ပကတိခွန်အား
Vol. 52 Ch. 780
တိုက်ပွဲ၏ လက်ရှိအခြေအနေသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ထိန်းချုပ်နိုင်မှုထက် လုံးဝကို ကျော်လွန်သွားခဲ့လေပြီ။
နဂါးမျိုးနွယ်သည်လည်း ကမ္ဘာဦးမျိုးနွယ် ၉ စုထဲမှ တစ်စုဖြစ်လေသည်။ ဆူဇီမို၏ မျိုးဆက်သွေးမှ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ဖြာထွက်နေသည်ကို သူက ရှင်းလင်းစွာ ခံစားမိနေ၏။ အဲ့ဒါက အရမ်းအရမ်းကို သန့်စင်ပြီး အကန့်အသတ်မဲ့သော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ အဲ့ဒါက သေချာပေါက် နဂါးမျိုးနွယ်၏ မျိုးဆက်သွေးပင် ဖြစ်လေသည်။
ဒါ့အပြင် ဆူဇီမိုသည် စောစောကပင် နဂါးဟိန်းသံကို အတိအကျ ထုတ်ဖော်ပြသခဲ့၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် မကြုံစဖူး ဖိအားတစ်ခုကို ခံစားလာရ၏။
"သတ်....."
နတ်ဘုရားမျိုးနွယ် သက်ရှိ ၄ ယောက်သည် ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ သွေးချီများက ရုန်းကြွလာ၏။ နတ်ဘုရားဆန်သော စွမ်းအားက တိုးထွက်လာပြီး သူတို့၏ လက်ဖဝါးများကြားထဲတွင် ရွှေရောင် လှံတံများက တစ်လက်ပြီးတစ်လက် ပေါ်လာ၏။
လျှို့ဝှက်ဆန်းကြယ်၍ ရှေးကျသော ဂါထာမန္တာန်စာလုံးများကို ထိုလှံရှည်များပေါ်တွင် ခတ်နှိပ်ထား၏။
"စီရင်ချက် လှံတံ...."
သူတို့ ၄ ယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး သူတို့လက်ထဲရှိ ရွှေရောင်လှံများကို ပစ်မြှောက်လိုက်ကြ၏။
စီရင်ချက်လှံသည် အစကတည်းက နတ်ဘုရားမျိုးနွယ်၏ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်လေသည်။ ယခုသူတို့ကို နတ်ဘုရားမျိုးနွယ်၏ စွမ်းအားကြီးသော ခွန်အားနှင့် ပစ်လွှတ်လိုက်သောအခါ လှံတံများသည် ချက်ချင်းဆိုသလို ရောက်ရှိလာ၏။
ဆူဇီမိုသည် အခုတင် နဂါးအသွင်ပြောင်းလဲထားပြီး သူ၏ရင်ထဲတွင် မေးခွန်းပေါင်းများစွာက ရှိနေ၏။ ထိုသို့ဖြင့် သူ၏တုံ့ပြန်မှုက နှေးကွေးသွားပြီး ရွှေရောင်လှံတံလေးစင်းက သူ့ကိုရိုက်ခတ်လာ၏။
ချွမ်း.. ချွမ်း...ချွမ်..ချွမ်း....
သတ္တုချင်းရိုက်ခတ်သံများက ထွက်ပေါ်လာ၏။
မီးပွားများက လွင့်စင်ထွက်သွား၏။
အားလုံး၏ ရှေ့မှောက်မှာပင် ဆူဇီမိုသည် စီရင်ချက်လှံတံများ၏ စွမ်းအားဖြင့် နောက်သို့ လန်ကျသွား၏။
သို့သော်လည်း တစ်ကယ်တမ်း ကြောက်စရာကောင်းသည့်အချက်မှာ စီရင်ချက်လှံတံ လေးစင်းက ဆူဇီမ်ို၏ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ခြင်းပင်။ သူတို့က သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများဖြင့် နောက်သို့ ပြန်ကန်ထွက်သွားကြ၏။
သည့်အရင်ကဆို ထိုစီရင်ချက်လှံတံ၏အောက်မှာ သေဆုံးခဲ့ရသော ကျင့်ကြံသူပေါင်းများစွာ ရှိခဲ့လေသည်။
စီရင်ချက်လှံတံနဲ့ ရင်ဆိုင်ရချိန်တွင် စိတ်ဝိညာဥ်တိုက်ကွက်များ ၊ လျှို့ဝှက်ပညာရပ်များ ၊ အဆောင်လက်ဖွဲ့များနှင့် စိတ်ဝိညာဥ် လက်နက်များသည် သုံးစားမရသော စက္ကူစုတ်များကဲ့သို့ ဖြစ်သွားခဲ့ကြ၏။
ယခု စီရင်ချက်လှံတံက ဆူဇီမိုကို ဒဏ်ရာတစ်ချက်တောင် လုံးဝမရစေနိုင်ဘူးဆိုတော့.....
"နဂါးကြေးခွံတွေ....."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အကြည့်က ကျဥ်းမြောင်းသွား၏။
"အစစ်အမှန်နဂါးကြေးခွံတွေကဘဲ ဒီလောက်ကြောက်စရာကောင်းတဲ့ ခုခံစွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မယ်....."
ရွှစ်....
ဆူဇီမို၏ ပုံရိပ်က နေရာကနေ ပျောက်ကွယ်သွား၏။
အဲ့ဒါက အရမ်းကို မြန်လွန်းလှလေသည်။
သူ၏ နဂါးအသွင်ပြောင်းလဲခြင်းပြီးနောက် ဆူဇီမိုသည် ယက္ခခေါင်းဆောင်၏ လှုပ်ရှားမှုနည်းစနစ်နှင့် အမြန်နှုန်းကိုပင် ကျော်လွန်သွားပြီဖြစ်၏။
နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်သည် ထိတ်လန့်သွားပြီး ခေါင်းနပန်းကြီးသွား၏။ ချက်ချင်းဆိုသလို သူသည် သူ၏ ရှေ့တွင် ကြီးမားသော ရွှေရောင်ဒိုင်းကာတစ်ခုကို ဆင့်ခေါ်လိုက်၏။ ရွှေရောင်ဒိုင်းကာက ဖြစ်ပေါ်လာသည့်ခဏမှာပင် ပုံရိပ်တစ်ခုက ၎င်းပေါ်သို့ ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။
ဘုန်း.....
ကျယ်လောင်သော ဆူညံသံတစ်သံက ထွက်ပေါ် လာ၏။
ရွှေရောင်အလင်းဒိုင်းကာသည် ချက်ချင်းပင် ကြေမွပျက်စီးသွား၏။
ဝင်ရောက်လာသည့်ပုံရိပ်က ခဏမျှ ရပ်တန့်သွားပြီးနောက် အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက်တိုးဝင်ကာ နတ်ဘုရားမျိုးနွယ်သက်ရှိ၏ကိုယ်ကို ပစ်တိုက်ချလိုက်၏။ ချက်ချင်းပင် ထိုနတ်ဘုရားမျိုးနွယ်သက်ရှိသည် လွင့်စင်ထွက်သွားပြီး များစွာသော ကျင့်ကြံသူများ၏ ခြေရင်းသို့ ဆင်းသက်သွား၏။
များစွာသော ကျင့်ကြံသူများသည် နတ်ဘုရားမျိုးနွယ်သက်ရှိကို လှည့်ကြည့်လိုက်ကြ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိသည် အစက မောက်မာထောင်လွှား၍ လွှမ်းမိုးခြယ်လှယ်နိုင်ခဲ့၏။ သူသည် လူသားများကို ပုရွက်ဆိတ်များကို ကြည့်သည့်အလား ကြည့်နေခဲ့၏။ သို့သော် ယခုအခါ သူက မြေပြင်ပေါ်မှာ ခွေးသေတစ်ကောင်ကဲ့သို့ ခြေကားယား လက်ကားယား လဲကျနေ၏။
နတိဘုရားမျိုးနွယ်သက်ရှိ၏ မရီးဒါန်များသည် ကြေမွသွားပြီး သူ၏ အရွတ်နဲ့အရိုးများက ကျိုးပဲ့ကုန်သည်ကို လူတိုင်းပြောနိုင်ကြ၏။ သူက သေလေပြီ။
ပစ်တိုက်ချက်တစ်ချက်က နတ်ဘုရားမျိုနွယ်သက်ရှိကို သေဆုံးသွားစေ၏။
ကြမ်းကြုတ်ခြင်း ၊ ရက်စက်ခြင်း ၊ ခက်ထန်ခြင်း....
ဘုန်း.....
နောက်ထပ်ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာပြန်၏။
နောက်ထပ်နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်သည် ဆူဇီမိုကြောင့် လွင့်စင်ထွက်သွားပြီး လေထဲကနေ ပြန်ကျသောအခါ သူက အလောင်းတစ်လောင်း ဖြစ်သွားခဲ့လေပြီ။
"မင်း......"
တတိယမြောက် နတ်ဘုရားမျိုးနွယ်သက်ရှိသည် စကားပြောမလို့ ပြင်လိုက်စဥ်မှာပင် ဆိုးယုတ်သောအားတစ်ခုက သူ့မျက်နှာကို ရိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး သူ၏ စကားများက တစ်စို့သွား၏။
ထိုလေအဟုန်က အရမ်းကိုသန်မာပြီး သူ၏ မျက်လုံးများကို ကောင်းကောင်းပင် မဖွင့်နိုင်တော့ပေ။
နတ်ဘုရားမျိုးနွယ်သက်ရှိသည် ချက်ချင်းပင် သူ၏ နတ်ဘုရားမျက်လုံးကို လှည့်ပတ်ပြီး သူ၏ မျက်လုံးထဲမှာ ရွှေရောင်အလင်းများက ပြည့်နှက်သွား၏။
သူ၏မြင်ကွင်းက ကျယ်ပြန့်လာလေသည်။
သူမြင်လိုက်ရသည်မှာ ဆူဇီမို၏ မြင့်မား၍ စွမ်းအားကြီးသော ခန္ဓာကိုယ်ကြီးက သူ့ရှေ့တည့်တည့် ရောက်နေခြင်းပင်။
ရွှစ်.....
ဆူဇီမိုက သူ၏ အစိမ်းရောင်လက်သည်းများကို ထုတ်ပြီး ထိုလူ၏ ဦးခေါင်းပေါ်သို့ အုပ်မိုး၍ ဖမ်းဆွဲလိုက်၏။
နတ်ဘုရားမျိုးနွယ်သက်ရှိသည် သူ့လက်နှစ်ဖက်ကိုမြောက်ပြီး ဆူဇီမို၏ တိုက်ခိုက်မှုကို ခုခံဖို့ကြိုးစားလိုက်ရ၏။
သို့သော်လည်း ဆူဇီမိုက အရမ်းကို သန်မာလွန်းလေသည်။
နတ်ဘုရားမျိုးနွယ်သက်ရှိ၏ လက်နှစ်ဖက်သည် ထိုရိုက်ချက်ကို မကိုင်တွယ်နိုင်ပေ။
အစိမ်းရာင်နဂါးလက်သည်းသည် ဆင်းသက်လာပြီး နတ်ဘုရားမျိုးနွယ်သက်ရှိ၏ ဦးခေါင်းကို ဖိခြေဖို့ လုပ်လာ၏။
နောက်ဆုံးနတ်ဘုရားမျိုးနွယ်သက်ရှိသည် လိပ်ပြာလွင့်မတက် ကြောက်လန့်သွားပြီး လှည့်ထွက်ပြေးလေသည်။
သို့သော်လည်း သူလှည့်ထွက်လိုက်သည့်ခဏမှာပင် နဂါးဟိန်းဟောက်သံကို ကြားလိုက်ရ၏။
သူ၏စိတ်က လှုပ်ခတ်သွားလေသည်။
နတ်ဘုရားမျိုးနွယ်သက်ရှိက တစ်သိမ့်သိမ့် တုန်ယင်သွား၏။
"ဖွီး....."
သူ၏ရင်ဘတ်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က တစ်ဆတ်ဆတ်လှုပ်ခါသွား၏။
သူသည် ကြိုးစားရုန်းကန်၍ အောက်သို့ငုံ့ကြည့်လိုက်၏။
သူ၏ရင်ဘတ်ရှေ့ကနေ သွေးသံရဲရဲ လက်သည်းတစ်စုံက ပေါ်ထွက်လာ၏။
ထိုလက်သည်းများအတွင်းမှာ အငွေ့တစ်ထောင်း ထောင်းထနေသော နှလုံးတစ်ခု ရှိနေ၏။
အဲ့ဒါက သူ၏ နှလုံးပင်...
နတ်ဘုရားမျိုးနွယ်သက်ရှိ၏ ဦးခေါင်းသည် ဘေးဖက်သို့ လည်ကျသွားပြီး သူကနေရာမှာပင် အသက်ပျောက်သွားလေတော့သည်။
ဖြစ်ပျက်ခဲ့သမျှက အရမ်းကို မြန်ဆန်လွန်း၏။
တစ်ခဏအတွင်းမှာပင် အစက ဆူဇီမိုကို ဝန်းရံထားသော နတ်ဘုရားမျိုးနွယ်သက်ရှိ ၄ ယောက်သည် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး အသက်မဲ့အလောင်းများ ဖြစ်သွားကြ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ရှေ့သို့ လှမ်းဝင်ချင်ပင်လျှင် သူက ဆူဇီမိုကို တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။
နတ်ဘုရားမျိုးနွယ်သက်ရှိ ၄ ယောက်ကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်ခေါင်း ဆောင်ထံသို့ ပြေးဝင်မသွားသေးပေ။ ထိုအစား သူက အစိမ်းရောင်အလင်းတန်းတစ်ခု အသွင်ပြောင်းလဲပြီး ချက်ချင်းပင် နန်းကြည်၏ ဘေးမှာ ပေါ်လာ၏။
အဲ့ဒီမှာ နန်းကြည်ကို တစ်ချိန်လုံး စောင့်ကြပ်နေသော နတ်ဘုရားမျိုးနွယ်တစ်ယောက် ရှိလေသည်။
ရုတ်တရက်ဆိုသလို....
ထိုနတ်ဘုရားမျိုးနွယ်သက်ရှိသည် မသက်မသာ ခံစားလာရပြီး သူ၏ မျက်ရစ်က တဆတ်ဆတ်လှုပ်သွား၏။ သူက အဲ့ဒါကို မတုံ့ပြန်နိုင်ခင်မှာပင် အစ်ိမ်းရောင်အလင်းတန်းက သူ့ရှေ့မှာ ဖျတ်ကနဲ လက်သွား၏။
"ထွက်သွားစမ်း....."
ထို့နောက်ချက်ချင်းဆိုသလိုပင် သူက အေးစက်စက် အသံတစ်သံကို ကြားလိုက်ရ၏။
"နတ်ဘုရားတရားစီရင်ခြင်း...."
နတ်ဘုရားမျိုးနွယ်သက်ရှိသည် တုံ့ဆိုင်းမနေဘဲ ဟိန်းဟောက်လိုက်၏။ သူ၏ မျိုးဆက်သွေးက ရုန်းကြွလာပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို ချက်ချင်းထုတ်ဖော်လိုက်၏။
သူ၏ပုံရိပ်က နေရာကနေ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုနေရာတွင် ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်တစ်ခုက ပေါ်လာ၏။
သန်းနှင့်ချီသော သက်ရှိများသည် ပိရမစ်၏ ပတ်လည်မှာ ဝပ်တွားနေကြပြီး ဆုတောင်းစာများကို ရွတ်ဆိုနေကြ၏။
ဆူဇီမိုသည် အေးစက်စက်အကြည့်နှင့်အတူ သက်ရှိအားလုံးကို အထက်စီးကနေကြည့်နိုင်သော တစ်စုံ တစ်ယောက်၏ စွမ်းအားမျိုးကိုပိုင်ဆိုင်ထား၏။
သူက ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြီး သူ၏နဂါးလက်သည်းများကို လက်သီးတစ်ခုအဖြစ် ဆုပ်ကာ ပိရမစ်ပေါ်သို့ ပြင်းထန်စွာ ထိုးချလိုက်၏။
ဘုန်း.....
ယခုတင်ဖြစ်ပေါ်လာသော ပိရမစ်သည် ဆူဇီမို၏ ထိုးချက်မှာ ချက်ချင်းပင် ပြိုလဲကျသွား၏။
မျိုးဆက်သွေးနယ်မြေတစ်ခုကတောင် ဆူဇီမိုထံမှ ထိုးချက်တစ်ချက်ကို ခံနိုင်ရည်မရှိပေ။
ထိုထိုးချက်တွင် မည်သည့်နည်းစနစ် သို့မဟုတ် မည်သည့်အတတ်ပညာမှ ပါဝင်နေခြင်းမရှိပေ။
အဲ့ဒါက ပကတိကြမ်းကြုတ်သော ခွန်အားသက်သက်ပင် ဖြစ်လေသည်။
သူက သူ၏ ပကတိခွန်အားဖြင့် အရာရာတိုင်းအပေါ် လွှမ်းမိုးခြယ်လှယ်ထားနိုင်၏။
နဂါးမျိုးနွယ်၏ အမျက်ဒေါသကို တားဆီးနိုင်သော အရာ ဘာမှမရှိပေ။
"ဖွီး....."
ပိရမစ်က လဲပြိုကျလာပြီး ၎င်းနှင့် ချိတ်ဆက်ထားသော နတ်ဘုရားမျိုးနွယ်သက်ရှိသည် သွေးများကို ထွေးထုတ်လိုက်ရပြီး သူ၏ အမူအရာက တုန်လှုပ်သွား၏။
သူက အောက်သို့ မဆင်းသက်နိုင်ခင်မှာပင် ဆူဇီမိုက ဒုတိယထိုးချက်ကို ထုတ်ဖော်လိုက်၏။
နောက်ထပ် နတ်ဘုရားမျိုးနွယ်သက်ရှိ တစ်ယောက်က သေလေပြီ။
ဆူဇီမိုသည် သူ၏ ထက်ရှသော လက်သည်းများကို ထုတ်ပြီး နန်းကြည်၏ကိုယ်ပေါ်ရှိ ကြိုးများ ညင်သာစွာ လှီးဖြတ်လိုက်၏။
ကြိုးများက ချက်ချင်းပြတ်ထွက်သွားလေသည်။
နောက်ဆုံးမှာတော့ နန်းကြည်က လွတ်မြောက်သွားလေပြီ။
"ကျေးဇူးတင်ပါတယ်... သခင်လေး..."
သူမက ပျော်ရွှင်မှုဖြင့် မျက်ရည်များစိုလာ၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်ပြီး ဘေးဖက်သို့လှည့်ကာ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ထံသို့ တစ်လှမ်းခြင်း လျှောက်လှမ်းသွား၏။ သူ့ထံမှ အလွန့်အလွန်ကြီးမားသော ကြမ်းကြုတ်ခက်ထန်မှုက ဖြာထွက်နေပြီး သူ၏အကြည့်က သေလောက်အောင် စူးရှနေ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ဤအဆင့်ထိရောက်အောင် ကျင်ကြံထားပြီး နတ်ဘုရားမျိုနွယ်သက်ရှိများကြားထဲတွင် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့၏။ သူက သေချာပေါက် သတ္တိကြောင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သူ့မှာ နောက်ဆုတ်စရာလမ်းမရှိပေ။
ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာခဲ့သော နတ်ဘုရားမျိုးနွယ်သက်ရှိ ၇ ယောက်ထဲတွင် သူက တစ်ဦးတည်းသော ကျန်ရစ်သူ ဖြစ်လာခဲ့လေပြီ။
သူ့အနေနှင့် ထွက်ပြေးချင်လျှင်တောင် မဖြစ်နိုင်တော့ပေ။
သူက သူ့အသက်နှင့်ရင်းပြီး တိုက်ခိုက်ရပေတော့မည်။
"ကောင်းတယ်... သိပ်ကောင်းတယ်... ကောင်းတယ်ကွာ"
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က သုန်မှုန်နေသော အမူအရာတစ်ခုရှိနေပြိး သူ၏ တစ်ဖက်တည်းသော မျက်လုံးက တဖျတ်ဖျတ်လက်သွား၏။ အဲ့ဒီမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စမှ မရှိဘဲ သူက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ဒီနေ့.... မင်းကဘဲ နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်မလား... ငါကဘဲ နဂါးတစ်ကောင်ကို သတ်ဖြတ်ပြီးတော့ ကျော်ကြားလာမလား... ငါတို့ကြည့်ရသေးတာပေါ့"
"စီရင်ချက်ဓား..... နတ်ဘုရားမျိုးနွယ်က ငါ့ရဲ့သွေးနဲ့ ဖြစ်တည်စမ်း..."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ကျယ်လောင်စွာ ရွတ်ဆိုလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို သူ၏ လက်ဖြင့် လှီးဖြတ်လိုက်၏။ လက်ဆတ်သော ရွှေရောင်သွေးများသည် လေထဲမှာ ပြန့်ကျဲထွက်ပေါ်လာပြီး ပျက်ပြယ်မသွားပေ။
ရွှေရောင်သွေး၏ ပမာဏက တဖြည်းဖြည်း များပြားစုစည်းလာ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အမူအရာကလည်း ပို၍ ဖြူလျော့သွားလေသည်။
အားလုံး၏ ရှေ့မှောင်မှာပင် ရွှေရောင်သွေးစက်များသည် ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ဧရာမ ရွှေရောင်ဓားကြီးတစ်လက်အဖြစ်သို့ တဖြည်းဖြည်း စုဖွဲ့သွား၏။ အဲ့ဒါက အရာရာတိုင်းကိုပင် လှီးဖြတ်နိုင်သည့်အလားပင်။
ထိုဧရာမဓါးကြီးသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အဆီအနှစ်သွေးဖြင့် ဖန်တီးထားခြင်း ဖြစ်လေသည်။
ဓါး၏ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက နတ်ဘုရားမျိုးနွယ်မျိုးဆက်သွေး၏ အသန့်စင်ဆုံးနှင့် ကြောက်စရာအကောင်းဆုံး စွမ်အားများကို ပိုင်ဆိုင်ထား၏။
ဤဓားသည် သွေးဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း အဲ့ဒါက မူလစိတ်ဝိညာဥ် လက်နက်များထက်ပင် ပို၍ ကြောက်စရာကောင်းလေ၏။
ဆူဇီမို၏ နဂါးကြေးခွံများကတောင် စီရင်ချက်ဓား၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည်မဟုတ်ဘူးဟု နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ယုံကြည်ထား၏။