အငြိုးကြီးဝိဉာဉ်က စိတ်မကျေမနပ်ဖြစ်နေတယ်
Vol. 22 Ch. 407
ယွမ်ချန်ကျစ်ရဲ့ စိတ်ထဲ အနည်းငယ် ပျာယာခတ်သွားခဲ့သည်။
သူ ပမာမခန့်လုပ်ခဲ့မိတဲ့သူက အရေးကြီးပုဂ္ဂိုလ်တစ်ယောက် မဟုတ်သလို ထိုသို့သော လူမျိုးရဲ့ တပည့်လည်း ဟုတ်မနေခဲ့….
ဒါပေမဲ့လည်း သူ စိတ်တော့ ထိခိုက်ရသည်။သူ့ အနေနဲ့ မြိုတော်ထဲမှာ မော့မျိုးရိုး နာမည်ရှိတဲ့ တာအိုဆရာတစ်ယောက် ရှိတယ်ဆိုတဲ့
အကြောင်း တစ်ခါမှ မကြားဖူးခဲ့။မြိုပြင်က နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်နေရင်တောင် နာမည်လောက်တော့ ကြားဖူးနားဝ ရှိလောက်သည်။
စဉ်းစားကြည့်လိုက်မယ်ဆိုရင် မော့မျိူရိုးဆိုတာက….
ယွမ်ချန်ကျစ် လန့်ဖျပ်သွားခဲ့၏။
မော့..
မော့လင်းကျစ်?
ယွမ်ချန်ကျစ်ရဲ့ မျက်နှာထားမှာ ခဏတော့ ကြောင်အအ ဖြစ်သွားခဲ့၏။သူ ဘာစကားမှတော့ မပြောဖြစ်ခဲ့။ သူ နှုတ်ခမ်းထောင့်က သွေးစတွေ
ကိုသာ တိတ်တဆိတ် သုတ်လိုက်သည်။သူ့ပုံမှာ အင်မတန်ကို သနားကမား ဖြစ်နေလေသည်။
ဘုန်းတော်ကြီးမှာလည်း သူ့ကို နှစ်သိမ့်ပေးဖို့ တစ်ချက် ကြည့်လိုက်ပြီးတဲ့နောက် သူရဲ့ သစ်သားငါးရုပ်ကို ခေါက်ရင်း ထွက်သွားခဲ့လေသည်။
ရှဲ့ချောင်ကတော့ တည်းခိုဆောင်မှာ ရှိနေခဲ့တာဖြစ်သည်။ သူမက စားသောက်ပြီးတဲ့နောက် တစ်ရေးတစ်မောတောင် အိပ်လိုက်သေးသည်။နောက်တော့မှသာတစ်စုံတစ်ယောက် တံခါးကနေ လှမ်းခေါ်နေတဲ့ အသံကို ကြားလိုက်ရ၏။ အိမ်တော်ထိန်းမှာ နဖူးထက်တွင် ချွေးများစိုရွှဲလို့နေကာ နှစ်လိုဖွယ်ကောင်းသော အပြုံးနှင့် “ဆရာမော့ကသာ အတော်ဆုံးဆိုတာ ကျွန်တော်သိတယ်! အခု ကျွန်တော်တို့ သခင်ကြီးက ဆရာ့ကို ရှာနေပြီ။သူက ဆရာ့ကို ကိုယ်တိုင် လာကြိုဖို့တောင် လုပ်နေတာ ဒါပေမဲ့ သခင်လေးနဲ့လဲ အတူတူ ရှိနေပေးဖို့ လိုနေတာ မလို့ ကျွန်တော့်ကို
ပဲ လာခိုင်းလိုက်တာ။ ဆရာ အခုလိုက်ဖို့ အဆင်ပြေရဲ့လား”
အိမ်တော်ထိန်းမှာ အတော်လေးကို နှုတ်ရေးကြွယ်လှ၏။
ရှဲ့ချောင် ခပ်ရေးရေး ခေါင်းငြိတ်ပြလိုက်ရင်း “ ကျွန်မ အခု စိတ် အခြေအနေကောင်းနေပါတယ်”
“ဒါဆို….” အိမ်တော်ထိန်း ပြုံးလိုက်ကာ “ကျွန်တော် ဆရာ့အတွက် မြင်းလှည်း ပြင်လာပါတယ်။ ကျွန်တော်တို့ရဲ့ သခင်ကြီးက နင်းပေ့မင်းသားပါ။ သူရဲ့လေးစားမှုကို ပြချင်တဲ့အတွက်၊ လူကိုယ်တိုင် မလာနိုင်ပေမဲ့ သူ့ကိုယ်ပိုင် မြင်းလှည်းက အခု အောက်မှာ စောင့်နေပါတယ်….”
ရှဲ့ချောင်လည်း ပြုံးလျက်နဲ့ပဲ ပြောလိုက်သည် “သွားကြတာပေါ့”
သူမ စရံငွေ ပေးချေမှုကို လက်ခံရရပြီး ဖြစ်လို့ ဘယ်သူ့ကိုမှ အခက်တွေ့စေလို့ မဖြစ်။
ဒါပေမဲ့လည်း ဘုရင်ခံတစ်ပါးရဲ့ မြင်းလှည်းဆိုတာကတော့ တကယ်ကို ကောင်းလွန်းသည်။
အတွင်းတွင် နူးနူးညံ့ညံ့ ဝါဂွမ်း ခေါင်းအုံးများနှင့် အမွေးနံ့သာ များ ရှိနေ၏။ အနံ့မှာလည်း စူးရှ လွန်းနေတာမျိူး မဟုတ်ဘဲ လန်းဆန်းစေတဲ့ ရနံ့မျိုး ဖြစ်၏။ ဒါ့အပြင် ဘယ်အချိန်မဆို ရေနွေး ပြန်ဖြည့်ပေးလို့ရအောင် သူမ ဘေးမှာ ဒူး ထောက်နေတဲ့ အစေခံမလေး တစ်ယောက်တောင်ရှိသေးသည်။
သူမ ထွက်လာတုန်းကတော့ စိတ်ဓာတ်ကျနေသေး၏ အခု သူမ ပြန်သွားတဲ့ အခါမှတော့ အဖိုးတန်တဲ့သူတစ်ယောက် ဖြစ်လာကာ နင်းပေ့မင်းသားနဲ့ သူ့ဇနီးကိုယ်တိုင်ရဲ့ နွေးထွေးစွာ ကြိုဆိုခြင်းကိုပင် ခံရသေးသည်။
“ဆရာမာ့၊ စောစောတုန်းက ကျုပ်ရဲ့အမှားပါ။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” မင်းသားမှာ သိပ်ပြီး မခံ့ညားတော့တဲ့ ပုံပေါက်နေသည်။
“ကိစ္စမရှိပါဘူး။ လူတိုင်း ဒီလိုပါပဲ” ရှဲ့ချောင်မှာ ဘာမှ မဖြစ်သလိုမျိူးနဲ့သာ ပြောလိုက်သည်။
အတိတ်တုန်းက၊ သူမ တာအိုဘုရားကျောင်းမှာ နေစဉ်ကလည်း အထင်မြင်သေးတာ ခံရဖူးသည်။
နင်းပေ့မင်းသား သက်ပြင်းချ လိုက်၏။
“မင်းရဲ့ အဆောင် စာရွက်က တကယ် အသုံးဝင်တယ်။အဲ့ဒါကို သုံးပြီးတဲ့ အချိန်မှာ ကျုပ်သားက တော်တော်လေး ကောင်းလာတဲ့ပုံပဲ၊ သူရဲ့ အသက်ရှုသံတွေလည်း ခုနကထက် ပိုပြီး တည်ငြိမ်လာတယ်။ သူ့ကို ကြည့်ပေးဖို့ သမားတော်ကိုတောင် ပင့်ထားသေးတယ်။ သမားတော် ပြောတာကတော့၊ ဒီလိုဆိုရင် သူ ပြန်သက်သာ လာလိမ့်မယ်ဆိုပြီး….”
“အဲ့ဒါကြောင့်၊ ဆရာ့ မှာ အဆောင် တွေ ထပ်ပြီး ရှိသေးလား”
ရှဲ့ချောင် ခေါင်းခါလိုက်၏။ “ ကျွန်မမှာ ရှိတယ်ဆိုရင်တောင်၊ သုံးလို့ မရဘူး။ ဆက်ခံသူငယ်ကို အဆောင်တွေနဲ့ချည်ပဲ တစ်သက်လုံးနေခိုင်းလို့မရဘူးလေ၊ အရှင့်သားရော အဲ့လို မထင်ဘူးလား”
“ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ …. သူ့ကို ပျောက်အောင် ကုသနိုင်ပါ့မလား ဆိုတာတော့ ကျုပ်မသိဘူး” နင်းပေ့မင်းသားက အစ်အောက်ကြည့်လိုက်၏။
ကုသနိုင်မယ်ဆိုလို့ကတော့၊ နေ့တိုင်း အဆောင်စာရွက်ကြီး ကပ်ထားရမယ်ဆိုရင်တောင် သူ့သားကိုတော့ အသက်ရှင်အောင် ထားရမှာပဲ!
ဒီဘဝမှာ သူ့မှာ သားသမီးဆိုလို့ နှစ်ယောက်ပဲ ထွန်းကားခဲ့တာ။ အဲဒီ အကြီးဆုံးသားဆိုတာက….. သူရဲ့ မျိုးဆက်ကို ဆက်ခံပေးဖို့ အတွက်လေးပဲ။
ထိုသားအကြီးမှာ ထူးချွန်သူတစ်ယောက်ဖြစ်နေပေမဲ့လည်း သူသဘောမကျ။ သူ အမှန်တကယ် ချစ်မြတ်နိုးရတဲ့ သူ့သားငယ်လိုမျိုး မဟုတ်ပေ။
“ ကြည့်ကြတာပေါ့” ရှဲ့ချောင်က ပြောလိုက်၏။ ထို့နောက် သူမ လှည့်ပတ်ကြည့်လိုက်ရာ ဘုန်းတော်ကြီးက ပြန်သွားပေမဲ့ ယွမ်ချန်ကျစ် ရှိနေတာကို တွေ့လိုက်ရ၏။
ယွမ်ချန်ကျစ်တစ်ယောက် သူမရဲ့ အကြည့်ကို တွေ့တဲ့ အခါမှတော့ အပြစ်ရှိစိတ်ဖြင့် ဘေးကိုသာ အကြည့်လွှဲလိုက်လေသည်။
“မကောင်းဆိုးဝါးစွမ်းအင်က ပိုပြီး အားကောင်းလာပြီ။ အငြိုးကြီး ဝိဉာဉ် မကျေမနပ်ဖြစ်နေတယ်” ရှဲ့ချောင် ရေရွတ်လိုက်၏။
ယွမ်ချန်ကျစ်ရဲ့ မျက်နှာထားဟာ ထူးဆန်းသွားသည်။
အငြိုးကြီး ဝိဉာဉ်က ဘာအတွက်မှ မဟုတ်ဘဲနဲ့ သူနဲ့တိုက်ခိုက်ခဲ့တာကို သူလည်း သိသည်။ သူ အနိုင်ရခဲ့ပေမဲ့ သူရဲ့ အာဏာကို စိန်ခေါ်ခဲ့မိသလို ဖြစ်သွားတဲ့ အတွက် စိတ်မကြည်မလင်ဖြစ်သွားလောက်ပေသည်။
ဒါပေမဲ့၊ ဒီ ဆရာ မော့ကတော့ ထူးဆန်းတယ် သူ့ကိုကြည့်ရတာ အငြိုးကြီး ဝိဉာဉ်ကို မြင်နေရသလိုပဲ။
ထိုသို့တွေးမိလိုက်ချိန်၊ ယွမ်ချန်ကျစ် မျက်မှောင်ကြုတ်သွား၏။ သူ နှစ်ပေါင်း များစွာကြာအောင် ကျင့်ကြံခဲ့ပေမဲ့ အခုထိ တတိယ မျက်လုံးကို မရနိုင်သေး။ ရံဖန်ရံခါ အကူအညီ လိုအပ်တဲ့ အခါမျိုးဆိုလျှင် နွားမျက်ရည်သို့မဟုတ် ဓမ္မတူရိယာတစ်ခုခုကို သုံးရသေးသည်။ ဆရာမော့က အသက် ငယ်ငယ်လေးပဲ ရှိသေးတဲ့ဟာ လောက နှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တာ ဖြစ်နိုင်မှာတဲ့လား?
••••