← Chapters

အင်ပါယာမျိုးနွယ်စု ၅ စု

Vol. 23 Ch. 322

အင်ပါယာမျိုးနွယ်စု ၅ စု

Vol. 23 Ch. 322

အဆိုပါရှည်လျားသော ဓါး ထွက်ပေါ်လာသည့်အခါ ပုံရိပ်ကြီးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဓါးကို ဆုပ်ကိုင်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။ ယင်းနောက် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော ဓါးအရှိန် အဝါများသည် ၎င်းပုံရိပ်ကြီး၏ ခန္ဓာကိုယ်မှ ပေါက် ကွဲထွက်ပေါ်လာသည်။ ပုံရိပ်ကြီး၏ မျက်ဝန်းများ သည် နီစွေးတောက်ပနေပြီး ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလှပေသည်။

ထိုသွေးနီရောင် မျက်ဝန်းများက ဝမ်ဖုန်းတို့အုပ်စုရှိရာဘက်ကို လှည့်ကြည့်လိုက်သည့်အခါ ဝမ်ဖုန်းတို့အုပ်စု အရှေ့ဘက်ရှိ လေထုမှာ အရိုင်းဆန်စွာ တုန်ခါလာခဲ့သည်။ ပတ်ဝန်းကျင်လေထုဟာ ပုံရိပ်ကြီး၏ အကြည့်ကို ရင်မဆိုင်နိုင်တော့သည့်အလားပင်။

ဟွမ်......

ဤအချိန်တွင် ထျန်းလန်ဒေသတစ်ခုလုံး တုန်ခါသွားခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်း ပတ်ပတ်လည်ရှိ ဝမ်လီတောင် တန်းများမှာ ချက်ချင်းကို ကြေမွပျက်စီးသွားလေသည်။ ဤဓားစွမ်းအင်၏ ရှေ့မှောက်တွင် အရာအား လုံးဟာ ဖျက်စီးခံလိုက်ရသည်။ ကမ္ဘာကြီးတစ်ခုလုံးဟာ ယိမ်းထိုးလာခဲ့ပြီး မီးခိုးများနှင့် ဖုန်မှုန့်များအကြားတွင် တလက်လက်တောက်ပနေသော ဓားရောင် ခြည်တစ်ခု ရှ်ိနေခဲ့သည်။

ဓါးအလင်းတန်း ထိုးထွက်တောက်ပလာခြင်းနှင့်အတူ လေထုဟာ စက္ကူတစ်စလိုမျိုး ထက်ပိုင်းဖြတ်ခံလိုက်ရသည်။ ကမ္ဘာကြီးတစ်ခုလုံးကို ဆုတ်ဖြဲနိုင်သော ကြောက်လန့်ဖွယ် ဓါးချက်သည် ဝမ်ဖုန်းတို့ အုပ်စုရှိရာဘက်ကို ဖြောင့်ဖြောင့်တန်းတန်း ပြေးဝင်သွားခဲ့သည်။

မူလက စိတ်လှုပ်ရှားနေကြသော ရှန်ရှန့်ကျုံဂိုဏ်းသားများသည် ရုတ်တရက် တုန်လှုပ်ခြောက်ခြား သွားကြသည်။ သူတို့၏ မျက်ဝန်းများမှာ ပြူးကျယ်နေပြီး ကောင်းကင်ကြီးအပေါ်သို့ မော်ကြည့်မိလိုက်ကြသည်။ သူတို့သာ မျက်တောင်တစ်ချက် ခတ်လိုက်မိပါက သူတို့၏ ဂိုဏ်းချုပ်ကြီး ပျောက်ကွယ်သွားမှာကို စိုးရွှံ့နေမိ၏။

"မင်းတို့တွေ့အပေါ် ငါ့ရဲ့လေးစားမှုကို ပြသဖို့ ဒီတိုက် ခိုက်မှုမှာ ငါ့စွမ်းအားတွေရဲ့ ငါးဆယ် ရာခိုင်နှုန်းကို အသုံးပြုလိုက်မယ်..."

ပိုမိုထိတ်လန့်ဖွယ်ကောင်းသော ဓါးအလင်းတန်းနှင့် ရင်ဆိုင်နေရသည့် အချိန်မှာတောင် ဝမ်ဖုန်းကတော့ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တက်ရပ်နေဆဲပင်။ သူဟာ ဝူရှင်းတို့သုံးယောက်ကို တည်ငြိမ်သော မျက်ဝန်းများဖြင့် စူစိုက်ကြည့်လိုက်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။

ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ဖုန်းသည် လက်ညိုးတစ်ချောင်းကို ဖြည်းညှင်းစွာ ဆန့်တန်းပြီး ညွှန်ပြလိုက်သည်။ သူ၏ လက်ညိုးမှ အချိန်နှင့်အာကာပြင်၏ မြစ်ကို ဖြတ်သန်းသွားပုံပေါ်ပြီး ဓါးအလင်း တန်း၏ ထိပ်ဖျားရှိရာကို တည့်တည့်မတ်မတ် ညွှန်ပြလိုက်သည်။

ဘုန်း......

ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် အရပ်လေးမျက်နှာကို ပျံ့နှံ့သွားခဲ့သည်။ မည်သည့် ဘုံနန်းရှင် နတ်မင်းတစ်ပါးကိုမဆို ထိတ်လန့်စေနိုင်သည့် ဓါးအလင်းတန်းကြီးသည် ဝမ်ဖုန်း၏ လက်ညိုးညွှန်ချက်အောက်တွင် ကြယ်ရောင်ကလေးများအဖြစ် ပေါက် ကွဲထွက်သွားပြီး ခြေရာလက်ရာမကျန်ပဲ လေထုအတွင်းမှ ပျောက်ကွယ်သွားလေသည်။

ဤမြင်ကွင်းက ကွင်းပြင်ကြီးထဲတွင် ရှိနေကြသော လူများကို ပြိုင်ဘက်မရှိ တုန်လှုပ်သွားစေခဲ့သည်။ သူတို့၏ စိတ်ဝိညာဥ်များသာမက နှလုံးအိမ်များကပါ တုန်ယင်လာခဲ့သည်။ သူတို့ဟာ အချိန်အတော်ကလေး ကြာသည့်တိုင်အောင် ပြန်လည်၍ အသိ တရား မဝင်ခဲ့ကြချေ။

ဟန်လုပ်နေတာ တော်လောက်ပြီ။

ဝမ်ဖုန်းသည် တုန့်ဆိုင်းခြင်းမရှိဘဲ နောက်တစ်ကြိမ် လက်ညိုးညွှန်ပြလိုက်သည့်အခါ သူ၏ လက်ညိုးထိပ်မှ နေ၍ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားအရှိန်အဝါများ စက်ဝိုင်း သဏ္ဍာန်လှည့်ပတ် ထွက်ပေါ်လာသည်။ ယင်းနောက် တဒင်္ဂအတွင်းမှာဘဲ ၎င်းစွမ်းအင်များက ဝူရှင်းတို့သုံးယောက်၏ စန်းဝူသတ်ဖြတ်ခြင်း အစီအရင်ကို ဖျက်စီးလိုက်ပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးက ဝူရှင်းတို့သုံးယောက်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ခြေမွလိုက်သည်။ လေထုအတွင်း၌ သွေးမြူထုကြီး သုံးခု ပေါက်ကွဲ ထွက်ပေါ်လာပြီး သွေးမိုးများ ရွာသွန်းလာခဲ့သည်။

စက်ဝိုင်းသဏ္ဍာန်စွမ်းအား အရိပ်အငွေ့များသည် ဝူရှင်းတို့ သုံး​ယောက်၏ ခန္ဓာကိုယ်ဖျက်စီးပြီးနောက် ရပ်တန့်သွားခြင်းမရှိဘဲ နဂါးဧကရာဇ် တောက်ဇွင်းနှင့်အခြားသူများ ရှိရာဘက်ကို ဆက်လက်ပြေးဝင်သွားခဲ့သည်။ ၎င်းစွမ်းအင် အရိပ်အငွေ့များက နဂါးဧကရာဇ်တောက်ဇွင်းကို သတ်ဖြတ်ခဲ့ခြင်း မရှိခဲ့ပေ။ သို့ပါသော်လည်း နဂါးဧကရာဇ်တောက်ဇွင်း ပတ်ပတ်လည်ရှိ ဝမ်ရှခန်းမမှ စွမ်းအားရှင်များကိုတော့ သတ်ဖြတ်သွားခဲ့သည်။ နဂါးဧကရာဇ်တောင်ဇွင်းကို ဗဟိုပြု၍ ဝမ်ရှခန်းမမှ စွမ်းအားရှင် ၁၅ ယောက်စလုံးသည် သွေးမြူထုများအဖြစ် ပေါက်ကွဲထွက်သွားသည်။ အသားစများနှင့် ရောထွေးနေသော နီစွေးစွေး သွေးစက်များသည် နဂါးဧကရာဇ်တောင်ဇွင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ နဂါးဧကရာဇ်တောက်ဇွင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်သွားခဲ့ပြီး သူဟာ သွေးလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားချေသည်။

နဂါးဧကရာဇ်တောက်ဇွင်းဟာ သေဆုံးမသွားခဲ့ပေ။ သို့ပါသော်လည်း သူ့ရဲ့ဘဝက သေဆုံးနေတာထက်တောင်မှ ပို၍ ဆိုးရွားနေခဲ့သည်။ သူဟာအနည်းငယ်သော နာကျင်မှုက်ိုမှ ခံစားမ​နေရသော်လည်း သူ့ကိုယ်ပေါ်ရှိ သွေးစက်များမှာ လောင်ကျွမ်းတောက်လောင်နေသော မီးတောက်များအလား သူ၏ စိတ်ဝိညာဥ်ကို အကြောက်တရားဖြင့် တုန်လှုပ်စေခဲ့သည်။

"ပြီးသွားပြီ.... ဂိုဏ်းချုပ်ရဲ့ လက်ညိုးတစ်ချောင်းက ကမ္ဘာလောကကြီးကို တုန်ခါစေပြီး နတ်ဆိုးနဲ့ နတ်ဘုရားတွေကိုတောင် သတ်ဖြတ်နိုင်တာပဲ ၊ အဲ့ဒါက ရန်သူကို သတ်ဖြတ်ခဲ့ရုံသာမက ငါ့ရဲ့နှလုံးသားကိုလည်း သိမ်းပိုက်သွားပြီ...."

ရှန်ရှန့်ကျုံဂိုဏ်း၏ အမျိုးသမီးတပည့်တစ်ယောက်သည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှ စတင်၍ အော်ဟစ်ပြောဆိုလိုက်သည်။

"ချောမောခန့်ညားလိုက်တာ... ဒီလိုခမ်းနားကြီးကျယ်တဲ့ အသွင်အပြင်နဲ့ သူက ကြီးမားတဲ့ ရှန်ရှန့်ကျုံဂိုဏ်းကြီးတစ်ခုလုံးကို ဦးဆောင်နေတာ ၊ သူ့ရဲ့ကျင့်ကြံမှုကလည်း မယုံကြည်နိုင်လောက်အောင်ပဲ.... ဂိုဏ်း ချုပ်က ကမ္ဘာကြီးတစ်ခုလုံးမှာ စံပြ တာအိုလက်တွဲဖော်ပဲ ၊ ဒီအမျိုးသမီးက ဆုံးဖြတ်ပြီးပြီ ။အနာဂတ်ငါ့ရဲ့ တာအိုလက်တွဲဖော်က အနည်းဆုံး ဂိုဏ်းချုပ်ရဲ့ ကြီးမြတ်မှု ဆယ်ပုံတစ်ပုံလောက်တော့ ရှိရမယ် ၊ ဒီလိုမှ မဟုတ်ရင် ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိဖို့ လုံးဝ မစဥ်းစားနဲ့တော့..."

အခြားသော အမျိုးသမီးတပည့်တစ်ယောက်ကလည်း ဆက်လက်ပြောဆိုလိုက်သည်။

များစွာသော လက်ရွေးစင် တပည့်များသည် တစ်​ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်ပြီး ခါသီးစွာပြုံးလျက် ခေါင်းယမ်းမိလိုက်ကြသည်။ တပည့်အသစ်ကလေးများမှာ ရှင်းရှင်းလင်းလင်း သိမထားသော်လည်း သူတို့ကတော့ တိတိပပ သိထားလေသည်။ ဂိုဏ်းချုပ်ကတော်က ဘယ်လိုမျိုး တည်ရှိမှုကြီးလဲ? ၊ သူမကို သာမန်အမျိုးသမီး တစ်ယောက်နဲ့ ဘယ်လိုလုပ် နှိုင်းဆနိုင်မှာလဲ။ ဂိုဏ်းချုပ်ကတော်၏ ရှေ့မှောက်တွင် အမျိုးသမီး မှန်သမျှ အရှက်ရရမှာသာ ဖြစ်သည်။ ဂိုဏ်းချုပ်ကတော်တစ်ယောက်တည်းကသာ ဂိုဏ်းချုပ်နှင့် ထိုက်တန်လေသည်။

အဆိုပါ အမျိုးသမီးတပည့်များသည် အချစ်ရေး၌ ရှုံးနိမ့်ဖို့ ကံပါလာကြပြီးသားပင်။

ရှန်ရှန့်ကျုံဂိုဏ်း၏ များစွာသော တပည့်များသည် စိတ်ခံစားချက်များကို မမြိုသိပ်နိုင်ဘဲ တစ်ယောက် တစ်ပေါက် ပြောဆိုနေကြစဥ်တွင် ဝမ်ဖုန်းက နဂါးဧကရာဇ်တောက်ဇွင်းကို စူးစိုက်ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒီဂိုဏ်းချုပ်က မင်းကို ဘာလို့ မသတ်သေးလည်းဆိုတာ သိလား?"

"ကောင်းပြီ ငါအရာအားလုံးပြောပြပါ့မယ်..."

ဝမ်ဖုန်း၏ စကားလုံးများက နဂါးဧကရာဇ်တောက်ဇွင်းကို ကြောက်လန့်နေရာမှ လှုပ်နိုးလိုက်သည်။

ဝမ်ဖုန်းက ခေါင်းငြိမ့်ကာ မေးမြန်းလိုက်သည်။

"ငါ့ကို... ရှန်းရွှမ်ဒေသက အခြေအနေတွေကို ပြောပြစမ်း..."

"ရှန်းလန်ဘုံလောကကြီး ပြိုကွဲသွားပြီးတဲ့နောက်မှာ ရှန်းရွှမ်ဒေသက အကြီးမားဆုံး တိုက်ကြီးတစ်တိုက်ပဲ..အဲ့ဒါက မူလ ရှန်းလန်ဘုံလောကရဲ့ ကိုးဆယ်ရာခိုင်နှုန်း တိတိကို ပိုင်ဆိုင်ထားတယ် ၊ ထျန်းလန်ဒေသနဲ့ အခြားရှေးဟောင်းနယ်မြေတွေကတော့ ရှန်းလန်ဘုံလောကရဲ့ ဆယ်ရာခိုင်နှုန်းလောက်ကိုပဲ ပိုင်ဆိုင်ထားတာ..."

"ရှန်းရွှမ်ဒေသမှာဆိုရင် မရေမတွက်နိုင်တဲ့ နတ်မင်းနယ်ပယ် ကျင့်ကြံသူတွေ ရှိကြတယ်... အဲ့ဒီနေရာမှာ တာအို နတ်ဘုရားတွေက ခွေးလောက်တောင် အဆင့်မရှိကြဘူး ၊ အဲ့ဒီနေရာမှာ နတ်မင်းနယ်ပယ်ကို မရောက်သေးတဲ့သူဆိုရင် လုံးဝကို အဖြစ်မရှိဘူး..."

"ရှန်းရွှမ်ဒေသကို မြောက်ပိုင်းနယ်မြေ ၊ တောင်ပိုင်းနယ်မြေ၊ အလယ်ပိိုင်းတိုက်မကြီး ၊ အရှေ့တိုင်းနယ်​မြေနဲ့ အနောက်ပိုင်းနယ်မြေဆိုပြီးတော့ ခွဲခြားထားတယ်... ၊ အဲ့ဒီနေရာ ၅ နေရာမှာ မင်းမူအုပ်စိုးနေတဲ့ အင်အားစုကြီး ၂၁ ခုရှိတယ်... လျို့ဟဲ ရှေးဟောင်းဂိုဏ်း ၊ ဝူဖန်းဧကရာဇ်မျိုးနွယ်စု ၊ စစ်ရှန်းဒန်ထျန်း ၊ စန်းချိုက်သိုင်းခန်းမ ၊ လျန်ယိအမတမြို့တော်နဲ့ ယိယွမ်ဘုရားကျောင်း စတာတွေက ရှန်းရွှမ်ဒေသရဲ့ အင်အားစုကြီး ၂၁ စုထဲမှာ ပါဝင်တယ်..."

နဂါးဧကရာဇ်တောက်ဇွင်းသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ တည့်တိုး ပြောဆိုလိုက်သည်။

"မင်းတို့ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုက အင်ပါယာ မျိုးနွယ်စု ၅ စုထဲက တစ်ခုလား?"

ဝမ်ဖုန်းက ခေါင်းငြိမ့်ကာ မေးလိုက်သည်။

ဤအချိန်တွင် ဝမ်ဖုန်း၏ အမူအရာက တည်ငြိမ်နေသေးသော်လည်း သူ၏ နှလုံးသားကတော့ အဆုံးစွန်တိုင်အောင် ခုန်လှုပ်နေပေပြီ။ ရှန်းရွှမ်တိုက်မကြီးသည် ရှန်းလန်ဘုံလောကရဲ့ ဗဟိုတိုက်မကြီးဖြစ်ရန် ထိုက်တန်ပါပေသည်။

ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ နဂါးဧကရာဇ်တောက်ဇွင်း၏ မျက်စိသူငယ်အိမ်များသည် တုန်လှုပ်သွားပြီး ဝမ်ဖုန်းကို ရုတ်တရက် စူးစိုက်ကြည့်လိုက်သည်။ ဝမ်ဖုန်းက သူဟာ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုက လူတစ်​ယောက်ဖြစ်နေကြောင်း သိရှိထားလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ချေ။

ရှန်ရှန့်ကျုံဂိုဏ်းချုပ်ရဲ့ မူလဇာစ်မြစ်က ဘာများလဲ?...

တစ်ခဏအကြာမှာ နဂါးဧကရာဇ်တောက်ဇွင်းသည် အတွေးများကို ရပ်ဆိုင်းလိုက်သည်။ ယခုအချိန်တွင် သူဟာ သေဆုံးဖို့ ကံပါလာပြီးသားဖြစ်သည်။ တွေးနေတော့ရော ဘာများ အသုံးဝင်ဦးမည်နည်း။

"ဟုတ်တယ်... ရွှမ်းယွမ် ၊ ရှန်းကျိ ၊ ရှန်ကျန်း ၊ ရှန်းယောင် နဲ့ ထျန်းဟွမ် တို့က ရှန်းရွှမ်ဒေသမှာဆိုရင် အင်ပါယာမျိုးနွယ်စုကြီး ၅ စုပဲ... သူတို့က အဓိက ဒေသကြီး ၅ စုကို ကြိုးကိုင်ချယ်လှယ်ထားတယ် ၊ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုကတော့ အလယ်ပိုင်း ကုန်းမြေ ၊ ရှန်ကျိက မြောက်ပိုင်း ၊ ရှန်ကျန်းက အရှေ့ပိုင်း ၊ ရှန်းယောင်က အနောက်ပိုင်းနဲ့ ထျန်းဟွမ်က တောင်ပိုင်းဆိုပြီး အသီးသီးပေါ့..."

"တောင်ပိုင်းဒေသရဲ့ ဘယ်နေရာမှ ဝမ်ရှခန်းမက တည်ရှိတာလဲ?"

ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး ဆက်လက်မေးမြန်းလိုက်သည်။

ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ နဂါးဧကရာဇ် တောက်ဇွင်းသည် ငြိမ်သက်သွားသည်။ ဝူရှင်းတို့သုံး​ယောက်မှာ ဝမ်ဖုန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး လက်စားချေရန် ကျရှုံးခဲ့သော်လည်း နဂါးဧကရာဇ်တောက်ဇွင်းဟာ စောဒက တကတက်စရာမရှိပေ။ သူတို့ အကောင်းဆုံး ကြိုးစားပြီးပြီ ဖြစ်ကြောင်းကို သူသိထားသည်။ သူ့ကို ကူညီပေးရန်အတွက် သူတို့သည် နတ်မင်းနယ်ပယ်၏ သွေးကြောများနှင့် အသက်ကိုတောင် စတေးခဲ့လေသည်။ သူ စောဒက တက်ရန် အဘယ်မှာ အဆင့်မှီမည်နည်း။

ထိုအစား သူသည်ဝူရှင်းတို့သုံး​ယောက်နှင့် ဝမ်ရှခန်းမအပေါ် ကျေးဇူးကြွေး တင်ကျန်ရစ်ခဲ့သည်။

"မင်းငါ့ကို မပြောပြဘူးဆိုရင်တောင် ရှန်းရွှမ်တောင်ပိုင်းဒေသကို သွားရင် ဝမ်ရှခန်းမရဲ့ တည်နေရာကို ငါသိရမှာပဲ... ဝမ်ရှခန်းမရဲ့ လူတွေအများကြီးကို ငါသတ်ဖြတ်ပြီးပြီ ၊ ငါတို့နဲ့ ဝမ်ရှခန်းမကြားက အမုန်းတရားက ဖြေရှင်းဖို့ မဖြစ်န်ိုင်တော့ဘူး "

ဝမ်ဖုန်းသည် မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ပေါ့ပါးစွာ ပြောဆိုလိုက်သည်။

၎င်းစကားများကို ကြားလိုက်ရသည့်အခါ နဂါးဧကရာဇ်တောက်ဇွင်းက သက်ပြင်းဖွဖွ ချလိုက်မိသည်။

"ဝမ်ရှခန်းမက ရှန်းရွှမ်တောင်ပိုင်းဒေသရဲ့ ဝူဝမ်တောင်တန်းတွေကြားမှာ တည်ရှိတာပဲ..."

"ရှန်းရွှမ်တောင်ပိုင်းဒေသရဲ့ နေရာကောင်းတွေကို ထျန်းဟွမ်အင်ပါယာ မျိုးနွယ်စု ၊ ချုံရှုရှေးဟောင်းဂိုဏ်း နဲ့ အားရှ ရှေးဟောင်းဂိုဏ်းတွေက နေရာယူထားတာပဲ

တခြားအင်အားစု ကြီးကြီးငယ်ငယ်တွေကတော့ ရှေးဟောင်းတောင်တန်းတွေမှာပဲ စခန်းချနိုင်ကြတယ်..."

All Chapters