← Chapters

သတ်ပစ်တာ ခေါင်းဖြတ်ကွပ်မျက်တာ ကြိုက်သလိုလုပ်လို့ရတယ်

Vol. 22 Ch. 409

သတ်ပစ်တာ ခေါင်းဖြတ်ကွပ်မျက်တာ ကြိုက်သလိုလုပ်လို့ရတယ်

Vol. 22 Ch. 409

“ဆက်ခံသူငယ်က အဲဒီ ရွှေရောင်အဖုံးလေးကို တော်တော်သဘောကျတာပါ။ အကြီးဆုံးသခင်

လေးဆီကနေ ပစ္စည်းတွေ လက်ခံတာကို ကြင်ရာတော်မင်းသမီး မကြိုက်မှန်း ဆက်ခံသူငယ် သိလို့၊ သူ တိုးတိုးတိတ်တိတ်နဲ့ပဲ ကစားတာပါ….” လက်တိုလက်တောင်းခိုင်းတဲ့ ကောင်လေးမှာ ငိုတော့မည်ပုံပင်။

ကြင်ရာတော်မင်းသမီးရဲ့ မျက်နှာထားမှာ သုန်မှုန်နေကာ “အဲဒါ ဘယ်မှာလဲ”

လက်ပါးစေ ကောင်လေးက  ကုတင်အောက်ထဲ ဂရုတစိုက်နဲ့ ငုံ့သွားလိုက်၏။ထို့နောက် အောက်ခြေကနေ သေတ္တာလေး တစ်လုံးကို ယူထုတ်လိုက်ကာ ညင်ညင်သာသာနဲ့ ဖွင့်လိုက်၏။

ရှဲ့ချောင်နဲ့ ယွမ်ချန်ကျစ်တို့ ထိုသေတ္တာကို မြင်တဲ့ အခါမှာတော့ သူတို့ရဲ့ မျက်နှာထားတွေဟာ သိသိသာသာကို ပြောင်းလဲသွားခဲ့ကြတော့သည်။

“တကယ်ကို အဲဒီဟာပဲ” နှစ်ယောက်စလုံး ပြိုင်တူပြောလိုက်ကြ၏။

သိပ်သည်းလှတဲ့ မကောင်းဆိုးဝါး စွမ်းအင်ကြီးကို ယွမ်ချန်ကျစ် မြင်လိုက်ရသည်။ ဒါ့အပြင်  ရွှေရောင် အဖုံးကနေ ချက်ချင်းလွတ်ထွက်လာတဲ့  အငြိုးကြီး ဝိဉာဉ်တွေကို ရှဲ့ချောင် တွေ့လိုက်ရသည်။

အငြိုးကြီး ဝိဉာဉ်မှာ တစ်ကောင်တည်းတောင် မဟုတ်။

ခုနစ်ကောင် ရှစ်ကောင်လောက် ရှိ၏။

သို့သော် သူတို့က တစ်ကောင်တည်း သီးသန့် ဖြစ်နေတာမျိူး မဟုတ်။ အတူတူ စုထွေးနေကြတာ

မျိုး ဖြစ်၏။ သူတို့ရဲ့ ဦးခေါင်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲနေကာ သိသိသာသာကို ကြောက်စရာ ကောင်းလှသည်။

ထို အငြိုးကြီး ဝိဉာဉ်များမှာ တကယ်တော့ ဆယ်နှစ် အရွယ်  ကလေး များဖြစ်ကြ၏။

သူတို့ ရှဲ့ချောင်ကို စိုက်ကြည့်နေကြသည်။

ရှဲ့ချောင်ရဲ့ မျက်နှာထားမှာ တည်ငြိမ်နေလို့နေပြီး သူမရဲ့ ကြေးဓားကို ချက်ချင်း ထုတ်ယူလိုက်၏။

တံခါးတွေနဲ့ ပြတင်းပေါက်တွေဟာ မရပ်မနားနဲ့  တဖျပ်ဖျပ်ဖွင့်လိုက်ပိတ်လိုက်ဖြစ်‌နေသည်။

နင်းပေ့မင်းသားတို့ ဇနီးမောင်နှံဟာ အသုံးမဝင်

ဘူးဆိုတာ သိသာနေပေမဲ့  အိပ်ယာပေါ်မှာ  ရှိနေတဲ့ ဆက်ခံသူငယ်ကို ကာကွယ်ပေးနေကြဆဲပင်။

“နင်တို့တွေ စောစောစီးစီး သေသွားခဲ့ကြတာပဲကို ဘာလို့ နာနာခံခံနဲ့ ပြန်မဝင်စားကြတာလဲ။ဘာလို့ ဒီ သေမျိုးလောကမှာနေပြီး တခြားသူတွေကို ထိခိုက်အောင်လုပ်နေရတာလဲ” ရှဲ့ချောင် ဒေါသတကြီး မေးလိုက်သည်။

“ဗုံဝိုင်းကြီး၊ လာရိုက်လှည့်”

“ဒုန်း ဒုန်း ဒုန်း ဒုန်း”

“ခေါင်းထဲမှာ ဗလာဖြစ်နေတယ်”

“အဖေ၊ အဖေ ပုဆိန်ကို ယူလာတယ်။ ပန်းပွင့်နီ

တွေ ပွင့်လန်းနေတယ်”

“....”

ရှဲ့ချောင်ရဲ့ နားထဲမှာ ထူးဆန်းတဲ့ ဆူညံသံတစ်ခု မြည်ဟီးလို့နေ၏။

သူတို့ ဆက်တိုက်ကို သီဆို ကခုန် နေကြသည် တစ်ခဏ အတွင်းမှာပင် ခေါင်း ခုနစ်လုံး ရှစ်လုံးလောက်  ရှဲ့ချောင်ဆီ လှိမ့်လာကြ၏။ ခေါင်း‌အားလုံးဟာ သွေးများဖြင့် ဖုံးနေကာ မျက်လုံးများလည်း ပွင့်ရက်ကြီး ဖြစ်နေကြသေးသည်။

ရှဲ့ချောင် ကြက်သီးထသွားခဲ့၏။

“ကောင်းကင်က ကြယ်တွေ  ပြောင်းလဲမှုကို ကျင့်သားရသွားပြီ။ မကောင်းဆိုးဝါးတွေကို နှင်ထုတ်၊ နတ်ဆိုးတွေ ပေါင်းစည်းကာ သင့်ရဲ့ ဘဝကို ကာကွယ်ပါ။  ထာဝရ အသက်ရှင်တဲ့ ဝိဉာဉ် သုံးယောက်၊ သင့်ရဲ့ ဝိဉာဉ်ကဘယ်တော့ မှကျရှုံးမှာ မဟုတ်။ အခု ငါ့အမိန့်ကို နာခံစမ်း!”  ရှဲ့ချောင်  အဆောင်စာရွက်ကို ထုတ်ယူကာ ကပ်ချလိုက်၏။

ချက်ချင်းဆိုသလိုပင်၊ ထူးဆန်းသော သီဆိုသံများမှာ တိုးသွားဝောာ့သည်။

အဲ့ဒီနောက်၊ ရှဲ့ချောင် ထိုဦးခေါင်းများနှင့် စတင် တိုက်ခိုက်ခဲ့သည်။

နင်းပေ့မင်းသားနဲ့ အခြားသူများမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခြင်းမရှိ။ သူတို့ မြင်ရသည်က ဆရာမော့ချူးရှန်းတစ်ယောက်

ကြေးနီဓားကြီး  ကိုင်ထားရင်း အဆောင်စာရွက်တွေကို ဆက်တိုက် ကြဲနေပုံကိုသာ။ အဆောင်စာရွက်များမှာ မီးတောက်များ အဖြစ် လောင်မြိုက်သွားသလို ဘေးပတ်ဝန်းကျင်က အသံတွေဟာလည်း ရပ်တန့်သွားခြင်းမရှိခဲ့ပေ။

ပုံစံမှာ အလွန်ကြောက်စရာကောင်းနေပေမဲ့…..ခုနက ဆရာကြီးများနှင့် အ‌ဆောင်စာရွက်တွေထက်တော့ ပိုပြီး အစွမ်းထက်သည့်ပုံပင်။

ယွမ်ချန်ကျစ်မှာ သူမခြေထောက်အောက်က ခုနစ်စင်ကြယ်ပုံသဏ္ဍာန်ဖွဲ့စည်းပုံကို ကြည့်ရင်း သူ့ရဲ့စိတ်ထဲ တုန်လှုပ်သွားခဲ့သည်။

ဒီ ဆရာမော့ဆိုတဲ့သူက…. အန္တရာယ်နဲ့ ရင်ဆိုင်နေရတာတောင် တည်ငြိမ်တဲ့ မျက်နှာကို ဆက်ပြီး ထိန်းထားနိုင်စွမ်းရှိတာပဲ။

အပြင်လူတွေက သရုပ်ပြမှုကို ကြည့်နေချိန်၊ ကျွမ်းကျင်သူ ဆရာကြီးတွေကတော့ အရည်အချင်းကို ကြည့်ကြသည်။

ဆရာမော့ရဲ့ ဓားရေးအတတ်ဟာ ပြီးပြည့်စုံမှုအတိနဲ့ဖြစ်၏။သူမရဲ့ ခြေလှမ်းတိုင်းဟာ ပုံစံတကျဖြစ်နေ၍ အဆောင်စာရွက်တွေရဲ့ စွမ်းအားမှာလည်း အမြင့်မားဆုံးဖြစ်နေခြင်းသာ။

အံဩစရာပင်။ နေရာတကာမှာ လူတိုင်းနဲ့ ဆန့်ကျင်နေတဲ့ မော့လင်းကျစ်ဆိုတဲ့သူမှာ… ဒီလို တပည့်တစ်ယောက် ရှိနေခဲ့လိမ့်မယ်လို့.. သူ မထင်ထားခဲ့။

ဒီ ပုဂ္ဂိုလ်က တပည့်လား ဆရာတူညီမလား ဆိုတာ သူ အတပ်မသိ။ သို့သော် သူမနဲ့  မော့လင်းကျစ်တို့ဟာ ဂိုဏ်းတစ်ခုတည်းကသူတွေဆိုတာ

တော့ အသေချာပဲ။

ထိုစဉ် ရှဲ့ချောင်မှာ အငြိုးကြီး ဝိဉာဉ်များကို မြဲမြံစွာ ချုပ်နှောင်ထားနိုင်သွားလေပြီ။ 

လေထဲကနေ ထူးဆန်းသော အနံ့ကြီးရနေသည်မှာ တစ်ခုခု လောင်ကျွမ်းနေသလိုပင်။

“နင်တို့အားလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရတဲ့ အတွက် စိတ်မကောင်းပါဘူး၊ စိတ်မပူပါနဲ့၊ နင်တို့အားလုံးကို ဖမ်းချုပ်ပြီးသွားပြီဆိုတော့ နင်တို့ရဲ့ အငြိုးတွေကို ပျောက်အောင်ကူညီပြီး အေးအေးချမ်းချမ်းနဲ့ ပြန်ဝင်စားလို့ရအောင်ကူညီပေးမယ်၊ ဟုတ်ပြီလား”

“ငါတို့ ပြန်မဝင်စားချင်ဘူး၊ ပြန်မဝင်စားချင်ဘူး”

သူတို့ ပြန်ဝင်စားခဲ့မယ်ဆိုရင် မိဘထပ်ပြီး ရှိလာမှာ။ ဒါဆိုရင် သူတို့ ထပ်ပြီး နှိပ်စက်ခံရဦးမှာ။

အငြိုးကြီး ဝိဉာဉ်ငယ် အများစုမှာ ကြေကွဲဖွယ် အတိတ်ရှိကြတယ်ဆိုတာကို ရှဲ့ချောင်သိသည်။

“နင်တို့ ဒီတစ်ခါ ထိခိုက်စေခိုက်တဲ့သူက ဆက်ခံသူငယ်ပဲ။ သူရဲ့အဖေက နင်းပေ့မင်းသား။ နင်တို့မှာ မကျေနပ်ချက်၊ နာကြည်းချက်တစ်ခုခုရှိတယ်ဆိုရင် နင်းပေ့မင်းသားကို ပြောပြီး တရားမျှတမှုရအောင် လုပ်ခိုင်းလို့ရတယ်။ နင်တို့ မိဘတွေက ပြစ်မှု ကျူးလွန်ခဲ့တာဆိုရင်လည်း နင်တို့ စိတ်တိုင်းကျ သတ်ပစ်ခိုင်းတာ ခေါင်းဖြတ် ကွပ်မျက်ခိုင်းတာ လုပ်လိုက်လို့ရတယ်” ရှဲ့ချောင် ထပ်ပြောလိုက်၏။

•••••

All Chapters