← Chapters

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 52 Ch. 769

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 52 Ch. 769

နက်မှောင်နေသော အလင်းက ခဏမျှ ရပ်တန့်သွားပြီးနောက် ယက္ခမျိုးနွယ်က ထင်ပေါ်လာ၏။

ဖွီး..

ယက္ခသည် သွေးများကို ထွေးထုတ်လိုက်ရပြီး သူ၏ အမူအယာက ဖြူလျော့သွားလေသည်။ သူ့လက်ဖဝါးက ကွဲထွက်သွားပြီး သွေးများက ပန်းထွက်လာကာ သူက ဆေဘာကွေးကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ဘဲ အဲ့ဒါက ချက်ချင်း ကန်ထွက်သွားလေသည်။

‘ငါ အရင်ဆုံး ထွက်ပြေးမှ ဖြစ်မယ်’

‘ဒီလူသားက အရမ်းကို သန်မာလွန်းတယ်.. ခွန်အားအရာမှာ ငါ သူ့ကို မယှဉ်နိုင်ဘူး’

‘ငါ သူ့ဘေးကနေ ပတ်ပြီး နောက်ထပ် အခွင့်အရေးတစ်ခုကို ရှာရမယ်’

ယက္ခ၏ လှုပ်ရှားမှုက အလွန်တရာ လိုက်လျောညီထွေရှိပြီး သူ့စိတ်ထဲတွင် ထိုအတွေးများက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။

ရွှစ်..

ယက္ခ၏ အသားပြားတောင်ပံက တဖျပ်ဖျပ်ခတ်ပြီး လေခွင်းသံက ထွက်ပေါ်လာ၏။ သူက လေထဲသို့ ပျံတက်၍ ထွက်ပြေးရန် ကြိုးပမ်းလိုက်ပြီး အလွန်ကြီးမားသော စွမ်းအားတစ်ခုက ထွက်ပေါ်လာလေသည်။

သာမန်အခြေအနေမှာဆို.. သူတို့သည် အင်အားအပြည့်နှင့် ထိပ်ဆိုင်ရင်ဆိုင်ပြီးနောက် ထိတွေ့မှု၏ တန်ပြန်ကန်အားဖြင့် နှစ်ဖက်စလုံးသည် ခဏမျှ တုံ့ဆိုင်းသွားတတ်ကြလေသည်။

သို့သော်လည်း ဆူဇီမိုသည် ခန္ဓာကိုယ်သည် ဆူနာမီအသံဖြင့် မြည်လာ၏။ ထိတွေ့ရိုက်ခတ်ပြီးနောက် အစက ကုန်ခမ်းသွားသော သူ့ခွန်အားသည် တလိပ်လိပ်တက်လာသော ဒီလှိုင်းကဲ့သို့ တစ်ဖန်ပြန်၍ အားအင်ပြည့်ဝသွား၏။

အဲ့ဒါက ဒီလှိုင်းစွမ်းအားပင် ဖြစ်လေသည်။

ဆူဇီမိုသည် အေးစက်စက် အမူအယာ ရှိနေပြီး သူ၏ လှုပ်ရှားမှုက လုံးဝ လျော့ကျမသွားပေ။

ဒီလှိုင်းစွမ်းအားနှင့်အတူ သူက ချဉ်းကပ်လိုက်ပြီး သူ့ဆေဘာအားက ပြောင်းလဲသွား၏။ လေထဲတွင် သွေးရောင်ဝဲဂယက်လှိုင်းများ ဖြစ်ပေါ်လာသည့်အလား ဆေဘာသွားက တုန်ခါလှိုင်းတစ်ခုကို ထုတ်ပေးလာ၏။

သွေးရောင်ဝဲဂယက်က ဖြန့်ကျက်သွားပြီး ယက္ခ၏ လည်ပင်းကို ညင်သာစွာ ပွတ်သပ်သွား၏။

သူ၏ တိုက်ခိုက်မှုနှစ်ခု.. တစ်ခုက မာကြောပြီး တစ်ခုက ညင်သာ၏။ နှစ်ခုစလုံးက နှောင့်နှေးကြန့်ကြာမှု လုံးဝ မရှိဘဲ ရေကဲ့သို့ ပြေပြစ်စွာ ထွက်ပေါ်လာ၏။

မြင့်မား၍ တုတ်ခိုင်သန်မာသော ယက္ခ၏ ခန္ဓာကိုယ်သည် ဆူဇီမို၏ ဆေဘာအားစက်ကွင်းကနေ လုံးဝ ရုန်းမထွက်နိုင်တော့ပေ။

ဖြီး..

ကြီးမားသည့် သွေးစီးကြောင်းတစ်ခုက ပန်းထွက်လာ၏။

မနှစ်မြို့ဖွယ်ရာ ဦးခေါင်းပြတ်ကြီးသည် လေထဲကနေ ပြုတ်ကျလာပြီး သွေးများက အဘက်ဘက်သို့ ဖြန်းပက်သွားလေသည်။ ယက္ခ၏ ဦးခေါင်းမဲ့သွားသော ကိုယ်ကြီးသည့် မြေပြင်ပေါ်သို့ တောင့်တင်းစွာ လဲပြိုကျဆင်းသွားပြီး သတိလက်လွတ်ဖြင့် ဆန့်ငင်ဆန့်ငင် အကြောဆွဲနေ၏။

ရုတ်တရက်.. တိုက်ပွဲကွင်း၏ ငြိမ်သက်သွားကြ၏။

ဆူဇီမိုနှင့် ယက္ခအကြား တိုက်ပွဲသည် ဤသို့သော ရလဒ် ဖြစ်လာမည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။

အဲ့ဒါထက်.. ဆူဇီမိုသည် ခုတ်ချက်နှစ်ချက်တည်းဖြင့် ယက္ခကို သတ်ဖြတ်ပစ်လိုက်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားပေ။

အပြင်လူများအတွက်တော့ ဖြစ်စဉ်တစ်ခုလုံးက လျှပ်တစ်ပြက်ဆန်ပြီး ရိုးရှင်းလှ၏။

သို့သော်လည်း ဆူဇီမိုသည် ထိုယက္ခကို သတ်ဖြတ်ဖို့အတွက် အနည်းဆုံး ဝှက်ဖဲသုံးခုလောက် ထုတ်သုံးခဲ့ရသည်ကို မည်သူမှ မသိလိုက်ကြပေ။

ထိုယက္ခ၏ သေဆုံးမှုက အလဟဿတော့ မဟုတ်ပေ။

ယက္ခခေါင်းဆောင်က ဆူဇီမိုကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မပူပါနဲ့.. ငါ မင်းကို အလွယ်တကူ မသေခိုင်းပါဘူး.. ငါ မင်းကို ဖြေးဖြေးချင်း မျှင်းပြီး ညှင်းပန်းနှိပ်စက်မယ်.. သေတာထက်ဆိုးတဲ့ဘဝကို မင်းခံစားသွားရစေမယ်”

သူ၏ အပြုံးက ပို၍ ဆိုးယုတ်လာပြီး လက်ပြလိုက်၏။

“သူ့ကို ထိန်းသွားပြီးတော့ ကျန်တဲ့သူတွေ အကုန်လုံးကို သတ်.. တစ်ယောက်မှ ချမ်းသားမပေးနဲ့”

“ကောင်းပါပြီ”

သူ့နောက်ရှိ များစွာသော ယက္ခများက တစ်ပြိုင်နက်တည်း သဘောတူလိုက်၏။

“တစ်ကယ်တမ်း တိုက်ခိုက်ကြပြီဆိုရင်.. ငါ မင်းတို့ အကုန်လုံးကို ကာကွယ်ပေးထားနိုင်မှာ မဟုတ်တော့ဘူး.. အားလုံးပဲ သတိထားကြဟေ့”

ဆူဇီမိုသည် ဘေးဘက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် ဖက်တီးလေးနှင့် အခြားသူများကို ညွှန်ကြားလိုက်၏။

ဤတိုက်ပွဲတွင် ဖြစ်ပေါ်လာမည့် အန္တရာယ်များက အံ့မခန်း ဖြစ်ပေလိမ့်မည်။

ဆူဇီမိုပင်လျှင် မထိမခိုက် ရှိနိုင်မည်ဟု ယုံကြည်မှု မရှိပေ။

ယက္ခခေါင်းဆောင်နှင့် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်တို့ကို အသာထားဦး.. ယခု တိုက်ခိုက်လာကြတော့မည့် ယက္ခအယောက်တစ်ရာကျော်ကျော်ကပင် ကိုင်တွယ်ဖို့အတွက် ခက်ခဲလွန်းနေလေပြီ။

ညဝိညာဉ်၏ အမူအယာက ပြောင်းလဲသွားပြီး သူ့အကြည့်က တဖျပ်ဖျပ် ပုတ်ခတ်လာ၏။

ခဏနေပြီးနောက် ညဝိညာဉ်က တစ်စုံတစ်ရာနှင့် ပတ်သတ်၍ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရ၏။

“အစ်ကိုကြီး.. ပြီးကျရင် ကျတော် ခင်ဗျားနဲ့ အတူတူ တိုက်ခိုက်တော့မယ်”

ညဝိညာဉ်က ပါးစပ်ကနေ ထုတ်ပြောလိုက်ခြင်း မဟုတ်ပေ။

သို့သော်လည်း သူ့အသံက ဆူဇီမို၏ စိတ်အာရုံထဲတွင် ပေါ်လာ၏။

ညဝိညာဉ်သည် ရွှေအမြုတေအဆင့်မှာသာ ရှိသေးသော စိတ်ဝိညာဉ်တောကောင်တစ်ကောင် ဖြစ်သော်လည်း သူက နိုးထဝိညာဉ်များသာလျှင် ထုတ်လွှင့်ပို့လွှတ်နိုင်သော လျှို့ဝှက်အတတ်ကို အသုံးပြုနိုင်နေလေပြီ။

ဆူဇီမိုသည် ညဝိညာဉ်ကို လေးနက်စွာ ကြည့်လိုက်၏။

ညဝိညာဉ်က လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသည်မှာ သေချာသလောက်နီးပါးပင်။

ဒါ့အပြင် ထိုလျှို့ဝှက်ချက်က လုံးဝ ပေါက်ကြားလို့ မရသည့်ပုံပင်။

ယခင်က ညဝိညာဉ်သည် စောစောက တိုက်ပွဲမှ ယက္ခငါးယောက်ပင် ခုခံတိုက်ခိုက်ထားနိုင်၏။

ယခု ညဝိညာဉ်သည် သူက ဆူဇီမိုနှင့် အတူတူ တိုက်ခိုက်တော့မည်ဟု ပြောလာသည်ဆိုတော့ သူက ထူးခြားသည့် တစ်စုံတစ်ရာကို သွယ်ဝိုက်၍ အသိပေးနေခြင်းနှင့် တူနေလေသည်။

“သတ်..”

များစွာသော ယက္ခများသည် တဖျတ်ဖျတ် လှုပ်ရှားလိုက်ကြပြီး အနက်ရောင်အလင်းစက် အတော်များများက လေထဲမှာ ပြန့်ကျဲ၍ ဆူဇီမိုထံသို့ အဘက်ဘက်ကနေ ဝင်ရောက်လာကြ၏။

ထို့ကဲ့သို့သော တိုက်ခိုက်မှုမှ နိုးထဝိညာဉ်တစ်ယောက်ပင်လျှင် မထိမခိုက် လွတ်မြောက်အောင် ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုသည် မတုန်မလှုပ်သော အမူအယာ ရှိနေပြီး သွေးသောက်သူကို လွှဲရမ်းကာ တည်ငြိမ်ပင်လယ်ကျမ်းနှင့် အဆူရာဆေဘာမှ ဆေဘာနည်းစနစ်များကို အတူတွဲဖက်၍ ထုတ်ဖော်လိုက်၏။

ဆေဘာအားများက အထပ်ထပ် တင်းကျပ်နေပြီး မည်သည့်အရာကမှ အဲ့ဒါကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

ယက္ခမျိုးနွယ်က ပါးနပ်ပြီး သူတို့က တိုက်ခိုက်ရည်မှာ ပင်ကိုဗီဇအားဖြင့် ပါရမီပါကြလေသည်။

ဆူဇီမို၏ သိပ်သည်းပြင်းထန်သော ခွန်အားကို ခံစားမိပြီးနောက် သူတို့က ထိပ်တိုက်ရင်ဆိုင်ဖို့ မရွေးချယ်ဘဲ.. သူ့ကို ဘေးကနေသာ အဆက်မပြတ် လှည့်ပတ်နေကြ၏။

တိုက်ပွဲနယ်မြေတွင် ဆူဇီမို၏ ပုံရိပ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး သူ့ကို သွေးရောင်အလင်းတစ်ခုက လွှမ်းခြုံထားကာ သွေးရောင်အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

လေထဲတွင် အနက်ရောင်အလင်းတန်းများက ကခုန်၍ လှည့်ပတ်နေပြီး ဆက်တိုက် ရှေ့သို့ ပြေးဝင်လာနေကြ၏။ သူတို့သည် သွေးရောင်အကာအရံ ခံစစ်ကို ဖျက်ဆီးဖို့ ကြိုးပမ်းလိုက်ကြသော်လည်း အချည်းနှီးပင်။

“ဒီတိုင်းသာ ဆက်သွားရင်.. ဆူဇီမိုက အရေးနိမ့်တော့မှာပဲ”

“အမှန်ပဲ.. ဆူဇီမို ထုတ်ဖော်ထားတဲ့ ဆေဘာနည်းစနစ်က ခိုင်မာတဲ့ သက်လုံအားနဲ့ စိတ်အာရုံစူးစိုက်နိုင်မှုကို လိုအပ်တယ်.. သူက နဲနဲလေးတောင် စိတ်အာရုံ ပျက်ယွင်းသွားလို့ မရဘူး.. ဒါပေမယ့်လို့ ယက္ခတွေက လေထဲမှာ သာသာယာယာ ကခုန်နေနိုင်တယ်.. အနိုင်ရမယ့်ဘက်က သေချာသလောက် ရှိနေပြီ”

ပကတိအရှင်ယွီကျွင်းတို့ အုပ်စုသည် စိုးရိမ်ထိတ်လန့်နေကြ၏။

ဆူဇီမိုသည် အဲ့ဒါကနေ ဖောက်မထွက်နိုင်ဘူးဆိုလျှင် သူက အားအင်ကုန်ခမ်းလာချိန်၌ သေရပေတော့မည်။

တစ်ဖက်မှာတော့ ယက္ခအယောက် ၃၀ ကျော်သည် ဖက်တီးလေးနှင့် အခြားသူများထံသို့ ဝင်ရောက်လာကြ၏။

လူတိုင်း၏ အမူအယာများက သုန်မှုန်နေကြ၏။

ဆူဇီမိုသည် ယက္ခ ဆယ်ယောက်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ခုခံနိုင်၏။ သို့သော်လည်း သူတို့ကတော့ အလွန်ဆုံး ယက္ခနှစ်ယောက်လောက်ကိုသာ ထိန်းထားနိုင်ကြလေသည်။

ဒါ့အပြင် စောစောက တိုက်ခိုက်မှုမှာ စိတ်ဝိညာဉ်ကျားက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးလေပြီ။

မျောက်၏ မျက်လုံးများကလည်း သွေးနီရောင် မဟုတ်တော့ဘဲ သူ၏ ဒေါသယမ်းမီး ပေါက်ကွဲသည့် အခြေအနေက ကုန်ဆုံးသွားခဲ့လေပြီ။ သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာက အတော်လေးနက်ပြီး ယုတ်လျော့သွားတော့ ခွန်အားဖြင့် သူက ဆက်လက်၍ မတိုက်ခိုက်နိုင်လောက်နီးပါးပင်။

ယက္ခများနှင့် ကောင်းကောင်းမွန်မွန် ဆက်လက်တိုက်ခိုက်နိုင်သည့်သူများက သူတို့ဘက်မှာ အနည်းအကျဉ်းသာလျှင် ရှိတော့လေသည်။

သူတို့၏ အခြေအနေက ဆူဇီမိုထက် ပိုမကောင်းနိုင်ကြပေ။

ဖက်တီးလေး၊ လင်းရွှမ်ကျီနှင့် နတ်ဆိုးမကျိတို့သည် ရှေ့သို့ တက်သွားပြီး အသေခံတိုက်ခိုက်မည့်အလား ပြတ်သားသော အကြည့်များဖြင့် သူတို့အုပ်စုကို ကာပေးထားလိုက်၏။

မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားစိတ်ဝိညာဉ်တောကောင်များကလည်း ကြောက်ရွံ့မှု လုံးဝ မရှိဘဲ ဒဏ်ရာများနှင့် ရုန်းကန်၍ ကျုံးထလိုက်ကြ၏။

ကျန်ရှိနေသော ကျင့်ကြံသူ ငါးသောင်းကျော်သည် သူတို့ရှေ့ရှိ ပုံရိပ်များကို ကြည့်နေရင်း တွေဝေရှုပ်ထွေးသော အမူအယာများ ရှိနေကြ၏။ သူတို့မျက်လုံးများ၏ အနက်ပိုင်းထဲတွင်တော့.. လိပ်ပြာမလုံမှုနှင့် ရှက်ရွံ့မှု အရိပ်အယောင်တို့က ရှိနေ၏။

သူတို့သည် ပြိုင်စံရှားများဟု ခေါ်ဆိုခြင်း ခံရသော်လည်း ယခုအချိန်.. ပြင်ပမျိုးနွယ်မှ ကျူးကျော်ဝင်ရောက်လာသူများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့က အကြောက်လွန်နေကြ၏။ သားရဲတောကောင်များကပင်လျှင် သူတို့ရှေ့ကနေ ကာကွယ်ပေးနေရ၏။

လူတိုင်းသည် ပထမဆုံးအကြိမ်အဖြစ်.. သူတို့ကိုယ်သူတို့ ပြိုင်စံရှားများဟု ခေါ်ဆိုခံရဖို့ ထိုက်တန်ခြင်း မရှိဟု ခံစားလာရလေသည်။

ယက္ခအယောက် သုံးဆယ်ကျော်သည် သူတို့လမ်းကြောင်းမှာ ရှိသမျှ အရာရာတိုင်းကို တစ်စစီ စုတ်ဖြဲပစ်တော့မည့်အလား မရပ်တန့်နိုင်သော စွမ်းပကားဖြင့် ရှေ့သို့ ပြေးဝင်လာကြ၏။

ထိုဖိအားအောက်တွင် ဖက်တီးလေးနှင့် အခြားနှစ်ယောက်သည် ချွေးများ စိုရွှဲလာပြီး စိတ်ထဲမှာ တင်းကျပ်စွာ ခံစားလာရကာ သူတို့၏ လက်များကပင် အနည်းငယ် တုန်ရီနေကြ၏။

သူတို့သုံးယောက်၏ ရွှေအမြုတေနယ်မြေများက ပျက်ပြယ်သွားခဲ့ပြီးလေပြီ။

ကောင်းကင်ဘုံမိစ္ဆာကကြိုးက နတ်မိမယ်လင်းလုံ၏ လျှို့ဝှက်ပညာရပ် ဖြစ်သော်လည်း အဲ့ဒါက များပြားလှစွာသော ယက္ခများ၏ သတ်ဖြတ်မှုကိုတော့ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

လင်းရွှမ်ကျီသည် မြောက်များလှစွာသော နည်းစနစ်များကို ပိုင်ဆိုင်ထားသော်လည်း ထိုအခိုက်အတန့်တွင် သူသည် စိတ်ပျက်အားငယ်ခြင်းနှင့် ကူကယ်ရာမဲ့မှုကို ခံစားလာရ၏။

ရုတ်တရက်ဆိုသလို..

သူတို့သုံးယောက်က လက်လျှော့တော့မည် ပြုစဉ်မှာပင် သူတို့နောက်ကနေ ပုံရိပ်ယောင်တစ်ခုနှင့် ဆင်တူသော ပုံရိပ်တစ်ခုက လှစ်ကနဲ ခုန်ထွက်လာ၏။ သူက မလျော့ကျသော အရှိန်အဟုန်ဖြင့် ယက္ခမျိုးနွယ်အုပ်စုထံသို့ ပြေးဝင်ချသွားလေသည်။

“အာ...”

လူအုပ်ကြီးထဲမှ အာမေဋိတ်သံများက ထွက်ပေါ်လာ၏။

အဲ့ဒါက ဘယ်သူပါလိမ့်...

သူ့အသက်ကို ပဓာန မထားတော့သည့်သူက ဘယ်သူပါလိမ့်...

သူက သူ့ခန္ဓာကိုယ်ကို စတေးပြီး ယက္ခတို့ရဲ့ သတ်ဖြတ်မှုကို ခဏလေးဖြစ်ဖြစ် နှောင့်နှေးသွားအောင် ပြုချင်တာလား...

အဲ့ဒါက ဟာသတစ်ခု ဖြစ်လေသည်။

လက်ရှိကျင့်ကြံသူများ၏ စိတ်အာရုံထဲတွင် အတွေးပေါင်းများစွာက ကဆုန်ပေါက်နေချိန်မှာပင်.. ထိုပုံရိပ်က ယက္ခအုပ်စုကြားထဲသို့ ရောက်ရှိသွားပြီဖြစ်၏။

ဖြီး...

သူတို့က ထိတွေ့မိစဉ်မှာပင် သွေးမြူများက ချက်ချင်း ပန်းထွက်ထာ၏။

ထိုပုံရိပ်က စိစိညက်ညက် ကြေသွားသည့်အလား.. လုံးလုံးလျားလျား ပျောက်ကွယ်သွား၏။

သို့သော်လည်း နောက်ခဏ၌ ကျင့်ကြံသူများအားလုံး အထိတ်တလန့် အော်လိုက်ကြ၏။

လေထဲကနေ အလောင်းတစ်လောင်းက ပြုတ်ကျလာ၏။

အဲ့ဒါက ယက္ခတစ်ယောက်၏ အလောင်းပင်။

ထိုအလောင်း၏ ဦးခေါင်းပေါ်တွင် လက်ချောင်းအရွယ် အပေါက်ငါးပေါက်က ရှိနေပြီး ထိုအပေါက်များထဲမှ ဦးနှောက်ရည်များက စီးကျလာ၏။

ထိုယက္ခက သေလေပြီ။

“ဒါက....”

များစွာသော ကျင့်ကြံသူများသည် မှင်တက်သွားကြပြီး သူတို့၏ စိတ်များက ဗလာကျင်းသွားကြ၏။ သူတို့သည် ဖြစ်ပျက်လာသည့်အရာကို ပုံမဖော်ထုတ်နိုင်တော့ပေ။

အစက ပျောက်ကွယ်သွားသော ထိုပုံရိပ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပြန်ပေါ်လာပြီး နောက်ထပ်ယက္ခတစ်ယောက်၏ ဘေးကနေ ပွတ်တိုက်၍ ဖြတ်သန်းသွား၏။ သူက အလွန်တရာ ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် လက်နှစ်ဖက်ကိုထုတ်၍ ဖမ်းဆွဲလိုက်၏။

ဂျွတ်..

ယက္ခ၏ လည်မျိုသည် သူ့လက်ထဲမှာ ချိုးချေခံလိုက်ရပြီး နေရာမှာပင် အသက်ပျောက်သွားရ၏။

“ညဝိညာဉ်...”

ချင်ချင်က အံ့အားတသင့် ရေရွတ်လိုက်၏။

ညအမှောင်၏ ဖုံးကွယ်မှုအောက်၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုက စတင်လာခဲ့လေပြီ။

All Chapters