အကဲခတ်တာ မြန်လွန်းသွား
Vol. 22 Ch. 406
နင်းပေ့ မင်းသား၏ မျက်နှာမှာလည်း သုန်မှုန်လို့သွား၏။ သားဖြစ်သူရဲ့ လက်ကို ကိုင်ဆုပ်လို့ထားပေမဲ့လည်း ဘာမှ လုပ်လို့ရတာမရှိတဲ့အတွက် ကူကယ်ရာ မဲ့လို့နေသည်။
သမားတော်တွေလည်း အသုံးမကျဘူး။
တာအိုဆရာကလည်း….. အသုံးဝင်မနေဘူး!
“ဘယ်လိုဖြစ်ရတာလဲ။ ခင်ဗျား အစီအရင် လုပ်ပြီးကာမှ ကျုပ်သားကို ဘာလို့ ဒီလို ဖြစ်သွားရတာလဲ” နင်းပေ့မင်းသားမှာ ဒေါသထွက်နေ၏။
ယွမ်ချန်ကျစ်ကိုယ်တိုင်လည်း ထိတ်လန့်သွားသလိုမယုံကြည်နိုင်လည်း ဖြစ်နေလေသည်။
“ဒီ- ဒီ မကောင်းဆိုးဝါးက အလွန်ကို ထူးခြားတယ်။ကျုပ်နဲ့ ဆရာကြီး ပုချန်တို့ရဲ့ အင်အားနဲ့တင် မလုံလောက်ဘူး”
“နောက်တစ်ယောက်ရှိနေသေးတယ်မဟုတ်ဘူးလား” နင်းပေ့မင်းသားက ဒေါသတကြီး မေး
လိုက်၏။
လူတစ်ယောက်တည်းက ဒါကို မကိုင်တွယ်နိုင်ဖြစ်မှာကို သူစိုးရိမ်တာကြောင့် လူနည်းနည်းလောက်ပိုပြီး ငှားရမ်းဖို့ သူ့ရဲ့ အစေခံတွေကို စေခိုင်းခဲ့ခြင်းပင်။
“အဲ-အဲဒီ ပုဂ္ဂိုလ်က… ပြန်သွားပါပြီ…” အခြား အစေခံနှစ်ယောက်က ပြန်ဖြေလာ၏။
ထိုအချိန်၊ ရှဲ့ချောင်ပေးထားခဲ့တဲ့ အဆောင်ကို ကိုင်ထားတဲ့အိမ်တော်ထိန်းဟာ သူ့ကိုယ်သူ အားတင်းရင်း တဟုန်ထိုး ပြေးသွားလိုက်ပြီး အဆောင်စာရွက်အား သခင်လေးရဲ့ ခေါင်းပေါ် ဖိချလိုက်တော့သည်။ ချက်ချင်းဆိုသလိုကို အဆောင်စာရွက်မှာ ကပ်သွားတော့၏။
တစ်ခဏ အတွင်းမှာတင် သခင်လေးရဲ့ ပုံပျက်ပန်းပျက်ဖြစ်နေသော မျက်နှာထားဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
သူရဲ့ အသက်ရှုနှုန်းတွေသည်လည်း ပိုပြီး တည်ငြိမ်လာခဲ့ရာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် လူတစ်ယောက်လ်ုမျိုးပင်။
အိမ်တော်ထိန်း ဖုမန်ခမျာ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
ဆရာ မော့ရဲ့ ပစ္စည်းတွေက အသုံးဝင်မယ်ဆိုတာ သူသိနေတယ်လေ!
“ဖုမန် မင်းဘာလုပ်တာလဲ” နင်းပေ့မင်းသားသည် အစက စိတ်ဆိုးတော့မလို ဖြစ်သွားခဲ့ပေမဲ့ သူ့သားရဲ့ ကောင်းမွန်လာတဲ့ အခြေအနေကို တွေ့ပြီး သူ
ရဲ့ သဘောထားဟာ ကောင်းမွန်လို့လာကာ “မင်း ဒီ အဆောင်တွေကို ဘယ် က ရလာတာလဲ”
“ ဒီက ဆရာကြီးနှစ်ယောက်က သခင်လေးကို ထိခိုက်စေမှာ ဆရာမော့က စိတ်ပူလို့ ကျွန်တော့်ကို ဒီ အဆောင် ပေးထားခဲ့တာပါ၊ သခင်လေးရဲ့ အခြေအနေကို တစ်ချိန်လုံး စောင့်ကြည့်နေဖို့ အတွက်လည်း မှာခဲ့ပါတယ်။ ဆရာကြီး နှစ်ယောက်က ကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင် သူမကို လာရှာဖို့ အတွက် ပြောခဲ့ပါတယ်” ဖုမန်က အမြန် ပြန်ဖြေလိုက်၏။
နင်းပေ့မင်းသားသည် အမြန်ထရပ်လိုက်ကာ သူရဲ့ စိတ်မကျေမနပ်ဖြစ်နေမှုကို ချိုးနှိမ်ရင်း ဆရာကြီး နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။
ဖုမန် ပြောသွားတဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို သူ
သဘောပေါက်သည်။
ဒီ ဆရာကြီး နှစ်ယောက်က…. ဆရာမော့ကို ထွက်သွားအောင် လုပ်ခဲ့တယ်ဆိုတာ သိသာနေတာပဲ
သို့သော်၊ ထို ဆရာ မော့က ဘယ်လိုဘယ်ပုံ ရှိတယ်ဆိုတာ စဉ်းစားကြည့်လိုက်ပေမဲ့ ပုံဖော်ကြည့်လို့မရတာကြောင့် နင်းပေ့မင်းသားမှာ အပြစ် ရှိသလို ခံစားလိုက်ရသည်။
ထို ဆရာမော့ဆိုသူက အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့ အပြင် အသက်ကြီးပုံလည်း မပေါ်တာကြောင့် သူမ မှာစွမ်းဆောင်ရည်သိပ်မရှိလောက်ဘူးဟုထင်ပြီး သူမ အပေါ် အထင်သေးခဲ့မိတာပင်။
သူ နည်းနည်းတော့ လိပ်ပြာမလုံသလို ဖြစ်သွားခဲ့သည်။ သူသားတစ်ယောက်လုံး သေရေး ရှင်ရေး အခြေအနေရောက်နေတာတောင်မှ သူက မဆင်မခြင် ပြုမူနေမိဆဲပင်…
“ ဆရာက အဆောင်တွေကို ထားသွားတယ်ဆိုမှတော့ သူမ ဘယ်ကို ထွက်သွားလဲဆိုတာ ငါ့ကို ပြော။သူမ ပြန်လာဖို့ရော ဆန္ဒရှိရဲ့လား” ထိုသို့မေးလိုက်ပြီးနောက်၊ နင်းပေ့မင်းသား သည် သက်ပြင်းတစ်ချက်ချလိုက်ကာ “ထားလိုက်တော့ ၊ငါပဲ ကိုယ်တိုင် သွားဖိတ်လိုက်တော့မယ်။သူသာ ငါ့သားကို ကုပေးနိုင်မယ်ဆိုရင် ငါ ဦးညွှတ်ရလဲ ဘာအရေးဟုတ်တော့မှာလဲ”
“အရှင့်သား ခဏလေးပါ။ဆရာက အဲ့လောက် ဘဝင်မြင့်တဲ့သူမျိုးလည်း မဟုတ်ပါဘူး။ဒါက အချိန်တော်တော်ကြာမှာမလို့သာ အပြင်က တည်းခိုးဆောင်မှာ သွားပြီး စောင့်နေတယ်ဆိုပြီး ပြောပါ
တယ်။ ကျွန်တော် အခုပဲ သွားပြီး ခေါ်လာခဲ့ပါမယ်။ဆရာ မော့ ရောက်လာဖို့ သိပ်ကြာမှာ မဟုတ်ပါဘူး” ဖုမန်က ချက်ချင်း ပြောလိုက်၏။
“ကောင်းပြီ၊ ဒါဆိုလည်း သူ့ကို မြန်မြန် သွားဖိတ်လိုက်တော့! ငါ့ရဲ့ မြင်းလှည်းကို ယူသွားလိုက်” နင်းပေ့မင်းသားမှာ အလေးအနက်ဖြစ်နေ၏။
ဒါပေမဲ့ သူ ဒီအကြောင်း အတွက်နဲ့တော့ တခြား ဆရာကြီး နှစ်ယောက်ကို အေးတိအေးစက် မဆက်ဆံခဲ့။ဤပုဂ္ဂိုလ် နှစ်ယောက်သည် စွမ်းဆောင်နိုင်စွမ်းရှိသည်။ သို့မဟုတ်ပါက သူ့သားဟာ အခုလေးတင် လုပ်သွားတဲ့ အစီအရင်ကို ပြန်တုံ့ပြန်မှာတောင် မဟုတ်။
သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းက အနည်းငယ် ချို့ယွင်းချက်ရှိနေရုံသာ။
“ဆရာကြီးတို့နှစ်ယောက်လည်း ပင်ပန်းသွားရပြီ။ ဘေးက အရံခန်းတွေက အသင့်ဖြစ်နေပြီမလို့ ဆရာကြီးတို့ သွားပြီး အနားယူလိုက်ကြပါ။နောက်မှ လိုအပ်တာတစ်ခုခုရှိရင် ဆရာကြီးတို့နှစ်ယောက်ဆီ လာပြီး တောင်းဆိုလိုက်ပါမယ်” နင်းပေ့မင်းသားကတော့ သင်ခန်းစားရသွားလေပြီ။
ဆရာမော့လည်း မလုပ်နိုင်ဘူးဆိုရင် ဆရာသုံးယောက်စလုံး ပေါင်းပြီး အတူတူလုပ်တာကတော့ အလုပ်ဖြစ်နိုင်လောက်တာပဲလေ!
ဆရာကြီး နှစ်ယောက်သည်လည်း အခုမှသာ စိတ်အဆင်ပြေသွားကြ၏။ ယွမ်ချန်ကျစ်မှာ နည်းနည်းတော့ ရှက်သွားသည်။
သူ့မျက်လုံးထောင့်ကနေ အဆောင်စာရွက်ကို ကြည့်လိုက်ချိန်မှာတော့ ထိတ်လန့်သွားခဲ့ရလေသည်။
ဒါတွေက…. သာမန် အဆောင်စာရွက်တွေ ဟုတ်မနေဘူး။
အရည်အချင်းသာ မရှိဘူးဆိုရင် ဒီလိုဟာမျိူး ဆွဲတောင် ဆွဲနိုင်မှာ မဟုတ်ဘူး။
အဆောင်စာရွက်ကို ရေးဆွဲရတာက ပန်းချီကားတစ်ချပ်ကို ရေးဆွဲသလိုမျိုး မဟုတ်။ အဆောင်ဆိုတာ စုပ်ချက် တစ်ချက်တည်းဖြင့် တဆက်တည်း ဆွဲရန် လိုသလို ဆွဲတဲ့သူရဲ့ စိတ်ဟာလည်း တည်ငြိမ် အေးချမ်းနေဖို့လိုသည်။ မဟုတ်လျှင်၊ ပုံစံတကျ ရေးဆွဲထားတယ်ဆိုသော်ငြား အစွမ်းသက်ရောက်မှုရှိတော့မည် မဟုတ်ပေ။
ဆရာမော့က ဒီလို အရည်အသွေးမြင့် အဆောင်ကိုတောင် ရေးဆွဲနိုင်တယ်၊ဒီလိုဆိုတော့… သူ
အကဲဖြတ်တာစောသွားပြီလား?
••••