သူတို့ မတရားခံခဲ့ကြရတယ်။
Vol. 22 Ch. 410
သို့သော် ရှဲ့ချောင်ထိုသို့ ပြောပြီးသည်နှင့် ထို အငြိုးကြီး ဝိဉာဉ်တွေရဲ့ မျက်နှာထားတွေဟာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
“အဖေ၊ အဖေ..”
“တကယ်လို့ အဖေ မှားခဲ့တယ်ဆိုရင်တောင်၊ ဘယ်လိုလုပ်ပြီး တခြားသူတွေ သတ်တာကို ခွင့်ပြုနိုင်မှာလဲ”
“အမေ့ကို မသတ်ပါနဲ့… သူ..သူက ငါ့ကို ပညာရှင်
တစ်ယောက် ဖြစ်စေချင်ခဲ့ရုံပါ” အငြိုးကြီး ဝိဉာဉ်ထဲမှ တစ်ကောင်က ငိုနေခဲ့သည်။
အမေဖြစ်သူက သူ့ကို ပညာရှင်တစ်ယောက် ဖြစ်စေချင်ခဲ့တာကြောင့်၊ သူ နာခံမှုမရှိတဲ့ အခါတိုင်း
သူ့ကို ရိုက်နှက်ကာ အစာငတ်ခံထားခဲ့၏၊ သူရဲ့ အမေက သူ့ကို တစ်ခါမှ ပွေ့ဖက်ဖူးခြင်းလည်း မရှိခဲ့။ မိသားစုနဲ့ သူ့အဖေကို မျက်နှာပျက်အောင် လုပ်တဲ့သူမျိုး မဖြစ်ရအောင် သူ့ကို အမြဲတမ်း စာပဲဖတ်ခိုင်းခဲ့ကာ ပါရမီရှင် ကလေးတစ်ယောက်ဖြစ်စေချင်ခဲ့၏….
သူတို့အားလုံးဟာ ကလေးတွေသာ ဖြစ်ကြသည်မို့၊ ဆိုးသွမ်းတဲ့ အခါလည်း တကယ်ကို ဆိုးသလို ဝမ်းနည်းတဲ့ အခါမှာလည်း အမှန်တကယ်ကို သနားစရာ ကောင်းလှသည်။
“အဖေက ကျွန်တော့်ကို မသေမချင်း ခုတ်ပစ်ခဲ့
တာ။ ကျွန်တော့်ကို သူ့ရဲ့ ပုဆိန်ကြီးနဲ့ သတ်ခဲ့တယ်… အစ်မ ကျွန်တော် ဘာများ လုပ်ခဲ့မိလို့လဲ။ ဘာများ လုပ်ခဲ့မိလို့လဲ”နောက်ထပ် ဝိဉာဉ်တစ်ကောင်က ပြောလာသည်။ အဲဒီနောက်မှာတော့ သွေးနဲ့မျက်ရည်တွေဟာ သူ့ရဲ့ မျက်လုံးတွေကနေ စီးကျလို့လာခဲ့၏။ သူရဲ့ ဒေါသနဲ့ နာကြည်းချက်တွေက အမြင့်ဆုံးကို ရောက်လို့နေ၏။ ရှဲ့ချောင်တောင်မှ ဆက်ပြီး မထိန်းထားနိုင်လုနီးနီး ဖြစ်သွားရသည်။
သူမရဲ့ ခန္ဓာကိုယ်က ဆက်ပြီး သည်းမခံနိုင်တော့။
“သူတို့ မှားခဲ့ကြတယ်။ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးကို ချစ်ခင်ပေး၊ ဂရုစိုက်ပေးသင့်တယ်။သူတို့ မင်းတို့ကို လမ်းညွှန်သင်ကြားပေးရမှာ။သူတို့ မလုပ်ဘူးဆိုရင် သူတို့မှာ အပြစ်ရှိတယ်။တကယ်လို့ သူတို့ ဘယ်သူလဲဆိုတာ မင်းတို့ ပြောပြမယ်ဆိုရင်၊ သူတို့ အသက်ရှင်နေသေးရင် နင်းပေ့မင်းသားကို သူတို့ ရဲ့ ပြစ်မှုအတွက်
အပြစ်ဒဏ်ပေးခိုင်းမယ်၊ သေသွားကြပြီဆိုရင်လည်း မင်းတို့ ကလဲ့စားချေလို့ရအောင် အတွက် မြေကြီးထဲကနေ ဝိဉာဉ်ကို ဆင့်ခေါ်ပေးနိုင်တယ်”
ရှဲ့ချောင် ပြောလိုက်၏။
သို့သော်လည်း မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကို ဆင့်ခေါ်ဖို့ဆိုတာက လွယ်တော့ မလွယ်လှ။
သူမ အနေနဲ့ မကောင်းဆိုးဝါးဝိဉာဉ်နဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတစ်ခုကို ရှာတာ ဒါမှမဟုတ် ထိုပုဂ္ဂိုလ်ရဲ့ အုတ်ဂူကို သွားဖို့လိုပြီး ဓမ္မတူရိယာ၊ အဆောင်စာရွက် စတာတွေကို သုံးပြီး ထိုသူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ရှင်းပြဖို့လို့သည်။
ဒါတင်မက မကောင်းဆိုးဝါး ဝိဉာဉ်ကို သူမ
ဆင့်ခေါ်ပြီးပြီဆိုလျှင် ထိုအရာကို အသုံးချပြီး မကောင်းတဲ့ အရာ တွေကို သူမ လုပ်လို့မရ။ သို့မဟုတ်ပါက သူမမိသားစုအား နှုတ်ဆက်ပွဲ လုပ်ရကိန်း ရှိသည်။
အငြိုးကြီး ဝိဉာဉ်မှာ ခဏတော့ နှုတ်ဆိတ်သွားခဲ့၏။
သူ စကားလည်း မပြောတော့သလို ထပ်ပြီး ခုခံတာမျိုးလည်း မရှိတော့။
ရက်ရက်စက်စက်နှင့် ခုတ်သတ်တာခံထားရသော အငြိုးကြီး ဝိဉာဉ်ဟာ ပုံမှန်ဆိုလျှင် ခေါင်းဆောင်ပင်။ သို့ပေမဲ့ အခုသူဟာ တည်ငြိမ်သွားပြီ ဖြစ်တာကြောင့် သူရဲ့ စွမ်းအင်ဟာလည်း အားနည်းလာလေသည်။
ရှဲ့ချောင်ချက်ချင်းပဲ ထိုအငြိုးကြီး ဝိဉာဉ်ကို ဖမ်းဆီးလိုက်သည်။
သူမ သူ့ကို ပုလင်းထဲဖမ်းထည့်လိုက်တဲ့အချိန်မှာ အသံတစ်သံကြားလိုက်ရ၏ “မမ ကျွန်တော် အဖေကောင်း အမေကောင်း လိုချင်တယ်။”
ထိုအချိန်၊ သူမရဲ့ လက်တွေ တုန်ယင်သွားခဲ့၏။
“ဆရာမော့” နင်းပေ့မင်းသားက သူမကို သံသယဖြစ်စွာနဲ့ကြည့်လိုက်ကာ “အဲဒါကို နှိမ်နင်းပြီးသွားပြီလား”
ဆရာမော့ အစောက ပြောသွားတဲ့ စကားလုံးတွေဟာ အတော်လေး ကြောက်စရာ ကောင်းတယ်ဆိုပေမဲ့၊ နင်းပေ့မင်းသားနဲ့ အခြားသူတွေဟာ မေ့ပစ်လိုက်ဖို့ကိုပဲ ရွေးချယ်ခဲ့ကြသည်။
“နှိမ်နင်းပြီးသွားပါပြီ” ရှဲ့ချောင် သူမရဲ့ စိတ်အခြေနေကို တည်ငြိမ်အောင် ထိန်းညှိလိုက်ပြီးနောက် ရွှေရောင်အဖုံးလေးကို ကောက်ယူလိုက်ကာ “ကျွန်မ ဒီပစ္စည်းကို ယူသွားလိုက်မယ်။ ဒီဟာလေးထဲမှာ အငြိုးကြီး ဝိဉာဉ်တွေက အချိန်အကြာကြီး ရှိနေခဲ့တာဆိုတော့ ကံဆိုးမှုတွေကို ဖယ်ဖျောက်ပစ်ဖို့လိုတယ်”
ကံဆိုးမှုတွေကို ဖယ်ရှားပြီးသွားတဲ့အခါ၊ သူမ ရွှေရည်ကြိုပြီးတော့ ဓမ္မတူရိယာအနေနဲ့ အသုံးပြုလို့ရနိုင်သည်။
“ဆရာကြီး ကြိုက်သလိုလုပ်ပါ” နင်းပေ့မင်းသားက ထိုအရာဟာ သိပ်ပြီး ဂရုစိုက်မနေဘဲ “အဲဒါက….ဘယ်လို မကောင်းဆိုးဝါးမျိုးလဲဆိုတာ ကျုပ်သိချင်မိတယ်။ တရားမျှတမှုကိုရှာပေးဖို့ ကျုပ်ကို တောင်းဆိုချင်တယ်ဆိုပြီး ပြောတာ
ကြားလိုက်မိလို့၊ တကယ်လို့ ကျုပ်သားကိုသာ ကင်းလွတ်ခွင့်ပေးမယ်ဆိုရင် ကျုပ် ချက်ချင်း လုပ်ပေးမယ်”
“ သူတို့က မိဘတွေဆီကနေ မတရားခံခဲ့ရတဲ့ ကလေးတွေပါ။ ဆက်ခံသူငယ်က အလိုလိုက် အကြိုက်ဆောင်ရတာကို ခံရတာကို မြင်တော့ မနာလိုဖြစ်ကြပြီး သူ့ကို ခေါ်သွားချင်ကြတာ။ ဒါပေမဲ့ သူတို့ အရည်အချင်းနဲ့ဆိုရင် ၊ ဆက်ခံသူငယ်ကို ခေါ်သွားဖို့ဆိုတာက အလွယ်လေးပဲ။သိပ်မကြာပါဘူး… ကျွန်မ အထင် ….ရှင်တို့ နှစ်ယောက် သခင်လေးကို ဘယ်လောက်ချစ်လဲဆိုတာကို မြင်ပြီး၊ သူတို့ စိတ်ပျော့သွားကြတာနေမယ်”
ဒါပေမဲ့၊ သူတို့က အငြိုးကြီး ဝိဉာဉ်တွေ ဖြစ်ပြီ မလို့၊ နောက်ဆုံးကျရင် သူတို့ကိုယ်သူတို့ သေလမ်းပို့မိဖို့က အလွယ်လေးပဲ။
သူတို့ စိတ်ပျော့သွားရင်တောင်မှ ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
“သဘောပေါက်ပြီ” နင်းပေ့မင်းသားက ထိုသို့ပြောပြီးနောက် သူ့သားကို အမြန်သွားကြည့်တော့သည်။
ဆက်ခံသူငယ်က အားနည်းနေဆဲ ဆိုပေမဲ့၊သူ့သားရဲ့ အသက်ရှုသံက ပိုပြီး တည်ငြိမ်လာတာကို သူတို့ ခံစားမိနိုင်သည်။ သူ့တို့ကြည့်နေတုန်းမှာပဲ၊ ဆက်ခံသူငယ်က နှုတ်ခေါင်းတရှုံရှုံဖြစ်လာကာ “ဗိုက်ဆာတယ်.. အမေ.. သား ဗိုက်ဆာတယ်.. သားဗိုက်ဆာတယ်”
ထိုအသံကို ကြားလိုက်ရသည်နှင့် မင်းသမီးမှာ အပျော်လွန်ပြီး မျက်ရည်များပင် ကျလာကာ “မြန်
မြန်လေး၊ တစ်ယောက်လောက် ယာဂုယူလာခဲ့ကြစမ်း”
“ကျွန်မတို့တွေ သမားတော် ပင့်ဖို့လိုသေးတယ်။မကောင်းဆိုးဝါး ဝိဉာဉ်က ဖယ်ရှားပြီးပြီဆိုပေမဲ့ သခင်လေးက ဆေးဝါးတွေကို မှီဝဲဖို့လိုနေသေးတယ်” ရှဲ့ချောင်က လေးလေးနက်နက် ပြောလိုက်၏။
•••••