← Chapters

ပြန်လည်ရောက်ရှိလာခြင်း

Vol. 52 Ch. 767

ပြန်လည်ရောက်ရှိလာခြင်း

Vol. 52 Ch. 767

"ဖောက်...."

ယက္ခ၏ဆေဘာကွေးသည် မျောက်၏ရင်ဘတ်ကို နက်ရှိုင်းစွာ ထိုး​ဖောက်သွားပြီး အဲ့ဒါက သူ၏ နှလုံးနှင့် တစ်လက်မလောက်သာ ကွာဝေးလေသည်။

သူက မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား မျောက်၏ မျက်လုံးများက နီရဲနေပြီး သူ၏ ကြမ်းကြုတ်ခက်ထန်မှုက လျော့ကျမသွားပေ။ သူက သူ၏ တုတ်ခိုင်နေသော လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူ့ရှေ့ရှိ ယက္ခကို ဖမ်းဆွဲလိုက်၏။

ယက္ခ၏ လှုပ်ရှားမှုက အလွန်တရာ မြန်ဆန်ပြီး လိုက်လျောညီထွေရှိကာ သူက သူ၏ဆေဘာကွေးကို ဆွဲထုတ်၍ လေထဲသို့ ချက်ချင်း ပြန်တက်သွားချင်၏။

သ်ို့သော်လည်း မျောက်၏ အသားနှင့်အရိုးများက မာကြောခက်ထန်လာပြီး သူ၏ ဆေဘာကွေးက ခဏကြာ ကပ်ငြိနေ၏။

"သေစမ်း...."

ထိုခဏတာ အချ်ိန်ကလေးမှာ မျောက်သည် ယက္ခ၏ အသားပြားတောင်ပံကို ဆုပ်ကိုင်၍ ထိုသူကို လေထဲကနေ စောင့်ဆွဲချလိုက်၏။

ဘုန်း......

အဲ့ဒီမှာ ကျယ်လောင်သည့်အသံတစ်သံက ထွက်ပေါ်လာ၏။

ယက္ခသည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး ဖုန်များက တစ်ထောင်းထောင်းထ၍ ကျောက်စရစ်ခဲများက အဘက်ဘက်သို့ လွင့်ပျံထွက်ကာ ကြီးမားသည့် တွင်းကြီးတစ်တွင်းက မြေပြင်ပေါ်မှာ ဖြစ်ပေါ်သွားလေသည်။

အဲ့ဒါက ပြင်းထန်သော ကိုင်ရိုက်ချက်တစ်ခုဖြစ်ပြီး ယက္ခသည် ကြောက်မက်ဖွယ်ရာ အော်ဟစ်ညည်းတွားလိုက်၏။ သူ၏ သွေးချီက ပျက်ပြယ်သွားပြီး သူ၏အရိုးများက ကျိုးကြေကုန်ပြီးဟု ခံစားလိုက်ရလေသည်။

"ဟားဟားဟားဟား....."

မျောက်က သွားဖြီး၍ ယက္ခ၏ အသားပြားတောင်ပံကို လက်တစ်ဖက်နှင့် ဖမ်းဆုပ်လ်ိုက်၏။ သူက မြေတွင်းထဲရှ်ိ ယက္ခကို တစ်ဖန်ပြန်ဆွဲထုတ်ပြီး မြေပြင်၏ အခြားတစ်ဖက်ဆီသို့ ပြင်းထန်စွာ ထပ်မံ၍ ကိုင်ပေါက်လိုက်၏။

ဘန်း...ဘန်း....ဘန်း....

သူက ဤကဲ့သို့ ပုံစံဖြင့် သုံးကြိမ်ဆက်တိုက်ဆင့်၍ ကိုင်ပေါက်လိုက်၏။

ယက္ခသည် ထိုကို​င်ပေါက်ချက်များကနေ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး အသက်ငွေ့ငွေ့သာ ရှူန်ိုင်တော့လေသည်။

ယက္ခမျ်ိုးနွယ်မှာ ကြောက်မက်ဖွယ်ရာ ကောင်းသော မျိုးဆက်သွေး တစ်ခုရှိလေသည်။ သူ့နေရာမှာ အခြားသော သက်ရှိများသာဖြစ်မည်ဆိုလျင် သူတို့က ထိုကိုင်ပေါက်ချက်မှာ အသားပျော့ဖတ်များ ဖြစ်သွားလောက်လေပြီ။

အေးစက်စက် အလင်းတန်းတစ်ခုက ခိုးကြောင် ခိုးဝှက်ဖြင့် ပေါ်လာ၏။ နောက်ထပ် ယက္ခတစ်ယောက်က ​ပြေးဝင်လာခြင်းဖြစ်လေသည်။

မျောက်သည် ဒေါသရမ်းမီးပေါက်ကွဲသည့် အခြေအနေမှာ ရှိနေပြီး သူ၏ စဥ်းစားဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးထားသော်လည်း သူ၏ ဗီဇအသိစိတ်က အလွန်တရာ ထက်ရှလေသည်။ ချက်ချင်းပင် သူ၏ မြင့်မား၍ ကြီးမားသောခန္ဓာကိုယ်ကြီးက ဘောလုံးတစ်လုံးကဲ့ ကွေးညွှတ်သွား၏။ သူ၏ လှုပ်ရှားမှုက အတော်လေးမြန်ဆန်ပြီး ယက္ခထံမှ သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်ရှားလိုက်နိုင်၏။

မျောက်၏ လှုပ်ရှားမှုက လုံးဝရပ်တန်မသွားဘဲ ကွေးညွှတ်ထားသော သူ၏ခန္ဓာကိုယ်က ရုတ်တရက် ဆန့်​ထွက်သွားပြီး သူက အင်မော်တယ်သစ်သီးတစ်လုံးကို ကမ်းလှမ်းနေသည့်အလား ယက္ခထံသို့ သူ့လက်နှစ်ဖက်ကို ပစ်သွင်းလိုက်၏။

အဲ့ဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်လေသည်။

ဖြောင်း.....

မျောက်၏ကွေးညွတ်ထားသော ခန္ဒာကိုယ်ကြီးက ဆန့်ထွက်လာပြီးနောက် သူ၏ အရွတ်များနှင့် အရိုးများမှ အသံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားတစ်ခုက ရုန်းကန်ထွက်ပေါ်လာလေသည်။ ယက္ခ၏ လှုပ်ရှားမှု နည်းစနစ်က အလွန်ကို မြန်ဆန်သောကြောင့် သူက ထိုသတ်ဖြတ်ကွက်ကနေ ရှောင်းရှားဖို့အတွက် နောက်ကျလွန်းသွားလေပြီ။

ဘန်း....

မျောက်၏ လက်နှစ်ဖက်သည် ယက္ခ၏ အောက်မေးရိုးကို ပြင်းထန်စွာ ပင့်ရိုက်လ်ိုက်၏။

ဂျွတ်.....

အရိုးများကျိုးသံက ထွက်ပေါ်လာလေသည်။

ယက္ခ၏ ကြောက်မက်ဖွယ်ရာဦးခေါင်းသည် နောက်သို့ ပြင်းထန်စွာ လန်ကျသွားပြီး သူ၏ မေးရိုးက ကြေမွသွားလေသည်။

လျင်မြန်သော လှုပ်ရှားမှုနှင့်အတူ မျောက်က ရှေ့သို့ ပစ်ဝင်သွားပြီး သူ၏လက်နှစ်ဖက်ကို ကွေးညွှတ်ကာ ယက္ခ၏ ရင်ညွန့်ဆီသို့ လှံနှစ်စင်းကဲ့သို့ သူ၏ တံတောင်နှစ်ဖက်ကို ပစ်သွင်းလိုက်၏။

ဘုန်း......

ယက္ခ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်ကို ပစ်ကျသွားပြီး သူ၏ရင်ဘတ်ပေါ်တွင် သွေးသံရဲရဲ အပေါက်နှစ်ပေါက်က ဖြစ်ပေါ်လာ၏။ သူ၏ နှလုံးက ပျက်စီးကြေမွသွားပြီး နေရာမှာပင် သေဆုံးသွားလေပြီ။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ ချက်ချင်းပင် တိုက်ပွဲ၏ ဒီရေက ရွေ့လျားလာလေပြီ။ အစက အသာစီးရနေသော ယက္ခနှစ်ယောက်သည် ဒဏ်ရာရသူရ သေသူသေကုန်ကြလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

ယက္ခမျိုးနွယ်သည် အသင်္ချေနယ်မြေမြို့တော်သို့ ဝင်ရောက်လာပြီးနောက် ဤကဲ့သို့ ရိုက်ချက်ကို ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

လက်ရှိ မည်သည့်ကျင့်ကြံသူမှ သိသိသာသာ ထုတ်မပြရဲသော်လည်း သူတို့အားလုံးသည် စိတ်ထဲကနေ အော်ဟစ်အားပေးလိုက်ကြ၏။

"ဒီနေရာမှာ ပြိုင်စံရှားပေါင်း ငါးသောင်းကျော် ရှိနေပေမယ့်လို့ သူတို့ထဲက အနည်းအကျဥ်းလောက်ဘဲ ရှေ့ကိုထွက်ရဲကြတယ်.... အဲ့ဒီကျန်ခဲ့တဲ့လူတွေက ဒီသားရဲတောကောင်အချို့နဲ့တောင် နှိုင်းယှဥ်လို့မရဘူး... ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလိုက်လဲ..."

ပကတိအရှင် လောရွှယ်က ဝမ်းနည်းပူဆွေးစွာဖြင့် ညည်းတွားလိုက်၏။

သူတို့ရှေ့တွင် ယက္ခတစ်ယောက်က အသတ်ခံရသည်ဆ်ိုလျှင်​တောင် အဲ့ဒါက ကိစ္စမရှိပေ။ အခြေအနေက ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

ယက္ခခေါင်းဆောင်နှင့် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်က ဝင်ရောက် တိုက်ခိုက်လာသည်နှင့်အမျှ သူတို့သည် အရာရာတိုင်းအပေါ် လွှမ်းမိုး ခြယ်လှယ်ပြီး မည်သူကမှ အသက်ရှင်နိုင်ကြလိမ့်မည် မဟုတ်ပေ။

ထိုစဥ်မှာပင် လုံးထွေး သတ်ပုတ်နေသော ပုံရိပ်နှစ်ခုက ရုတ်တရက်ခွာလိုက်ကြ၏။

​တူကူကျန့်သည် ကြောက်မက်ဖွယ်ရာ ဖြူဖတ်ဖြူရော် ဖြစ်နေသော အမူအရာဖြင့် ဒယီးဒယိုင်ရပ်နေ၏။ သူ၏ တစ်ကိုယ်လုံး ချွေးများက စိုချွဲနေလေသည်။ သူက ခြေကုန်လက်ပမ်းကျနေပြီဖြစ်ပြီး သူ၏အကန့်အသတ်သို့ ရောက်ရှိကာ ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပုံ ရလေသည်။

သူနှင့် ရင်ဆိုင်ခဲ့သော ယက္ခသည် တည်ငြိမ်နေသော အမူအရာဖြင့် မလှုပ်မယှက် ရပ်နေ၏။

ခဏနေပြီးနောက် ထိုယက္ခ၏ မျက်လုံးထဲမှ အရောင်က တဖြည်းဖြည်း မှိန်ကျသွား၏။

လူတိုင်းအာရုံစိုက်၍ ကြည့်လိုက်ကြ၏။

ထိုယက္ခ၏ နဖူးပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန် သွေးရောင် မျဥ်းတစ်ကြောင်းက ပေါ်လာ၏။ အဲ့ဒါက တဖြည်းဖြည်း ရှင်းလင်းလာပြီး နောက်ဆုံးမှာတော့ ၎င်းအထဲမှ သွေးများက စီးကျလာ၏။

အဲ့ဒါက သေစေနိုင်သော ဓားချက်ပင် ဖြစ်လေသည်။

ယက္ခ၏ ဦးခေါင်းက ခုတ်ပိုင်းခံလိုက်ရလေသည်။

ဓားချက်က အလွန်တရာမြန်ဆန်၍ သေသပ်ပြီး ဒဏ်ရာက ချက်ချင်းပွင့်ဟမလာဘဲ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာမြင်ကွင်းကို မြင်တွေ့လာရခြင်း ဖြစ်လေသည်။

နောက်ထပ်ယက္ခတစ်ယောက်က သေလေပြီ။

တစ်ကယ်တော့ တူကူကျန့်သည် အစကတည်းက ဒဏ်ရာရရှိထားပြီး တစ်ချိန်လုံး ယက္ခ၏ ဖ်ိနှိပ်ခြင်းကို ခံနေရ၏။ သို့သော်လည်း စောစောက မျောက်၏ ပြင်းထန်ကြမ်းကြုတ်သော တိုက်ပွဲက ထိုယက္ခကို ခဏတာ စိတ်အာရုံပျက်ယွင်းသွားစေ၏။

တူကူကျန့်သည် ဓါးတာအိုကို ကျင့်ကြံထားပြီး သူ့စိတ်အာရုံက သလင်းကဲ့သို့ ကြည်လင်၏။

သူ၏ ဓားနှလုံးသားသည် သူ၏ စိတ်ကို ရှင်းလင်းနေစေပြီး အရာရာတိုင်းအပေါ် ထက်ရှစွာဖြင့် အာရုံစိုက်ထားနိုင်၏။ သူသည် ခဏတာ ဖြစ်ပေါ်လာသော ဟာကွက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်နိုင်၏။

သူ၏ ဓားချက်က သေကွင်းသေကွက်ကို ထိုးနှက်ခဲ့လေသည်။

ယက္ခမျိုးနွယ်သည် မြန်ဆန်သော်လည်း သူ၏ဓားက ပို၍မြန်လေသည်။

အဲ့ဒါက ဓားချက်တစ်ချက်သာဖြစ်သော်လည်း ဓားတာအို၏ ကြောက်စရာကောင်းသော သတ်ဖြတ်စွမ်းအားသည် သူ၏လက်ထဲမှာပို၍ မြင့်မားလာလေသည်။

သူ၏ ဓားချက်က လူတိုင်းကို သတင်းစကားတစ်ခု ပါးလိုက်သည်နှင့် တူလေသည်။ ကမ္ဘာဦးမျိုးနွယ် ၉ စုပင်လျှင် ပြိုင်ဘက်ကင်းကြသည်မဟု​တ်ဘဲ သူတို့က သေနိုင်လေသည်။ သူတို့ပင်လျှင် ဓားတာအို၏ ထက်ရှမှုကို မခုခံနိုင်ကြပေ။

သူ၏ ကလန်သားများ ဆက်တိုက်သတ်ဖြတ်ခံနေရပြီးနောက် ယက္ခခေါင်းဆောင်၏ အမူအရာက လုံးဝပြာနှမ်းလာခဲ့လေသည်။

"ကောင်းလိုက်တဲ့ဓားချက်... အရမ်းကောင်းတယ်..."

သူက အေးစက်စက်အကြည့်နှင့်အတူ လက်ခုပ်တီးပြီး ခက်ထန်စွာ ပြောလိုက်၏။

"အစကတော့ ငါက မင်းတို့ရဲ့ အသက်ကို ချမ်းသာ ပေးရမလားလို့ စဥ်းစားထားသေးတယ်... ဟမ့်..."

"ဒါပေမယ့်... အခုတော့ ငါ့ရဲ့စိတ်ကို ငါပြင်လိုက်ပြီ"

ယက္ခခေါင်းဆောင်က သတ်လ်ိုဖြတ်လိုစိတ်နှင့် စကားကို တစ်လုံးခြင်းပြောလိုက်၏။

"မင်းတို့ လူသားပြိုင်စံရှားတွေ အသင်္ချေနယ်မြေမြို့တော်ထဲကနေ တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားဖို့ မစဥ်းစားနဲ့..."

"နင်က မရိုးဖြောင့်တာဘဲ.. နင်စကားကိုတောင် နင်မတည်နိုင်ဘူးလား..."

ရှောင်းနင်က တူကူကျန့်နဲ့ မျောက်ကို လက်ညိုးထိုးပြီး ဒေါသတကြီး ဖြင့် ပြောလိုက်၏။

"သူတို့က နိုင်သွားတယ်ဆိုတာ အရှင်းကြီးဘဲ... "

"မရိုးဖြောင့်ဘူး.... ဟုတ်လား..."

ယက္ခခေါင်းဆောင်က ရှောင်းနင်ကို စိုက်ကြည့်ပြီး လှောင်ရယ်လိုက်၏။

"ဒီစည်းကမ်းကို ထုတ်ထားတာက ငါဘဲ... အဲ့တော့ ဘာလုပ်မလဲဆိုတာ ငါကဘဲ ဆုံးဖြတ်မယ်... မင်းတို့လို ပုရွက်ဆိတ်တွေက ငါနဲ့ညှိနှိုင်းဖို့ အဆင့်မမှီဘူး"

"ငါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က ပြိုင်စံရှားတွေ အကုန်လုံးကို ဒီနေရာမှာ မြှုပ်နှံပစ်မယ်... အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က မင်းတို့ လူသားမျိုးနွယိရဲ့ အကြီးမားဆုံး ဟာသတစ်ခု ဖြစ်လာလိမ့်မယ် ၊ ဒီနေ့ကစပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ဆိုတာ သမိုင်းထဲမှာဘဲ ကျန်ခဲ့စေရမယ်..."

မည်သူကမှ စကားမပြောနိုင်ဘဲ လေထုက တင်းကျပ်လာ၏။

အဲ့ဒါက ယက္ခမျိုးနွယ် ခေါငိးဆောင် ပြောခဲ့သလိုပင်...။ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားများသည် အားလုံးသေဆုံးပြီး ပြိုင်စံရှားတစ်သိန်းကျော်က ဤနေရာမှာ မြှုပ်နှံခံရမည်ဆိုလျှင် အမြုတေနယ်မြေအဆင့် သတ်မှတ်ချက်သည် ကျင့်ကြံရေးလောက၏ အကြီးမားဆုံး အရှက်ရမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ကို နတ်မိမယ်လင်းလုံက တည်ထောင်ထားခဲ့ပြီး ရှေးဟောင်းခေတ်မှစ၍ လက်ဆင့်ကမ်းခဲ့ကြသည်ဆိုလျှင်တောင် ပဟေဠိနန်းတော်သည် အဲ့ဒါကို ဧည့်ခံကျင်းပပေးရခြင်းအတွက် ကြီးမားစွာ အရှက်ရပေလိမ့်မည်။

"မင်း​တို့စိတ်ပျက်သွားရမှာဘဲ ငါစိုးမိတယ်..."

တူကူကျန့်က အေးစက်စွာဖြင့် ပြောလိုက်၏။

“အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနှစ်​ယောက်က မြို့ထဲကနေ ထွက်သွားခဲ့တာ တော်တော်ကြာသွားပြီ... သူတို့နှစ်ယောက်ကမှ ငါတို့ဘူသားမျိုးနွယ်ရဲ့ တစ်ကယ့်အစစ်အမှန် ပြိုင်စံရှားတွေဘဲ... သူတို့က လူသားဧကရာဇ်နဲ့တောင် နှိုင်းယှဥ်လို့ရတဲ့ တစ်ကယ့်ကို ပြန်ဝင်စားမွန်းစတားတွေဘဲ..."

"ငါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၇ ဘဲရှိတယ်... ဒါပေမယ့်ငါက မင်းတို့ရဲ့ ယက္ခမျိုးနွယ်ကို သတ်ဖြတ်နိုင်စွမ်းရှိတယ်... အဲ့ဒီပြန်ဝင်စားမွန်းစတားနှစ်ယောက်သာ ဒီနေရာမှာ ရှိမယ်ဆိုရင် မင်းတို့ပြင်ပမျိုးနွယ်က ကျူးကျော်သူတွေက အခုလို ဇောင့်ကြွားဇောင့်ကြွား လုပ်နေနိုင်မှာ မဟုတ်ဘူး"

တူကူကျန့်ရည်ညွန်းပြောဆိုသော ပြန်ဝင်စားမွန်းစတားနှစ်ယောက်မှာ ဆူဇီမိုနှင့် သီယင်းပင်လျင် ဖြစ်ပေသည်။

"ဟီးဟီးဟီးဟီး..."

ယက္ခမျိုးနွယ်ခေါင်းဆောင်က လှောင်ရယ်လိုက်၏။

"ပြိုင်စံရှားတွေ... ပြန်ဝင်စားမွန်းစ​တားတွေ ဟုတ်လား.. သူတို့နှစ်ယောက်က အခုဆို အကြောက်လွန်ပြီး ပြန်တောင်မလာရဲတော့ဘူး မဟုတ်လား..."

သူ၏ စကားများသည် လက်ရှိကျင့်ကြံသူများစွာ၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာကြ၏။

သူတို့သည် ဆူဇီမိုနှင့် သီယင်းနေရာမှာဆိုလျှင် အသင်္ချေနယ်မြေ​မြို့တော်တွင် ဖြစ်ပျက်နေသည်ကို မြင်ရပြီးနောက် သူတို့က မြို့ထဲကို ပြန်လာမည့်အစား ခပ်ဝေးဝေးသို့ ပြေးသွားကြမည်သာ ဖြစ်လေသည်။

နိုးထဝိညာဥ်များပင်လျင် ဤသည်ကို ရှောင်ရှားပြီး ထွက်ပြေးဖို့အတွက် ရွေးချယ်ရသည်ဆိုလျင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားများကရော ဘာလုပ်နိုင်မှာလဲ။

လက်ရှိအ​ခြေအနေက အရမ်းကို ရှင်းလင်းနေလေသည်။ အသင်္ချေနယ်မြေမြို့တော်က အဆုံးမဲ့ငရဲတစ်ခုဖြစ်နေပြီး အထဲကို ဝင်ရောက်လာမည့်သူက အသက်ရှင်လျက် ပြန်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။

ယက္ခခေါင်းဆောင်က သူ့မေးကိုပွတ်ပြီး ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။

"အဲ့ဒီနှစ်​ယောက်သာ ပြန်လာမယ်ဆိုရင် ငါက သူတို့နှစ်ယောက်ကို အသက်ရှင်မယ့် အခွင့်အရေးတစ်ခုပေးမယ်... သူတို့က ငါ့ရဲ့ စိတ်ဝိညာဥ်တောကောင်တွေအဖြစ် နေပေးမယ်ဆိုရင်ပေါ့... "

"သူတို့ကို သတ်....."

ယက္ခခေါင်းဆောင်သည် လက်ကို ဝှေ့ယမ်းပြလိုက်သောအခါ သူ့နောက်ရှိ စွမ်းအားကြီးမားသော ပုံရိပ်ဆယ်ခုကျော်က နက်မှောင်နေသော အလင်းတန်းများအသွင်ပြောင်းလဲပြီး မျောက်နှင့်အခြားသူများထံ ပြေးဝင်သွားကြ၏။

ပကတိအရှင် ယွီကျွင်းနှင့် အခြားနှစ်ယောက်သည် အလွန်တရာ နာကျင်နေသော အမူအရာများ ရှိနေကြ၏။

မျောက်နှင့်အခြားသူများက လမ်းဆုံးသို့ ရောက်နေကြပြီးဖြစ်သည်က်ို သူတို့က ပြောနိုင်ကြလေသည်။ သူတို့က နောက်ထပ်ဝင်ရောက်လာသော ယက္ခဆယ်ယောက်ကျော်ကို မည်သို့မည်ပုံ ခုခံနိုင်ပါမည်နည်း။

"အား...."

ရုတ်တရက် မိုးကုတ်စက်ဝိုင်းဘက်မှ သံရှည်ဟိန်း ဟောက်သံတစ်သံက ထွက်ပေါ်လာ၏။ အဲ့ဒါက တိမ်လွှာများကို ဆုတ်ဖြဲပြီး သတ္တုနှင့် ကျောက်သားများကိုပင် ​​ကြေမွသွားစေနိူင်၏။

လူတိုင်းသည် တုန်လှုပ်သွားကြ၏။

"အား......"

ပထမဟိန်းဟောက်သံ ရောက်ရှိလာပြီး နောက်ခဏမှာပင် ဒုတ်ိယဟိန်းဟောက်သံက ထွက်ပေါ်လာ၏။

ဒုတ်ိယဟိန်းဟောက်သံက များစွာပို၍ နီးကပ်လာပြီ ဖြစ်လေသည်။

All Chapters