မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။
Vol. 22 Ch. 414
မင်းသမီးရဲ့ နဂိုက ပူပန်နေသော မျက်နှာဟာ ချက်ချင်းကို အေးစက် ခက်ထန် သွား၏။
မင်းသား နင်းပေ့လည်း အလားတူပင်။ သုန်မှုန်နေသော မျက်နှာဖြင့်
“သူ့ကို ဝင်လာခိုင်းလိုက်”
ဟု ပြောလိုက်၏။
မင်းသား နင်းပေ့၏ အကြီးဆုံးသားဖြစ်သူ ကျောက်ရွှီကျီး ပင်။
သူဟာ ရည်မွန်တဲ့သူတစ်ယောက် ဖြစ်ကာ အလွန်အင်မတန်ကို မှ ချောမော ကြည့်ကောင်းသူတစ်ဦး ဖြစ်၏။
မင်းသားဟာ အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်နေပေမဲ့ အခုထိ ဇနီး တစ်ယောက်မှ မရှိသေးပေ။ အာရုံစိုက်မှု အလွန်အမင်းခံနိုင်ရခြင်းမှ ရှောင်နိုင်ရန် အတွက် တော်ဝင်မိသားစု မှ မျိူး
ဆက်များသည် နောက်ကျမှသာ လက်ထပ်လေ့ရှိ၏။ အခု သူ အသက် ၁၈၊ ၁၉ နှစ် အရွယ် ရောက်နေပြီ ဖြစ်ပေမဲ့ လက်မထပ်ရသေးပေ။
ကျောက်ရွှီကျီး သူညီရဲ့ ခြံဝန်းထဲဝင်ဖို့ ခွင့်ပြုချက်ရသွားခဲ့သည်။
အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားတဲ့ သူရဲ့ ဇာမဏီ သဖွယ် မျက်ဝန်းတွေက ဆွဲညှို့မှုအပြည့်နဲ့ပင်။ သူဟာ အိမ်ရှေ့စံမင်းသားနဲ့ ဆင်တူပေမဲ့ သူက နူးညံ့ပြီး တည်ကြည်ပုံ ပိုပေါ်သည်။ သူက အိမ်ရှေ့စံမင်းသားလိုမျိုး မဟုတ်။ အေးတိအေးစက်နိုင်ပေမဲ့ အတော်လေး ဩဇာညောင်းသည့်ပုံပင်။
မင်းသား နင်းပေ့မှာ သူ့ရဲ့ ထူးချွန်လှတဲ့ သားကို ကြည့်ရင်း စိတ်ခံစားချက်တွေ ရောထွေးသွား
ရ၏။
နောက်ပြီး၊ ဘယ်လိုပဲနေနေ သူရဲ့ သား တစ်ယောက်ဖြစ်နေတဲ့ အတွက် ချစ်ခြင်း မေတ္တာ နည်းနည်းလေးတောင် မရှိဘူးဆိုတာက မဖြစ်နိုင်ဘူးလေ။သို့သော် ၊ကိုယ်လုပ်တော်ရဲ့ သားဟာ ကိုယ်လုပ်တော်ရဲ့သားပဲမလို့ ဇနီး တစ်ယောက်က မွေးလာတဲ့ သား ထက်ပိုသာလွန်ပြီး ချစ်ဖို့ ဆိုတာကလည်း လုံးဝ မဖြစ်နိုင်ပေ။
ယခင်အချိန်က၊ သူ့ဇနီးမှာ ကလေး မရရှိခဲ့။ သူရဲ့ သားကြီးသာ ဆက်ခံသူမင်းသားတစ်ယောက်ဖြစ်လာဖို့ သူ ပြင်ဆင်ထားတယ် ဆိုပေမဲ့လည်း သူ့ရဲ့ ကံကြမ္မာဖန်လာဖို့ကို စောင့်ဆိုင်းခဲ့သည်။
သူ မမျှော်လင့်ထားခဲ့သည်က နောက်ထပ်
သားတစ်ယောက် ထပ်ပြီး မွေးနိုင်ခဲ့ လိမ့်မယ်လို့ပင်။
“ အဖေနဲ့ အမေကို ဂါရဝ ပြုပါတယ်” ကျောက်ရွှီကျီး မှာ အင်မတန်ကို လေးစား သမှု ရှိလှ၏။
မင်းသားနင်းပေ့ကတော့ သိပ်ပြီး သဘောကျနေပုံမပေါ်၊ သူ့သားကို မထခိုင်းသေးဘဲ “ယွီကျီးရဲ့ ကျန်းမာရေး အခြေနေက တိုးတက်လာပြီ။ သမားတော် ပြောတာကတော့ သူသာ ကောင်းကောင်း ဂရုစိုက်မယ်ဆိုရင် နောက်နှစ်လ သုံးလလောက်မှ အရင်ကလို ပြန်ဖြစ်နိုင်တော့မယ်တဲ့..”
“တကယ်လား၊ ကောင်းလိုက်တာ။ဒုတိယ ညီလေး ခမျာ လွန်ခဲ့တဲ့ ရက်တွေ တလျှောက်လုံး အိပ်ယာထဲမှာပဲ လဲနေခဲ့ရပြီးတော့ တော်တော်လေးလည်း ဝေဒနာခံစားခဲ့ရတယ်။သူ့ရဲ့ အစ်ကို
ကြီး တစ်ယောက်အနေနဲ့ ကျွန်တော်လည်း နာကျင်ရသလို အိပ်မပျော်စား မဝင်ဖြစ်ရပါတယ်” ကျောက်ရွှီကျီးရဲ့ မျက်နှာထက်တွင် ချက်ချင်းဆိုသလို အံအားသင့်သွားတဲ့ အမူအရာ ထင်ဟပ်လို့သွား၏။
မင်းသား နင်းပေ့မှာ သူ့သားကြီးရဲ့ တုံ့ပြန်ပုံကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး အံ့ဩသွားပုံက ဟန်ဆောင်နေတဲ့ ပုံမပေါ်တာကြောင့် သူရဲ့ မျက်နှာထားက နည်းနည်း ပိုကောင်းလာခဲ့၏။
“ဒီနေ့၊ ငါ ဆရာကြီး တချို့ကို ခေါ်ခဲ့ပြီးတော့ မင်းညီကို ထိခိုက်စေတဲ့ ပစ္စည်း ရှိနေတယ်ဆိုတာ တွေ့ခဲ့တယ်။ ပစ္စည်းကိုတော့ ဆရာက ယူသွားပြီ၊ ဒါပေမဲ့ အဲ့ဒါက မင်းပေးထားတဲ့ လက်ဆောင် ပစ္စည်းလို့ကြားတယ်….”
မင်းသား နင်းပေ့ရဲ့ စကားဆုံးသည်နှင့် ကျောက်ရွှီကျီ မှာ ထိတ်လန့်စွာနဲ့ ကြည့်လိုက်ရင်း
“ကျ-ကျွန်တော် သူ့ကို ပေးခဲ့တဲ့ဟာ? ဒါ-ဒါပေမဲ့ ကျွန်တော်သူ့ကို ပေးတဲ့ ပစ္စည်းတွေ အားလုံးကို နန်းတွင်းသမားတော် စစ်ဆေးထားပြီးသား မဟုတ်လား?”
“အဆိပ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲ့ထဲမှာ မသန့်စင်တဲ့ အရာတစ်ခု ရှိနေတယ်”
မင်းသား နင်းပေ့က စကားများများ ပြောမနေဘဲ “မင်း အဲဒီ ရွှေရောင်အဖုံးလေးကို မှတ်မိသေးလား။မင်း အဲဒါကို ဘယ်ကရခဲ့တာလဲ။ ဘာလို့ ယွီကျီးကို ပေးခဲ့ရတာလဲ။ မင်းမှာ… ဘာရွည်ရွယ်ချက်တွေ ရှိနေတာလဲ?”
သူရဲ့စကား အဆုံးမှာ၊ မင်းသားနင်းပေ့ဟာ ခက်ထန်ပြီးနှလုံးသား မရှိတဲ့ သူတစ်ယောက်ပမာ
ဖြစ်သွားခဲ့တော့၏။
“ရွှေရောင်အဖုံး…”
ကျောက်ရွှီကျီး တစ်ယောက် ရေရွတ်လိုက်ပြီးနောက် ချက်ချင်းကို ကြမ်းပြင်မှာ ဒူးထောက်ချလိုက်တော့သည်။
“ကျွန်တော် သေသင့်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ်။ ဒီကို လာတဲ့ လမ်းမှာ ဒုတိယ ညီလေး မပျော်မရွှင်ဖြစ်ပြီး ခရီးလမ်းက ပျင်းစရာ ကောင်းတဲ့လို့ ထင်နေတာကို တွေ့လို ပျော်စရာ ကောင်းတာ တစ်ခုခု ရှာပေးချင်ခဲ့တာပါ။ အဲ့အချိန်က ကျွန်တော် မြို့ငယ်လေး တစ်ခုကို ဖြတ်သွားတုန်း အပေါင်ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တော့ ကျွန်တော်လည်း ဝင်သွားကြည့်လိုက်တာ။ အဲ့ဒီမှာ ရွှေရောင် အဖုံးလေးကို ချက်ချင်း သဘောကျမိသွားခဲ့တာပါ။ ကျွန်တော်လည်း ယူလာခဲ့လိုက်ပြီးတော့ ညီလေးကို ဒီ အတိုင်း ကောက်ရခဲ့တာပါ ဆိုပြီး ပြောခဲ့တယ်။ ဒုတိယညီလေးက
ကျွန်တော် ကံကောင်းတယ်ဆိုပြီး ပြောနေပါသေးတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး တောအုပ်ထဲ လျှောက်ပတ်သွားပြီး ရတနာ ရှာတဲ့ ကစားနည်းကို ကစားခဲ့သေးတယ်။"
“အဲဒီ ရွှေရောင် အဖုံးလေးက တစ်ခုခုဖြစ်နေခဲ့မယ်ဆိုတာ ကျွန်တော် တကယ် မသိခဲ့ပါဘူး”
ကျောက်ရွှီကျီး ခေါင်းငုံ့ချလိုက်သည်။
သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လို့နေကာ ကြောက်လန့်နေပြီး သနားစရာကောင်းတဲ့ သူတစ်ယောက်ပမာ ဖြစ်နေခဲ့၏။
သူ့ရဲ့ သားအရင်းက အခုလို နှိမ့်ချပြီး မဝံ့မရဲ ဖြစ်နေတာကို မြင်ရတော့ မင်းသားနင်းပေ့မှာ စိတ်ထဲ မသက်မသာ ဖြစ်သွားရတော့သည်။
မင်းသမီးကတော့ အေးတိအေးစက်နဲ့ ခနဲ့လိုက်ကာ
“ ဆက်ခံသူငယ်ကို ပေးမယ့် အရာ အားလုံးက ငါ့ကို ပြပြီးမှ ပေးရမယ်လို့ ငါပြောထားတာကို မင်းက ငါ့စကားနားမထောင်တာလား”
“ကျွန်တော် ဒုတိယ ညီလေးကို ပြောခဲ့ပါတယ်…ကျ-ကျွန်တော်ထင်တာက အမေ သိပြီးလောက်ပြီလို့…”
ကျောက်ရွှီကျီးရဲ့ အသံ တုန်ယင်နေသည်မှာ ငိုနေသည့် အလားပင်။
••••