← Chapters

ဆရာ အဖြစ်အသိအမှတ်ပြု

Vol. 22 Ch. 413

ဆရာ အဖြစ်အသိအမှတ်ပြု

Vol. 22 Ch. 413

ယွမ်ချန်ကျစ်မှာ ရှဲ့ချောင် ပြောသွားတဲ့ စကားတွေကို သိပ်ပြီးတော့ ယုံနေတာတော့ မဟုတ်။

တစ်ခုခု လွဲနေတယ်လို့ ထင်နေပေမဲ့လည်း ဘာက လွဲနေတယ်ဆိုတာလည်း သူ မပြောနိုင်။

နောက်ပြီး ဒီ တာအိုဆရာက ရည်မွန်ပြီးတော့ စကားကို ဖြေးဖြေးအေးအေးပဲ ပြောနေသည်မလို့ သူမက ယုံကြည်ချင်စရာ ကောင်းနေ၏။

“အခု ဆရာ မော့လင်းကျစ်ရဲ့ ကျန်းမာရေး အခြေနေကရော ဘယ်လိုလဲ” ယွမ်ချန်ကျစ်က ယဉ်ယဉ်ကျေးကျေးနဲ့ မေးလိုက်သည်။

 ရှဲ့ချောင် ခပ်ဖွဖွ ပြုံးလိုက်ကာ “ကျန်းကျန်းမာမာပါပဲ” 

ယွမ်ချန်ကျစ်မှာ နည်းနည်းတော့ ရှက်နေ၏။သူ့ ရှေ့မှာ ရှိနေတဲ့ မော့ချူးရှန်းကို ကြည့်ရင်း သူ ဘယ်လို ပြောလို့ပြောရမယ်မှန်း မသိတော့။ 

တစ်ခဏလောက် တွေးဆပြီးတဲ့နောက် “ကျုပ်က ယွီရွှီး  ဘုရားကျောင်းကပါ။  နောင်တစ်ချိန် ‌ကျုပ်တို့ချင်း တာအိုကျင့်စဉ်နည်းလမ်းတွေ ဆွေးနွေးလို့ရအောင် မင်းရဲ့ လိပ်စာ ပေးခဲ့‌ပါလား…”

“အရှေ့ဘက်လမ်းမှာ ရှိတဲ့ ကြမ္မာဥယျာဉ်က ကျွန်မရဲ့ဆိုင်ပါ။ ရှင်တစ်ခုခုလိုအပ်တာရှိရင်၊ ဆိုင်ရှင် ချန်ကို သွားရှာလို့ရပါတယ်”

 ရှဲ့ချောင်က လိုရင်းတိုရှင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သူမ ပါးစပ်ကို အုပ်ကာ နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ရင်း အနည်းငယ် အားနည်းနေဟန်နှင့်

 “ယွီရွှီး တာအို ကျောင်းက ဝေးတယ်ဆိုရင်တော့….. ဈေးက နည်းနည်းတော့  မြင့်လိမ့်မယ်၊  အလျင်လိုစရာ မရှိဘူးဆိုရင်၊ ကျွန်မ  မြို့တော်ထဲက အလုပ်ကိုပဲ လက်ခံတယ်….”

ယွမ်ချန်ကျစ် တုန်လှုပ်သွားသည်။

သူတို့ တစ်ယောက်နဲ့ တစ်ယောက်သိအောင် လုပ်နေရင်းနဲ့ တာအိုကျင့်စဉ် နည်းလမ်း တွေ အကြောင်းကို  ပြောနေတဲ့ဟာကို ဘာလို့သူမက ပိုက်ဆံ စုဖို့ လိုတယ်ဆိုတာကို ပြောနေရတာလဲ။

“ဘာဖြစ်လို့လဲ”  ရှဲ့ချောင်ကတော့ သူမ လွဲနေတယ်လို့ မခံစားရတာကြောင့်

 “ဒီကဆရာလည်း၊ ဒီကို  ဆုကြေး အတွက် လာခဲ့တာမလား”

သူမ ပိုက်ဆံတွေကို စုဆောင်းနိုင်ဖို့ကြိုးကြိုးစားစားလုပ်ရမှာလေ၊ ဘာများ မှားနေလို့လဲ။

ယွမ်ချန်ကျစ် နှုတ်ခမ်းသပ်လိုက်မိ၏။

မှန်နေတာပဲ…

“  ကျွန်မက ပုံမှန်ဆို အလုပ်ရှုပ်တယ်၊ ပိုက်ဆံ အတွက် မဟုတ်ရင်  လျှောက်ပတ်သွားနေတာမျိူး မလုပ်ချင်ဘူး။ ပင်ပန်းတယ်လေ”

 ရှဲ့ချောင် သက်ပြင်းချလိုက်ကာ “တခြားထွေထွေထူးထူး မရှိတော့ဘူးဆိုရင်တော့၊ ဆရာကြီး ဘာလို့ အနားမယူတာလဲ။  ကျွန်မကတော့ နည်းနည်း ပင်ပန်းနေတုန်းပဲမလို့ အနားယူဖို့ လိုတယ်” 

ရှဲ့ချောင်ရဲ့ မျက်ဝန်းတွေမှာ အလိုမကျမှုများနှင့် ပြည့်နေကာ သူမ အနားယူနေတာကို လာပြီး  နှောင့်ယှက်နေတာကို မနှစ်မြို့သလိုမျိုးပင်။

ယွမ်ချန်ကျစ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်မှာ တော်တော်ကြာနေပြီ ဖြစ်၏။

သူ မြန်မြန် ထွက်သွားတော့သည်။

ရှဲ့ချောင် တန်းပြီး တံခါးကို ပိတ်ချလိုက်၏။ 

သူမ ခုတင်ပေါ် ပစ်လှဲလိုက်ကာ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားတော့သည်။

“တကယ်ကို ထူးဆန်းတာပဲ။ သူမရဲ့ မျက်နှာနဲ့ အရိုးတွေက ဘာလို့  ကိုက်ညီမှု ရှိမနေရတာလဲ” ယွမ်ချန်ကျစ် ရုတ်တရက် သတိရသွား၏။

တာအိုဆရာမမော့က လိမ်နေတဲ့သူတစ်ယောက်

လို့ ခံစားမိနေတာ ထူးတော့ မထူးဆန်းတော့ပါဘူး။

ဘာလို့လဲဆိုတော့ သူမရဲ့ မျက်နှာက ကံမ‌ကောင်းနေတဲ့ အတွက်ကြောင့်ပဲ။

ဒါပေမဲ့၊ ဒီ မျက်နှာကို ကြည့်တော့လည်း ဘာမှ လွဲနေတာမျိူးမရှိ။ သို့သော်၊ လူတစ်ယောက်ရဲ့ ကံကြမ္မာ ကို  အရိုး၊ လက္ခဏာ၊ အသံ၊ ဝိဉာဥ် စတဲ့ ရှုထောင့်မျိုးစုံက ကြည့်လို့ရသည်။ အစောတုန်းက၊ မော့ချူးရှန်းရဲ့ မျက်နှာက ကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့ ထင်ဟပ်နေတဲ့ မျက်နှာ မျိုးဖြစ်နေပေမဲ့လည်း  လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အခြားသူတစ်ယောက်ရဲ့ မျက်နှာကို ကောက်တပ်ထားသလိုမျိုး ဖြစ်နေသည်။သူမ ခန္ဓာကိုယ်တစ်ခုလုံးကနေ ထူးဆန်းတဲ့ အငွေ့အသက်တွေ ခံစားနေရ၏။

သို့သော်၊ တာအိုဆရာတွေဟာ တည်ငြိမ်ကြကာ မတုန်လှုပ်တတ်ကြတဲ့ စရိုက်မျိုး ရှိကြ၏။ သူတို့ရဲ့ အတွေးအကြံတွေကို ဖုံးကွယ်ထားပြီး အမူအကျင့်တွေကို ထုတ်ပြတတ်တဲ့သူမျိုးဆိုတာရှိပါ့မလား။

တကယ်ကို ထူးဆန်းတယ်။

ယွမ်ချန်ကျစ် တစ်ယောက် အဖြေရှာလို့ မရနိုင်။

တစ်ဖက်တွင်လည်း၊ ဆက်ခံသူငယ်ရဲ့ ကျန်းမာရေး အခြေနေဟာ ကောင်းသထက် ကောင်းမွန်လို့လာခဲ့သည်။

မင်းသမီးကိုယ်တိုင် ဆက်ခံသူငယ်ကို ယာဂု ခွံ့ကျွေးနေခဲ့ပြီး တစ်ပန်းလုံး ကုန်သည်အထိ စားနိုင်ခဲ့၏။ အရင်ကထက် ပိုကောင်းလာသောလက္ခဏာ

ပင်။ဒါတင်မက ယာဂု သောက်ပြီးသွားတဲ့‌နောက် မျက်လုံးပင် အနည်းငယ် ဖွင့်လာနိုင်ပြီး စကားလုံး တချို့ပါ ပြောလာနိုင်သည် 

ဒီလို ကြီးမားတဲ့ ပြောင်းလဲမှုကြီးကြောင့် မင်းသမီးမှာ  အပျော်လွန်ပြီး မျက်ရည်များပင် ကျလာခဲ့ရကာ ပိုပြီး တက်တက်ကြွကြွ ဖြစ်လာခဲ့သည်။

သူမ စိတ်ထဲကနေ မော့ချူးရှန်းကို တိတ်တဆိတ် ကျေးဇူး တင်နေမိသည်။

“ ‌ခုနတုန်းက၊သူမက အမျိုးသမီးတာအိုဆရာမတစ်ယောက်ဖြစ်ပြီး အရည်အချင်း သိပ်မရှိဘူးလို့  ကျွန်မ ထင်ခဲ့မိတာ။ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ မထင်ထားဘူး။အရှင့်သား ကျွန်မ စဉ်းစားထားတာ ဆရာမမော့ကို ဖိတ်ပြီး

သားငယ်လေးရဲ့ ဆရာ အဖြစ်ထားရင် ကောင်းမလားလို့။ သားလေးကို တာအိုကျင့်စဉ်တချို့ကို သင်ပေးနိုင်ပြီးတော့ စိတ်နဲ့ ခန္ဓာကိုယ်ကိုရောပေါ့….” မင်းသမီးကြီးရဲ့ အသံမှာ တည်ငြိမ်နေတယ်ဆိုပေမဲ့ သူရဲ့ အသံကနေ သူအ ဘယ်လောက်ထိ မျှော်လင့်တကြီး ဖြစ်နေလဲတိုတာ ခံစားမိနိုင်သည်။

“မင်း သဘော အတိုင်းပါ။ ဒါပေမဲ့ ဒီလို ပညာရှင်တွေက အမွေဆက်ခံမယ့်သူတစ်ယောက်က ပုံမှန် ရှိတတ်ကြပြီးတော့ လွယ်လွယ်နဲ့ တပည့် လက်ခံလေ့မရှိကြဘူး။ ကိုယ်တို့ ယဉ်ယဉ်ကျေးကျေးနဲ့ တောင်းဆိုဖို့တော့ လိုတယ်။သူမ ဆန္ဒမရှိဘူးဆိုရင်လည်း ကိုယ်တို့ တွန်းအားပေးလို့မရဘူး။ ကိုယ်တို့ သူမရဲ့ တာအို ဘုရားကျောင်းက ဘယ်မှာ ရှိလဲ မသိတာ ခက်တာပဲ။ မဟုတ်ရင် ကိုယ် သွားပြီးတော့  အလှူငွေလေး ဘာလေး လှူပေးလို့ရတယ်” နင်းပေ့မင်းသားကလည်း လေးလေးနက်နက် ပြောလာခဲ့သည်။

မင်းသမီးကတော့ ထို တာအိုဆရာ တပည့်လက်ခံဖို့ မျှော်လင့်နေဆဲပင်။

အမည်ခံ  တပည့်တစ်ယောက် ဖြစ်နေရင်တောင်ရသည်။

သူမ အခုဖြစ်ပျက်သွားတဲ့ ကိစ္စ တွေနဲ့ ပတ်သက်ပြီး အမှန်တကယ်ကို စိုးရိမ်ပူပန်နေ၏။ သူမ နဂိုက ထင်ထားခဲ့သည်က လောကကြီးထဲက လူယုတ်မာတွေဟာ တခြားသူတွေကို အဆိပ်ခတ် အမှုဆင်ရုံလောက်ပဲဟု ထင်ထားခဲ့တာ ဖြစ်သည်။  အခုလိုမျိုး ပိုပြီး ယုတ်မာရက်စက်တဲ့ နည်းလမ်းရှိနေလိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့။

မကောင်းတဲ့ လူတစ်ယောက်က လုပ်ခဲ့တာ မဟုတ်လျှင်တောင် သူမသားက သူ့သက်တမ်းတစ်လျှောက် မတော်တဆမှုတွေနဲ့ အမြဲတမ်း ကြုံ

နေရဦးမှာပင်။နောင်တစ်ချိန်ကျ ထပ်ပြီး မကောင်းတဲ့သူနဲ့ ရင်ဆိုင်ရရင် ဘယ်လိုလုပ်မလဲ။

 သူ့ဘေးမှာ ပညာရှင်တစ်‌ယောက် ရှိနေမယ်ဆိုရင်ပိုပြီး စိတ်ချရလိမ့်မယ်။

သူမ တွေးတော နေတုန်းမှာပင် အပြင်က တစ်စုံတစ်ယောက်ရဲ့ အသံက ထွက်ပေါ်လာခဲ့၏ “အကြီးဆုံး သခင်လေး ရောက်လာပါပြီ”

••••

All Chapters