မြေကြီးထဲမှအရာ
Vol. 22 Ch. 408
ယွမ်ချန်ကျစ် သေသေချာချာနဲ့ စူးစမ်းနေသည်။
ရှဲ့ချောင် ဇနီးမောင်နှံ နှစ်ယောက်ဆီသို့ ပြန်လှည့်ကာ “သူ ဘယ်ချိန်ကစပြီး နေမကောင်း ဖြစ်ခဲ့တာလဲ။ ဒီလို မဖြစ်ခင်ကရော တစ်ခုခုနဲ့ ထိတွေ့မိခဲ့တာမျိုး ရှိလား”
“ကျုပ်တို့တွေ နှစ်သစ်ကူး မတိုင်ခင် စက်တင်ဘာလ က ပြန်လာခဲ့ကြတာ။ အောက်တိုဘာလ ၊လမ်းမှာ ရှိနေတုန်းမှာပဲ သူ အအေး မိခဲ့တယ်။ ကျုပ်သားရဲ့ အစားအသောက်နဲ့ အဝတ်အစား ကိစ္စ အားလုံးကို အထိန်းတော်ကပဲ တာဝန်ယူ ဂရုစိုက်ပေးတာ။မင်းသမီးနဲ့ ကျုပ်ကိုယ်တိုင်လည်း ဒါကိုသေချာဂရုစိုက်ခဲ့တယ်။ တစ်ယောက်ယောက်ဆီက လက်ဆောင်ရရင်တောင်မှ သမားတော် စစ်ဆေးပြီးမှပဲ သားကိုပေးတာ။ဒါကြောင့်မလို့…. ထွေထွေထူးထူးတော့ မရှိပါဘူး”
ရှဲ့ချောင်စိတ်ထဲ လေးဖင့်သွားရ၏။
တချို့သော အငြိုးကြီး ဝိဉာဉ်တွေက သဘောထားကြီးကြပြီး ရှာတွေ့ဖို့လည်း လွယ်သည်။
သို့သော် ရှေးဟောင်းပစ္စည်းတွေထဲမှာ ပုန်းကွယ်နေတတ်တဲ့ ဝိဉာဉ်တွေလည်း ရှိတတ်သည်။သူတို့နဲ့ ပတ်သက်ပြီး သိပ်ပြီး ထူးခြားတာ မရှိ။ အများဆုံးမှ အမှောင်စွမ်းအင် ပိုပြီး အားကောင်းသွားရုံပင်။
လောကကြီးထဲတွင် အမှောင်စွမ်းအင် အားကောင်းသည့် အရာပေါင်းများစွာရှိ၏။
ရှဲ့ချောင်တစ်ယောက် ဟိုတွေဒီတွေး ဖြစ်နေတုန်းမှာပင် သူမရဲ့ အကြည့်က ရုတ်တရက် ကုတင်ခြင်ထောင်အကာဆီသို့ ရောက်သွားခဲ့သည်။
ခြင်ထောင်မှာ အသစ်ဖြစ်ပြီး ကြေးချိတ်နှစ်ချောင်းတောင် ပါသေးသည်။ ၎င်းတို့ဟာ ဟောင်းနွမ်းနေတဲ့ပုံပေမဲ့ ထိုအရာနဲ့ ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသလိုမျိုး ရှဲ့ချောင်မရေမရာ ခံစားမိနေသည်။ သူမ ထိုပစ္စည်းကို လက်ညှိုး
ထိုးလိုက်ရင်း “ကျွန်မ အဲ့ဒါကို ကြည့်မလို့ အောက်ချ ပေးလို့ရမလား”
နင်းပေ့မင်းသားမှာ သိပ်တော့နားမလည်ပေမဲ့ အစေခံမလေးတစ်ယောက်အား ချခိုင်းလိုက်သည်။
ရှဲ့ချောင် ကိုင်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။ “ဒါက… ပစ္စည်းဟောင်းတစ်ခုပဲ။ဒါကို မြေကြီးထဲက တူးထားတာ ဖြစ်မယ်။ ပြန်သုံးလို့ရနေတယ်ဆိုပေမဲ့၊ ဒီပစ္စည်းက ကံမကောင်းမှုတွေကို သယ်ဆောင်လာစေတယ်။သခင်လေးက နာမကျန်းဖြစ်နေတာ။ ဒီလိုဟာမျိုးကို မသုံးတာ အကောင်းဆုံးပဲ”
“မြေကြီးထဲက ဟာတဲ့လား” မင်းသမီးမှာ အံ့အားသင့်စွာနဲ့ ရေရွတ်လိုက်၏။
သူမ ယိုင်လဲကျလုနီးနီးပင် ဖြစ်သွားခဲ့ရသည်။
အိမ်မှာ အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေ ရှိနေမလားဆိုတာပဲ သူမ စစ်ဆေးခဲ့မိတာလေ!
“ဒီပစ္စည်းက ငါ့သားကို ထိခိုက်စေတာလား” မင်းသမီးက ဒေါသထွက် တုန်လှုပ်စွာနှင့် မေးလိုက်လေသည်။
“မဟုတ်ပါဘူး၊ ဒါပေမဲ့ ဆက်ခံသူငယ်ပေါ် လွှမ်းမိုးမှု တချို့တလေတော့ ရှိပါတယ်” ရှဲ့ချောင် ပြန်ဖြေလိုက်၏။
ရှဲ့ချောင်ရဲ့ အဖြေကို ကြားပြီးနောက် မင်းသမီးမှ သူမ စိတ်ကို ပြင်ဆင်လိုက်ပြီး “ဆက်ခံသူငယ်ရဲ့ သေတ္တာကို ယူလာခဲ့ကြစမ်း”
ခြင်ထောင်တစ်ခုရဲ့ ချိတ်ကတောင် ဒီလို လွှမ်းမိုးမှုမျိုး ရှိနေရင် တခြားပစ္စည်းတွေဆိုရင်ရော!
ဆက်ခံသူငယ်ဟာ နာမကျန်းဖြစ်ချိန်က စ၍ အပြင် ထွက်ပြီး ဆော့ကစားနိုင်ခြင်း မရှိတော့တဲ့ အတွက် အိမ်မှာသာ အရုပ်များဖြင့် ကစားခဲ့ရသည်။အဲဒီ ပစ္စည်းတွေကသာ ပြဿနာ ရှိနေတာဆိုရင် သူ ဘယ်လောက်ထိတောင် ဖြစ်သွားမှာလဲ?!
ပစ္စည်းတွေကို သယ်ထုတ်လာရန်မှာ သိပ်ပြီး မကြာလိုက်။ တရုတ်ရိုးရာကွင်းများနှင့်၊ စာအုပ်များ ပြည့်နေသော သေတ္တာကြီး တစ်လုံးပင်။
ယွမ်ချန်ကျစ်လည်း လျှောက်လာကာ “ဒီ ကြွေရုပ်ကိုကြည့်ရတာလည်း ပုံမှန် မဟုတ်ဘူး။ မြေကြီး
ထဲက တူးလာတာပဲဖြစ်မယ်”
ကလေးများဟာ ရွှံ့စေးရုပ်တွေနဲ့ကစားတတ်ကြတာ ပုံမှန်ပေမဲ့ ဤ ဆက်ခံသူငယ်ရဲ့ အရုပ်တွေကတော့ ပိုပြီး သန့်ရှင်းနေသည်။ အရုပ်အားလုံး ကြွေ သို့မဟုတ် ကြေး တွေနဲ့ ပြုလုပ်ထားပြီး တစ်ရုပ်ချင်းစီတိုင်းဟာ ပုံစံမျိုးစုံ ဖြစ်နေကာ ချစ်စရာကောင်းလှ၏။
သို့ပေမဲ့၊ ထိုပစ္စည်းတွေဟာ မြေကြီးထဲမှာ တစ်ခါ မြုပ်နှံဖူးပြီးသား ဖြစ်တာကြောင့် ဘယ်လောက်ပဲ သန့်ရှင်းပါတယ်ဟု ဆိုဆို အညစ်အကြေး အနည်းငယ်ကတော့ ကပ်တွယ်နေဆဲပင်။
ထိုပစ္စည်းတွေက မသန့်ရှင်းဘူးဆိုပေမဲ့ အငြိုးကြီး ဝိဉာဉ် ရှိနေတာတော့ မဟုတ်။
တခြား အရာတွေဟာလည်း ပြဿနာကြီးကြီးမားမားတော့ မရှိပေ။
သို့သော်၊ ထို ကြွေရုပ်တွေနဲ့တင် နင်းပေ့မင်းသားကို စိတ်ဆိုးမာန်ဆိုး ဖြစ်စေနေလေပြီ ဖြစ်၏ “ဒါတွေ ဘယ်က ရလာတာလဲ”
“ ဆက်ခံသူငယ် မြို့တော်ကို ရောက်လာတော့ အိမ်တာ်ထိန်းက….လမ်းဘေးကနေ ဝယ်လာခဲ့တာပါ၊ အကုန်လုံးကို ဆက်ခံသူ ကစားဖို့တစ်ခုခုရအောင်ဆိုပြီး ပေးခဲ့တာပါ” အစေခံမလေးက ကြောက်ကြောက်လန့်လန့်နဲ့ပြန်ဖြေလိုက်ငည်။
နင်းပေ့မင်းသား သွားကြိတ်လိုက်၏။
သူ ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းရမယ်။တစ်ယောက်ယောက်ကသာ ဒီလိုပစ္စည်းတွေသုံး
ပြီး သူ့သားကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေတာမျိုးဆိုလို့ကတော့ အဲ့လူကို အစိတ်စိတ် အမွှာမွှာ စုတ်ဖြဲပစ်မယ်!
“ဒါတွေက အရေးပါဆုံး ဟာတွေ မဟုတ်ဘူး” ရှဲ့ချောင် ခေါင်းခါလိုက်သည်။
“ကျ-ကျွန်တော် တစ်ခုလောက် ပြောချင်လို့ပါ” ဆက်ခံသူငယ် ဘေးက လက်တိုလက်တောင်းခိုင်းတဲ့ ကောင်လေးက ရုတ်တရက်ကြီး ဒူးထောက်လာ၏။ “စောစောက၊ သခင်ကြီးပြောသွားတဲ့ သခင်လေးနဲ့ ထိတွေ့ခဲ့မိတဲ့ ဆိုတဲ့ ပစ္စည်းတွေထဲမှာ ကျ-ကျွန်တော် သိတာ တစ်ခုတော့ ရှိပါတယ်”
“ဘာပစ္စည်းလဲ” နင်းပေ့မင်းသားက အလျင်စလို မေးလိုက်၏။
လက်တိုလက်တောင်း ကောင်လေးမှာ စိတ်လှုပ်ရှားနေကာ “ဒီကို လာတဲ့လမ်းမှာ ရွှေရောင် အဖုံးလေး တစ်ခုကို သခင်လေး ရခဲ့ပါတယ်။အဲ့ပစ္စည်းရဲ့ ပုံစံက တော်တော်လေး ထူးခြားတယ်။ စားပွဲပေါ်တင်ပြီးတော့လည်း ကစားလို့ရပါတယ်။ကြိုးသေးသေးလေး တစ်ချောင်းပါပြီး ထိလိုက်ရုံနဲ့တင် အထဲကနေ တချွင်ချွင်မြည်သံမျိုး ထွက်ပါတယ်…”
•••••