လိပ်ပြာပုံရိပ်ယောင် ပြန်လည်ထွက်ပေါ်လာခြင်း
Vol. 52 Ch. 774
ပုံမှန်အားဖြင့်ဆို အဲ့ဒါက မျိုးဆက်သွေး နယ်မြေတစ်ခုဆိုလျှင်တောင် နတ်ဘုရား၏ တရားစီရင်ခြင်းကို စိန်ခေါ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမို၏ ဘေးပတ်လည်တွင် ပေါ်လာသော သားရဲ၇ကောင်ကို မြင်ရချိန်တွင် နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အမူအရာ တို့က ပြောင်းလဲကုန်ကြ၏။
သူတို့သည် ထိုသားရဲ၇ကောင်ထံမှ ဖိအားကို ခံစားမိနေ၏။
သူတို့ပင်လျှင် သူတို့၏ ရင်ထဲမှာ ဦးညွှတ်ချင်စိတ် တစ်ခုစီက ပေါ်ပေါက်လာကြ၏။
“အဲ့ဒါက ဘယ်လို ဖြစ်နိုင်ပါ့မလဲ..”
နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက်၏ ချောမောလှပသော မျက်နှာပြင်ပေါ်တွင် မယုံကြည်နိုင်သည့်ပုံက ပေါ်လာ၏။ သူက တီးတိုးရေရွတ်လိုက်၏။
“အဲ့ဒါက ပေါပဲတဲ့ မျိုးဆက်သွေးနဲ့ နိမ့်ကျတဲ့ သက်ရှိတစ်ကောင်ပဲကို ငါက ဘာလို့ အဲ့လိုခံစားချက်ကို ရနေတာပါလိမ့်..”
ဆူဇီမို ဆင့်ခေါ်လိုက်သော သားရဲ ၇ ကောင်သည် သူ၏ အန္တိမသားရဲနတ်ဆိုး ကျင့်စဉ်ကို ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသော သားရဲဘုရင်များဖြစ်ကြောင်း နတ်ဘုရားမျိုးနွယ် သက်ရှိများက သိနိုင်လိမ့်မည် မဟုတ်ပေ။
ထိုသားရဲ ၇ ကောင်ထဲမှ တစ်ကောင်ချင်းစီသည် မဟာအရိုင်းကမ္ဘာ၏ အကြမ်းကြုတ်ဆုံး သားရဲဘုရင်များ ဖြစ်ကြလေသည်။ သူတို့အားလုံးသည် တဲယွဲ့၏ အရေးပါသော အကူများဖြစ်ကြပြီး သူမနှင့်အတူ တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ကြလေသည်။
သူတို့သည် ပုံရိပ်ယောင်များမျှသာ ဖြစ်သော်လည်း သူတို့က နတ်ဘုရားမျိုးနွယ်ကို ကြောက်ရွံ့ကြလိမ့်မည် မဟုတ်ပေ။
သားရဲ ၅ ကောင်သည် နတ်ဘုရားမျိုးနွယ်သက်ရှိ ၅ယောက်ထံသို့ ပြေးဝင်သွားကြ၏။
အခြားတစ်ဖက်မှာတော့ ငရဲကျားနှင့် တိမ်လွှာကျားသစ် သားရဲဘုရင်တို့သည် မလှမ်းမကမ်းရှိ နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်ထံသို့ ပြေးဝင်သွားကြ၏။
ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်များ၏ ဝန်းရံခြင်းကို ခံထားရချိန်တွင် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီး တန်ပြန် တိုက်ခိုက်လိုက်၏။
နွားရိုင်းသားရဲဘုရင်သည် တဟုန်ထိုး ပြေးဝင်သွားပြီး သူ၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နောက်တွင် ဖုန်များက တထောင်းထောင်းထသွား၏။ ၎င်းက သူ့ခေါင်းကို အနည်းငယ်နှိမ့်ပြီး သူရှေ့ရှိ ပိရမစ်ကို ၎င်း၏ ကြီးမားသော ဦးချိုနှစ်ဖက်ဖြင့် ပစ်ဆောင့်ချလိုက်၏။
ဘုန်း…….
ကျယ်လောင်သော အသံကြီး တစ်သံက ထွက်ပေါ်လာ၏။
ချပ်.. ချပ်.. ချပ်..
ပရမစ်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများက တစ်ခုပြီး တစ်ခုပေါ်လာပြီး လျင်မြန်စွာဖြင့် ပိရမစ်တစ်ခုလုံးသို့ ဖြန့်ကျက်သွား၏။
နွားရိုင်းသားရဲဘုရင်၏ ပုံရိပ်ယောင်ကလည်း သိသိသာသာ မှိန်ကျသွား၏။
နွားရိုင်းသားရဲဘုရင်သည် သူ့ခေါင်းကိုငုံ့ပြီး နောက်တစ်ဖန်ရှေ့သို့ ပစ်ဆောင့်ချလိုက်ပြန်၏။
ဘုန်း…..
ပိရမစ်က ပြင်းထန်စွာဖြင့် ပြိုလဲကျသွား၏။
ကျယ်ပြန့်သော မြေပြင်ပေါ်ရှိ နတ်ဘုရား တရားစီရင်ခြင်းမှာ ဆုတောင်းနေကြသော များစွာသော သက်ရှိများသည် လေထဲသို့ ပျက်ပျယ်သွားကြ၏။
ထိုကဲ့သို့ အင်အားကြီးမားသော ရိုက်ခတ်မှုက နွားရိုင်းသားရဲဘုရင်၏ ပုံရိပ်ကိုလည်း ပျက်ပျယ်သွားစေလေသည်။
ဘုန်း….ဘုန်း……ဘုန်း…..ဘုန်း…….
တစ်ချိန်တည်းနီပါးမှာပင် ကျောက်တုံးဝက်ဝံသားရဲဘုရင်၏ ကလန့်ကလား ခန္ဓာကိုယ်ကြီးသည် ပိရမစ်တစ်ခုပေါ်သို့ ပစ်ဆောင့်ချလိုက်၏။
အနာကွန်ဒါသားရဲဘုရင်သည် ပိရမစ်တစ်ခုကို ရစ်ပစ်ပြီး ကောင်းကင်ထက်သို့ တွန်မြည်လိုက်၏။ သူက တောက်လောင်နေသော နေကို ဝါးမျိုချင်သည့်အလား ၎င်း၏ ရှည်လျားသော ခန္ဓကိုယ်ကြီးက ဆက်တိုက်တင်းကျပ်သွားပြီး ပိရမစ်ပေါ်သို့ ဖိအားတစ်ခုကို ထုတ်ပေးလာ၏။
မျှော်လင့်ချက်ဝက်ဝံ၏ မျက်လုံးများသည် သွေးနီရောင်ဖြင့် တဖျတ်ဖျတ်လက်သွားပြီး ၎င်း၏ လက်နှစ်ဖက်ကို ကျောက်သားတူကြီးများကဲ့သို့ လွှဲရမ်းပြီး ပိရမစ်ပေါ်ကို တဖုန်းဖုန်း ထုရိုက်လိုက်၏။
နတ်မြင်းသားရဲဘုရင်၏ ခွာများသည် မိုးကြိုးကဲ့သို့ တဝုန်းဝုန်းမြည်နေပြီး ၎င်းက အဖြူရောင်အလင်းတန်း တစ်ခုအသွင်သို့ ပြောင်းလဲသွား၏။ ချက်ချင်းပင် ပိရမစ်တစ်ခုပေါ်သို့ စွမ်းအားကြီးမားသော ရုန်းကန်ပေါက်ကွဲအား တစ်ခုက ပစ်ဝင်လာလေသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် ပိရမစ် ၅ ခုသည် အဆက်မပြတ် ယိမ်းထိုးလာပြီး လုံးဝပြိုကျ သွားလေတော့သည်။
လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။
ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေသည် အလွန်တရာ ကြောက်စရာကောင်းလွန်းပြီး ရန်သူ ၅ ယောက်ကို တစ်ယောက်တည်းဖြင့် အရေးနိမ့်ခြင်းမရှိ ရင်ဆိုင်နိုင်ခဲ့လေသည်။
ကျန်ရှိနေသော သားရဲဘုရင်နှစ်ပါးသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ဆီသို့ ပြေးဝင်သွားကြ၏။
အစကတော့ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သို့သော် ယခုအခါမှာတော့ သူက ထိုပုံစံဖြင့် မနေနိုင်တော့ပေ။ ရွှေရောင်အလင်းနှင့်အတူ သူ၏ သွေးချီများက ရုန်းကြွလာပြီး သူက ပြိုင်ဘက်ကင်းသော အစစ်အမှန် နတ်ဘုရား သက်ရှိတစ်ပါးကဲ့သို့ ဖြစ်လာလေသည်။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က နောက်ဆုတ်ခြင်းမရှိပဲ ရှေ့သို့ တိုးသွား၏။
သူ၏ လက်ကိုမြှောက်ပြီး သူ၏ လက်သီးကို လွှဲရမ်းလိုက်၏။
အဲ့ဒါက ရိုးရှင်းသည့် လှုပ်ရှားမှုပင် ဖြစ်လေသည်။
သို့သော်လည်း အဲ့ဒါက ကမ္ဘာတုန်လောက်လေသည်။
များစွာသော ကျင့်ကြံသူများသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။
သူသည် မျိုးဆက်သွေးနယ်မြေ၏ စွမ်းအားကို သူ၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယခွန်အားကို သုံးပြီး ယှဉ်ပြိုင်ဖို့ ကြိုးစားနေ၏။
ထိုသို့လုပ်ဖို့အတွက် သူက ဘယ်လောက်တောင် ယုံကြည်မှုရှိလိုက်သလဲ။
ဘန်း…..ဘန်း…..
ကျယ်လောင်သော မြည်သံနှစ်ခုက ဟိန်းထွက်လာ၏။
နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်ထံမှ ထိုးချက်နှစ်ချက်ဖြင့် ကျန်ရှိနေသော သားရဲနှစ်ကောင်သည် ကြေမွ ပျက်စီးကာ လုံးဝပျက်ပျယ်သွားလေသည်။
ဆူဇီမိုသည် ရင်တစ်ချက် ထိတ်သွား၏။
သူ၏ အထွတ်အထိပ် အခြေအနေမှာ ဆိုလျှင်တောင် သူက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို အနိုင်ရရှိဖို့ ယုံကြည်မှု သိပ်မရှိပေ။
“အားနည်းလွန်းတယ်”
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သူ၏ နဖူးပေါ်သို့ လျှောကျလာသော သူ၏ ရွှေရောင်ဆံပင်များကို လက်ဖြင့် သပ်တင်ပြီး အေးစက်စက် အမူအရာဖြင့် ပြောလိုက်၏။
“မင်းက ဆက်ပြီးတော့ ကျင့်ကြံသွားမယ် ဆိုရင်တော့ ငါ့ကို ခြိမ်းခြောက်နိုင်ကောင်း ခြိမ်းခြောက်လာနိုင်တယ် ကံဆိုးစွာနဲ့ အဲ့ဒီ့အခွင့်အရေးကို မရတော့ဘူး”
ထိုသို့ ပြောပြီးသည်နှင့် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်၏ ပုံရိပ်က ပျောက်ကွယ်သွား၏။
မူလက သူရပ်နေခဲ့ရာ နေရာတွင် ပိရမစ်တစ်ခုက ပေါ်လာ၏။ အဲ့ဒါက ပို၍ သိသာရှင်းလင်းလာပြီး ပေသုံးလေးထောင် အမြင့်ထိ ရောက်ရှိလာ၏။ ၎င်းက ခမ်းနားထည်ဝါ၍ ရွှေရောင်အလင်းများဖြင့် ပြိုးပြိုးပြက်ပြက် လက်နေ၏။
ဤပိရမစ်က အရမ်းကို ကြီးမားလွန်းလေသည်။
အခြားသော နတ်ဘုရားမျိုးနွယ်သက်ရှိများ ဖန်တီးခဲ့သော ပိရမစ်များသည် ဤပိရမစ်၏ ၁၀ပုံ ၁ပုံပင် မရှိပေ။
ဆူဇီမို၏ ခန္ဓာကိုယ်သည် ပေ ၁၀၀၀ ထိ မြင့်မားသော်လည်း ထိုပိရမစ်နှင့် ရင်ဆိုင်ရချိန်တွင် သူ၏အရပ်က ပုတိုသွားသည်ဟု ထင်ရလေသည်။
ထိုဧရာမ ပိရမစ်ကြီး၏ ဘေးပတ်လည်တွင် များစွာသော ပိရမစ်ငယ်လေးများကလည်း လွင့်မျောနေ၏။ သူတို့တစ်ခုချင်းစီ၏ ထိပ်ဖျားတွင် နတ်ဘုရားမျိုးနွယ် သက်ရှိများက ရပ်နေကြ၏။
ထိုပိရမစ် အုပ်စု၏ အောက်ခြေတွင် မရေမတွက်နိုင်သော သက်ရှိများသည် ဝပ်တွားနေပြီး ဆုတောင်းစာများကို ရွတ်ဆိုနေကြ၏။
အဲ့ဒါကမှ တကယ့်အစစ်အမှန် နတ်ဘုရား တရားစီရင်ခြင်းပင် ဖြစ်လေသည်။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် အစစ်အမှန် နတ်ဘုရားတစ်ပါးကဲ့သို့ ပိရမစ်၏အလယ် ထိပ်ဆုံးမှာ ရပ်နေ၏။ သူက များစွာသော လူထုနှင့် ဆူဇီမိုကိုငုံကြည့်ပြီး အေးစက်စွာဖြင့် လှောင်ရယ်လိုက်၏။
“မင်းတတ်နိုင်တာ အဲ့ဒါအကုန်ပဲလား.. ဒါပေမယ့်လို့ ငါဘယ်လောက်တတ်နိုင်သလဲဆိုတာ မင်းအခုထိ မမြင်ရသေးဘူး”
“ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်နဲ့ တိုက်ခိုက်ရမယ် ဆိုရင်တောင် သူက သူ့ရဲ့ အစွမ်းကုန်ကို ထုတ်သုံးတယ်.. ငါက မင်းကို ဘာအခွင့်အရေးမှ ပေးမှာ မဟုတ်တော့ဘူး”
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က သူ့စကားကို ပြောလို့ပြီးသွားချိန်တွင် သူ့အောက်ဘက်ရှိ ခမ်းနားထည်ဝါသော ပိရမစ်အုပ်စုက ဆူဇီမို၏ အပေါ်ကို ဖြည်းဖြည်းချင်း ဖိချေကျဆင်းလာ၏။
အကန့်အသတ်မဲ့သော စွမ်းအားတစ်ခုနှင့်အတူ ကြီးမားသည့် အရိပ်ကြီးတစ်ခုက လွှမ်းခြုံလာ၏။
ထိုအရိပ်၏ အောက်တွင် များစွာသော ကျင့်ကြံသူများ၏ စိတ်ဓာတ်များက ပြိုလဲကျကုန်၏။
လူတိုင်းသည် မျှော်လင့်ချက် ပျက်သုန်းခြင်းကို ခံစားလိုက်ရ၏။
အဲ့ဒါသည် သူတို့အားလုံးကို မြှုပ်နှံဖို့အတွက် ကောင်းကင်က ပြိုကျလာသည့်အလား သူတို့တတ်နိုင်တာ ဘာမှမရှိတော့ပေ။
“ဟား….”
ကိုယ်တော်ရင်လုက သနားစွာဖြင့် သက်ပြင်းချလိုက်၏။
“ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ပြန်လည်ပြည့်ဝပြီးတော့ သူက မဟူရာကုန်းလိပ် ပဒုမ္မာရွှေကြာ အမြုတေနယ်မြေကို ထုတ်ဖော်နိုင်မယ်ဆိုရင် သူက အဲ့ဒီ့နတ်ဘုရား တရားစီရင်ခြင်းနဲ့ တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်လိမ့်မယ်.. ကံဆိုးစွာနဲ့ပဲ..”
ပကတိအရှင် ယင်လူကလည်း သူ့ခေါင်းကို ခါယမ်းလိုက်၏။
“အံ့မခန်း ဖြစ်ရပ်တစ်ခုက ဖြစ်လာဦးမှာလား”
ပကတိအရှင် လောရွှယ်က သူမကိုယ်သူမ နှစ်သိမ့်နေသည်လား တခြားသူများကို နှစ်သိမ့်နေသည်လား မပြောတတ်ပဲ တီးတိုးရေရွတ်လိုက်၏။
တိုက်ပွဲနယ်မြေတွင်..
ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သူ့ဦးခေါင်းထက်ရှိ ပိရမစ် အုပ်စုကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးများက မည်သည့် စိတ်ခံစားချက်မှ မရှိပဲ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းနေ၏။
နတ်ဘုရား တရားစီရင်ခြင်၏ ဖိအားအောက်တွင် ရှိနေသော်လည်း သူ၏ အော်ရာက လျှင်မြန်စွာ မြင့်တက်လာနေဆဲဖြစ်၏။
ရုတ်တရတ် ဆိုသလို..
သူ့နောက်တွင် သားရဲချီများက တလိပ်လိပ်တက်လာပြီး သားရဲတောကောင်တစ်ကောင်၏ ပုံစံက ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။ ၎င်းက သူ၏ သွေးရောင် တောင်ပံတစ်စုံကို ဖြန့်ကျက်ထားပြီး ထိုတောင်ပံများပေါ်တွင် မျက်လုံးတစ်စုံနှင့် ဆင်တူသော တောက်ပသည့် လပြည့်ဝန်းနှစ်ခုက ရှိနေ၏။
အဲ့ဒါက ဧရာမ သွေးရောင်လိပ်ပြာ တစ်ကောင်ပင် ဖြစ်လေသည်။
အဲ့ဒါက အရမ်းကာရော ကြီးမားသည်တော့ မဟုတ်ဘဲ သူ၏အရွယ်အစားက ၁၀ပေ ဝန်းကျင်လောက်သာ ရှိလေသည်။
ပေသုံးလေးထောင်မြင့်သော ပိရမစ်ကြီးနှင့် နှိုင်းယှဉ်လျှင် ၎င်းက အရေးမပါ အရာမရောက်သော ပုရွက်ဆိတ်တစ်ကောင်အလားပင်။
သို့သော်လည်း ထိုသွေးရောင် လိပ်ပြာက ပေါ်ထွက်လာချိန်တွင် အသင်္ချေနယ်မြေ မြို့တော်တစ်ခုလုံးက ငြိမ်သက်တိတ်ဆိတ်သွား၏။
အရာရာတိုင်းက တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
မကြုံစဖူး အံ့မခန်းကြောက်စရာ ကောင်းသည့် အော်ရာတစ်ခုက စတင်၍ ထွက်ပေါ်လာ၏။
လူတိုင်းသည် တသိမ့်သိမ့် တုန်ရီသွားကြလေသည်။
ညဝိညာဉ်နှင့် ယက္ခမျိုးနွယ်များအကြား တိုက်ပွဲသည်ပင် ခဏမျှ ရပ်တန့်သွား၏။
ယက္ခခေါင်းဆောင်သည် သွေးရောင်လိပ်ပြာကို စိုက်ကြည့်ပြီး ခေါင်းနပမ်းကြီးလာ၏။ သူသည် ချွေးစေးများထွက်လာပြီး သူ၏ မျိုးဆက်သွေးက အေးခဲသွားသည့်အလား သူက လေထဲကနေ ပြုတ်ကျမတတ် ဖြစ်သွားလေသည်။
ညဝိညာဉ်က ထိုဟာကွက်ကို အသုံးမချနိုင်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် သူကလည်း ထိုနေရာသို့ လှမ်းကြည့်နေသောကြောင့် ဖြစ်လေသည်။
သူသည် ယက္ခမျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်တို့နှင့် ရင်ဆိုင်ရချိန်မှာတောင် ထိုကဲ့သို့သော ကြောက်ရွံ့မှုမျိုးကို မခံစားရပေ။
သို့သော်လည်း သွေးရောင်လိပ်ပြာကို တစ်ချက်ကြည့်မိရုံနှင့် ကြောက်ရွံ့မှုအရိပ်အရောင် တစ်စွန်းတစ်စနှင့်အတူ သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။
“အဲ့…အဲ့ဒါက….ဘာ…. ဘာကြီးလဲ….”
ပကတိအရှင် ယွီကျွင်းက အံကိုကြိတ်ပြီး သူ့အသံက တုန်ယင်နေ၏။
ရုတ်တရတ်ဆိုသလို
သွေးရောင်လိပ်ပြာက သူ၏တောင်ပံများကို ညင်သာစွာခတ်လိုက်၏။
အဲ့ဒါက မသိသာ မထင်ရှားသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်လေသည်။
သို့သော်လည်း ထိုတောင်ပံများကနေ တုန်ခါမှုလှိုင်းတစ်ခုက ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသည့် ဆိုင်ကလုန်း တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
ဆူဇီမို၏ ဦးခေါင်းထက်ရှိ လေဟာနယ်သည် တွန့်လိမ်၍ ရွေ့လျားသွားပြီး အဲ့ဒါက စိစိညက်ညက်ကြေ၍ ပြိုကျလာ၏။
နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်၏ ဘေးပတ်လည်ရှိ ပိရမစ်ငယ်လေများသည် လှုပ်ခါသွားပြီး ဖုန်မှုန့်နှင့် သဲများက အဆက်မပြတ် လျော့ကျလာကာ ပိရမစ်များအပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာလေသည်။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ပိရမစ်တစ်ခုသာလျှင် အကောင်းပကတိ ကျန်ရှိနေခဲ့လေသည်။
ဘန်း….ဘုန်း…..ဘုန်း…..ဘုန်း………
ပိရမစ်ငယ်လေး များစွာသည် ပြိုကျသွားပြီး ဖုန်မှုန့်များ တိမ်စိုင်များ အဖြစ်သို့ ပြန့်ကျဲထွက်သွား၏။
ထိုအရေးမပါ အရာမရောက်သည်ဟု ထင်ရသော လိပ်ပြာတစ်ကောင်ကြောင့် ကြီးမား၍ ခမ်းနားထည်ဝါသော နတ်ဘုရားတရားစီရင်ခြင်းက ပြိုကျ ပျက်စီးတော့မည့်ဆဲဆဲ ဖြစ်လာခဲ့လေသည်။