ဘယ်သူ့ကိုမှ ချမ်းသာမပေးဘူး
Vol. 52 Ch. 768
ဝင်ရောက်လာသူသည် သူ၏လမ်းကြောင်းကို ဖုံးကွယ်မထားဘဲ အသင်္ချေနယ်မြေမြို့တော်ထဲသို့ ချဥ်းနင်းဝင်ရောက်လာ၏။
ဒါ့အပြင် သူ၏အမြန်နှုန်းက ကြောက်ခမန်းလိလိဖြစ်နေ၏။
ပထမဆုံးဟိန်းဟောက်သံက အတော်ဝေးကွာသေးသော်လည်း ဒုတိယဟိန်းဟောက်သံက အသင်္ချေနယ်မြေမြို့တော်နားသို့ ကပ်လာခဲ့ပြီဖြစ်လေသည်။
များစွာသော ယက္ခများသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်၏။
ဖက်တီးလေးနှင့် အခြားသူများသည် ထိုအသံကိုကြားသောအခါ အားမာန်များ တက်ကြွလာကြ၏။
ပကတိအရှင်ယွီကျွင်းနှင့် အခြားသူများသည် ပထမ မှင်တက်သွားကြ၏။ ထို့နောက် သူတို့သည် တစ်ခုခုကို အမှတ်ရသွားသည့်အလား ကျုံးထလိုက်ကြ၏။
များစွာသော ကျင့်ကြံသူများသည် ငေးငိုင်နေသော အမူအရာများ ရှိနေကြ၏။
သူတို့ထဲမှ အများစုသည် ထိုဟိန်းဟောက်သံကို မရင်းနှီးပေ။
သူတို့တစ်ကယ်တမ်း နားမလည်နိုင်သည်မှာ အသင်္ချေနယ်မြေမြို့တော်၏ အခြေအနေက ဒီလောက်ထိ သေလောက်အောင် ဆိုးရွားနေတာတောင် ဘယ်လိုလူကများ ဝင်ရောက်လာပါလိမ့်။
အဲ့ဒါက ကမ္ဘာဦးမျိုးနွယ် ၉ စုထဲက အခြား တစ်ယောက်ယောက်များလား...။
သိပ်မကြာမှီ မြို့အပြင်ဘက်ကနေ ပုံရိပ်တစ်ခုက လှမ်းဝင်လာ၏။ သူ၏ အစိမ်းရောင် ဝတ်ရုံက ကြော့ရှင်းစွာဖြင့် တဖျတ်ဖျတ် လှုပ်ခါနေ၏။
"အား....."
ထိုသူက နီးကပ်လာပြီး လူတိုင်းသည် သေချာစိုက်ကြည့်လိုက်ကြပြီးနောက် သူတို့က အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
"ဆူဇီမို....."
ဝင်ရောက်လာသူသည် ဒီတစ်ခေါက် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာရှိ လူပင်ဖြစ်လေသည်။ သူက ရွှေအမြုတေနယ်မြေ သုံးခုကို ကျင့်ကြံထားန်ိုင်ခဲ့ပြီး သီယင်းကို လွှမ်းမိုးခြယ်လှယ်နိုင်စွာ ဖိနှိပ်၍ နိုးထဝိညာဥ်များကိုပင် စိန်ခေါ်ရဲသော ဆူဇီမိုပင် ဖြစ်လေသည်။
လူတိုင်းသည် စိတ်လှုပ်ရှားသွားကြ၏။
ပကတိအရှင်ယွီကျွင်းနှင့် အခြားသူများသည်လည်း စိတ်ခံစားချက်များ မြင့်တက်လာကြ၏။
အရမ်းကို တိုက်ဆိုင်စွာနှင့်ပင် ဆူဇီမိုသည် အသင်္ချေနယ်မြေမြို့တော်ထဲကနေ ထွက်ခွာသွားပြီး ဤကပ်ဘေးကနေ ရှောင်ရှားန်ိုင်ခဲ့လေသည်။ သူက ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့လိမ့်မည်ဟု မည်သူကမှ မျှော်လင့်မလားပေ။
"မင်းက တစ်ကယ့်ကို အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နဲ ထိုက်တန်ပါပေတယ်..."
တူကူကျန့်က ဖြည်းဖြည်းချင်း ပြောလ်ိုက်၏။
အဲ့ဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် နေရာကို ရယူခဲ့သော သူသာလျှင် ပိုင်ဆိုင်နိုင်သော သတ္တိမျိုး ဖြစ်လေသည်။
အဲ့ဒါသည် နံပါတ်တစ် ပကတ်ိသက်ရှိဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သူတစ်ယောက်၏ အစစ်အမှန် ရဲရင့်မှုသာလျှင် ဖြစ်ပေသည်။
ဖက်တီးလေးနှင့် အခြားသူများသည် ဆူဇီမို ပြန်ရောက်လာသည်ကို မြင်ပြီးနောက် အားတက်သွားကြ၏။
ကျန်ရှိနေသော ကျင့်ကြံသူငါးသောင်းသည် သိသိသာသာ ထုတ်မပြသော်လည်း သူတို့၏ စိတ်ဝိညာဥ်များကလည်း မြင့်တက်လာကြလေသည်။
ယက္ခခေါင်းဆောင်နှင့် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ကျင့်ကြံသူများ၏ ပြောင်းလဲသွားသော စိတ်အခြေအနေကို ရှင်းလင်းစွာ ခံစားမိလိုက်ကြ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ဆူဇီမိုက ဂရုမထားဟန်ဖြင့် ခဏတာ စိုက်ကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။
သူသည် ထိုကဲ့သို့သော ပြိုင်စံရှားနှင့် ပြန်ဝင်စား မွန်းစတားများစွာကို မြင်ဖူးခဲ့လေသည်။ သူက သူတို့ထဲမှ များစွာကိုပင် သတ်ဖြတ်ခဲ့ဖူးလေသည်။
ဤလူက အရမ်းကို သာမန်သာဖြစ်ပြီး သူ့မှာ ထူးခြားနေတာ ဘာတစ်ခုမှ မရှ်ိချေ။
ယက္ခခေါင်းဆောင်သည် သူ၏နီရဲနေသော လျှာကြီးကိုထုတ်ပြီး နှုတ်ခမ်းကိုသပ်လိုက်၏။ သူက ဆူဇီမ်ို၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ပြီး သေသေချာချာ နှာခေါင်းရှုံ့ကာ ယစ်မူးနေသော အမုအရာဖြင့် ပြောလိုက်၏။
"အမ်.... ကြည့်ရတာတော့ ဒီလူသားရဲ့ အသားက အတော်လေးကို အဆင့်မြင့်တဲ့ပုံဘဲ... ဘယ်လောက်တောင် ရှားပါးလိုက်သလဲ..."
အသင်္ချေနယ်မြေမြို့တော်ထဲသို့ ဝင်ရောက်လာပြီးနောက် ဆူဇီမို၏ အမူအရာက ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် သုန်မှုန်လာလေသည်။
အသင်္ချေနယ်မြေမြို့တော်သည် သွေးများဖြင့် နီစွေးနေပြီး အလောင်းများက ကြောက်မက်ဖွယ်ရာ ပုံစံဖြင့် နေရာတိုင်းမှာ ပြန့်ကျဲနေ၏။
ထိုကျင့်ကြံသူများက ဆိုးဆိုးဝါးဝါး ပုံစံဖြင့် သေဆုံးနေကြလေသည်။
သူတို့ထဲမှ အလောင်းအများစုသည် အင်္ဂါမစုံဖြစ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များက ကိုက်ဖြတ်စားသောက်ခြင်းခံထားရသည်မှာ သိသာလေသည်။
သူသည် အနားသို့ရောက်လာပြီးနောက် ဖက်တီးလေးနှင့် အခြားသူများပေါ်ရှိ ဒဏ်ရာများကို မြင်သောအခါ ဆူဇီမို၏ မျက်လူံးထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်း စုဖွဲ့လာ၏။ အဲ့ဒါက အစိုင်အခဲ ဖွဲ့လုနီးပါးဖြစ်ပြီး လျှံထွက်ကျလာလေသည်။
ဆူဇီမိုသည် လူအုပ်ကြီးထဲသို့ ဖြတ်ကြည့်ပြီးနောက် သူ၏အကြည့်က ပကတိအရှင် ယွီကျွင်းတို့အုပ်စုပေါ်တွင် ခဏမျှကြန့်ကြာသွား၏။
အခြေအနေက သူထင်ထားသည်ထက်ပင် ပိုမိုဆိုးဝါးနေသေး၏။
နိုးထဝိညာဥ် ဆယ်ယောက်ကျော်ထဲတွင် တစ်ဝက်လောက်က သေဆုံးကုန်ကြလေပြီ။
နောက်ဆုံးမှာတော့ ဆူဇီမို၏ အကြည့်သည် နန်းကြည်ပေါ်သို့ ရောက်ရှိသွား၏။
နန်းကြည်သည် အစက ခေါင်းငိုက်စိုက်ချထားပြီး သူမသည် ချင်ချင်နှင့်အခြားသူများကို စကားလုံးဝမပြောသလို အသိမှတ်လည်းမပြုပေ။ သူမက သူမကြောင့် သူတို့ဒုက္ခရောက်မည်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်၏။
သို့သော်လည်း သူမသည် ဆူဇီမို၏ အကြည့်ကို ခံစားမိသောအခါ နန်းကြည်သည် ဆက်လက်၍ ချုပ်တည်းထားနိုင်ခြင်း မရှိတော့ပေ။ ချက်ချင်းပင် သူမရင်ထဲရှိ မကျေမချမ်းမှုများက တစ်လိပ်လိပ်တက်လာပြီး မျက်ရည်များက စိုလာလေသည်။
"ဆရာ...."
"မငိုနဲ့.... ငါမင်းကို ကယ်မယ်..."
ဆူဇီမို၏အသံက နူးညံ့ညင်သာနေ၏။
"အမ်း......"
နန်းကြည်သည် မျက်ရည်များကို ပြန်ထိန်းလိုက်ပြီး တက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ရယ်ချလိုက်ပြီး လှောင်ပြောင်နေသော မျက်လုံးများနှင့်အတူ သူက အေးအေးဆေးဆေး ပြောလိုက်၏။
"ငါသာ မင်းနေရာမှာဆိုရင် ငါ့ကိုယ်ငါ ဘယ်လိုကယ်တင်ရမလဲ စပြီး စဥ်းစားနေလောက်ပြီ..."
အခြားသော နတ်ဘုရားမျိုးနွယ်ခြောက်ယောက်သည် သူတို့၏ လက်များကိုပိုက်ပြီး ဟားတိုက်ရယ်မောလိုက်ကြ၏။
ဆူဇီမိုချဥ်းကပ်လာသောအခါ များစွာသော ကျင်ကြံသူများသည် တစ်ခုခု ထူးခြားနေတာကို တဖြည်းဖြည်း သတိထားမိသွားကြ၏။
"သူ့ရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေက ခမ်းခြောက်သွားပြီထင်တယ်...."
"ဟုတ်တယ်... ငါလည်း အဲ့တာကို ခံစားမိတယ်.. သူက အဲ့လိုပုံစံနဲ့ ယက္ခနဲ့ နတ်ဘုရားမျိုးနွယ်ကို ဘယ်လိုများ တ်ိုက်ခိုက်မှာလဲ..."
"ငါကြားတာက သူက အနီးကပ်တိုက်ခိုက်ရည်မှာ အရမ်းကို သန်မာတယ်တဲ့... သူက သားရဲပုံစံကိုတောင် ပြောင်းနိုင်တယ်ဆိုဘဲ..."
"သားရဲပုံစံနဲ့ကော ဘာသွားသုံးလို့ရမှာလဲ... ဘယ်သားရဲများက ကမ္ဘာဦးမျိုးနွယ် ၉ စုကို ယှဥ်နိုင်လို့လဲ... သူက သားရဲပုံစံပြောင်းလိုက်ရင် နိုးထဝိညာဥ်တွေကို အနိုင်ယူနိုင်မှာ မို့လို့လား... ပြင်ပမျိုးနွယ်ရဲ့ ခေါင်းဆောင်နှစ်ယောက်က နိုးထဝိညာဥ်တွေကိုတောင် သတ်ဖြတ်နိုင်တယ်..."
များစွာသော ကျင့်ကြံသူများသည် တိုးတိတ်စွာဖြင့် အသည်းအသန် ဆွေးနွေးလိုက်ကြပြီး အစက တက်ကြွလာသော သူတို့၏စိတ်များက တဖြည်းဖြည်း ပြန်လည် နစ်မြုပ်သွား၏။
ဆူဇီမို၏ အခြေအနေက ဆိုးဝါးနေတာကို လူတိုင်းပြောနိုင်ကြလေသည်။
သူ၏စိတ်ဝိညာဥ်စွမ်းရည်က သီယင်းနှင့် အကြိတ်အနယ်တိုက်ခိုက်ပြီးနောက် ကုန်ဆုံးသလောက် ဖြစ်နေခဲ့လေပြီ။
သူက ခရီးရှည်ကြီးကိုလည်း ရပ်နားခြင်းမရှိ ဖြတ်သန်းလာရ၏။ အသင်္ချေနယ်မြေမြို့တော်သို့ ရောက်ရှိလာပြီးနောက် သူ၏ပုံစံက ခြေကုန်လက်ပမ်းကျနေသည့်ပုံပင်။
"ဇီမို... မြန်မြန်သွားတော့.. ငါတို့ကို ထားခဲ့..."
ရုတ်တရတ် ပကတိအရှင် လောရွှယ်၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ပေါ်လာ၏။
သူမက သူမ၏ အမြုတေစိတ်ဝိညာဥ်ကို သုံးပြီး သူ့ကို အသံတစ်ခု ထုတ်လွှင့် ပို့လွှတ်ခဲ့ခြင်းဖြစ်လေသည်။
"မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအင်က ခမ်းခြောက်နေတာကို မပြောနဲ့ဦး... မင်းက မင်းရဲ့ အထွတ်အထိပ်အခြေအနေမှာ ရှိရင်တောင် ယက္ခခေါင်းဆောင်နဲ့ နတ်ဘုရားခေါင်းဆောင်ကို ယှဥ်နိုင်မှာမဟုတ်ဘူး..."
ပကတိအရှင် ယွီကျွင်းကလည်း အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။
"မင်းက အင်မော်တယ် ၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုက နည်းစနစ်တွေကို တတ်မြောက်ထားတယ်.. မင်းက လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်ဘဲ ၊ မင်းမသေသေးသရွေ့ အနာဂတ်မှာ မင်းက အောင်မြင်ထွန်းတောက်လာလိမ့်မယ်..."
"မီးလောင်နေတဲ့ တောအုပ်ကို ငြှိမ်းသတ်ဖို့ဆိုတာ ခက်ခဲတယ်... ဒီမှာ ရှိတဲ့ ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ... မင်းက မင်းကိုယ်မင်း အတင်းဖိအားပေးစရာမလိုဘူး... မင်းကိုယ်မင်း အပြစ်တင်နေစရာလည်း မလိုဘူး အဲ့ဒါက ကံကြမ္မာဘဲ..."
ကိုယ်တော်ယင်လူက ညှင်သာစွာ သက်ပြင်းချလိုက်၏။
"ဒကာဆူ... မြန်မြန်သွားတော့..."
ဆူဇီမိုက တိတ်ဆိတ်နေ၏။
သို့သော်လည်း သူ၏အမူအရာက အေးစက်လာပြီး ကြောက်မက်ဖွယ်ရာကောင်းလာ၏။
အဲ့ဒါက ဖက်တီးလေးနှင့် အခြားသူများကြောင့် မဟုတ်ဘူးဆိုလျှင်တောင်.. အဲ့ဒါက နန်းကြည်အတွက်နဲ့ မဟုတ်ဘူးဆိုလျှင်တောင်.. ဆူဇီမိုက ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။
သူက စိတ်ထဲမှာ မကျေမနပ်ဖြစ်နေလေသည်။
သူသည် အသင်္ချေနယ်မြေမြို့တော်ထဲသို့ ဝင်ရောက်လ,ကတည်းက သူ့ရင်ထဲမှာ ဒေါသမီးတစ်ခုက တောက်လောက်နေပြီး အဲ့ဒါကို ဖွင့်မထုတ်နိုင်သေးပေ။
သူသည် ပြင်ပမျိုးနွယ်များက လူသားများကို နင်းခြေပြီး အစုလိုက်သတ်ဖြတ်နေတာကို ဒီတိုင်း ထိုင်ကြည့်နေနိုင်လိမ့်မည် မဟုတ်ပေ။
ဒါက အသင်္ချေနယ်မြေမြို့တော်.. လူသားမျိုးနွယ်အတွက် အထွတ်အမြတ်ထားရာ ကုန်းမြေတစ်ခု ဖြစ်လေသည်။
သူသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများမှ နည်းစနစ်များနှင့် လူသားဧကရာဇ်၏ လျှို့ဝှက်ပညာရပ်များကိူ ကျင့်ကြံခဲ့ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်လာခဲ့လေသည်။ သူက ဤနေ့ထွက်ပြေးသွားမည်ဆိုလျှင် လူသားဧကရာဇ်နှင့် နတ်မိမယ်လင်းလုံတို့ကို သူက ဘယ်လိုမျက်နှာ ပြရပါမည်လဲ။
"ထွက်ပြေးမလို့လား...."
ရုတ်တရက် ယက္ခခေါင်းဆောင်က ဟားတိုက်ရယ်မောလိုက်ပြီး အေးစက်စွာဖြင့်ပြောလိုက်၏။
"မင်းတို့ ခွေးအိုကြီးသုံးကောင်က သူ့ကို ထွက်ပြေးစေချင်နေတာလား.... သူကထွက်ပြေးနိုင်မယ်လို့ မင်းတို့က တစ်ကယ်ဘဲ ထင်လို့လား..."
ပကတိအရှင်ယွီကျွင်းနှင့် အခြားနှစ်ယောက်သည် ထိပ်ထိပ်ပျာပျာ ဖြစ်သွားကြ၏။
သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို အသုံးပြုပြီး အသံထုတ်လွှင့်ပို့လွှတ်ခြင်းကို ယက္ခမျိုးနွယ်က ထောက်လှမ်းသိရှိနိုင်လေသည်။
ကမ္ဘာဦးမျိုးနွယ် ၉ စုသည် စဥ်းစားကြည့်လို့တောင်မရသော အစွမ်းအစများကို ပိုင်ဆိုင်ထားပြီး သူတို့ကို ခုခံနိုင်ဖို့က တစ်ကယ့်ကို ခက်ခဲလေသည်။
"ငါ့စိတ်ထဲမှာ... ထွက်ပြေးဖိုအတွေး တစ်ခုမှ မရှိဘူး..."
ထိုစဥ်မှာပင် ဆူဇီမိုသည် အနီးနားရှိ ယက္ခခေါင်းဆောင်ဘက်သို့ လှည့်ကြည့်ပြီး တည်ငြိမ်သော အမူအရာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
"ငါက... ထွက်ပြေးဖို့အတွက် ကျင့်ကြံခဲ့တာ မဟုတ်ဘူး.."
"အဲ့ဒါက... ငါ့နှလုံးသားထဲက မကျေမနပ်မှုတစ်ခုစီတိုင်းကို ဖွင့်ထုတ်ဖို့အတွက်ဘဲ... အဲ့ဒါက ငါ့ရဲ့ စိတ်တည်ငြိမ်အေးချမ်းဖို့ အတွက်ဘဲ.. ငါယုံကြည်ထားတာက မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဘဲ"
"မင်းတို့... ပြင်ပမျိုးနွယ်က ကျူးကျော် ဝင်ရောက် လာသူတွေအကုန်လုံး ဒီနေ့ သေရလိမ့်မယ်..."
ဆူဇီမို၏ လေသံက တင်းမာခက်ထန်လာပြီး သူ၏သတ်ဖြတ်လိုစိတ်က တစ်လိပ်လိပ်တက်လာလေသည်။ သူ၏အသံက ကြီးမားသော ခေါင်းလောင်းထိုးသံတစ်သံကဲ့သို့ လေထုကိုတုန်ခါသွားစေလေသည်။
"လူသားမျိုးနွယ်အတွက် အထွတ်အမြတ်ထားရာ ဒီနေရာက မင်းတို့တွေ စော်ကားချင်တိုင်းစော်ကားလို့ ရတဲ့နေရာမဟုတ်ဘူးဆိုတာကို မင်းတို့နားလည်သဘောပေါက်သွားစေရမယ်..."
"ပြင်ပမျိုးနွယ်က ကျူးကျော်ဝင်ရောက်လာသူတွေ... မင်းတို့ တော်တော်မောက်မာကြတာဘဲ ၊ မင်းတို့ထဲက ဘယ်သူမှ ချမ်းသာရာ မရစေရဘူး..."
ဆူဇီမိုက သူ၏ ထုတ်ဖော်ကြေညာချက်ကို ပြောပြီးသည်နှင့် သူ့လက်ထဲသို့ သွေးသောက်သူက ရောက်ရှိလာလေသည်။
ဓားသွားက တစ်ဇီဇီ မြည်နေပြီး သွေးအလင်းတန်းက ပြန့်ကားသွား၏။
"ပုရွက်ဆိတ်... မင်းက တစ်ကယ်ကို သေချင်နေတာဘဲ ယက္ခခေါင်းဆောင်သည် ဒေါသူပုန်ထသွားပြီး သူ၏မျက်လုံးများက ဒေါသမီးဖြင့် တောက်လောင်လာ၏။
"သစ်သီးကို ခွဲဖို့အတွက် ပုဆိန်ကြီးတစ်လက်မလိုပါဘူး... ခင်ဗျားအတွက် သူ့ကို ကျုပ်သတ်ဖြတ်ပေးမယ် ခေါင်းဆောင်"
ယက္ခတစ်ယောက်သည် ရှေ့သို့ထွက်လာပြီး သူ၏တောင်ပံများကို ခတ်ကာ အနက်ရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲလိုက်၏။ သူက ဆူဇီမိုထံသို့ ကြောက်စရာ အမြန်နှုန်းဖြင့် ပြေးဝင်သွားလေသည်။
"သတ်...."
ဆူဇီမိုသည် ရှောင်လည်း မရှောင်၊ နောက်လည်းမဆုတ်ဘဲ သူ၏ အတွင်းအမြုတေကို လှည့်ပတ်လိုက်၏။ သူက ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ တိုက်ခိုက်မှုကို ဆီးကြိုလိုက်၏။
အဲ့ဒါက လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သော မိုးကြိုး ထစ်ချုန်းသတ်ဖြတ်ခြင်း ဖြစ်လေသည်။
အသံ၏ စွမ်းအင်က ချက်ချင်းပင် ပေါက်ကွဲ ထွက်ပေါ်လာ၏။
ယက္ခ၏လှုပ်ရှားမှုက ခဏမျှ ကပ်တန့်သွားခြင်းနှင့်အတူ သွေးအလင်းရောင်က သူ့ခေါင်းပေါ်သို့ လွှမ်းခြုံလာ၏။ သူ့မှာ ပြေးစရာနေရာ မရှိတော့ပေ။
ချွမ်း....
ကွေးညွှတ်ထားသော ဆေဘာနှင့် သွေးသောက်သူက ပြင်းထန်စွာ ရိုက်ခတ်မိသွားလေသည်။ ဆူဇိမိုက သူ၏ တိုက်ခိုက်မှုတွင် အမျက်ဒေါသကို သယ်ဆောင် ထားလေသည်။