← Chapters

အသက်ရှည်ရှည်

Vol. 22 Ch. 401

အသက်ရှည်ရှည်

Vol. 22 Ch. 401

ရှဲ့မန်ရှန်းနဲ့ သူ့ညီတို့ သခင်မကြီးရဲ့ စကားကို ကြားတဲ့ အခါ အနည်းငယ် တွေဝေသွားခဲ့ကြသည်။ 

“အမေ ဒုတိယ ညီရဲ့ အိမ်မှာ သွားနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အပြင်မှာ ချော်လဲလာရတာလဲ။ နောက်ပြီး ဒီလောက်တောင် ပြင်းထန်ရလား။အမေ အဲ့ကောင် ဖင်းကန်း ဘက်ကနေ ကာပြီး ပြောပေးနေတာတော့ မဟုတ်ဘူးမလား”

သခင်မကြီးမှာတော့ သူရဲ့ ဒီ သားမိုက်ကို မျက်လုံးသာ လှိမ့်ပြလိုက်၏။ 

သူမ ဘယ်သူ့ဘက်က‌နေနေလို့လဲ။ ဒီသားနှစ်ယောက်က မသိတာလား?

ရှဲ့ဖင်းကန်း ကြောင့်သာ ဆိုရင် သူမ အိမ်ပြန်ရောက်တာနဲ့ ပြောပြီးနေမှာပေါ့၊ သူမ စိတ်ထိခိုက်နေတဲ့ ပုံဖြစ်နေမှာတဲ့လား။

“ဦးလေး၊  ရှဲ့သခင်ကြီးတို့ဆီကို အဘွားရှဲ့ ရောက်သွားကတည်းက  ကံကို ကောင်းမနေတော့တာ။ မနေ့ကလည်း အိမ်ထဲမှာ ချော်လဲတယ်။ ဒီနေ့ကျတော့လည်း ဝမ်းကွဲကအဘွားကို ပစ္စည်းတချို့ ဝယ်ရအောင် ဆိုပြီး  အပြင်ကို ခေါ်သွားတော့ လှည်းထဲကနေမဆင်းခင်ကိုတင် နှစ်ကြိမ် ဆက်တိုက်လဲခဲ့တာ။ ခြေထောက်တစ်ဖက်ကျိုးသွားရုံတင်မဟုတ်ဘူး၊ သွားတစ်ချောင်းပါ ကျွတ်သွားသေးတယ်” ကျားဟွမ်က သခင်မကြီး ကိုယ်စား ဝင်ပြောလာခဲ့၏။

“အပြင်မှာချော်လဲခဲ့တာလား” ရှဲ့မန်ရှန်းရဲ့  မျက်နှာထားမှာခက်ထန်သွားခဲ့၏။ “ အမေဘာလို့

ဂရုမစိုက်ရတာလဲ မနေ့က လဲခဲ့တာကို ဒီနေ့ကျ အပြင်မှာထပ်လဲရတယ်လို့…”

“ နင် လူစကားပြောနေတာရော ဟုတ်ရဲ့လားလား!”  သခင်မကြီးက သူရဲ့ လမ်းလျှောက်တုတ်အသစ်နဲ့ ရှဲ့မန်ရှန်းကို လှမ်းရိုက်လိုက်၏။ 

ရှဲ့မန်ရှန်းလည်း သူ့စကားလုံးတွေ ကြမ်းသွားပြီဆိုတာကို သိ၏။ “ဒါဆို….. လူအများကြီး မြင်သွားလား၊ ဘယ်သူမှ မမြင်ဘူးဆိုရင်တော့ အမေ သူတို့ကို အပြစ်တင်လို့ရတယ်”

“အဘွားက  ကျောက်မျက်ရတနာဆိုင်ရှေ့မှာ ချော်လဲခဲ့တာ။ အဲဒီဆိုင်က အရှေ့လမ်းမ ပေါ်မှာ အခမ်းနားဆုံးပဲ။ လူတွေ အများကြီးရှိနေတဲ့ အပြင်ကို တုရှန်းဆေးဆိုင် ကိုတောင် သွားခဲ့ကြ

သေးတယ်” ကျားဟွမ်က သခင်မကြီး ကိုယ်စား ဝင်ပြောပေးလာပြန်၏။

တစ်နည်းဆိုရမယ်ဆိုရင်၊ ဒီလို စောင့်ကြည့်နေတဲ့ မျက်လုံးအစုံတွေရဲ့ အောက်မှာ  ရှဲ့ဖင်းကန်းကို အပြစ်တင်ဖို့ဆိုတာက မဖြစ်နိုင်။

“ဒါဖြင့်ရင်… အမေ ဘာလို့ အိမ်ကိုပြန်လာတာလဲ။ ရှဲ့ဖင်းကန်းရဲ့ အိမ်မှာပဲ ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာတဲ့ အထိ နေနေသင့်တာမဟုတ်လား” ရှဲ့ချုံရှန်းက စိတ်ပူပြီး မေးလိုက်၏။

သခင်မကြီခမျာ ခေါင်းတရမ်းရမ်းနှင့် “အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မင်းတို့က မသိလို့ အဲ့ကလေးမ ရှဲ့ချောင်က သိပ်လည်တာ။ ငါသာ ပြန်သွားလို့ကတော့ သူငါ့ကို သော့ခတ်ပိတ်ထားပြီးတော့ ဘယ်သူနဲ့မှ တွေ့ခွင့်ပေးမှာ မဟုတ်တော့

ဘူး။ ငါ့ကို ဘာတွေ ကျွေးမလဲဆိုတာတောင် သူက ဆုံးဖြတ်မယ့်သူ ဖြစ်နေမှာ၊ ငါလည်း အသက်ရနေပါပြီဟယ်၊ ငါ့ကို ဒုက္ခသုက္ခတွေထပ်ပြီး ခံစားစေချင်နေသေးတာလား”

ရှဲ့ချောင်ရဲ့ နူးညံ့ချိုမြိန်တဲ့ အသံလေးကို သခင်မကြီး တွေးမိလိုက်ပေမဲ့ သူမနှလုံးသားထဲမှာတော့ အေးခနဲ ဖြစ်သွားခဲ့သည်။

အဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့သူဆိုပေမဲ့ သူ့အတွေးတွေက‌တော့ တကယ်ကို ရက်စက်လွန်းတယ်!

ထိုစဉ် ရှဲ့မန်ရှန်းနဲ့ ရှဲ့ချုံရှန်းတို့ဟာလည်း နည်းနည်းတော့ ဒေါသထွက်သွားခဲ့ကြသည်။

ညီအစ်ကို နှစ်ယောက်၊ တစ်ယောက်ကိုတစ်

ယောက် ကြည့်လိုက်ကြပြီးတဲ့နောက် သခင်မကြီးရဲ့ ခြေထောက်ကို ကြည့်လိုက်ကြ၏။ “အရိုးနဲ့ အရွတ်တွေက ဒဏ်ရာရထားတာ၊ အနည်းဆုံး သုံးလကနေ လေးလလောက်နေရင်တောင် ပြန်ကောင်းလာမှာ မဟုတ်သေးဘူး။ကျွန်တော်တို့လည်း မိသားစုကို စောင့်ရှောက်ရဦးမှာ။ ကျွန်တော်တို့ အမေ့ကို ဂရုမစိုက်ပေးနိုင်မှာ စိုးတယ်။ ဒါမှ မဟုတ်…. အမေ ဒီတိုင်းပဲ သည်းခံလိုက်မယ်ဆိုရင်ရော? ကျွန်တော့်အထင် အဲ့ကောင်မလေးက အမေ့ကို ဘာမှ လုပ်ရဲမှာ မဟုတ်လောက်ပါဘူး…”

သခင်မကြီးက ခေါင်းခါလိုက်၏။ “သခင်မကျားနဲ့ သခင်မရှင်းက ငါ့ကို အိမ်မှာ ပြုစုပေးလို့ရတယ်မဟုတ်ဘူးလား။ ရှဲ့ချောင်ဆီ သွားပြီး ဒုက္ခခံနေရမှာလား။ သူလက်မထပ်မချင်း၊ ငါ မသွားနိုင်ဘူး!”

အဲ့ကောင်မလေးရဲ့ ကံကြမ္မာက သူနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတာ။ သူသာ သတ်ချင်

ရင် ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်မှာတဲ့လဲ!?

သခင်မကြီးမှာ ကြောက်လန့်သွားခဲ့၏။

ညီအစ်ကို နှစ်ယောက်က ထိုသို့ မဟုတ်။ ဒါပေမဲ့လည်း ဒီမိသားစုမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူက သခင်မကြီးဆိုတာတော့ သူ‌တို့ သိနေကြသည်။

ဒုတိယ ညီက ရက်စက်တဲ့သူတစ်ယောက်ဆိုပေမဲ့ သခင်မကြီး ပေါ်မှာ‌တော့ သိတတ်နေဆဲဖြစ်လို့ သခင်မကြီး အသက်ရှည်ရှည် နေနေနိုင်သ၍ သူတို့မိသားစုအနေနဲ့ အကျိုးကျေးဇူးခံစားရမှာပင်။

“သူမက ‌မိန်းကလေးငယ်လေးတစ်ယောက်ပဲဟာ ဒီတိုင်း ကြုံရာ မိသားစုတစ်စုလောက် ရွေးပြီးတော့ လက်ထပ်ပေးလိုက်ပေါ့။ သူ့ခန္ဓာကိုယ်ကလည်း ကျန်းမာနေတာ မဟုတ်တော့ မိသားစု

ကောင်းဆိုရင်တောင်မှ သူ့လို အသက်တိုတဲ့သူတစ်ယောက်ကို လက်ထပ်မှာမဟုတ်ဘူး။ဒါကြောင့်မလို့ မိသားစု အဆင့်အတန်းက နိမ့်နေရင်တောင်မှ သူတို့ ဘာမှ ပြောလို့ရမှာမဟုတ်ဘူး”  ရှဲ့မန်ရှန်းက လေးလေးနက်နက်စဉ်းစားကြည့်ပြီးလိုက်ပြီးတဲ့နောက် “ကျွန်တော်တို့ အမျိုးထဲမှာတော့ သင့်တော်တဲ့ အိမ်ထောင်ဖက် မျိုး မရှိဘူးပဲ….”

“ကျွန်တော်  တစ်ယောက်တော့ သိတယ်” ရှဲ့ချုံရှန်းက အမြန်ဝင်ပြောလိုက်၏။ “သူက ကျွန်တော့် အနာဂတ်ချွေးမလောင်းရဲ့ အစ်ကို။ မြို့ထဲက ရှာလကာရ‌ည် လုပ်တဲ့သူတစ်ယောက်၊ သူ့မိသားစုက ငွေတော့ တော်တော် ရှိတယ်။ မြို့ပြင်မှာလည်း မြေ “မူ” တွေ အများကြီး။ သူက စေ့စပ်ထားပြီးသားဆိုပေမဲ့လည်း မင်္ဂလာပွဲကို ဖျက်ပေးဖို့ အတွက် အမျိုးတွေကို ပြောလိုက်မယ်။ သူ ရှဲ့ချောင်ကို လက်ထပ်ဖို့ ဆန္ဒရှိမှာပါ”

ရှဲ့ချောင်က စစ်သူကြီး တစ်ယောက်ရဲ့ သမီးတစ်ယောက်ဆိုတော့ ခန်းဝင်ပစ္စည်းတွေကတော့ သေချာပေါက်များမှာပဲ!

•••••

All Chapters