မကောင်းဆိုးဝါးနဲ့ တွေ့ကြုံခြင်း
Vol. 22 Ch. 403
အိမ်တော်ထိန်းရဲ့ စကား တွေကြောင့် ရှဲ့ချောင် မင်တက်သွားခဲ့၏။ သူမ ကူကယ်ရာမဲ့စွာနဲ့ပဲ “ဆိုတော့… ရှင်ပြောချင်တာက ကျွန်မကို ဒီကို ခေါ်တာက ရှင်တို့ရဲ့ သခင်ကြီး မဟုတ်ဘူးပေါ့”
“သခင်ကြီးက ဒီလို ကိစ္စမျိုးတွေကို အရေးမလုပ်ဘူး။ ကျွန်တော်တို့လို လက်အောက်ငယ်သားတွေကပဲ လုပ်တာပါ” အိမ်တော်ထိန်းက ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်ရင်း “ဒါပေမဲ့ ကျွန်တော် ဆရာမ ကို ယုံတယ် ဆရာမ ဆိုင်ကနေပြီးတော့ အဆောင် လက်ဖွဲ့တွေ ဝယ်ခဲ့ဖူးတယ်။ ကျွန်တော် အဲ့ဒါတွေကြောင့်ပဲ ကံကောင်းလာရတာ။”
ရှဲ့ချောင် ခြောက်ကပ်ကပ်နှင့်သာ ရယ်လိုက်၏။
ထိုစဉ် သူမ ဘေးမှာရှိနေတဲ့ တာအိုဆရာတစ်ယောက်က သူမကို စိုက်ကြည့်နေ၏။
ထိုအကြည့်က အထက်စီးဆန်ဆန်နှင့်ဘဝင်မြင့်နေတဲ့ အကြည့်မျိုး ဖြစ်ကာ မသိရင် ရှဲ့ချောင်ကပဲ ရိုက်စားလုပ်ဖို့ရောက်လာတဲ့ လူလိမ်တစ်ယောက်လိုမျိုးပင်။
တာအိုဆရာတစ်ယောက်ကို သူမရဲ့ ပုံပန်း သွင်ပြင်နဲ့ အသက်ကို ကြည့်ပြီး အကဲဖြတ်တယ်ဆိုတာက မှန်နေပုံပင်။ သူမ အသက်လေးဆယ် အရွယ် မော့ချူးရှန်း အဖြစ် ရုပ်ဖျက်လာခဲ့ပေမဲ့ လက်နဲ့ မျက်နှာကိုသာ လိမ်းခြယ်လာခဲ့ခြင်းဖြစ်ရာ သူမရဲ့ ဆံနွယ်တွေက အနက်ရောင် အတိုင်းသာ ရှိနေတာကြောင့် သူမကို ငယ်ရွယ်ပုံပေါ်နေစေခဲ့သည်။
ဒါတင်မက၊ မော့ချူးရှန်းရဲ့ သွင်ပြင်သဏ္ဍာန်က သာမန်ဆန်သည်ဟု ပြောလို့ရ၏။ သူမမှာလည်း တုနှိုင်းမမှီတဲ့ ကျွမ်းကျင်မှုရှိတဲ့ အရှိန်အဝါ ရှိနေ
ပေမဲ့ ငယ်ငယ်ရွယ်ရွယ်တာအိုဆရာတစ်ယောက်ပုံစံဖြစ်လို့ သူမဘေးက တာအို ဆရာလိုမျိူး လွှမ်းမိုးခြိမ်းခြောက်နိုင်တဲ့သူပုံစံ ဖြစ်မနေခဲ့ချေ။
သို့သော် ၊ရှဲ့ချောင်ကတော့ သိပ်ပြီး အဖက်လုပ်မနေခဲ့။
သူမ အနေနဲ့ စရံငွေ လက်ခံထားပြီး ဖြစ်လို့ ဒီတစ်ကြိမ်မှာ ပိုပြီး အားထုတ်ရုံသာ ရှိသည်။
ရှဲ့ချောင် ခေါင်းငုံကာ သာ့ရှုန်းကို ကြည့်လိုက်၏။ သူမရဲ့ လက်မောင်းထဲမှာရှိနေတဲ့ အရာလေးကို ကြည့်ပြီး သူမ အားတက်သွားခဲ့သည်။
သိပ်မကြာလိုက်၊ သူတို့ ပင်မ ခန်းမဆောင်ထဲကို ရောက်သွားခဲ့ကြပြီး အသက်ခြောက်ဆယ်အရွယ်
အသက်ကြီးကြီး စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။
နှစ်ယောက်စလုံးရဲ့ ဝတ်စားဆင်ယင်ပုံတွေမှာ ပုံမှန်ဟုတ်မနေခဲ့။
သူတို့ရှဲချောင်ဘေးကနေ ဖြတ်မသွားခင်အချိန်ထိ ရှဲ့ချောင်နဲ့ တခြားသူနှစ်ယောက်ကို အပြန်ပြန် အလှန်လှန်ကြည့်သွားသေး၏။ နောက်ဆုံးမှာတော့ သူတို့ရဲ့ အကြည့်တွေက တခြားသူနှစ်ယောက်ဆီ ရောက်သွားကာ “ဆရာကြီးတွေကို ဒီနေရာ ဖိတ်လိုက်ရတဲ့ အဓိက အကြောင်းကတော့ ကျုပ်တို့ရဲ့ သားအငယ်ဆုံးလေးကြောင့်ပါ၊ ဆရာကြီးတို့ရဲ့ နာမည်ကို သိပါရစေ”
“ဒီ ဓမ္မဘုန်းတော်ကြီးရဲ့ နာမည်ကတော့ ပုချန်ပါ”
ဘုန်းတော်ကြီးရဲ့ပုံစံမှာ ပဟေဠိဆန်လှ၏။
“ ဒီ တာအို ဆရာရဲ့ နာမည်ကတော့ ယွမ်ချန်ကျစ် ပါ” တာအို ဆရာတော်က သူရှေ့က လူကို အကဲဖြတ်လိုက်ပြီး ရည်ရည်မွန်မွန်နှင့် ဖြေလိုက်၏။
“မော့ချူးရှန်းပါ” ရှဲ့ချောင်ကတော့ ရိုးရိုးရှင်းရှင်းပဲ နာမည်ကိုသာ ပြောလိုက်သည်။
သူမရှေ့က လူကို ခေါင်းမော့ကြည့်ကြည့်လိုက်ပြီးနောက် ထိုလူရဲ့ ပုံပန်းသွင်ပြင်က အတော်လေး ကောင်းမွန်ကြောင်း သိလိုက်ရ၏။
သူရဲ့ မြစ်အသွင် မျက်လုံးတွေနဲ့ ပင်လယ် ပမာ ပါးစပ်။ စားကောင်းသောက်ဖွယ် များစွာကို စားသောက်ခဲ့သူ တစ်ဦးဖြစ်ကာ၊ ကျယ်ဝန်း ရှည်လျားသော ဗိမ္မာန်တစ်ခုကို ပိုင်ဆိုင်ထားသူ
ဖြစ်တဲ့ အပြင် ဘုရင်မင်းမြတ်တစ်ပါးလို တော်ဝင်တဲ့ သွင်ပြင်မျိုးလည်း ရှိ၏။ သူရဲ့ မျက်ခုံးတွေကြားမှာတော့ မြောက်ပိုင်းသားတစ်ယောက်ရဲ့ သူရဲကောင်းဆန်ဆန် အရှိန်အဝါမျိူး အနည်းငယ် ရှိနေတယ်ဆိုပေမဲ့ သိသာနေတာမျိုးတော့ မဟုတ်၊….. ရှဲ့ချောင် ထိုပုဂ္ဂိုလ် ဘယ်သူဘယ်ဝါလဲဆိုတာ သိသွားလေပြီ။
လက်ရှိ ဧကရာဇ်ရဲ့ ဝမ်းကွဲတော်စပ်သူ နင်းပေ့ မင်းသားပင်။
နင်းပေ့ မင်းသားသည် မြောက်ပိုင်းဒေသတွင် အချိန်တော်တော်ကြာရှိနေရာမှ မြို့တော်ကို နှစ်သစ်ကူး မတိုင်ခင်ကမှသာ ပြန်ရောက်လာခဲ့တာဖြစ်၏။
နင်းပေ့မင်းသားသည် အစွဲအလမ်းကြီးသူ တစ်ယောက်အဖြစ် နာမည်ကျော်ကြား၍ သူနဲ့
မင်းသမီးတို့ဟာ အလွန်ကို နီးစပ်သူတွေဟု ဆိုကြ၏။ မင်းသမီးနဲ့ လက်ထပ်ပြီးသွားတဲ့နောက်မှာ အသက် လေးဆယ်ရောက်တဲ့ အထိ တခြား ကိုယ်လုပ်တော်ခေါ်ယူခြင်း မရှိခဲ့သလို၊ သားသမီးလည်း တစ်ယောက်မှ မထွန်းကားခဲ့။ထိုအခါမှသာ မိသားစုမျိုးဆက် မပျက်ရေးအတွက် ကိုယ်လုပ်တော်အနည်းငယ်ကို ခေါ်ယူခဲ့ခြင်းဖြစ်၏။
ကိုယ်လုပ်တော် တစ်ယောက်မှ အကြီးဆုံးသားကို မွေးဖွားခဲ့ပြီးတဲ့နောက် အခြားသော ကိုယ်လုပ်တော် အားလုံးထွက်သွားခဲ့ကြရသည်။ အကြီးဆုံးသားရဲ့ မွေးမိခင်ကသာ အရံကိုယ်လုပ်တော် တစ်ဦးဖြစ်လာခဲ့သည်။
မင်းသမီးသည် အသက် ငါးဆယ် အရွယ် ရောက်မှသာ အငယ်ဆုံးသားကို မွေးဖွားခဲ့သည်ဟု ဆိုကြ၏။
ထိုသားမှာ နင်းပေ့မင်းသား အနှစ်သက်ဆုံး သားတစ်ယောက်ဖြစ်ကာ အမြဲလိုလို ချစ်ခင်ပေးခဲ့၏။
မင်းသားသည် မြောက်ပိုင်းဒေသတွင် နေထိုင်ခဲ့ပြီး မြို့တော်ကို ပြန်ရောက်လာချိန်တွင်မှ သားငယ်မှာ နာမကျန်း ဖြစ်ခဲ့ရ၏။ မြိုတော်ရှိ သမားတော် အားလုံးကို ပင့်ဖိတ်ပြီး ကုသခဲ့ပေမဲ့လည်း ပြန်လည်ကောင်းမွန်လာခြင်း မရှိခဲ့။ မင်းသားရဲ့ စံအိမ်မှာ အငယ်ဆုံးသားရဲ့ ဈာပနကို ပြင်ဆင်ရတော့မယ်ဟု ပြောနေကြသူများတောင် ရှိနေလေပြီ။
ဒါဆို သူတို့က ဒီမျိုးဆက် ဆက်ခံသူငယ်လေး အတွက် ဒီကို ရောက်လာကြတာလား?
ရှဲ့ချောင် စိတ်ထဲကနေသာ ခန့်မှန်းလိုက်ခြင်းဖြစ်
ပြီး တိုက်ရိုက်မေးမြန်းတာမျိုးတော့ မလုပ်ခဲ့။
နင်းပေ့မင်းသားက လေးလံထိုင်းမှိုင်းနေသော အမူအရာဖြင့် ထိုင်နေရင်း “ကျုပ်ရဲ့ ကလေးက နေမကောင်းဖြစ်နေတာ လတော်တော်ကြာနေပြီ၊ ပြန်လည်း မသက်သာသေးဘူး။ဒါကြောင့် ဒီနေ့ ဆရာကြီးတို့ အားလုံးကို ဖိတ်ပြီး လာကြည့်ခိုင်းလိုက်ရတာပါ၊ ကလေးက မကောင်းဆိုးဝါးတစ်ခုခုနဲ့ ရင်ဆိုင်နေရတာ များလား။”
ဒီလိုသာ ဆိုရင် သူတို့ ကြည့်ရမှာက ဖုန်းရွှေ မဟုတ်ဘဲ လူကို ပဲကြည့်ရမှာမဟုတ်လား။
ဇနီးမောင်နှံနှစ်ယောက်မှာ ဆက်ပြီး အချိန် ဖြုန်းမနေတော့ဘဲ သုံးယောက်စလုံးကို အခန်းဆီ တန်းပြီး ခေါ်သွားလိုက်၏။
မင်းသမီးကြီးမှာ ကျက်သရေရှိကာ တင့်တင်သူတစ်ဦးဖြစ်၏။ သို့ပေမဲ့ သူမရဲ့ ကလေးကို ကြည့်လိုက်ချိန်မှာတော့ သူမရဲ့ မျက်ဝန်းတွေမှာ စိတ်ပျက်အားလျော့မှုတွေနဲ့ ဖုံးလွှမ်းလို့သွား၏။ သူမ အိပ်ယာရှေ့မှာ ထိုင်လိုက်ရင်း သားဖြစ်သူရဲ့ ဆံပင်တွေကို သပ်ပေးနေခဲ့သည်။
အသက်ငါးဆယ် အရွယ်ရောက်မှ ရလာခဲ့တဲ့သားလေးဖြစ်တာမလို့ ချစ်ခင်ယုယပေးနေသည်က ပုံမှန်ပင်။
ရှဲ့ချောင် အခန်းထဲသို့ ဝင်လာသည်နှင့် စူးရှလှသည့် ဆေးနံ့က သူမ နှာခေါင်းဝဆီ တိုးဝှေ့လို့လာခဲ့၏။
ဆေးနံ့အပြင် ဟန်ချက်ညီနေခြင်းမရှိသည့် အဆင်မပြေမှုမျိူးကိုပါ ခံစားလိုက်ရသည်။
“သခင်လေးက ဒီ အခန်းထဲမှာပဲ အမြဲတမ်းနေနေတာလား” ယွမ်ချန်ကျစ်က မေးလိုက်၏။
“အင်း၊ အရင်တုန်းကတော့ မြောက်ပိုင်းမှာ နေခဲ့တာ။ ပြန်လာတဲ့ လမ်းမှာပဲ ကလေးက မသက်မသာ ခံစားလာရတာ။ သူ့ကို အူရောင်ငန်းဖျား ဖြစ်တယ်အထင်နဲ့ ကုသပေးခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ပဲ သူရဲ့ အခြေအနေက ဆိုးသထက်ဆိုးလာခဲ့တယ်။ နှစ်ကူး မတိုင်ခင်ကတောင် အိပ်ယာထဲက ထပြီး လမ်းလေး နည်းနည်းပါးပါး လျှောက်နိုင်သေးတယ်။ အခုတော့….. အိပ်ယာထဲမှာပဲ လှဲပြီး အရည်ပါတဲ့ အစာလောက်ပဲ စားနိုင်ရှာတော့တယ်”
••••