← Chapters

ဂမ္ဘီရ သံလိုက်တောင်

Vol. 52 Ch. 775

ဂမ္ဘီရ သံလိုက်တောင်

Vol. 52 Ch. 775

သွေးနီရောင်လိပ်ပြာသည် တျဲယွဲ့၏ ပုံရိပ်ယောင် တစ်ခုဖြစ်လေသည်။

မဟာချွမ်အပျက်အစီး တိုက်ပွဲမှာတုန်းက ဤသွေးရောင်လိပ်ပြာ ပေါ်ထွက်လာမှုကြောင့်ပင် ဆူဇီမိုသည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ် ပကတိသက်ရှိဖြစ်သော ရှီးဝူယာကို လွှမ်းမိုး ခြယ်လှယ်စွာဖြင့် သတ်ဖြတ်နိုင်ခဲ့ပြီး နာမည်ဂုဏ်သတင်း ကျော်ကြားခဲ့လေသည်။

အစကတော့ သွေးရောင်လိပ်ပြာသည် ဘယ်ကဘယ်လို ပေါ်ထွက်လာသည်ဆိုတာကို ဆူဇီမိုက မပြောတတ်ပေ။

စောစောကမှသာလျှင် ဤသွေးရောင်လိပ်ပြာ ပုံရိပ်ယောင်သည် သူ့မျိုးဆက်သွေး၏ အထွတ်အထိပ်နယ်မြေတစ်ခု ဖြစ်မည်ဆိုတာကို နောက်ဆုံး သူနားလည်သဘောပေါက်သွား၏။

ယခုအချိန်တွင် သွေးရောင်လိပ်ပြာ၏ တစ်ဝက်သည် ပုံရိပ်ယောင်ဆန်ပြီး ရုပ်ဒြပ်မရှိပေ။

သူသည် မဟာအရိုင်းကမ္ဘာမှ သားရဲနတ်ဆိုးဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ပြီးမြောက်သည်အထိ ကျင့်ကြံပြီး သားရဲဘုရင် ၁၂ ပါးစလုံးကို ဆင့်ခေါ်နိုင်မည်ဆိုလျှင် ဤသွေးရောင်လိပ်ပြာသည် အစစ်အမှန်အဖြစ် စုဖွဲ့၍ ၎င်း၏ အထွတ်အထိပ်ခွန်အားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု ဆူဇီမိုက စိတ်ခံစားချက်တစ်ခု ရရှိနေ၏။

အထက်အမြင့်မှနေ၍ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ဆူဇီမိုနောက်ရှိ သွေးရောင်လိပ်ပြာကို ငုံ့ကြည့်ပြီး သူ့အမူအရာက တုန်လှုပ်အံ့ဩသွား၏။

ထိုသွေးရောင်လိပ်ပြာ၏ ရောက်ရှိလာမှုနှင့်အတူ သေခြင်းရနံ့ကို သူက ခံစားမိလိုက်၏။

သွေးရောင်လိပ်ပြာသည် သူ၏တောင်ပံများကို ညင်သာစွာ ခတ်လိုက်ရုံမျှဖြင့် နတ်ဘုရားတရားစီရင်ခြင်း၏ ဘေးပတ်လည်ရှိ ပိရမစ်ငယ်များသည် လုံးဝ ပြိုပျက်ကျသွား၏။

သွေးရောင်လိပ်ပြာက သူ၏တောင်ပံများကို ဆက်လက်၍ ခတ်လိုက်မည်ဆိုလျှင် သူထိုင်နေသော ပိရမစ်သည်ပင်လျှင် သိပ်ကြာကြာ တောင့်ခံထားနိုင်မည်မဟုတ်ဟု သူခံစားမိနေ၏။

"မင်းရဲ့ သွေးလိပ်ပြာက ငါ့ရဲ့ နတ်ဘုရားတရားစီရင်ခြင်းကို နိုင်ပါ့မလားဆိုတာ ကြည့်ရသေးတာပေါ့..."

နတိဘုရားမျိုးနွယ်ခေါင်းဆောင်သည် ဟိန်း ဟောက်၍ သူ၏ နတ်ဘုရားတရားစီရင်ခြင်းကို ထိန်းချုပ်ကာ ဆူဇီမိုရှိရာဘက်သို့ အတွေးတစ်ချက်ဖြင့် ပြင်းထန်စွာ ဆင်းသက်လာ၏။

ဆူဇီမို၏ နောက်ရှိ သွေးလိပ်ပြာသည် သူ၏တောင်ပံများကို ဖြန့်ပြီး ရှေ့သို့ ပျံသန်းသွား၏။

ထိုမြင်ကွင်းသည် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို ကိုင်လှုပ်ဖို့ ကြိုးစားနေသည်နှင့် ဆင်တူ၏။ အဲ့ဒါသည် နှံကောင်တစ်ကောင်က ရထားတစ်စင်းကို ရပ်တန့်ဖို့ ကြိုးစားနေသည်နှင့် ဆင်တူနေ၏။

သို့သော်လည်း လေထဲတွင် သူတို့နှစ်ခု ထိတွေ့သွားချိန်တွင် မနှိုင်းယှဥ်သာအောင် တုန်လှုပ်ဖွယ်ရာကောင်းသော အော်ရာတစ်ခုသည် လောကတစ်ခွင်သို့ ဖြန့်ကျက်သွား၏။

လေဟာနယ်နှင့် အချိန်သည် အေးခဲသွားသည်ဟု ထင်ရ၏။

နောက်ခဏ၌ ပြိုးပြိုးပျက်ပျက် အလင်းရောင်များက ရုန်းကန် ထွက်ပေါ်လာ၏။

မျိုးဆက်သွေးနယ်မြေနှစ်ခု၏ ရိုက်ခတ်ခြင်းမှ ထွက်ပေါ်လာသော စွမ်းအားသည် အရမ်းကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလေသည်။

ထိုစွမ်းအား၏ ထိတွေရိုက်ခတ်ခြင်းတွင် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်သည် သူကိုယ်သူ မထိန်းချုပ်နိူင်တော့ဘဲ လေထဲကနေ ပြုတ်ကျလာ၏။

ဆူဇီမိုကလည်း ခိုင်မာစွာ မရပ်တည်နိုင်တော့ဘဲ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက လွင့်ကန်ထွက်သွားပြီး မြေကြီးပေါ်သို့ ပစ်ကျကာ ဖုန်မှုန့်များက တစ်ထောင်းထောင်း ထသွား၏။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သုန်မှုန်နေသော အမူအရာနဲ့အတူ ဖုန်မှုန့်များကြားမှ မတ်တတ်ပြန်ရပ်လိုက်၏။

အစက ချောမောလှပသော သူ၏မျက်နှာသည် ဆိုးဆိုးဝါးဝါး ပုံပေါက်သွားပြီး သူ၏ ရှင်းသန့်သော ဝတ်ရုံကလည်း ဖုန်များ သဲများ ရွှံ့များဖြင့် ပေကျံသွား၏။

အပေါ်ယံကြည့်လျှင်တော့ သူတို့နှစ်ယောက်က ညီတူမျှတူ ယှဥ်လိုက်သည်ဟု ထင်ရပေလိမ့်မည်။

သို့သော်လည်း အကယ်၍ ဆူဇီမိုက သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေလျှင် သူတို့၏ တိုက်ခိုက်မှုမှာ သူက အရေးနိမ့်လိမ့်မည် ဖြစ်ကြောင်း နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က သိထားလေသည်။

သို့သော်လည်း အဲ့ဒါက အကယ်၍မျှသာ ဖြစ်လေသည်။

ယခုအချိန်မှာတော့ သူ့ဘက်တွင် သူ၏ ကလန်သား ၅ ယောက်ကလည်း ရှိနေသေး၏။

ဒါ့အပြင် ဆူဇီမိုက သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိမနေပေ။

ထိုတိုက်ခိုက်မှုတွင် သူက အင်အားများစွာကို ထုတ်သုံးခဲ့ရ၏။

သို့သော်လည်း ဆူဇီမို ထုတ်သုံးခဲ့ရသော ခွန်အားက ပို၍ပင် သိပ်သည်းများပြားသေး၏။

တဖြည်းဖြည်းနှင့် ဆူဇီမိုသည် ဖုန်များတစ်ထောင်းထောင်းထနေသော တွင်းချိုင့်ထဲကနေ လျှောက်လှမ်းထွက်လာ၏။

ကြောက်မက်ဖွာ်ရာကောင်းသော သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ပျောက်ကွယ်သွားလေပြီ။

ဆူဇီမိုသည် သူ၏မူလပုံစံသို့ ပြန်လည်ပြောင်းသွား၏။ သူက ရိုးရှင်း၍ စာပေသမားတစ်ယောက်ပုံ ပေါက်နေ၏။ သူ၏ ဗလာကျင်းထားသော ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေ၏။ ထိုဒဏ်ရာအများစုသည် ယက္ခမျိုးနွယ်များနှင့် တိုက်ခိုက်ခဲ့စဥ်က ချိန်းကြိုးများထဲမှ ဆူးချွန်များဖြင့် ရရှိခဲ့ခြင်း ဖြစ်လေသည်။

သူ၏ အနက်ရောင်ဆံပင်များက သူ၏မျက်နှာပေါ်မှာ ပြန့်ကျဲနေပြီး သူ၏ မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။

အဲ့ဒါက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင် ကြိုတင်ခန့်မှန်းထားသလိုပင် ဆူဇီမို၏ သက်လုံအားက ကုန်ခမ်းသွားလေပြီ။

ဆူဇီမိုသည် သီယင်းနှင့် တိုက်ခိုက်ပြီးနောက် ဆက်တိုက်ဆင့်ကဲ တိုက်ခိုက်ခဲ့ရပြီး တစ်ချက်ကလေးမှ အနားမရသေးပေ။

သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး သူ၏ ကြောက်မက်ဖွယ်ရာ ကိုယ်ကာယကြောင့်သာ မဟုတ်ရင် သူက လဲကျသွာသည်မှာ အတော်ကြာနေလောက်လေပြီ။

"ဒကာဆူ... မင်းမှာ ခွန်အားရှိနေတုန်း မြန်မြန်ထွက်ပြေးတော့... မင်းရဲ့အစွမ်းအစအရဆို နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကတောင် မင်းကို တားဆီးနိုင်မှာ မဟုတ်ဘူး..."

ဆူဇီမိုသည် ခြေကုန်လက်ပမ်းကျနေပြီဆိုတာကို မြင်တွေ့ရသည့်အတွက် ကိုယ်တော်ယင်လူက အသံတစ်ခုက်ို ထုတ်လွင့်ပို့လွှတ်လိုက်၏။

ဆူဇီမိုက သူ့မှာရှိသမျှအကုန် ထုတ်သုံးပြီးပြီဆိုတာကို လူတိုင်း ပြောနိုင်ကြလေသည်။

သို့သော်လည်း အခြေအနေက အရမ်းကိုဆိုးဝါးလွန်းနေပြိး သူတစ်​ယောက်ထဲနှင့် တွန်းလှန်နိုင်စရာ အကြောင်းမရှ်ိပေ။

ကိုယ်တော်ယင်လူ၏ အကြံပေးချက်ကို ကြားသောအခါ ဆူဇီမိုသည် ဆိတ်ဆိတ်နေပြီး သူ၏ခေါင်းကိုသာ ခါပြလိုက်၏။

သူက ထွက်မသွားနိုင်ပေ။

ရှောင်းနင် ၊ မျောက် ၊ ဖက်တီးလေးနှင့် အခြားသူများက ဤနေရာတွင် ရှိနေ၏။

သူ၏ဆွေမျိုး၊ သွေးသောက်ညီကို မောင်နှမများနှင့် မိတ်ဆွေများက ဤနေရာတွင် ရှိနေ၏။

သူထွက်သွားလျှင် သူတို့ထဲက မည်သူကမှ ချမ်းသာရာ ရမည်မဟုတ်ပေ။

သူက အသင်္ချေနယ်မြေမြို့တော်မှာ တိုက်ခိုက်ရင်းနှင့် သေရမည်ဆိုလျှင်တောင် ထွက်မသွားနိုင်ပေ။

ဆူဇီမို၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ခိုင်မာမှုကို ခံစားမိသောအခါ ကိုယ်တော်ယင်လူသည် စိတ်ထဲကနေ သက်ပြင်းချပြီး ဆက်လက်၍အကြံမပေးတော့​ပေ။

"ဟီးဟီး...."

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ရယ်မောလိုက်၏။

"မင်းရဲ့.. အတွင်းအမြုတေက မင်းရဲ့ သားရဲပုံစံကိုတောင် ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘူး... မင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမှာမို့လို့လဲ..."

"အဲ့ဒါက မင်းကို သတ်ပြီးတဲ့ထိတော့ လုံလောက်တယ်....."

ဆူဇီမိုက ခပ်ယဲ့ယဲ့ပြုံးလိုက်သော်လည်း သူ၏လေသံက မာကြောခက်ထန်နေ၏။

"အိမ်မက်သာ ဆက်မက်နေလိုက်...."

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သူ၏အပြုံးကို ရုတ်သိမ်းလိုက်ပြီး လှောင်ရယ်လိုက်၏။

"မင်းမှာ တခြားဘာတွေများ ရှိဦးမလဲ... ကြည့်ရသေးတာပေါ့..."

"သတ်....."

သူ့အသံက ထွက်ပေါ်လာပြီးသည်နှင့် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်နှင့် သူ၏ကလန်သား ၅ ယောက်သည် နေရာပေါင်းစုံကနေ ဆူဇီမိုကို တစ်ပြိုင်နက်တည်း ပူးပေါင်းတိုက်ခိုက်လိုက်ကြ၏။

"လုံးဝအချိန်ကိုက်ဘဲ...."

ဆူဇီမိုသည် ကြောက်ရွံ့တုန်လှုပ်သားခြင်းမရှိဘဲ သွေးရောင်ဆေဘာကို ဝှေ့ယမ်းလိုက်၏။

"ငါ့ရဲ့ သွေးသောက်သူကို ဒီနေ့ နတ်ဘုရားမျိုးနွယ်ရဲ့ သွေးကို မြည်းစမ်းကြည့်ခိုင်းရမယ်..."

နတ်ဘုရားမျိုးနွယ် သက်ရှိများသည် လက်ဗလာသာ ဖြစ်သော်လည်း သူတို့၏ အရှိန်ကို လျှော့မချလိုက်ပေ။

တစ်ဖက်တွင်တော့ နတ်ဘုရားမျိုးနွယ် သက်ရှိ ၅ ယောက်၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုရိပ်များကို မြင်နေရ၏။

"ဟမ့်....."

​ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး မသက်မသာ ခံစားလာရ၏။

ရုတ်တရက်ဆိုသလို......

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး မီးခိုးရောင် တောင်တစ်လုံးကို ဆွဲထုတ်လိုက်၏။

အဲ့ဒါက လက်တစ်ဝါးအရွယ်လောက်သာဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုကို ထုတ်ပေးနေ၏။

ဆူဇီမို၏ ဆေဘာနည်းစနစ်က မထုတ်ဖော်ရသေးခင်မှာပင် သွေးသောက်သူသည် ထိုတောင်ဆီသို့ အထိန်းအကွပ်မဲ့စွာဖြင့် ရုန်းကန်ထွက်နေ၏။

သူ၏ခွန်အားနှင့်တောင် ဆူဇီမိုသည် သွေးသောက်သူကို ပြန်ဆွဲထားဖို့ ခက်ခဲနေလေသည်။

ထိုမျှသာမက သွေးသောက်သူသည် လေထဲမှ နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်၏ လက်ထဲရှိ မီးခိုးရောင် တောင်ထွတ်ဆီသို့ သူ့ကိုပါ တရွတ်တိုက် ဆွဲခေါ်သွားနေလေသည်။

"ဘာဖြစ်နေတာလဲ...."

ဆူဇီမိုက ထိတ်လန့်သွား၏။

ဘာ့ကြောင့်များ သွေးသောက်သူ သူ၏ထိန်းချုပ်မှုကနေ ရုန်းထွက်ပြီး ထိုမီးခိုးရောင်တောင်ထွတ်ဆီသို့ အထိန်းအကွပ်မဲ့စွာ ပျံသန်းသွားချင်နေရတာလဲ။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် သူ၏ ဟန်ချက်ကို ဆုံးရှုံးနေပြီး ဖြစ်လေသည်။

သူက သွေးသောက်သူကို ဆက်လက်၍ ဆွဲထားမည်ဆ်ိုလျှင် သူက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ထံသို့ မရောက်ခင်မှာပင် နတ်ဘုရားမျိုးနွယ် သက်ရှိ ၅ ယောက်၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ဆူဇီမိုသည် တွေဝေခြင်းမရှိတော့ဘဲ သွေးသောက်သူကို ချက်ချင်းလွှတ်ပေးလိုက်၏။

ထိုသို့ဆိုလျှင်တောင် သူသည် အားကောင်းသော စုပ်ယူအားတစ်ခုကို ခံစားမိနေသေး၏။

အဲ့ဒါက သူ၏ ဘယ်ဘက်လက်ဆီမှ လာခြင်းဖြစ်လေသည်။

"ဒီလက်အိတ်လား...."

အတွေးတစ်ခုက ဆူဇီမို၏ စိတ်ထဲမှာပေါ်လာ၏။

သူသည် သူ၏ဘယ်ဘက်လက်တွင် မူလစိတ်ဝိညာဥ် လက်အိတ်တစ်ခုကို ဝတ်ဆင်ထားပြီး အဲ့တာက ဖန်သားနန်းတော် ပြိုင်စံရှားထံမှ သူရရှိထားခြင်း ဖြစ်လေသည်။

အကြောင်းပြချက် အတိအကျကို သူမသိသော်လည်း အဲ့ဒီမှာ ဖြစ်နိုင်ချေ တစ်ခုသာ ရှိလေသည်။

နတ်ဘုရားမျိုးနွယ်သက်ရှိများက သူ့ထံသို့ ချဥ်းကပ်လာလေပြီ။

ဖျတ်ကနဲဆို ဆူဇီမိုသည် သူ၏လက်အိတ်ကို ဆွဲချွတ်ပြီး ထွက်ခွာခွင့် ပေးလိုက်၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်တွင်းမှ တဖျောက်ဖျောက်မြည်သံများက ထွက်ပေါ်လာ၏။

အစက ၇ ပေရှည်သော သူ၏ခန္ဓာကိုယ်သည် တစ်ခဏအတွင်း အသားလုံးတစ်ခုကဲ့သို့ ကျုံ့ဝင်သွား၏။

ဘန်း...ဘန်း...ဘန်း

နတ်ဘုရားမျိုးနွယ်သက်ရှိများက လေထဲကို ထိုးနှက်လိုက်ကြ၏။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေသော အားကောင်းသည့် စွမ်းအင်အတက်အကျများကို ခံစားမိနေ၏။

သူ၏ ကိုယ်တွင်းအင်္ဂါများက သိသိသာသာ လှုပ်ခါသွားလေသည်။ အဲ့ဒါက သီသီကလေးသာ ဖြစ်လေသည်။

သူ၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးသွားခဲ့လျှင် သူသည် နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ ဆုတ်ဖြဲခြင်းကို ခံရပြီး သေဆုံးသွားနိုင်၏။

"ဆရာ... သတိထား...."

ရုတ်တရက်နန်းကြည်က အော်ဟစ်လိုက်၏။

"အဲ့ဒီတောင်က ရှေးဟောင်းရတနာတစ်ခုဖြစ်တဲ့ ဂမ္ဘီရသံလိုက်တောင်ဘဲ... အဲ့ဒါက သံလိုက်ဓာတ် စွမ်းအားကို ပိုင်ဆိုင်ထားတယ်... သတ္တုနဲ့ လုပ်ထားတဲ့ ဘယ်လက်နက်မဆို အဲ့ဒါရဲ့ စုပ်ယူခြင်းကို ခံရလိမ့်မယ်..."

"မထူးဆန်းတော့ဘူးဘဲ..."

ဆူဇီမို၏ မျက်လုံးက အရောင်လက်သွားပြီး သူက နားလည်သဘောပေါက်သွား၏။

"အာ.... ဂမ္ဘီရသံလိုက်တောင်လား..."

ပကတိအရှင်ယွီကျွင်း၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

ဂမ္ဘီရသံလိုက်တောင်က အလွန်နာမည်ကြီးခဲ့လေသည်။

အချို့သောရတနာများသည် စိတ်ဝိညာဥ်အဆင့် သို့မဟုတ် ဓမ္မအဆင့် လက်နက်များ မဟုတ်ကြပေ။ သို့သော် သူတို့သည် တစ်မူထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို ပိုင်ဆိုင်ထား၏။

သူတို့ကို သင့်လျော်မှန်ကန်စွာ အသုံးချနိုင်မည်ဆိုလျှင် သူတို့၏ အစစ်အမှန်အစွမ်းအစက ဓမ္မရတနာများထက်ပင် ကျော်လွန်နိုင်လေသည်။

ထိုရတနာများသည် အတုမရှိရတနာများအဖြစ် ကျော်ကြားလေသည်။

ဂမ္ဘီရသံလိုက်တောင်သည် အတုမရှိမဟာရတနာ ၇ မျိုးထဲမှ တစ်ခုဖြစ်လေသည်။

All Chapters