မျိုးဆက်သွေး နယ်မြေ
Vol. 52 Ch. 773
‘ဧကရာဇ်တွေက ဒီမှာ မရှိဘူး... ဒါပေမယ့် ငါရှိတယ်..’
‘ဒီရှေးဟောင်းတိုက်ပွဲမြေမှာ ငါက ဧကရာဇ်ဘဲ...’
ထိုစကားလုံးများသည် အသင်္ချေနယ်မြေမြို့တော်တစ်ဝှမ်းမှာ အတန်ကြာသည့်အထိ ပဲ့တင်ထပ်နေ၏။
လက်ရှိကျင့်ကြံသူများ၏ သွေးများသည် ပူနွေးလာကြ၏။
"သူ့ရဲ့... အားမာန်တက်ကြွမှုက အံ့မခန်းဘဲ..."
ပကတိအရှင် လောရွှယ်က ချီးကျူးလိုက်၏။
“အခြားဘယ်သူမဆို ဒီလိုမျိုး တစ်စုံတစ်ရာကို ပြောဖို့ဆိုတာ အိပ်မက်တောင် မက်ရဲကြမှာ မဟုတ်ဘူး”
"သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ဖြစ်ပြီးတော့ သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတား ဖြစ်နေတာ မထူးဆန်းတော့ဘူးဘဲ..."
ပကတိအရှင်ယွီကျွင်းကလည်း သူ၏မျက်လုံးများထဲမှ ချီးကျူးဂုဏ်ပြုလိုမှုကို ဖုံးကွယ်မထားနိုင်ပေ။
"သူ့ရဲ့ သွင်ပြင်နဲ့ ရဲရင့်မှုက တစ်ကယ့်ကို ဩချလောက်စရာဘဲ... ဒီကောင်လေးရဲ့ အနာဂတ်က လုံးဝ အကန့်သတ်မဲ့ဘဲ..."
"အရာရာတိုင်းက ဒီတိုက်ပွဲရဲ့ ရလဒ်ပေါ်မှာ မူတည်နေသေးတယ်..."
ကိုယ်တော်ယင်လူက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ပြောလိုက်၏။
"ဒီကောင်လေးက ဒီကို ရောက်ကထဲက အားအင်ကုန်ခမ်းနေပြီ... အခုဆို သူက ယက္ခမျိုးနွယ် နတ်ဘုရားမျိုးနွယ်နဲ့ အပြင်းအထန်တိုက်ခိုက်ပြီးတဲ့နောက် သူရဲ့ အခြေအနေက ပိုလို့တောင် ဆိုးနေလောက်ပြီ..."
"သူက ဒီကပ်ဘေးကို မကျော်လွှားနိုင်တော့ဘူး ဆိုရင်တော့....."
ကိုယ်တော်ယင်လူက ဆက်မပြောတော့ပေ။
သူက ဤကပ်ဘေးကို မကျော်လွှားနိုင်တော့ဘူးဆိုလျှင် သူ၏ အနာဂတ်အကြောင်းကို ဆက်ပြောနေစရာ အကြောင်းမရှိတော့ပေ။
လူတိုင်းဆွေးနွေးနေစဥ်မှာပင် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်မှ လွဲ၍ အခြားသော နတ်ဘုရားမျိုးနွယ် ၅ ယောက်က တိုက်ခိုက်လိုက်ကြ၏။
ဘုန်း... ဘုန်းဘုန်း..ဘုန်းဘုန်း...
ပေါက်ကွဲသံ ငါးသံက ဆက်တိုက်ဆင့်ကဲ ထွက်ပေါ်လာ၏။
နတ်ဘုရားသက်ရှိ ၅ ယောက်က ပျောက်ကွယ်သွားလေသည်။
အစက သူတို့ရပ်နေခဲ့သော နေရာတွင် လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်ပုံစံ အဆောက်အအုံများက ဖြည်းဖြည်းချင်း ပေါ်လာ၏။ သူတို့က ရွှေရောင်ရှိပြီး အောက်ခြေမျက်နှာပြင်က လေးထောင့်စပ်စပ်ဖြစ်ကာ အနားတစ်ဖက်ခြင်းစီက သုံးထောင့်ချွန်းပုံစံဖြင့် အပေါ်ဘက်သို့ စုဆုံ၍ တက်သွားလေသည်။
ပိရမစ်တစ်ခုချင်းစီသည် ဧရာမ ရွှေတောင်ကြီးများနှင့် တူလေသည်။
၎င်းတို့က လေထဲမှာ ရစ်ဝဲနေပြီး ထကြွသောင်းကျန်းသော စွမ်းအားများနှင့်အတူ ရွှေရောင်အလင်းများဖြင့် တောက်ပနေ၏။
ပိရမစ်၏အောက်ခြေမှာ မရေမတွက်နိုင်သော သက်ရှိများက ဝပ်တွားနေကြ၏။ သူတို့က အနည်းဆုံး သန်းနဲ့ချီရှိကာ ကြည့်ရသည်မှာ အဆုံးမရှိပေ။
သက်ရှိတစ်ယောက်ချင်းစီသည် သူတို့၏ လက်များကို ပိုက်၍ မြေပြင်ပေါ်မှာ ဒူးထောက်နေကြ၏။ သူတို့သည် သူတို့၏ ဦးခေါင်းထက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်ကို မော့ကြည့်ကာ ဆုတောင်းစာများကို ရွတ်ဆိုနေကြ၏။
ထိုသက်ရှိများ၏ ဦးခေါင်းများမှ ရွှေရောင်ချီမျှင်များက ဆန့်တန်းထွက်သွားပြီး ပိရမစ်၏ ထိပ်ဆုံးမှာ သွားရောက်စုဆုံလေသည်။
ပိရမစ်တစ်ခုချင်းစီ၏ ထိပ်ဖျားမှာ လူတစ်ယောက်စီက မတ်တက်ရပ်နေကြ၏။
အဲ့ဒါက စောစောက ပျောက်ကွယ်သွားခဲ့သော နတ်ဘုရားမျိုးနွယ်မှ သက်ရှိများ ဖြစ်လေသည်။
သူတို့သည် ပိရမစ်ကို အသုံးပြု၍ အောက်ခြေမှ မရေမတွက်နိုင်သော သက်ရှိများထံမှ စွမ်းအားတစ်မျိုးကို စုပ်ယူနေသည့်အလား သူတို့၏ လက်များကို ဖြန့်ကျက်ထားပြီး သူတို့၏ အော်ရာက အတောမသတ် မြင့်တက်လာနေ၏။
လျှို့ဝှက်ဆန်းကြယ်သော ပိရမစ် ၅ ခုသည် လေထဲကနေ ဆင်းသက်လာပြီး အကန့်အသတ်မဲ့သော စွမ်းအားများကို ထုတ်ပေးနေ၏။
အောက်တွင်ရှိသော ကျင့်ကြံသူ ၅ သောင်းကျော်သည် တုန်လှုပ်သွားကြ၏။
ထိုပိရမစ် ၅ ခုနှင့် ရင်ဆိုင်ရချိန်တွင် များစွာသော ကျင့်ကြံသူများသည် သူတို့ဝိညာဥ်များ၏ အနက်ပိုင်းထဲမှာ အမြစ်တွယ်နေသော စိုးရိမ်ပူပန်မှုနှင့် ဖိအားများကို ထိန်းချုပ်လို့ မရနိုင်တော့သည်ကို ခံစားလိုက်ရ၏။
များစွာသော ကျင့်ကြံသူများသည် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ကြပြီး ချွေးများစိုရွှဲကာ တုန်ရီနေကြ၏။
သူတို့အတွက်တော့ ကမ္ဘာဦးခေတ်ကို ပြန်လည်ရောက်ရှိသွားသည့်အလားပင်။
အဲ့ဒီမှာ မျိုးနွယ်စုတစ်သောင်းက နတ်ဘုရားမျိုးနွယ်ကို အရိုအသေပေးနေရသည်ကို သူတို့က တွေ့မြင်လာကြ၏။
မျိုးနွယ်စုများနှင့် သက်ရှိများအားလုံးသည် နတ်ဘုရားမျိုးနွယ်၏ အုပ်ချုပ်မှုအောက်မှာ အညံ့ခံကြရလေသည်။
လူသားများလည်း ချမ်းသာရာ မရကြပေ။
အဲ့ဒါက ရှေးဟောင်းမှတ်ဉာဏ်များထဲမှ အမြစ်တွယ်လာခဲ့သော ဖိနှိပ်မှုတစ်ခု ဖြစ်လေသည်။
ပကတိအရှင် ယွီကျွင်းနှင့် အခြားနှစ်ယောက်ပင်လျင် တုန်လှုပ်ချောက်ချားသွားရ၏။
"ဦးညွှတ်ရင်ညွှတ် မဟုတ်ရင် သေရမယ်..."
နတ်ဘုရားမျိုးနွယ်မှ သက်ရှိ ၅ ယောက်သည် စိတ်ခံစားချက် လုံးဝမရှိဘဲ အေးစက်စွာဖြင့် တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။
အဲ့ဒါက နောက်ဆုံးသတိပေးချက်ကို ထုတ်ပြန်နေသည့်အလားပင်။
အနည်းငယ်တွေဝေတုံ့ဆိုင်းသွားသည်နှင့် သေခြင်းတရားက ဆောင်ကြဥ်းပေးလာပေလိမ့်မည်။
ပိုပို၍များလာသော ကျင့်ကြံသူများသည် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး ကြောက်ရွှံ့မှုဖြင့် တိတ်ဆိတ်နေကြ၏။
တိုက်ပွဲနယ်မြေတွင် ပါဝင်ပက်သက်ခြင်းမရှိသော ကျင့်ကြံသူများပင် ထိုသို့ဆိုလျှင် လျှို့ဝှက်ဆန်းကြယ်သော ပိရမစ် ၅ ခု၏ အလယ်မှာ ရပ်နေသော ဆူဇီမိုအပေါ် ကျရောက်နေမည့် ဖိအားကို စဥ်းစားကြည့်ဖို့ရန်ပင် ခက်ခဲလေသည်။
သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေ၏။
ပိရမစ် ၅ ခုက စတင်၍ မတိုက်ခိုက်ရသေးခင်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်က လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်နေလေ၏။
"ရွှေအမြုတေနယ်မြေလား...."
ဆူဇီမို၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် ဖျတ်ကနဲ လက်သွား၏။
"ဟမ့်....."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က မည်သည့်လှုပ်ရှားမှုမှ မပြုရသေးပေ။ သူက သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဂုဏ်ယူဝံ့ကြွားဖြင့် မတ်တတ်ရပ်နေ၏။
"အဲ့ဒါက မင်းတို့ လူသား ပုရွက်ဆိတ်တွေ ပြောပြောနေတဲ့ ရွှေအမြုတေနယ်မြေနဲ့ မတူဘူး.. ဒါက ငါတို့နတ်ဘုရားမျိုးနွယ်ရဲ့ အမွေအနှစ် မျိုးဆက်သွေး နယ်မြေဘဲ..."
မျိုးဆက်သွေးနယ်မြေဟူသော စကားကို ကြားရချိန်တွင် ဆူဇီမိုသည် တစ်ခုခုကို အမှတ်ရသွားသည့်အလား သူ၏မျက်လုံးများက တလက်လက်တောက်လာ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ဆက်ပြောလိုက်၏။
"မင်းက... နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် အဲ့ဒါကို သင်ယူစရာမလိုဘဲနဲ့ အသက်အရွယ်တစ်ခုကို ရောက်တာနဲ့ အဲ့ဒီနယ်မြေကို သေချာပေါက် ကျင့်ကြံလာနိုင်လိမ့်မယ်..."
စွမ်းအားကြီးခြင်း.....
အဲ့ဒါက နတ်ဘုရားမျိုးနွယ်၏ ကြောက်မက်ဖွယ်ရာ ကောင်းမှုဖြစ်လေသည်။
လူတစ်ယောက်သည် ကျင့်ကြံစရာမလိုဘဲ ကြီးပြင်းလာရုံမျှဖြင့် စွမ်းအားကြီးသော နယ်မြေတစ်ခုကို ထုတ်ဖော်လာနိုင်ပေလိမ့်မည်။
မျိုးဆက်သွေးက ပို၍သန့်စင်လေလေ မျိုးဆက်သွေးနယ်မြေ၏ စွမ်းအားကလည်း ပို၍ သန်မာလာလေလေဖြစ်ပေသည်။
နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ မျိုးဆက်သွေးနယ်မြေသည် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ပေါ်ရှိ ရွှေအမြုတေနယ်မြေ အများစုကို ဖိနှိပ်နိုင်လေသည်။
ဆူဇီမိုနှင့်သီယင်းကလွဲလျှင် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေက်ို ရင်ဆိုင်နိုင်သော အခြားမည်သူမှ မရှိလောက်တော့ပေ။
"အဲ့ဒါကတော့ သွားပြီ..."
ပကတ်ိအရှင်ယွီကျွင်း၏ အမူအရာက ညိုမဲသွားပြီး သူက ခေါင်းကိုခါယမ်းလိုက်၏။
"ဆူဇီမိုရဲ့ စိတ်ဝိညာဥ်စွမ်အင်းက ခမ်းခြောက်နေပြီ... သူက သူရဲ့ ရွှေအမြုတေနယ်မြေကို မထုတ်ဖော်နိုင်တော့ဘူး... သူက အဲ့ဒါမရှိဘဲနဲ့ နတ်ဘုရားမျိုးနွယ် သက်ရှိ ၅ ယောက်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး..."
"သူတို့က သူတို့ရဲ့ မျိုးဆက်သွေးနယ်မြေကို ချက်ချင်း ထုတ်ဖော်လိုက်တယ်ဆိုတော့ နတ်ဘုရားမျိုးနွယ်က ဆူဇီမိုကို အခွင့်ရေးတစ်ခုတောင် လုံးဝမပေးချင်ပုံဘဲ..."
ကိုယ်တော်ယင်လူကလည်း သက်ပြင်းချလိုက်၏။
"မှားတယ်...."
ပကတိအရှင်လောရွှယ်က သူမ၏ မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးပြီး ဆူဇီမို၏ မျက်နှာကိုစိုက်ကြည့်ကာ တီးတိုးပြောလိုက်၏။
"သူ့ရဲ့မျက်လုံးထဲမှာ စိုးရိမ်ထိတ်လန့်မှု နည်းနည်းလေးမှ ရှိမနေဘူး... သူ့မှာ ဝှက်ဖဲတစ်ခု ရှိနေသေးပုံဘဲ..."
"ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..."
ပကတ််ိအရှင် ယွီကျွင်းနှင့် ကိုယ်တော်ယင်လူက တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြ၏။
ဆူဇီမိုမှာ နောက်ထပ်ဝှက်ဖဲတစ်ခုရှိနေသေးသည် ဆိုလျှင်တောင် သူ၏ ရွှေအမြုတေနယ်မြေ မရှိဘဲ သူက နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်သွေးနယ်မြေ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် မျိုးဆက်သွေးနယ်မြေက စုစုပေါင်း ၅ ခုတောင်ဖြစ်လေသည်။
"ဦးညွှတ်ရင်ညွှတ်... မဟုတ်ရင် သေရမယ်..."
နတ်ဘုရားမျိုးနွယ်သက်ရှိများက စိတ်ခံစားချက်မရှိဘဲ အေးစက်စွာဖြင့် ဟိန်းဟောက်လိုက်ကြ၏။
"မင်းတို့ကောင်တွေလောက်နဲ့ ငါ့ကို ဦးညွှတ်ခိုင်းနိုင်မယ် ထင်လို့လား..."
ဆူဇီမိုက သူ့ခေါင်းကိုမော့ပြီး ရူးသွပ်စွာ ရယ်မောလ်ိုက်၏။
သူစကားပြောလို့ ပြီးဆုံးသွားသည့်အချိန်မှာပင် သွေးနီရောင် သားရဲချီများက သူ့ဘေးပတ်လည်မှာ တစ်ဝုန်းဝုန်းထကြွလာ၏။ ထက်ရှသော အကြည့်များနှင့်အတူ အသက်ရှိသည့်အလား ကြောက်စရာကောင်းသော သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် လျှင်မြန်စွာ စုဖွဲ့ဖြစ်ပေါ်လာ၏။
အဲ့ဒါက ကောင်းကင်ကိုပင် ထွန်ယက်မည့် အထီးကျန်နွားရိုင်း....
စွမ်အားကြီး၍ ငွါးငွါးစွင့်စွင့် မြင့်မားသော ကျောက်တုံး ဝက်ဝံ....
လှည့်ပတ်ရစ်ခွေနေသော အနာကွန်ဒါ...
အရိုင်းဆန်သော မျှော်လင့်ချက်မျောက်ဝံ....
ကဆုန်ပေါက်နေသော နတ်မြင်း.....
ရက်စက်ကြမ်းကြုတ်သော ငရဲကျား.....
လေနှင့်အတူ ရွေ့လျားနိုင်သော တိမ်လွှာကျားသစ်....
သားရဲတစ်ကောင်ချင်းစီတိုင်းက မနှိုင်းယှဥ်သာအောင် ကြီးမားလေသည်။ သူတို့ထဲမှ အချို့သည် ပေတစ်ရာကျော်အထိ မြင့်မားပြီး အချို့ကတော့ ပေသုံးလေးဆယ်အထိ ရှည်လျားလေသည်။ သူတို့အားလုံးသည် သွေးနီရောင် မျက်လုံးများနှင့် ခက်ထန်ကြမ်းကြုတ်သော စိတ်ဆန္ဒများရှိကြလေသည်။
ရှေးဟောင်းသားရဲဘုရင် ၇ ပါး ဝန်းရံထားသော ဆူဇီမို၏အော်ရာက လျှင်မြန်စွာ မြင့်တက်လာ၏။ သူက တဖြည်းဖြည်းနှင့် နတ်ဘုရားသက်ရှိ ၅ ယောက်ကိုပင် ဖိနှိပ်လာနိုင်လေသည်။
သူက သူ့ပါးစပ်ကို ဖွင့်လိုက်၏။
တစ်ချိန်တည်းနီးပါးမှာပင် ရှေးဟောင်းသားရဲဘုရင် ၇ ပါးကလည်း သူတို့၏ ပါးစပ်များကို ဖွင့်လိုက်၏။
"ဂါး......"
ဆူဇီမိုသည် ရှေးဟောင်းသားရဲဘုရင် ၇ ပါးနှင့်အတူ ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
ထိုဟိန်းဟောက်သံများကို ကြားရသောအခါ ကျင့်ကြံသူအချို့သည် တုန်လှုပ်မှုဖြင့် သတိလစ်သွားကြ၏။
"မျိုးဆက်သွေး နယ်မြေ....."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အမူအရာက ပြောင်းလဲသွားပြီး သူက အံ့အားတသင့် ရေရွတ်လိုက်၏။
ဒါဘဲလေ....
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ မှတ်ချက်ကို ကြားရသောအခါ ဆူဇီမို၏ ရင်ထဲရှိ သံသယများသည် အဖြေတစ်ခုကို ရရှိသွားကြ၏။
ဤရှေးဟောင်းသားရဲဘုရင် ၇ ပါးသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်လေသည်။ သူတို့က ကြောက်စရာကောင်းသော ခွန်အားများကို ပိုင်ဆိုင်ပြီး သည့်အရင်က ရှီးဝူယာကဲ့သို့သော စွမ်းအားကြီးသော ရန်သူများကို ဖြိုလဲရာတွင် ဆူဇီမိုကို သူတို့က အကူညီပေးခဲ့လေသည်။
ဤအခိုက်အတန့်မှသာလျှင် ဆူဇီမိုသည် နားလည်သွား၏။ ဤရှေးဟောင်းသားရဲဘုရင် ၇ ပါးသည် သူ၏ မျိုးဆက်သွေး နယ်မြေပင် ဖြစ်လေသည်။
တစ်ကယ်တော့ သူ၏ အတွင်းအမြုတေကို ဖန်တီးခဲ့စဥ်မှာပင် ဤရှေးဟောင်းသားရဲဘုရင် ၇ ပါးက ထွက်ပေါ်လာခဲ့ခြင်းဖြစ်လေသည်။
သို့သော်လည်း အဲ့ဒါက နယ်မြေတစ်ခုနှင့် ပက်သက်နေသည်ဆိုတာကို သူက နားမလည်ခဲ့ပေ။
"အဲ့ဒါက... ဘယ်လိုဖြစ်နိုင်ပါ့မလဲ..."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ဖြစ်ပျက်သမျှကို မယုံကြည်နိုင်မှုဖြင့် ငေးကြည့်နေပြီး အံကိုကြိတ်လိုက်၏။
"လူသားမျိုးနွယ်ရဲ့ မျိုးဆက်သွေးက အရမ်းကို ပေါပဲပြီးတော့ နိမ့်ကျလွန်းတယ်... မင်းက ဒီလိုမျိုး နယ်မြေတစ်ခုကို ဘယ်လိုလုပ်ပြီး ကျင့်ကြံထားနိုင်ရတာလဲ..."
ကမ္ဘာဦးမျိုးနွယ် ၉ စုကြားထဲမှာတောင် မျိုးနွယ်စုတိုင်းက မျိုးဆက်သွေးနယ်မြေကို ကျင့်ကြံနိုင်ကြသည်မဟုတ်ပေ။
ယက္ခမျိုးနွယ်မှာ မျိုးဆက်သွေး နယ်မြေမရှိပေ။
မျိုးဆက်သွေးနယ်မြေက အလွန်တရာ အဖိုးတန်လေသည်။
လူတစ်ယောက်၏ ကျင့်ကြံမှုက မြင့်မားလာပြီး သူတို့၏ မျ်ိုးဆက်သွေးက ပို၍ သန်မာလာသည်နှင့်အမျှ သူတို့၏ မျိုးဆက်သွေးနယ်မြေ၏ စွမ်းအားကလည်း တိုးပွားလာပေလိမ့်မည်။ ၎င်း၏ ကြီးပွားတိုးတက်မှုက အကန့်သတ်မဲ့လေသည်။
"ဘယ်လို သောက်အဓိပ္ပါယ်မရှိတဲ့ နတ်ဘုရား တရားစီရင်ခြင်းလဲ..... ပျက်စမ်းကွာ..."
ဆူဇီမိုက ရှေ့သို့ လက်ညိုးထိုးလိုက်၏။
သူ့ဘေးတွင် လှည့်ပတ်နေသော ရှေးဟောင်းသားရဲဘုရင် ၇ ပါးသည် ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့်အတူ စိတ်မရှည်နိုင်စွာ ရှေ့သို့ ထိုးတက်သွားကြ၏။