မီးပဒေသာ နဂါးမျက်လုံး
Vol. 52 Ch. 778
ဘန်း.. ဘန်း.. ဘန်း.....
ဆူဇီမိုသည် ဝင်ရောက်လာသော နတ်ဘုရားမျိုးနွယ် ၄ ယောက်ကို ဆက်လက်၍ ခုခံနိုင်ခြင်း မရှိတော့ဘဲ သူ၏ သေကွင်းသေကွက်များကို မထိခိုက်အောင်သာ အတတ်နိုင်ဆုံး ရှောင်ရှားလိုက်ရ၏။ သို့သော်လည်း သူ၏ ရင်ဘတ် ၊ ဝမ်းဗိုက်နှင့် နောက်ကျောတွင် ပြင်းထန်သော ထိုးချက် နှစ်ချက်သုံးချက်ကို လက်ခံရရှိလိုက်၏။
သူသည် ဖြူဖတ်ဖြူရော်ဖြစ်သွားသော အမူအရာနှင့်အတူ နောက်သို့ ဒယီးဒယိုင်ဖြင့် ခြေသုံးလှမ်း ဆုတ်လိုက်ရ၏။ သူ၏ အရိုးများက ပြိုကျပျက်စီးတော့မည့်ဆဲဆဲ ဖြစ်လာသည်ဟု ခံစားလိုက်ရ၏။ သူ၏ သွေးချီက ရုန်းကြွလာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ လှုပ်ခါသွားလေသည်။
သူအသက်တစ်ချက် ရှုလိုက်တိုင်း ပြင်းထန်သော သွေးရနံ့တစ်ခုကို ရရှိနေ၏။ အဲ့ဒါက အခြားသော ကျင့်ကြံသူများသာ ဖြစ်မည်ဆိုလျှင် နတ်ဘုရားမျိုးနွယ်သက်ရှိများထံမှ ထိုးချက် သုံးချက်ကို မပြောနှင့် ထိုးချက် တစ်ချက်ဖြင့်ပင် သူတို့၏ ခန္ဓာကိုယ်က စုတ်ပြတ်သတ်သွားပေလိမ့်မည်။
အခြားတစ်ဖက်မှာတော့ ဖြစ်ပျက်သမျှကို လှမ်းကြည့်ရင်း ညဝိညာဥ်၏ အစက အေးစက်နေသော အမူ အရာသည် အနည်းငယ် စိုးရိမ်ပူပန်လာပုံရ၏။ သေချာအနီးကပ်ကြည့်မည်ဆိုလျှင် သူ့မျက်လုံးများ၏ အနက်ပိုင်းထဲတွင် တွေဝေရှုပ်ထွေးခြင်း ၊ တုံ့ဆိုင်းခြင်းနှင့် သတိကြီးကြီးထားနေခြင်းများ ရှိနေသည်ကို တွေ့မြင်နိုင်၏။
ညဝိညာဥ်က သူ၏ အစစ်အမှန်ပုံစံသို့ မပြောင်းလဲရသေးပေ။
ထိုသို့ဆိုလျှင်တောင် သူ့လက်ထဲမှာ သေဆုံးခဲ့ရသော ယက္ခများ၏ အရေအတွက်က တဖြည်းဖြည်း တိုးလာနေဆဲဖြစ်၏။
ယက္ခမျိုးနွယ် ခေါင်းဆောင်ပင်လျှင် ညဝိညာဥ်၏သတ်ဖြတ်မှုကို မရပ်တန့်နိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ယက္ခမျိုးနွယ် ခေါင်းဆောင်သည် ပို၍ပို၍ ထိတ်လန့်လာ၏။
အနက်ရောင်ဝတ် ကျင့်ကြံသူက တစ်ခုခုကို ထိန်ချန်ထားဆဲ ဖြစ်ပုံရသည်ကို သူက ရိုးတိုးရိပ်တိတ်ခံစားမိနေ၏။
အဲ့ဒါသည် အနက်ရောင်ဝတ်လူ၏ ကိုယ်ထဲတွင် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်မျိုးကို ဖုံးကွယ်ထားသည့်အလားပင်။ သူက အဲ့ဒါကို မထုတ်ဖော်ရသေးသည့်အကြောင်းမှာ အနက်ရောင်ဝတ်လူက တစ်ခုခုကို ထိန်ချန် ငှဲ့ကွက်နေရခြင်း ဖြစ်ရပေမည်။
ယက္ခခေါင်းဆောင်သည် အသင်္ချေနယ်မြေမြို့တော်ကနေ ဆုတ်ခွာဖို့ကိုပင် စတင်စဥ်းစားလာပြီ ဖြစ်၏။
သို့သော်လည်း ဆူဇီမို အန္တရာယ်ကျရောက်နေသည်ကို မြင်သောအခါ ညဝိညာဥ်သည် စိတ်အာရုံတစ်ချက် ပျက်ယွင်းသွားပြီး ယက္ခမျိုးနွယ်ခေါင်းဆောင်က ထိုအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ညဝိညာဥ်၏ ခြေထောက်ပေါ်မှာ ဟက်တက်ကွဲ သွေးသံရဲရဲ ဒဏ်ရာတစ်ခုကို လှီးဖြတ်လိုက်နိုင်၏။ ထိုဒဏ်ရာက အရမ်းကိုနက်ပြီး သူ၏ အရိုးများကိုပင် မြင်နေရ၏။
ညဝိညာဥ်က ရှောင်ရှားဖို့အတွက် အနည်းငယ် နှေးကွေးသွားမည်ဆိုလျင် ထိုတိုက်ခိုက်မှုတွင် သူ၏ ခြေထောက်က လုံးဝ ပြတ်ကျသွားနိုင်လေသည်။
သွေးများက အဘက်ဘက်သို့ ပန်းထွက်လာ၏။
ညဝိညာဥ်က မည်သည့်စကားမှ မပြောသော်လည်း သူ၏အမူအရာက ပို၍ အေးစက် ခက်ထန်လာ၏။
ညဝိညာဥ် ဒဏ်ရာရရှိသွားသည်ကို မြင်ပြီးနောက် ယက္ခခေါင်းဆောင်၏ စိတ်က ပို၍ တက်ကြွလာ၏။
‘ဆူဇီမိုဘက်က အခြေအနေက သေချာသလောက်ဖြစ်နေပြီ... သူအသတ်ခံရပြီးတာနဲ့ ငါက နတ်ဘုရားမျိုးနွယ်ရဲ့ အကူညီနဲ့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင်ဝတ်လူကို သတ်ဖြတ်နိုင်လိမ့်မယ်...’
ထိုသို့အတွေးနှင့် ယက္ခခေါင်းဆောင်က ကြေညာလိုက်၏။
"အားလုံးဘဲ... နည်းနည်းလောက် တောင့်ခံထားကြဦး... နတ်ဘုရားမျိုးနွယ်က ငါတို့ရဲ့ မိတ်ဆွေတွေက ငါတို့ကို ကူညီပေးလာတာနဲ့ ဒီနိမ့်ကျတဲ့ သတ္တဝါက သေချာပေါက် သေရလိမ့်မယ်...."
ထိုအချိန်တွင် ယက္ခများသည် အယောက် ၂၀ ပင် မကျန်ရှိတော့ပေ။
သူတို့သည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို တရစပ်ထုတ်ဖော်လိုက်ကြ၏။
သို့သော် ညဝိညာဥ်သည် ဒဏ်ရာရရှိထားသော်လည်း သူတို့၏ တရစပ်တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ချေဖျက်နိုင်ဆဲဖြစ်၏။
အခြားတစ်ဖက်တွင်တော့.....
ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်သက်ရှိ ၄ ယောက်၏ ဆက်တိုက် တိုက်ခိုက်ခြင်းကို ခုခံနေရ၏။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်၍ အသက်တစ်ချက် ရှူလိုက်စဥ်မှာပင် မွန်းကျပ်ဖွယ်ရာ ဖိအားနှင့်အတူ လေထဲက ရွှေရောင်အရိပ်တစ်ခုက ဖြတ်သန်းလာသည်ကို မြင်လိုက်ရ၏။
သေမင်းအော်ရာက သူ့ထံသို့ ချဥ်းကပ်လာလေပြီ။ သူသည် ထိုပုံရိပ်ကို ရှင်းလင်းစွာ မမြင်ရသော်လည်းနတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က တိုက်ခိုက်လိုက်ပြီဖြစ်ကြောင်းကို ဆူဇီမိုက ခန့်မှန်းမိလိုက်၏။
အဲ့ဒါက ဒေါသအမျက်နှင့် ပြည့်နှက်နေသော တိုက်ခိုက်မှုတစ်ခု ဖြစ်လေသည်။
သူ၏ ထိုးနှက်ချက်တွင် နတ်ဘုရားမျိုးနွယ်၏ အကန့်အသတ်မဲ့သော အမျက်ဒေါသကို သယ်ဆောင်ထား၏။
ဆူဇီမိုသည် သက်လုံအားက မကျန်ရှိသလောက်ဖြစ်ပြီး သူ၏ညာဘက်လက်ကို ပင့်မြောက်ကာ သူ့ကိုယ်သူ ကာကွယ်ခုခံလိုက်ရ၏။
ဘုန်း.....
ထိုးနှက်ချက်က ဆူဇီမို၏ ညာဘက်လက်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။
အလွန့်အလွန်ကြီးမားသော ခွန်အားက ဆူဇီမိုကို လွင့်စင် ထွက်သွားစေလေသည်။
ဘုန်း.....
သူ၏ ညာဘက်လက်က ကျိုးသွားပြီ ဖြစ်ပြီး ပုံသဏ္ဍာန် ပျက်ယွင်းစွာဖြင့် ကွေးကျသွား၏။
သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်နှင့်ပင်လျှင် ဆူဇီမို၏ လက်သည် နတ်ဘုရားမျိုးခေါင်ဆောင် ထုတ်လွှတ်လိုက်သော ကြောက်စရာကောင်းသည့် စွမ် အားများဖြင့် သွင်သွင်ကျိုးသွားခဲ့လေပြီ။
ဘုန်း.....
သူ၏ ပြိုင်ဘက်ကင်းသလောက်ရှိသော ခန္ဓာကိုယ်သည် ဥက္ကာခဲတစ်ခုကဲ့သို့ မြေပြင်ပေါ်ပြင်းထန်စွာ ပစ်ကျသွားပြီး ကြီးမားသည့် တွင်းချိုင့်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေကာ ဖုန်များသဲများက တစ်ထောင်းထောင်းထသွား၏။
သူသည် ဒဏ်ရာများပြည့်နှက်၍ မြေပြင်ပေါ်မှာ မလှုပ်မယှက်လဲနေပြီး သူ၏ ကံကြမ္မာက ဘာမှန်း မသိရတော့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်စရာကောင်းလောက်အောင် စိုရွှဲနေသော သွေးများသည် ရွှံ့များသဲများဖြင့် လူးသွားလေသည်။
များစွာသော ကျင့်ကြံသူများ၏ မျက်လုံးများက အရောင်မှိန်ကျသွား၏။
သူတို့ရှေ့ရှိ အခြေအနေက ရှင်းလင်းနေလေပြီ။
ဆူဇီမိုက ရှုံးနိမ့်သွား၏။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် အသင်္ချေနယ်မြေမြို့တော်ထဲကနေ သူတို့သည် တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားနိုင်တော့မည်မဟုတ်ပေ။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အမူအရာက သုန်မှုန်ခက်ထန်နေ၏။ အစက သူ၏ချောမောပြေပြစ်သော မျက်နှာသည် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းလာခဲ့ပြီး သူ၏ ဘယ်ဘက်မျက်လုံးတွင် မျက်လုံးအိမ်က မရှိတော့ပေ။ ထိုနေရာမှာ သွေးသံရဲရဲ ဟောင်းလောင်းပေါက်တစ်ခုက ဝင်ရောက်လာလေသည်။
သူ၏ ဒဏ်ရာပတ်လည်ရှိ ဧရိယာသည် ချစ်ချစ်တောက် အပူစွမ်းအား၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်နှင့်အတူ တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ တိုးလာ၏။
သူ၏ သတ်ဖြတ်လိုစိတ်သည် ဆူဇီမိုကိုသာ ပစ်မှတ်ထားခြင်းမဟုတ်ဘဲ လက်ရှိကျင့်ကြံသူများအားလုံးကို ပစ်မှတ်ထားလေသည်။
"သူက ငါ့မျက်လုံးကို ဖျက်စီးခဲ့မှတော့ မင်းတို့အားလုံးက အဲ့ဒါအတွက် သေကြရလိမ့်မယ်...."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အေးစက်နေသော အသံသည် အသင်္ချေနယ်မြေမြို့တော်၏ တစ်ထောင့်တစ်နေရာမကျန် ပဲ့တင်ထပ်သွား၏။
နတ်ဘုရားမျိုးနွယ်မှ လူတိုင်းသည် မနှိုင်းယှဥ်နိုင်အောင် ချောမောလှပပြီး သူတို့က သူတို့၏ ရုပ်ရည် သွင်ပြင်ကို အလွန်တရာဂရုစိုက်ကြလေသည်။
ယခု သူ၏ဘယ်ဘက်မျက်လုံးက ဖျက်စီးခံလိုက်ရပြီး သူ၏အားသာချက်တစ်ခုက ပျောက်ဆုံးသွားခဲ့လေပြီ။ အဲ့ဒါက ရုပ်ရည်ပျက်စီးခြင်းထက် ပို၍ ဆိုဝါးလေသည်။
နတ်ဘုရားမျိုးနွယ်အတွင်းတွင် သူ၏ အဆင့်အတန်းက သေချာပေါက် လျော့ကျသွားပေတော့မည်။
မည်သူကမှ သူ့ကို မြင့်မြင့်မားမား သတ်မှတ်ထားကြတော့မည်မဟုတ်ပေ။
တစ်စုံတစ်ယောက်ကတော့ အဲ့ဒါအတွက် တန်ဖိုးကို ပေးလျော်ရပေမည်။
များစွာသော ကျင့်ကြံသူများသည် မျှော်လင့်ချက်များ ပျက်သုဥ်းသွားကြ၏။
"ဆရာ...."
မြေခွေးလေးသည် စူးစူးရှရှ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများက နီရဲမို့အစ်နေကာ လူအုပ်ကြီးထဲကနေ ဆူဇီမိုထံသို့ ပြေးသွား၏။
မျောက်နှင့်အခြားသူများကလည်း ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ ပြေးထွက်သွားကြ၏။
"မလာကြနဲ့......"
ရုတ်တရက် ဆူဇီမို၏ အသံကထွက်ပေါ်လာ၏။ သူ့အသံက အားနည်းနေသော်လည်း သူ့လေသံက ပြတ်သားပြီး ပြန်၍ မေးခွန်းမထုတ်ဝံ့ပေ။
လူတိုင်းသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် အားလုံး၏ မျက်စိရှေ့မှာပင် ရွှံ့နွံများထဲ ကျွံဝင်နေသော သူ၏ ခန္ဒာကိုယ်သည် လက်တစ်ဖက်ထောက်၍ ဖြည်းဖြည်းချင်း ထရပ်လာ၏။
ဆူဇီမိုက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေ၏။
သူ၏ ညာဘက်လက်က သွင်သွင်ကျိုးနေပြီး ဘေးမှာ တွဲလောင်းကျနေ၏။
ဆူဇီမို၏ ကျိုးပဲ့သွားသော လက်သည် သူ၏ အသားတစ်လွှာဖြင့် ချိတ်ဆက်ထားပြီး သူ့လမ်းလျှောက်လာသောအခါ အဲ့ဒါက အချိန်မရွေး ပြုတ်ကျတော့မည့်အလားပင်။
ခဏနေပြီးနောက် ဆူဇီမိုသည် လက်ရှိ ကျင့်ကြံသူများ၏ ရှေ့သို့ လျှောက်သွားပြီး သူတို့ကို နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ထံကနေ နောက်တစ်ကြိမ် ကာပေးထားလိုက်၏။
သူ၏နောက်ကျောက ပျော့တိပျော့ဖတ်နှင့် ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။
တစ်ကယ်ဆိုက သူက အချိန်မရွေး လဲပြိုကျတော့မည့်အလားပင်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ကျင့်ကြံသူများအားလုံးသည် သူ့ကို လေးစားကြည်ညိုနေကြ၏။
သူတို့ထဲမှ အချို့သည် နှာရှုံ့၍ မျက်ရည်များက စီးကျလာ၏။
"ဟား......"
ကိုယ်တော်ယင်လုက နက်ရှိုင်းစွာ.သက်ပြင်းချလိုက်၏။
"ဒကာဆူ.... မင်းက မင်းရဲ့တတ်နိုင်သမျှ အကောင်းဆုံးကို ကြိုးစားခဲ့ပြီးပြီဘဲ..."
ပကတိအရှင်ယွီကျွင်းက ဝမ်းနည်းပူဆွေးနေသော အမူအရာဖြင့် ပြောလိုက်၏။
"အဲ့ဒါက တိုက်ပွဲရဲ့ ရလဒ်မဟုတ်တော့ဘူး... အဲ့ဒါက ကပ်ဘေးတစ်ခုဘဲ... အဲ့ဒါက ငါတို့ရဲ့ ကံကြမ္မာဘဲ"
ဆူဇီမိုက လူတိုင်းကို ကျောပေးထားပြီး တိတ်ဆိတ်နေ၏။
" ကံကြမ္မာကို ငါမယုံဘူး...."
ခဏနေပြီးနောက် သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
"အဲ့ဒါက ကံကြမ္မာဆိုရင်တောင် ငါက အဲ့ဒါကို ရအောင် ပြောင်းလဲပစ်မယ်..."
"ဟီးဟီးဟီး....."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ရုတ်တရက် ရယ်ချလိုက်၏။
သူ့မျက်နှာပေါ်ရှိ ဟောင်းလောင်းပေါက် မျက်လုံးအိမ်က ပို၍ပင် ကြောက်စရာကောင်းလာ၏။
"မီးပဒေသာ နဂါးမျက်လုံး...."
သူက နှာတစ်ချက်မှုတ်၍ ပြောလိုက်၏။
"မင်းက... မီးပဒေသာ နဂါးမျက်လုံးကိုတောင် ကျင့်ကြံထားနိုင်ခဲ့တယ်ဆိုတော့..."
ဆူဇီမိုက ခဏမျှ ကြောင်အသွား၏။
သူ့ကျင့်ကြံထားသော စက္ခုနည်းစနစ်သည် မယုံကြည်နိုင်လောက်အောင် သန်မာပြီး အဲ့ဒါကို နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ မွေးနီတစ္ဆေက သူ့ကို သင်ကြားပေးခဲ့ခြင်းဖြစ်လေသည်။
မွေးနီတစ္ဆေသည် ၎င်း၏နာမည်ကို သေသေချာချာ မပြောခဲ့ဘဲ သူ၏ ညာဘက်မျက်လုံးထဲရှိ မီးပဒေသာကျောက်တုံးကို အခြေခံ၍ အဲ့ဒါကို မီးပဒေသာ မျက်လုံးအဖြစ် အမည်ပေးခဲ့လေသည်။
"အဲ့ဒီ စက္ခုနည်းစနစ်ရဲ့ နာမည်အမှန်က မီးပဒေသာ နဂါးမျက်လုံးများလား..."
"အဲ့ဒါက မီးပဒေသာ နဂါးမျက်လုံးလို့ ခေါ်တာဆိုရင် မွေးနီတစ္ဆေက ငါ့ကိုသေချာမပြောဘဲ ဘာလို့ ထိန်ချန်ထားရတာလဲ...."
"နတ်ဘုရားမျိုးနွယ်က အဲ့ဒီ စက္ခုနည်းစနစ်ရဲ့ ဇာစ်မြစ်ကို ဘယ်လိုသိသွားရတာလဲ..."
"မီးပဒေသာနဂါးမျက်လုံး.. မီးပဒေသာနဂါးမျက်လုံး.."
ဆူဇီမိုသည် မျက်မှောင်ကြုတ်ထားပြီး သူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာက ပြည့်နှက်နေ၏။ အရာရာတိုင်းက ကသောင်းကနင်းဖြစ်နေပြီး သူက ရှင်းလင်းသည့်အဖြေကို မထုတ်နိုင်ပေ။
သို့သော်လည်း အဲ့ဒါက သူ့အမှားတော့ မဟုတ်ပေ။
ပြင်းထန်သည့်တိုက်ပွဲများကို ဆက်တိုက် တိုက်ခိုက်ခဲ့ရပြီးနောက် သူ၏ ခန္ဓာကိုယ်က အားအင်များကုန်ခမ်းကာ သူ၏ စိတ်အခြေအနေပေါ် သက်ရောက်မှုရှိနေ၏။
အဲ့ဒါက ပုံမှန်အချိန်အတောအတွင်းမှာသာဆိုလျှင် သူက ထိုစကား၏ နောက်ကွယ်က အဓိပ္ပါယ်ကို စဥ်းစားမိပေလိမ့်မည်။
"ဟန်ဆောင်မနေစမ်းပါနဲ့...."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က လှောင်ပြောင်လိုက်၏။
"ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အကြမ်းကြုတ်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံး စက္ခုနည်းစနစ်ကို ပိုင်ဆိုင်တာက နတ်မျက်စိမျိုးနွယ်ဘဲ... နတ်မျက်စိ မျိုးနွယ်က လွဲရင် ငါ့ရဲ့ နတ်ဘုရားမျက်လုံးကို ဖျက်စီးနိုင်တာက မီးပဒေသာနဂါးမျက်လုံးဘဲ ရှိတယ်... "
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သူ၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားဘဲ အေးစက်စွာဖြင့် ငေါက်ငမ်းလိုက်၏။
"မင်းက နဂါးမျိုးနွယ်နဲ့ ဘယ်လိုဘဲ ပက်သတ်ပတ်သတ်.. ဒါမှမဟုတ် အဲ့ဒီနဂါးမျိုးနွယ်က လျှို့ဝှက်ပညာရပ်ကို ဘယ်လိုဘဲ ကျင့်ကြံထား ကျင့်ကြံထား ငါဂရုမစိုက်ဘူး... မင်းဟာမင်း ဘာကောင်ဘဲ ဖြစ်ဖြစ် ဒီနေ့ဘယ်သူမှ မင်းကို မကယ်နိုင်စေရဘူး"
"နဂါးမျိုးနွယ်တဲ့လား...."
ဆူဇီမို၏ မျက်နှာပေါ်တွင် စဥ်းစားတွေးတောလို့ မရသည့်ပုံက ပေါ်နေ၏။
သူနှင့် နဂါးမျိုးနွယ်၏ ပက်သက်ဆက်နွယ်မှုမှာ နဂါးအရိုးတောင်ကြားမှာတုန်းက သူသည် နဂါးဥ၏ တစ်ဝက်ကို စားသုံးမိခဲ့ခြင်းသာ ရှိလေ၏။
ဒါဆို သူ၏ စက္ခုနည်းစနစ်က နဂါးမျိုးနွယ်နှင့် ဘယ်လိုပက်သတ်သွားရသည်နည်း။
"နဂါးမျိုးနွယ်.... နဂါးမျိုးနွယ်"
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မူးဝေယစ်မူးစွာဖြင့် တစ်တွတ်တွတ် ရွတ်နေ၏။ ထိုအချိန်တွင် သူ့မျိုးဆက်သွေး အနက်ပိုင်းထဲမှ ကြောက်စရာကောင်းသော စွမ်းအားတစ်မျိုးသည် ရုန်းကြွလာပြီး ဖြည်းဖြည်းချင်းနိုးထလာလေသည်။