← Chapters

သူတို့ရဲ့ ပတ်သက်မှုကို သွားပြီး ရောထွေး ပစ်လိုက်လို့မရ

Vol. 22 Ch. 412

သူတို့ရဲ့ ပတ်သက်မှုကို သွားပြီး ရောထွေး ပစ်လိုက်လို့မရ

Vol. 22 Ch. 412

နင်းပေ့မင်းသားသည် ရှဲ့ချောင်အတွက် ချက်ချင်း  အခန်း တစ်ခန်း စီစဉ်ခိုင်းလိုက်ပြီးတဲ့နောက် ယွမ်ချန်ကျစ်အား ကြည့်လိုက်၏။ ထိုပုဂ္ဂိုလ်ဟာ ထွက်သွားမယ့်ပုံမပေါ်တာကြောင့် သူ့အတွက်ပါ နောက်တစ်ခန်း စီစဉ် ပေးလိုက်၏။

ဘုန်းတော်ကြီး အတွက်ကတော့….

သူလည်း ဧည့်သည် အခန်းထဲမှာ နားနေခဲ့တာဖြစ်ပြီး  ဆရာမော့ အကူညီ လိုအပ်တဲ့ ပုံကို မမြင်တာကြောင့် ပြန်ဖို့ ပြင်ဆင်နေပြီ ဖြစ်သည်။

ယွမ်ချန်ကျစ်ဟာတော့ အရှက်မရှိစွာနဲ့ဘဲ ကျန်ရစ်ခဲ့လေသည်။

ရှဲ့ချောင်  သူမ အခန်းကို  ပြန်ပြီး အနားယူတဲ့ အခါ သူက အပြင်မှာ‌နေနေသည်။ တံခါးလည်း မ

ခေါက်သလို ထွက်လည်း မထွက်သွား။

ရှဲ့ချောင်သည်လည်း အခန်းထဲမှာပဲ အနားယူနေခဲ့၏။ သူမကတော့ သေချာပေါက် စကားစပြောလိမ့်မည် မဟုတ်။

စောစောတုန်းက သူမရဲ့အင်အား အမြောက်အများကို အသုံးပြုခဲ့ပြီးဖြစ်ပြီး ခြံဝန်းထဲမှာလည်း လှည့်ပတ်သွားလာနေကြတဲ့ ဝိဉာဉ်ပေါင်းများစွာရှိနေ၏။ အခုချိန်၌၊ သူတို့ သူမအနားမှာ စောင့်ကြည့်နေကြကာ

သူမကို ရရင် ရတဲ့ အချိန် ဝင်ပူးဖို့ အသင့်ဖြစ်နေကြသည်။

သို့ပေမဲ့ ထိုဝိဉာဉ်တွေ အနားကပ်သည်နဲ့ ကြက်ဖက သူရဲ့ အတောင်တွေကို တဖျပ်ဖျပ်ခပ်ကာ မောင်းထုတ်ပစ်လိုက်၏။

ဖျပ်!ဖျပ်!ဖျပ်!

အိမ်ထဲမှာ ဖရိုဖရဲဖြစ်လို့နေကာ သိပ်ပြီး မကြာလိုက် လှည့်ပတ်သွားနေကြတဲ့ ဝိဉာဉ်တွေ အကုန် ခြောက်ထုတ်ခဲ့လိုက်ရတော့သည်။

ယွမ်ချန်ကျစ်မှာ အထဲက ကြက်ဖရဲ့ လှုပ်ရှားသံတွေကို သာ ကြား‌နေရပြီး သူရဲ့ မျက်နှာထက်မှာ ထူးဆန်းတဲ့ သွင်ပြင် ပေါ်ပေါက်လို့လာခဲ့သည်။

သူမက မော့လင်းကျစ်ရဲ့ တပည့်ပဲ။သူတို့ အကုန် …တော်တော်လေး ထူးခြားကြတယ်။

အကျိူးသင့် အကြောင်းသင့် ပြောမယ်ဆိုပါက

သူ အပြင်ဘက်မှာ ‌စောင့်နေတာကို မြင်လျှင် သူမ အနေနဲ့ စကား ပြောဖို့ ထွက်လာသင့်သည်။ ဒါပေမဲ့၊ အခုတော့ သူမက ကြက်ဖတစ်ကောင်နဲ့ ကစားနေခဲ့လေသည်။ ထို ကြက်ဖကလည်း အတော်လေး အားကောင်းလှ၏။ သန့်စင်သော ယန်စွမ်းအင်များနှင့် ပြည့်နေကာ နိုးကြားတက်ကြွနေသည်။

ဤ ကြက်ဖဟာ တခြား သာမန်ကြက်ဖ များထက်ပိုပြီး အားမာန်တက်ကြွကာ မကောင်းဆိုးဝါး ဝိဉာဉ်တွေကိုလည်း မောင်းထုတ်နိုင်စွမ်း ရှိသည်။ ဒီနေ့လိုမျိုး ဖြစ်ဖို့ အတွက်   သူ့ကို ငယ်ငယ်ကတည်းက ထူးခြားတဲ့ အစားအစာတွေ   ကျွေးထားတာ ဖြစ်နိုင်သည်။ 

မော့လင်းကျစ်ရဲ့ တပည့်ကသာ ဒီလို အိမ်‌မွေးတိရစ္ဆာန်မျိုးကို မွေးပေလိမ့်မည်။

ရှဲ့ချောင်ရဲ့ မျက်နှာမှာ ဖြူဖျော့နေကာ ချွေးစေးများ တစ်စက်စက် ကျလို့နေသည်။ သူမ ပင်ပန်းလွန်းနေတာကြောင့် ဆေး‌တောင်‌သောက်လိုက်ရ၏။

သူမ ဒီတစ်ခါတော့ အငြိုးကြီး ဝိဉာဉ်တွေကို ဒေါသမထွက်နိုင်။ ဒီ အငြိုးကြီးဝိဉာဉ်တွေရဲ့ ‌နောက်ဘဝ အတွက် ကံကောင်းမှုတွေကို များများ စုဆောင်းပေးနိုင်ဖို့ အလုပ်ကြိုးစား ရလိမ့်မည်။

ပုံမှန်အားဖြင့် ဆိုလျှင်၊ သူမ ကိုယ်တိုင်အတွက်သာ ကံကောင်းမှုနဲ့ ကောင်းချီးတွေ ရအောင် စုဆောင်းလေ့ရှိသည်။  အငြိုးကြီး ဝိဉာဉ်တွေကို သူမ ဖမ်းမိခဲ့ရင်‌တောင် သူတို့ရဲ့ အငြိုးနဲ့ နာကြည်းမှုတွေကို ပယ်ဖျောက်ပေးနိုင်ရန် အတွက်ပဲ လုပ်ခဲ့တာ ဖြစ်၏။  ဒါပေမဲ့၊ အသက်ငယ်ငယ်နဲ့ အငြိုး

ကြီး ဝိဉာဉ်တွေအတွက်ကတော့ ကွာခြားပေသည်။ 

သူတို့က တခြားသူတွေကို ထိခိုက်စေခဲ့သည်။

သူမ သူတို့ရဲ့ အငြိုးတွေကို ပယ်ဖျောက်ပေးခဲ့ရင်တောင်မှ သူတို့ လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ပြန်ပေးဆပ်ရလိမ့်မည်။  သူတို့  နောက်ဘဝ တွေမှာ လူအဖြစ်ပြန်ဝင်စားနိုင်ခဲ့မယ်ဆိုရင်လည်း… မိဘကောင်း ရဖို့ဆိုတာကတော့ ဖြစ်တန်ဖွယ်ရာ မရှိပေ။

 ရှဲ့ချောင် တွေးထားသည်က သူတို့ရဲ့ အရောင်အဝါတွေ သန့်စင်ပြီးတာနဲ့ ကြမ္မာဥယျာဥ် ဆိုင်တွင် တောက်တိုမယ်ရ လုပ်ခိုင်းပြီး၊ ကောင်းမှုတွေ များများ လုပ်ခိုင်းမည်ဟုပင်။ သူတို့ရဲ့ အပြစ်ကြွေးကိုတော့ ပြန်ဆပ်နိုင်ကောင်းရာ၏။ ဒီ

တော့မှသာ ဆက်ခံသူငယ်လိုမျိုး အင်မတန် ချစ်ခင်ပေးတဲ့ မိဘနဲ့ မဆုံရ‌ရင်တောင် ညှင်းပန်းနှိပ်စက် မခံရဘဲနဲ့ တည်ငြိမ်တဲ့ ဘဝနဲ့ ကောင်းကောင်းမွန်မွန် နေသွားဖို့ မျှော်လင့်ရတာပင်။

ရှဲ့ချောင် အသက်ရှူထုတ်လိုက်ပြီးနောက် မူးနောက်နောက်ဖြစ်သွားသလို ခံစားလိုက်ရ၏။

ဒေါက်၊ ‌ဒေါက် ၊ ‌ဒေါက်

တစ်နာရီ ကြာပြီးသွားတဲ့ အခါမှ‌တော့ ယွမ်ချန်ကျစ် ဆက်ပြီး စောင့်မနေနိုင်တော့ဘဲ တံခါးခေါက်လိုက်လေ၏။

သူ တော်တော် တော့ စိတ်ရှည်၏။ အကြာကြီး မတ်တပ်ရပ်စောင့်နေခဲ့ရတာတောင်၊ လုံးဝကို

ပင်ပန်းတယ်ဟု မခံစားရပေ။

ရှဲ့ချောင် တံခါးဖွင့်လိုက်သည်။

ယွမ်ချန်ကျစ်က ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်ရင်း “ဆရာမော့ရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခွင့်ရတာ ကျုပ်တော်တော် ကံကောင်းတာပဲ။ဒါကြောင့် မင်းရဲ့ အကြံဉာဏ်ကို ရလိုရငြား ဒီကို လာခဲ့တာပါ…”

“အို” 

ရှဲ့ချောင် ခေါင်းညိတ်လိုက်ရင်း 

“ ထိုင်ပါဦး”

သူမရဲ့ မျက်နှာအမူအရာမှာ တည်ငြိမ်လို့နေသည်။

ရှဲ့ချောင် တစ်ယောက် အခြေအနေကောင်းနေပုံမပေါ်ပေမဲ့ သူမရဲ့ မျက်နှာထားက‌တင်းမာနေတာကို ယွမ်ချန်ကျစ် တွေ့လိုက်ရသည်။ ဘာလို့လဲ ဆိုတာ သူ မသိပေမဲ့ သူရဲ့ ခုနက ခန့်မှန်းချက်ကို ပြန်‌စဉ်းစားမိပြီး  မနေနိုင်ဘဲ မေးလိုက်၏။ 

“မင်း မော့လင်းကျစ်ကို သိလား”

“သူက ကျွန်မရဲ့ ဆ…”။  ရှဲ့ချောင် ရပ်လိုက်ပြီး “ဆရာတူ အစ်ကိုပါ”

သူက သူမရဲ့ ဆရာတူ ဦးလေးပင်။

အမှန်ပဲ၊ သူမ ဆက်နွယ်မှုတွေကို သွားပြီး ရှုပ်အောင်လုပ်လိုက်လို့ မဖြစ်ဘူး။

“ဒါပေမဲ့ မော့လင်းကျစ်မှာ ဆရာတူ ညီမ ရှိတယ်လို့ .. ကျုပ်မကြားမိသလိုပဲ” ယွမ်ချန်ကျစ်မှာ အနည်းငယ် ပဟေဠိဖြစ်နေကာ “ အရင်က ကျုပ် မော့လင်းကျစ်ကို တွေ့ဖူးတယ်၊သူက ရွှေ့ယွဲ့တာအိုကျောင်းရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ပြီးတော့ သူ့ဆရာကလည်း ဟိုးအရင်ကတည်းက ကွယ်လွန်သွားခဲ့ပြီ၊ မင်း….”

သူမ ဘယ်ကလာတာလဲ?

“သူရဲ့ ပျောက်ဆုံးနေတာကြာပြီ ဖြစ်တဲ့ ညီမပါ..” ရှဲ့ချောင်မှာ အတည်ပေါက်နှင့် “ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာလောက်ကပေါ့.. အဟမ်း၊ ဆရာက ချောက်ကမ်းပါးကနေ ပြုတ်ကျမလိုဖြစ်တုန်းက ကျွန်မအဖွားက ကယ်ပေးခဲ့တာလေ၊

ကျွန်မအဖွားရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ ဆိုပြီး၊ အဟမ်း.. ကျွန်မရဲ့ ဆရာတစ်ယောက်အဖြစ်နဲ့  သူ့ကို အသိအမှတ် ပြုစေခဲ့တာပါ။ ကျွန်မကို ပညာတွေ သင်ပေးပြီး သွားတဲ့နောက်တော့ သူထွက်သွားခဲ့တယ်။ နောက်တော့ ကျွန်မ တောင်ပေါ်ကနေ ထွက်လာတဲ့ အချိန် ကျွန်မ ဆရာ ကွယ်လွန်သွားခဲ့တာ မလို့ ကျွန်မရဲ့ ဆရာတူ အစ်ကိုကိုပဲ အားကိုးခဲ့ရတာ.. အဟမ်း..”

ရှဲ့ချောင် အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေလေသည်။ 

••••

All Chapters