူရှင်းတို့သုံးယောက်သည် သန္ဒိဌာန်ပြတ်သားသောမျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ သူတို့ကထွက်မပြေးခဲ့ကြပေ။ မရေမတွက်နိုင်သောလူများကို သတ်ဖြတ်ခဲ့ဖူးသော ထိပ်တန်းလူသတ်ဝိဇ္ဇာများဖြစ်သည်နှင့်အညီ ဝမ်ဖုန်းကဲ့သို့သော သန်မာသောလူတစ်ယောက်ရှေ့၌ ထွက်ပြေး ခြင်းကအသုံးမဝင်ကြောင်း သူတို့အားလုံးသိထားကြသည်။ အသက်သေဆုံးသည်အထိ စွမ်းစွမ်းတမံတိုက်ခိုက်ခြင်းကသာ ရှင်သန်ရန်အခွင့်အရေးကိုရစေမည်ဖြစ်သည်။

" ထျန်းလန်ဒေသလို ကျက်တီးလွင်ပြင်ထဲမှာ ဒီလိုတည်ရှိမှုကြီးနဲ့ တိုက်ခိုက်ရမယ်လို့ ငါတို့သုံးယောက်လုံး ထင်မထားကြဘူး။ "

ဝူရှင်း၏မျက်နှာသည် မဲမှောင်သွားကာ ခါးသီးစွာပြောလိုက်သည်။

ကျန်လူနှစ်ယောက်မှာလည်း စကားမပြောကြပေ။ သို့သော်လည်း သူတို့၏မျက်နှာများထက်၌ မျှော်လင့်ချက်ပျောက်ဆုံးမှုများ ရှိနေခဲ့သည်။ သူတို့သာ ထိုဝှက်ဖဲကိုအသုံးပြုလိုက်ပါက သူတို့အားလုံးသည် အသုံးမဝင်ဖြစ်သွားကြမှာဖြစ်ပြီး သတ်ဖြတ်ရေးလမ်းစဉ်သည်လည်း ပြတ်တောက်သွားလိမ့်မည်ဆိုတာ သိထားကြသည်ဖြစ်သည်။

" ဆရာသခင်က ငါတို့ကိုဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဘူး။ ဆရာသခင်သာမရှိဘူးဆိုရင် ငါက တခြားသူတွေရဲ့အနိုင်ကျင့်တာခံရတဲ့ အမှိုက်တစ်ကောင်ဖြစ်နေဦးမှာပဲ။ ဒါကြောင့်မလို့ ငါဘဝရဲ့နောက်ဆုံးတိုက်ကွက်ကိုအသုံးပြုပြီး ဆရာသခင်ကိုပြန်လည်ကျေးဇူးဆပ်ရမယ်။ "

စိတ်ပြတ်အားလျော့နေစဉ်အတွင်းမှာပဲ ဝူရှင်းတို့သုံးယောက်သည် သန္နိဌာန်ပြတ်သားသောအကြည့်များဖြင့် ပြောဆိုလိုက်ကြသည်။ သူတို့ဟာ သေဆုံးရန်အတွက်တောင် မျှော်လင့်ထားကြပြီးလေပြီ။

ရန်သူ့ကိုမသတ်ဖြတ်ရမချင်း နောက်ပြန်မလှည့်ပါဘူးလို့ ကျိန်ဆိုပါတယ်!

ဝူရှင်းတို့သုံးယောက်ထံမှ ကြည်လင်ပြတ်သားသော သတ်ဖြတ်ခြင်းစိတ်ဝိညာဉ်များကို တွေ့မြင်လာရသည့်အခါ ဝမ်ဖုန်းသည် မျက်မှောင်ဖွဖွကြုတ်လိုက်ပြီး သူမျက်နှာထက်၌ စိတ်ခံစားမှုတချို့ ဖြစ်ပေါ်လာသည်။ သူက ဝူရှင်းတို့သုံးယောက်ကို မတားဆီးခဲ့ပေ။ ထိုလူသုံးယောက်မှာ သူ၏ရန်သူများဖြစ်နေကြသော်လည်း သူတို့၏စိတ်ထားခိုင်မာမှုက ဝမ်ဖုန်းကိုတောင် လေးစားအားကျစေခဲ့သည်။

ထိုကဲ့သို့သောရန်သူမျိုးကို ဝမ်ဖုန်းက အစဉ်အမြဲလေးစားခဲ့သည်။ သူက သူတို့အားလုံးကို အသန်မာဆုံးတိုက်ကွက်ဖြင့် ဖျက်ဆီးပစ်မည်။ ဒီလိုနည်းလမ်းဖြင့်သာ သူတို့ကိုနောင်တမရှိဘဲ သေစေမှာဖြစ်သည်။

" အုပ်ချုပ်သူသွေးကြော ၊ အသက်ဝင်စမ်း။ "

" ရန်မိုင်းပေါက်ကွဲစေ။ "

" သွေးမျိုးဆက်ပေါက်ကွဲစေ။ "

ဝူရှင်းတို့သုံးယောက်၏နှုတ်ဖျားမှ ကျယ်လောင်သောဟစ်ကြွေးသံကြီးများဖြစ်ပေါ်လာပြီး ကောင်းကင်ဘုံ၏အော်သံကြီးကဲ့သို့ ထျန်းလန်ဒေသ အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွားသည်။ သူတို့၏မျက်လုံးများမှာ တည်ကြည်ခိုင်မာနေပြီး သူတို့၏လက်များကလည်း လက်ဟန်အမျိုးမျိုးကို ပုံဖော်နေသည်။ သူတို့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများမှာ ရူးနှမ်းစွာစီးဆင်းလာသည်။ သူတို့သုံးယောက်အတွင်းရှိ သွေးကြောများမှာလည်း အမြင့်မားဆုံးထိတိုင်အောင် တုန်ခါလာခဲ့သည်။

သူတို့ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားများကိုအသုံးပြုလိုက်ပြီး သူတို့ဟာ ပြီးပြည့်စုံသော နတ်မင်းသွေးကြောကို ဖွဲ့တည်နိုင်ခဲ့သည်။ ရုတ်တရက်ပေါက်ကွဲလာပြီးနောက် ဝူရှင်းတို့သုံးယောက်၏ ပါးစပ်များထက်၌ သွေးများယိုစီးလာခဲ့သည်။ သို့ပါသော်လည်း နတ်မင်းသွေးကြောသုံးခု ပေါက်ကွဲထွက်သွားပြီးနောက် သူတို့၏အရှိန်အဝါများဟာ အနည်းငယ်တောင်လျော့ကျမသွားပဲ ပိုမို၍ထိတ်လန့်ဖွယ်ကောင်းလာသည်။

သူတို့ဟာ သူတို့၏ကျင့်ကြံမှုအခြေခံများကိုဖျက်ဆီးလိုက်ပြီး ကြောက်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးတစ်ခုအဖြစ် စတေးခဲ့သည်။

ဤသည်မှာ နတ်မင်းနယ်ပယ်၏ ထိတ်လန့်ခြောက်ခြားမှုကြီးဖြစ်သည်။ နတ်မင်းနယ်ပယ်အဆင့် စွမ်းအားရှင်ဟူသမျှသည် ထိုဝှက်ဖဲကို ကိုင်ဆောင်ထားကြသည်။ သူတို့ကသာ သူတို့၏ကိုယ်ပိုင်နတ်မင်းသွေးကြောများကို ဖျက်ဆီးပစ်နိုင်သည်အထိ ရက်စက်ကြမ်းကြုတ်ပါက အချိန်ကာလတစ်ခုထိတိုင် ထောက်ပံ့ပေးထားသည့် ကြောက်မက်ဖွယ်စွမ်းအားကို ရရှိနိုင်မှာပင်။

ထိုဝှက်ဖဲကြောင့်ပဲ နတ်မင်းနယ်ပယ်ကို ရောက်ရှိသွားပြီးနောက် အဆင့်ကြီးတစ်ဆင့် သို့မဟုတ် အဆင့်ကြီးနှစ်ဆင့် ပိုမိုမြင့်မားပါမှ ရန်သူကို သတ်ဖြတ်နိုင်ကြသည်။ အဆင့်တူအတွင်း ရန်သူကိုသတ်ဖြတ်နိုင်ခြင်းက ရှားပါးလှပေသည်။

ဝူရှင်းတို့သုံးယောက်သည် စန်းဝူသတ်ဖြတ်ခြင်းအစီအရင်ကို ပိုင်ဆိုင်ထားရုံသာမက သူတို့တစ်ယောက်ချင်းစီတိုင်းကလည်း သာမန်မဟုတ်သောဘုံနန်းရှင်နတ်မင်းများ ဖြစ်သောကြောင့်သာမဟုတ်ပါက အခြားသောဘုံနန်းရှင်နတ်မင်း အထွတ်အထိပ်အဆင့်ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်းရှိခဲ့မှာမဟုတ်ပေ။

" ဘာလို့များ ဒီလောက်ထိ ကြိုးပမ်းနေရတုန်း။ "

တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏နတ်မင်းသွေးကြောများကို ဝူရှင်းတို့သုံးယောက်က ဖျက်ဆီးပစ်လိုက်သည်ကိုတွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းကခေါင်းကိုခါယမ်းလိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။

အနည်းငယ်သနားမိသော်လည်း ဝူရှင်းတို့သုံးယောက်၏ ခိုင်မာသောစိတ်ထားများက သူ့ကို လေးစားအားကျစေလာကြောင်း ဝမ်ဖုန်းတစ်ယောက် ဝန်ခံရမည်သာ။ သူတို့သာ ထွက်ပြေးသွားပါက ဝမ်ဖုန်းလည်း စိတ်ပျက်ရပေလိမ့်မည်။

ဘုန်း !

ဝူရှင်းတို့သုံးယောက်၏ နတ်မင်းသွေးကြောများ ပေါက်ကွဲပျက်စီးသွားခြင်းနှင့်အတူ သူတို့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများမှာ အဆင့်မြှင့်တင်ခံလိုက်ရသည်။ သူတို့ဟာ အလွန်အမင်းထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလာခဲ့သည်။ သူတို့ခန္ဓာကိုယ်အတွင်းမှထုတ်လွှတ်နေသောစွမ်းအားများသည် ဘုံနန်းရှင်နတ်မင်း အထွတ်အထိပ်အဆင့်ကို တိုက်ရိုက်ရောက်ရှိသွားကာ ဂုဏ်သရေနတ်မင်းအဆင့်နှင့်တောင် ထိကပ်လုနီးပါးဖြစ်နေသည်။

ပြင်းထန်လွန်းသော အရှိန်အဝါကြီးက ကမ္ဘာလောကကြီးတစ်ခုလုံးကို ပြောင်းလဲစေခဲ့သည်။ စန်းဝူသတ်ဖြတ်ခြင်းအစီရင်မှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါများမှာ ပို၍ကြောက်လန့်ဖွယ်ကောင်းလာသည်။ စန်းဝူသတ်ဖြတ်ခြင်းအစီအရင်အနီးတစ်ဝိုက်ရှိလေထုမှာ ဖိအားကြီးကိုရင်မဆိုင်နိုင်တော့သည်အလား ပကတိမျက်စိဖြင့်တွေ့မြင့်နိုင်သောနှုန်းဖြင့် ပုံပျက်လာခဲ့သည်။ လေထုအတွင်း၌ အက်ကွဲကြောင်းများ စဉ်ဆက်မပြတ်ထွက်ပေါ်လာသည်။

ခပ်လှမ်းလှမ်းမှ နဂါးဧကရာဇ်တောက်ဇွင်းသည် မြင်ကွင်းကိုတွေ့မြင်လာရသည့်အခါ သူမျက်နှာအထက်၌ထိတ်လန့်မှုဖြစ်ပေါ်လာသည်။ သူဟာ သူ၏ဝတ်ရုံကိုပြန်လည်ပြင်ဆင်လိုက်ပြီး ဝူရှင်းတို့သုံးယောက်ဘက်ကို လေးလေးနက်နက် ဂါဝရပြုလိုက်သည်။ သူတို့သုံးယောက်က အရမ်းကိုဆုံးဖြတ်မှုပြတ်သားနေလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။ သူတို့ဟာ သူတို့၏ကျင့်ကြံမှုအခြေခံများကို ကိုယ်တိုင်ကိုယ်ကျဖျက်ဆီးခဲ့ပြီး ဝမ်ဖုန်းနှင့်သေသည်အထိ တိုက်ခိုက်လ်ိုခဲ့သည်။

သိထားရမှာက သူတို့အားလုံးဟာ သူဖိတ်ခေါ်ထားသော ပြင်ပအင်အားစုများသာဖြစ်သည်။ သူတို့သုံးယောက် ချက်ချင်းထွက်ပြေးသွားရင်တောင် နဂါးဧကရာဇ်တောက်ဇွင်းက ဘာအပြစ်မှဆိုနိုင်မှာမဟုတ်ပေ။ သို့ပါသော်လည်း ထိုလူသုံးယောက်ကတော့ ထွက်ပြေးရမှာထက် ဂုဏ်သရေရှိစွာသေဆုံးလိုခဲ့သည်။ ထိုကဲ့သို့စိတ်နေစိတ်ထားက နဂါးဧကရာဇ်တောက်ဇွင်းကို နက်နက်ရှိုင်းရှိုင်း ခံစားစေခဲ့သည်။ သူနောက်ဆုံးမှာတော့ ဝမ်ရှခန်းမသည် ရှန်းရွှမ်နယ်မြေ၌ အဘယ့်ကြောင့်ကျော်ကြားရကြောင်း နားလည်သွားခဲ့သည်။

၎င်းဟာ သစ္စာရှိသော ငယ်သားများကြောင့် ဖြစ်ပေတော့သည်!

" သတ် ! "

ဝမ်ဖုန်းကိုစူးစိုက်ကြည့်နေသော ဝူရှင်းတို့သုံးယောက်၏ မျက်ဝန်းများသည် အေးစက်သွားပြီး ဟစ်ကြွေးလိုက်ကြသည်။ သူတို့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများမှာ ထိတ်လန့်ခြောက်ခြားဖွယ်နှုန်းထားဖြင့် စန်းဝူသတ်ဖြတ်ခြင်းအစီအရင်အတွင်းသို့ စီးဝင်သွားခဲ့သည်။

ခမ်းနားကြီးကျယ်သောစွမ်းအားများ စန်းဝူသတ်ဖြတ်ခြင်းအစီအရင်သို့ ဝင်ရောက်သွားသည့်အခါ အစီအရင်ကြီးတစ်ခုလုံးသည် ရုတ်တရက်တုန်ခါလာသည်။ အစီအရင်ကြီးတစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုအရှိန်အဝါများ ထုတ်လွှတ်လာသည်။ ပတ်ဝန်းကျင်လေထုဟာ ရုတ်တရက်အေးခဲရပ်တန့်သွားသည်။ ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော စွမ်းအင်အရိပ်အငွေ့များဟာ စဥ်ဆက်မပြတ်ထွက်ပေါ်နေပြီး အနီးဝန်းကျင်ရှိအရာအားလုံးကိုဖျက်ဆီးလိုက်သည်။

ခမ်းနားကြီးကျယ်သောစွမ်းအား၏ ထပ်ပေါင်းအားဖြည့်မှုကြောင့် စန်းဝူသတ်ဖြတ်ခြင်းအစီရင်ပေါ်၌ ရပ်တည်နေခဲ့သော ဧရာမရုပ်ပုံလွှာကြီးမှာ ပိုမိုသိပ်သည်းလာခဲ့သည်။ ထျန်းလန်ဒေသရှိ ကျင့်ကြံသူတိုင်းလိုလိုသည် အလွန်အမင်းလေးလံသော ဖိအားကြီးကို ခံစားလိုက်ရသည်။ သူတို့အားလုံးဟာ အသက်ရှုရပ်လုမတတ် ဖြစ်နေခဲ့သည်။ ထိတ်လန့်ဖွယ်စွမ်းအားအရှိန်အဝါများထွက်ပေါ်နေ‌သည့်အရပ်မျက်နှာဘက်ကို ကြောက်လန့်သောအမူအယာများဖြင့် လှည့်ကြည့်လိုက်သည်။

ထျန်းလန်ဒေသတစ်ခုလုံးကို သက်ရောက်စေသည့်တိုင်အောင် ဘယ်လိုအရာကများ လုပ်နိုင်တာလဲ။ အရှိန်အဝါအနည်းငယ် လွင့်ပျံ့ထွက်လာတာတောင် ထျန်းလန်ဒေသတစ်ခုလုံးက ကျင့်ကြံသူတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တာလား။

ဒါက တာအိုနတ်ဘုရားအဆင့်ထက် ကျော်လွန်နေတဲ့အရာကြီးများ ဖြစ်နေမလား?!

ထျန်းလန်ဒေသအတွင်းရှိ မရေမတွက်နိုင်သောကျင့်ကြံသူများသည် ဤအချိန်တွင်ထိတ်လန့်ခြောက်ခြားနေကြကာ ခန့်မှန်းနေကြသည်။

ရှန်ရှန့်ကျုံဂိုဏ်း၏ အထက်ကောင်းကင်ယံ၌ ဧရာမရုပ်ပုံလွှာကြီးသည် လက်နှစ်ဖက်ကိုဆွဲစုလိုက်သည့်အခါ ဧရာမဓားရှည်ကြီးတစ်ခုသည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ၎င်းဧရာမဓားရှည်ကြီးထံမှ ထက်မြသောအရှိန်အဝါများထုတ်လွှတ်နေပြီး လောကတစ်ခွင်ကို တုန်လှုပ်စေခဲ့သည်။

All Chapters