အနိုင်ယူခြင်း
Vol. 22 Ch. 402
ရှဲ့မန်ရှန်း အနေနဲ့ သူ့ညီ မိသားစုက သူ့အပေါ် အမြတ်ထုတ်သွားတာမျိုး မလိုချင်ပေမဲ့ သူကိုယ်တိုင်လည်း သင့်တော်တဲ့ အိမ်ထောင်ဖက်မျိုး ရှာမပေးနိုင်တာကြောင့် ခေါင်းညိတ်သဘောတူလိုက်ရုံသာ ရှိ၏။
ကံကောင်းစွာနှင့် ကျားဟွမ်ကိုတော့ ရှဲ့ဖင်းကန်းနဲ့ လက်ထပ်ခိုင်းနိုင်လိုက်လို့သာ။
ရှဲ့ချောင်နဲ့ ပေးစားရတာနှင့်စာရင် တော်သေးသည်။
ရှဲ့မန်ရှန်း ထိုသို့တွေးမိမှာသာ ပိုပြီး နေသာထိုင်သာ ရှိသွားခဲ့၏။ “အမေ၊ အဲ့ဒီ ကလေးနှစ်ယောက်ရဲ့ မွေးဖွားတဲ့ဝိသေသလက္ခဏာတွေ ဘာတွေ သိလား”
သခင်မကြီး ကြောင်သွားခဲ့သည်။
“အို…” ခဏ လောက်တုံ့ဆိုင်းနေပြီးမှ
"ငါ လည်း မမှတ်မိဘူး…"
သူမရဲ့ ဒုတိယသားက သားသမီးမွေးလာခဲ့ချိန်က သူမဆီ တိတ်တဆိတ် စာတွေပို့ခဲ့ဖူးသော်လည်း ထိုစဉ်က သူဟာ ဓားပြတစ်ယောက် ဖြစ်နေခဲ့တာကြောင့် သူမအနေနဲ့ ဒီလို သေးသေးမွှားမွှား ကိစ္စ
လောက်ကို ဂရုစိုက်မနေနိုင်ခဲ့ပေ။
ဂရုစိုက်ခဲ့တယ်ဆိုရင်တောင်မှ နှစ်ပေါင်းများစွာ ကြာနေပြီမို့ မေ့သွားသည်ဆိုတာက ပုံမှန်ပင်။
“အမေ ဘာလို့ ဒီလို အရေးကြီးတဲ့ အချက်ကိုမှ မမှတ်မိရတာလဲ။ အမေ့မှာသာ အဲ့ဒီ မွေးဖွားတဲ့ဝိသေသလက္ခဏာ တွေ ရှိနေရင် ကျွန်တော်တို့ တန်းပြီး လုပ်လိုက်လို့ရတယ်။ အခုတော့ မင်္ဂလာပွဲလုပ်ချင်ရင်တောင် ဟိုငနဲကောင်နဲ့ ကလေးမ ဆီသွားမေးနေရဦးမှာ။ သူတို့သာ မပေးချင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ပေးစားလို့ရတော့မှာလဲ” ရှဲ့မန်ရှန်းမှာ အနည်းငယ် ဒေါသထွက်လို့နေသည်။
မင်္ဂလာ ဖိတ်စာ၌ အမည်၊ မွေးရက်၊မွေးချိန်၊မွေးနေရာနှင့် ဆွေမျိုး သုံးဆက်စတဲ့ အရာတွေကိုရှင်းရှင်းလင်းလင်း ရေးသားရ၏။ ဒီလိုအရာတွေ
ပြည့်စုံနေရင်တောင်မှ အစအဆုံး အထမြောက်ဖို့ အတွက် အောင်သွယ်တော်လိုနေသေးသည်။
အခု မွေးရက်ကို မသိတဲ့အတွက် ရှဲ့ချောင်နဲ့ ကျန်တဲ့သူတွေကို ဘေးချိတ်ပြီးတော့ ပြီးစလွယ် ရေးလိုက်ဖို့ဆိုတာကလည်း မဖြစ်နိုင်။
မင်္ဂလာပွဲဖိတ်စာကို တုပမိပါက သူတို့ အကျဉ်းထောင်ထဲဝင်ကြရလိမ့်မည်။
သခင်မကြီးဟာ အဘွားတစ်ယောက်ဖြစ်နေပေမဲ့လည်း သူမ စိတ်အလိုရှိတိုင်း သွားရောက်လည်ပတ်လို့မရ။
သူမ စိတ်ဓာတ်ကျနေလေသည်။
ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာသိခဲ့ရင် အဲ့ဒီကလေး နှစ်ယောက်ရဲ့ မွေးနေ့နဲ့ လက္ခဏာတွေကို ကျိန်းသေပေါက် မှတ်မိနေအောင် လုပ်ခဲ့မှာ!
“သဘောမတူချင်လို့မရဘူး၊ တူကို တူရမယ်။ ကျားဟွမ်ကို ကြည့်ပါဦး၊သူမရဲ့ ဖြူစင်ရိုးသားမှုအတွက်နဲ့ ခေါင်းတောင် ကွဲခဲ့ရတာ။ သူ့ကိုမှ မယူရင်၊ ဘယ်သူနဲ့သွားယူမလဲ။ ဒီလိုဆိုရင်ရော အသက်ဝါစဉ် အရ လုပ်လိုက်မယ်။ အရင်ဆုံး ကျားမိသားစုက လူတွေကို ခေါ်ခိုင်းလိုက်မယ်။ နောက်မှ ငါလည်း လိုက်ဝင်သွားပြီးတော့ သူ့ကို မင်္ဂလာဖိတ်စာ လုပ်ဖို့ အတွက် တွန်းအားပေးလိုက်မယ်” သခင်မကြီးက ပြောလိုက်၏။
“အကောင်းဆုံးပဲ!” ရှဲ့မန်ရှန်းမှာ အလွန့်အလွန်ကို ကျေနပ်အားရနေလေ၏။
“ဒါပေမဲ့လည်း ခဏတော့ စောင့်ဦး၊ ငါက ဒီနှစ်
ရက်ထဲမှာ ပြင်းပြင်းထန်ထန်ကို လဲထားတာ။ ငါ အနားယူဦးမယ်” သခင်မကြီးက ဆို၏။ “ငါတို့တွေ ရှဲ့ချောင်ကို ပိုအာရုံစိုက်ရမယ်၊ အဲ့မိသားစုက ကလေး သူမနဲ့ အဆက်အသွယ်ရနိုင်ဖို့ အခွင့် အရေးရှိမလားကြည့်ရမယ်။ ဒါဆိုရင် ငါတို့လည်း တစ်ပူအေးသွားတာပေါ့”
ရှဲ့ချုံရှန်းကတော့ တစ်စက္ကန့်လေးတောင် စောင့်မနေနိုင်တော့။
တစ်ညကုန်ဆုံးပြီးတဲ့နောက်မှာတော့ ကောင်း မိသားစုနဲ့ စကား ပြောဖို့ သူ ချက်ချင်း သွားခဲ့သည်။
ကောင်းမိသားစုရဲ့ သမီးနဲ့ ရှဲ့မန်ရှန်ရဲ့အကြီးဆုံးသားတို့ဟာ စေ့စပ်ထားကြရုံသာ ဖြစ်၏။ တစ်ဖက် မိန်းကလေးမှာ အလွန်ကို ငယ်သေးတာကြောင့် လက်ထပ်လို့မရသေးတာပင်။
ကောင်းမိသားစုရဲ့ အကြီးဆုံးသားသည်လည်း လာမည့်နွေဦး၊ မတ်လတွင် လက်ထပ်ပွဲကျင်းပဖို့ မူလက စီစဉ်ထားခဲ့၏။
သို့သော်၊ ရှဲ့ချုံရှန်း ပြောတာကို နားထောင်ကြည့်ပြီးတဲ့နောက်မှာတော့ သူတို့ ရွှေ့ဆိုင်းခဲ့ကြသည်။
သူတို့ ဆုံးဖြတ်ခဲ့ကြတဲ့ ချွေးမလောင်းက ကောင်းမွန်တဲ့သူတစ်ယောက်ဆိုပေမဲ့လို့…. ရှဲ့မိသားစုကလည်း အဆင့်အတန်း မြင့်တဲ့ မိသားစုတစ်ခုဖြစ်နေပြန်သည်။ မင်္ဂလာပွဲသာ အမှန်တကယ် အထမြောက်ခဲ့ပါက သူတို့ မိသားစုရဲ့ အခြေအနေ အဆင့်အတန်းဟာလည်း မြင့်သွားမှာပင်။
ဒီလောက် ကြီးမားတဲ့အခွင့်အရေးကောင်းကြီး
တစ်ခုပဲဟာ ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်မှာလဲ
ကောင်းမိသားစုမှာ အကျပ်ရိုက်နေလေသည်။
……
ချိန်းဆိုထားသော နေ့၌ ရှဲ့ချောင်သည် မော့ချူးရှန်း အဖြစ် ရုပ်ဖျက်ကာ ကြမ္မာဥယျာဉ်၌ စောင့်နေခဲ့သည်။
သိပ်မကြာလိုက်၊ မြင်းလှည်းတစ်စင်း ရောက်လာပြီး ဖုန်းရွှေလိုက်ကြည့်ပေးဖို့ အတွက် သူမကို ခေါ်သွားခဲ့၏။
စရံငွေ အဖြစ် ရွှေစ တစ်ရာကို ပေးနိုင်ပုံကို ကြည့်
လျှင် သာမန် မိသားစုတော့ မဖြစ်နိုင်ရာ။
နောက်ဆုံးတော့ တလှုပ်လှုပ် ရွေ့လျားသွားနေသော မြင်းလှည်းလေးက ခြံဝန်းတစ်ခုရှေ့တွင် ရပ်သွားခဲ့၏။ ခြံဝန်းထဲမှ ရှုခင်းမှာ အင်မတန်ကို လှပသည်။ ရှဲ့ချောင် ဝင်သွားလိုက်ပြီးနောက်၊ သူမ ဘေးဘီကို ပတ်ကြည့်ခဲ့ပေမဲ့ ဘာတစ်ခုမှ မှားယွင်းနေတာမျိူးကို မှားယွင်းနေတာမျိူးကို မတွေ့ခဲ့ပေ။
တံခါးကနေ သူမ နဲ့အတူနောက်ကနေ လိုက်လာတဲ့ တခြားသူနှစ်ယောက်လည်း ရှိ၏။
တစ်ယောက်က ဘုန်းတော် ကြီးတစ်ပါးဖြစ်ကာ နောက်တစ်ယောက်ကလည်း ငါးဆယ် ခြောက်ဆယ် အရွယ် တာအို ဆရာကြီး တစ်ယောက်ဖြစ်၏။ သူရဲ့ လက်ထဲမှာ မြင်းမြီး တောင်ဝှေး နှင့် သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထားရာ နတ်
ဘုရား တစ်ပါး အသွင်ပင်။
“တာအို ဆရာမမော့ စိတ်မပူပါနဲ့၊ ဆရာမ အောင်မြင်သည် ဖြစ်စေ ကျရှုံး သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ သခင်ကြီးက အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး” ရှဲ့ချောင်ဘေးနားက အိမ်တော်ထိန်းက ပြောလာ၏။ ထို့နောက်မှာတော့ သူက အသံကို နှိမ့်လိုက်ကာ တိုးတိုးတိတ်တိတ်နှင့် “ အမှန်တိုင်းပြောရရင်တော့ ကျွန်တော်တို့ရဲ့ သခင်ကြီးက ဆရာတစ်ယောက်ရှာဖို့ ပြောလာလို့။ အရင်က အင်အားကြီးတဲ့ကောင်ကြီးကိုဆရာမ ဖမ်းဖူးတယ်ဆိုပြီး ကျွန်တော့် ဆွေမျိုး တွေဆီကနေ ကြားထားတာမလို့… ချက်ချင်း ဒီကို ခေါ်လိုက်ရတာပါ။ ခဏနေ ဒီနှစ်ယောက်ကို အနိုင်ပိုင်းပစ်ရမှာနော်!”
••••