← Chapters

အခမ်းအနား

Vol. 22 Ch. 405

အခမ်းအနား

Vol. 22 Ch. 405

သူတို့ တစ်တွေဟာ နယ်ပယ်တူက ကျွမ်းကျင် ပညာရှင် တွေ ဖြစ်ကြတာကြောင့် ရှဲ့ချောင် နားလည်ပေးလို့ရသည်။

အထူးသဖြင့်၊ တာအို အခမ်းအနားကြီးနှင့် ပတ်သက်လာလျှင် သဘောမတူညီချက်တစ်ခုရှိနေပါက  ပြဿနာပေါ်ပေါက်လာနိုင်ချေရှိ၏။

ဒါပေမဲ့၊ မင်းသား သာ အမှန်တကယ် ရွေးချယ်ခဲ့ပါက မောင်းထုတ်ခံရမည့်သူက သူမ ဖြစ်နိုင်ချေ ရှိပေသည်။

ရှဲ့ချောင်ကတော့ ပြာယာလည်း မခတ်သွားသလို၊ အလျင်လိုခြင်းလည်း မရှိ၊ ပြုံးပြုံးလေးဖြင့်သာ..

“ ဒီလိုဆိုမှတော့ ဆရာကြီးတို့ အရင် လုပ်လိုက်ကြပါ။ ဆရာကြီးတို့ သူ့ကို ကုသနိုင်မယ်ဆိုရင်

ကျွန်မ အလိုလိုကို ပျော်မိမှာပါ။ တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင်တော့ ….. ကျွန်မ နောက်တစ်ခေါက် ပြန်လာပြီး ကြည့်ပေးပါမယ်”

….

 ရှဲ့ချောင် ပြောပြီးသည်နှင့်  ထွက်သွားလိုက်၏။

သို့ပေမဲ့၊ ရှဲ့ချောင် မပြန်ခင် သူမကို ခေါ်လာခဲ့တဲ့  အိမ်တော်ထိန်းကို ရှာလိုက်သေး၏။ သူမ က အဆောင် စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီးနောက် “ဟို နှစ်ယောက်က မလုပ်နိုင်မှာစိုးတယ်။ ရှင်တို့ သခင်လေးရဲ့ အခြေအနေကို ပိုပြီးဂရုစိုက် စောင့်ကြည့်ထားပါ။ တစ်ခုခု မှားနေပြီ လို့ ခံစားမိပြီ ဆိုတာနဲ့   ဒီ အဆောင်စာရွက်ကို ထုတ်ပြီး သူ့ ခန္ဓာကိုယ်မှာ ကပ်လိုက်ပါ”

အိမ်တော်ထိန်း မှာ နည်းနည်းတော့ စိတ်ရှုပ်

သွား၏။ “ဒီတိုင်းကြီး ပြန်သွားတော့ မလို့လား”

“အခမ်းအနားက အချိန်ခဏလေးနဲ့ ပြင်ဆင်လို့ရတဲ့အရာမျိုး မဟုတ်ဘူး။ကျွန်မကို ဒီနေရာမှာပဲ ထိုင်ပြီး ‌စောင့်နေခိုင်းတော့ မလို့လား။ ကျွန်မ အပြင်က တည်းခိုခန်းမှာ ရှိနေမယ်။ ရှင်တစ်ခုခု လိုတာမျိုး ရှိရင်  ကျွန်မကို လာရှာလိုက်ပါ”  ရှဲ့ချောင် ခပ်ရေးရေးလေးသာ ပြုံးလိုက်ပြီး သူမရဲ့ ကြက်ဖကို သယ်ကာ ထွက်သွားတော့သည်။

အခမ်းအနားသည် အမွှေးနံ့သာများ ထွန်းညှိ ပူဇော်ရန်နှင့် နတ်ဘုရားတွေကို ဂါရဝါပြုကန်တော့ရန် ဖြစ်၏။

 ဒီ သခင်လေးရဲ့ အခန်းထဲမှာ ရှိနေတဲ့ အရာမှာ အတော်လေး အင်အားကြီး၏။။ တာအို ဆရာအနေနဲ့ မမြင်ရပေမဲ့လည်း  ခံတော့ ခံစားမိသည်ဖြစ်ရာ သူတို့သာ တကယ်လုပ်ခဲ့မည်ဆိုလျှင် နှစ်

နာရီကနေ လေးနာရီကြာအောင် တောင် တိုက်ကြရပေလိမ့်မည်။

အခမ်းအနား မစခင်နှင့် စပြီးနောက်ပိုင်း ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာတွေ အတွက် ကြိုတင် ပြင်ဆင်ဖို့ အတွက်  ရှဲ့ချောင် ဒီမှာပဲ နေနေ‌မည်ဆိုလျှင် သူမ စိတ်ပင်ပန်း ရုံသာ ရှိ၏။

နောက်ပြီး နင်းပေ့မင်းသားက လည်း သူမကို သိပ်ပြီး အရေးထားတဲ့ပုံမပေါ်မှ မပေါ်ဘဲ၊  သူမသာ ပင်ပန်းပြီး  သတိလစ်သွားရင် ဘယ်လိုလုပ်မလဲ။

ခြံဝန်းနားမှာ ရှိတဲ့ တည်းခိုးဆောင်ကို သွား၊ အစားကောင်း အသောက်ကောင်းတွေကို မှာစားလိုက်ပြီး ဗိုက်ပြည့်အောင် နေလိုက်တာကမှ သူမ အလုပ်လုပ်ဖို့ အားရှိသွားဦးမယ်။

အိမ်တော်ထိန်းမှာ ထိုစကားကို ကြားလိုက်ရချိန် ရှဲ့ချောင်မှာ တည်းခိုဆောင် ကို သွားဖို့ ပြင်နေပြီ ဖြစ်တာကြောင့် သက်ပြင်းသာ ချလိုက်ရင်း “ဒါဆိုလည်း အဝေးကြီးတော့ မသွားပါနဲ့”

သူ တခြား‌ဆရာကြီး နှစ်ယောက်ကို မယုံပါဘူး၊

ဆရာ မော့ရဲ့ ကံကြမ္မာ အဆောင်တွေက ဒီလောက် စွမ်းအားကြီးတဲ့ဟာကို! 

 ရှဲ့ချောင် စရံငွေကို လက်ခံပြီးပြီဖြစ်လို့  အနားယူဖို့ အတွက် တည်းခိုဆောင်ကိုသာ သွားခဲ့သည်။

ထိုစဉ် ဆရာကြီး နှစ်ယောက်မှာ အဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့် ရိုးရာဓလေ့ပွဲကို စတင်လုပ်ဆောင်ကြတော့၏။

ဘုန်းတော်ကြီးက သစ်သားငါးကို ကိုင်ထားလျက် တင်ပျဉ်ခွေထိုင်ကာ ကျမ်းစာများကို ရွတ်ဖတ်နေသည်။ သူရဲ့ ဘေးမှာတော့  တာအို ဆရာကြီးက မက်မွန်သစ်သားဓားကို  လက်ထဲ တွင် ကိုင်ထားကာ သူ့ရဲ့ ခြေထောက်အောက်မှာ မီးတောက်များ ရှိနေသည့်အလား  စတင်ကခုန်ရင်း ဓားကို လွှဲယမ်းလို့နေသည်။

ထိုအရာတွေကို သခင်လေးရဲ့ ခြံဝန်းထဲမှာ လုပ်ဆောင်နေခဲ့တာ ဖြစ်၏။

ပြတင်းပေါက်များအားလုံးကို ဖွင့်လို့ထားလျက် ရိုးရာပွဲစတင်ပြီဆိုသည်နှင့် ဘေးပတ်ပတ်လည်မှာ မှောင်ရိပ်သန်းသွားတာကိုလူတိုင်းခံစားလိုက်ကြရသည်။

မူလအစက တည်ငြိမ်နေဟန်ရှိသော ရာသီဥတုမှာ

တလိပ်လိပ်နှင့် အရှိန်အဟုန်ပြင်းလာသလိုပင်။ လေများလည်း တိုက်ခတ်လို့နေပြီး ကြွေကျနေသော သစ်ရွက်တွေကိုသာမက ထောင့်နားမှာ ထွန်းညှိထားတဲ့ အ‌မွှေးတိုင်နှင့်  ဖယောင်းတိုင်တွေကိုလည်း ငြိမ်းသွားစေခဲ့၏။ အနည်းငယ် ‌ကျောချမ်းစရာ ကောင်းလှသည်။

သို့ပေမဲ့ လေထုက ပိုပြီး ထူးဆန်းလာလေလေ မင်းသားနှင့်မင်းသမီးတို့ရဲ့ စိတ်နှလုံးထဲ မျှော်လင့်ချက်ရောင်ခြည်များ ပိုမို ဖြစ်ပေါ်လာလေ ပင်။

သူတို့နှစ်ဦးသား တာအိုဆရာရဲ့ ပါးစပ်ကနေ မီးတောက်တွေ မှုတ်ထုတ်လိုက်တဲ့ ပုံကို ကြည့်နေကြ၏။ မီး‌စတွေဟာ  မက်မွန်သစ်သားဓားကနေ ဖြတ်လို့ သွားသည်။ အလွန်ကို ဆန်းကြယ်လှပေ၏။

 တာအိုဆရာကြီးဟာလည်း ဂါထာမန္တာန်တွေကို စဉ်ဆက်မပြတ် ‌ရွတ်ဖတ်လို့နေသည်။ နင်းပေ့မင်းသားတောင်မှ ဘာတွေ ရွတ်နေသလဲဆိုတာကို နားမလည်ခဲ့။ “သွား” ဆိုတဲ့ စကားလုံးကို အကြိမ်အနည်းငယ်လောက် ရွတ်နေတာကိုသာ ခပ်ရေးရေး ကြားလိုက်ရသည်။

သို့သော်၊ ထူးဆန်းတဲ့ လေတစ်ချက် ဝှေ့လိုက်တဲ့ အခါတိုင်း မီးငြိမ်းသွားသည်။

ဆရာကြီးရဲ့  အရှိန်ဟာ မြန်သထက် မြန်လို့လာကာ သူရဲ့ အသံဟာလည်း လေးလံသထက် လေးလံလာခဲ့၏။ သူ့လက်ထဲက ခေါင်းလောင်းသည်လည်း အသက်အန္တာရာယ်ကို ခြိမ်းခြောက်နေသည့် ဆွဲညှို့သံလိုမျိုး လူတွေကို စိတ်အာရုံထွေပြားသွားစေခဲ့၏။

တုတ်ခနဲ မြည်သံနဲ့ အတူ လေပြင်းတစ်ချက် အဝှေ့တိုက်ခတ်လိုက်ချိန်တွင် ပစ္စည်းများ တင်ထား

သည့် စားပွဲမှာ မှောက်သွားလေသည်။

တာအို ဆရာကြီးသည်လည်း မြေပြင်ပေါ်သို့ လဲသွားရကာ သွေးတစ်ပွက် အန်သွားခဲ့သည်။

“အို မ-မ ဟုတ်သေးဘူး၊ သ-သခင်လေး အသက် မရှူနိုင်တော့ဘူး!” အထဲမှာ ‌စောင့်ကြည့်ပေးနေသည့် အစေခံမလေးက အော်ပြောလာခဲ့သည်။

ထိုစကားကိုကြားသည်နှင့် နင်းပေ့မင်းသားရဲ့ မျက်နှာမှာ ဖြူဖျော့ သွားရကာ အထဲကို အမြန် ပြေးဝင်သွားတော့သည်။တိတ်တဆိတ်စောင့်ကြည့်နေသည့် အိမ်တော်ထိန်းသည်လည်း အခန်းထဲကို ပုန်းလျှိုးကွယ်လျှိုး လိုက်ဝင်သွားခဲ့သည်။

ဇနီးမောင်နှံနှစ်ဦးမှာ သူတို့ရဲ့ သားလေး အိပ်ယာထဲမှာ လူးလွန့်ပြီး ဗလုံးဗထွေး ညည်းညူရေရွတ်

နေတာကို မြင်လိုက်ရသည်။ သူရဲ့ ဖြူဖျော့ဖျော့ မျက်နှာကနေ ချွေးသီးချွေးပေါက်များ တစ်စက်စက်ကျနေကာ ခြောက်‌သွေ့ကွဲအက်နေသော နှုတ်ခမ်းများဟာလည်း ‌အမောတကော ဟောဟဲလိုက်နေလေသည်။  အသက်တစ်ချက် ရှူလိုက်တိုင်း ခက်ခဲနေပုံပင်!

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!

••••

All Chapters