ရွှေစတစ်သောင်းနဲ့ ကျေးဇူးတင်ခြင်း
Vol. 22 Ch. 415
ကျောက်ရွှီကျီးက ထိုသို့ ပြောလာတဲ့ အခါ မင်းသမီးမှာ စူဆောင့်နေရုံသာ ရှိတော့၏။ သူမ အနေနဲ့ သူ့ကို ဘာအတွက်မှ သွားပြီး အပြစ်တင်နေလို့မရ။
ထိုပစ္စည်းက သူမရဲ့သားကို ပေးခဲ့တာ ဖြစ်ပြီးတော့ သူမရဲ့ သား ကိုယ်တိုင်ကလည်း ကွယ်ဝှက်ထားဖို့ ရည်ရွယ်ချက်ရှိခဲ့တာ ဖြစ်နေ၏။
ဒီ ကောင်စုတ်လေးက သနားစဖွယ် ဖြူစင်တဲ့ပုံဖြစ်နေတော့ သူမ ဒေါသကို ဘယ်သူ့ဆီ သွားပြီး ပုံချရတော့မှာလဲ။
“မင်း ပြောနေတာတွေ အကုန် အမှန်ပဲလား” မင်းသား နင်းပေ့ က အေးဆေးစွာနှင့် မေးလိုက်၏။
“ကျွန်တော်ကျိန်ရဲပါတယ်။ တကယ်လို့ ကျွန်တော်သာ ဒုတိယ ညီကို ထိခိုက်စေဖို့ ရည်ရွယ်ချက် ရှိမိခဲ့ရင် သေရင်တောင် ခန္ဓာကိုယ် မပြည့်မစုံနဲ့ သေရပါစေ” ကျောက်ရွှီကျီးဟာ ဒူးထောက်ပြီး ကောင်းကင် ကို တိုင်တည်လိုက်၏။
သူခေါင်းပြန်မော့လိုက်တဲ့ အချိန်အထိ သူရဲ့မျက်နှာထက်မှာ ပြင်းပြတဲ့ စိတ်ခံစားမှုကြောင့် ကျလာတဲ့ မျက်ရည်တွေ ရှိနေသေးသလို မျက်လုံးတွေဟာလည်း နီရဲနေသေးသည်။
မင်းသား နင်းပေ့လည်း သက်ပြင်းချလိုက်ကာ;
“ထားလိုက်တော့၊ မင်းမှာ သူ့ကို ထိခိုက်စေတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတော့လည်း ငါမင်းကို ခွင့်လွှတ်လိုက်မယ်။ ဒါပေမဲ့ ဒါမျိုး နောက်တစ်ခါ ထပ်မဖြစ်စေနဲ့။ ပြန်လိုက်တော့၊ ပြီးရင် တရားထိုင်၊ လောကရဲ့ သတ်မှတ်ချက် အတွဲခုနစ်ကို အကြိမ်တစ်ရာ ကူးရေး”
ကျောက်ရွှီကျီးမှာ မကျေပ်မနပ်ဖြစ်မှု နည်းနည်းတောင် ရှိမနေဘဲ ချက်ချင်းလက်ခံလိုက်၏။
လောကရဲ့ သတ်မှတ်ချက် အတွဲခုနစ်မှာ ညီအစ်ကို ဆက်ဆံရေး အကြောင်းဖြစ်၏။
“သွားတော့”
ကျောက်ရွှီကျီး သည်လည်း ဒူးထောက်ဂါရဝါပြုကာ ပြန်ထွက်သွားတော့သည်။
သူရဲ့ နဖူး ကြမ်းပြင်နဲ့ ထိသွားချိန် ထွက်ပေါ်လာတဲ့ ဒုတ်ခနဲ မြည်သံဟာ သူရဲ့ အပြစ်ကင်းမှုကို ပြသနေသည့်အလားပင်။
မင်းသမီးမှာ ပြောရလောက်အောင် သည်းမခံနိုင်ဖြစ်နေတာမျိုး မဟုတ်။ ကျောက်ရွှီကျီးက သူမရဲ့သားကို မတော်တဆ ထိခိုက်စေမိ၍သာ။ သူမ နည်းနည်းတော့ စိတ်ပျက်သွားခဲ့ပေမဲ့လည်း သူ့ကို ဒီလိုမျိုး မြင်လိုက်ရတဲ့ အခါ သူမ စိတ်ပျော့သွားခဲ့ပြီး ဘာမှ ထပ်မပြောဖြစ်တော့ပေ။
ကျောက်ရွှီကျီး တစ်ယောက် စိတ်မကောင်း ဖြစ်စွာနဲ့ပဲ ခြံဝန်းထဲက ထွက်သွားခဲ့သည်။
သူရဲ့ နဖူးမှာ နီရဲနေဆဲ ဖြစ်ကာ သူ့ရဲ့ မျက်နှာဟာလည်း သောကရောက်မှု၊ ကိုယ့်ကိုကိုယ်
အပြစ်တင်မှုတွေနဲ့ ဖုံးလွှမ်းလို့နေ၏။
ဒါဟာ သူ မြင်းလှည်းထဲ မရောက်ခင်ထိသာ၊ မြင်းလှည်းထဲ ရောက်သွားသည်နှင့် သူရဲ့ အကြည့်တွေဟာ ချက်ချင်းဆိုသလို ပြောင်းလဲ သွားတော့၏။
လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်လို့ထားသည်မှာ မြင်းလှည်းရဲ့ အကာကို ချေမွပစ်တော့မည့်အတိုင်းပင်။ သို့ပေမဲ့၊ အပြင်ဘက်ကနေ တိတ်တဆိတ် စောင့်ကြည့်နေတဲ့ သူတွေ ရှိနေနိုင်တာကို ပြန်တွေးမိပြီး သူ သည်းခံလိုက်ရသည်။
သူ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်၏။
မြိုတော်ကို ပြန်လာတဲ့ လမ်းတစ်လျှောက်၊ ကျောက်ယွီကျီးဟာ အနည်းငယ် သည်းမခံချင်စရာကောင်းနေခဲ့သည်။ အစ်ကိုကြီး တစ်ယောက် အနေနဲ့၊ သူဟာ ကျွန်တစ်ယောက် အတိုင်းပင်။ ဆက်ခံသူငယ်နဲ့ အဖော်ပြုဆော့ကစား ပေးရသလို ကာလည်းကာကွယ် ပေးရသေးသည်။
တကယ်ကို မတော်တဆ ဖြစ်ခဲ့ရခြင်းပင်။
သူ အရုပ်ဆိုင် တစ်ဆိုင်ကို တွေ့တွေ့ချင်း သဘောကျသွားခဲ့ပြီး၊ ကျောက်ယွီကျီး သဘောကျလောက်လိမ့်မယ်ဆိုတာကို သူ သေချာပေါက် သိနေခဲ့သည်။ အစ်ကိုတစ်ယောက်အနေနဲ့ ညီ ဖြစ်သူရဲ့ အကြိုက်ကိုလိုက်ဖို့လိုသည်၊ ထိုအချိန်က ဒါဟာ နိမ့်ကျကာ ကသိကအောက် ဖြစ်တယ်လို့ သူ တွေးမိခဲ့၏။
သူ ထိုပစ္စည်းကို အပေါင်ဆိုင်က ဝယ်ယူလာခဲ့ချိန်
က ၊ ဆိုင်လက်ထောက်ကသူ့ကို တစ်ခုခု ပြောလိုက်သေးသည်။
၎င်းဟာ သန့်စင်နေတဲ့ ပစ္စည်း မဟုတ်ဘဲ၊ ချမ်းသာတဲ့ ကလေးတစ်ယောက်နဲ့ အတူတူ မြှုပ်နှံခဲ့တဲ့ ပစ္စည်းကို တူးယူခဲ့တဲ့ အရာဟု ဆိုင်အကူက ပြောခဲ့၏။ ကလေး တစ်ယောက်ကို ပေးကစားမည်ဆိုပါက ဂရုစိုက်ဖို့လိုသည်ဟုဆို၏။
အဖုံးလေးတစ်ခုပဲဟာ။
ဒါဟာ သူ ထို အချိန်က တွေးမိခဲ့တဲ့အရာပင်။
ဒါပေမဲ့၊ သူ့ရဲ့ ဒုတိယ ညီဟာ ထို အချိန်ကစပြီး တကယ်ကြီး နေမကောင်း ဖြစ်သွားခဲ့လိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ပေ။ သူ ကုပေးဖို့တောင် မတတ်နိုင်ခဲ့။
သူ အများကြီး စဉ်းစားခဲ့သေးသည်။ ရွှေရောင်အဖုံးကို ပြန်ယူသွားဖို့ တွေးခဲ့ပေမဲ့ ခဏလောက် ချီတုံချတုံ ဖြစ်နေပြီးတဲ့နောက်မှတော့ နဂိုအတိုင်း ထားထားလိုက်ဖို့ပဲ သူ ဆုံးဖြတ်ခဲ့သည်။
ဒါ သူ့အမှားမဟုတ်။ လောက ကြီးထဲမှာ ထူးထူးဆန်းဆန်း အရာတွေ ရှိနေတာ မဖြစ်နိုင်လောက်ဘူးဟု သူတွေးခဲ့မိရုံသာ။ ရွှေအဖုံးလေးတစ်ခုက ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို သေစေနိုင်မှာတဲ့လဲ။
သူ စေတနာနဲ့ ကစားဖို့သက်သက် ပေးခဲ့တယ်ဆိုတာ သိသာနေတာပဲကို။
ကျောက်ရွှီကျီး တစ်ယောက် သူရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်လိုက်ပေမဲ့ သူ့ရဲ့ အကြည့်တွေ
ကတော့ အငြိုးတတကြီး ဖြစ်နေဆဲပင်။
“ဒုတိယ ညီလေးကို ကယ်တယ်ပေးခဲ့တဲ့ ဆရာက ဘယ်သူလဲဆိုတာ စုံစမ်းလိုက်၊ ပြန်ရောက်တဲ့ အခါကျရင် လက်ဆောင်တစ်ခု ပြင်ထား၊ ငါကိုယ်တိုင်သူ့ကို သွားပြီး ကျေးဇူးတင်ကြောင်းပြောလိုက်မယ်”
နောက်ဆုံးမှာတော့ ကျောက်ရွှီကျီး အပြင်ဘက်မှာ သူ့ကို ခစားနေတဲ့သူတစ်ယောက်ကို စေခိုင်းလိုက်သည်။
ရှဲ့ချောင် ခြံဝန်းထဲမှာ သုံးရက်ကြာနေထိုင်ခဲ့၏။
သို့သော်၊ ရှဲ့ချောင်က မော့ချူးရှန်းနဲ့ ထွက်သွားတယ်ဆိုပြီး ရှဲ့မိသားစုကို သတင်းပေးနေကြတဲ့ လူတချို့လည်း ရှိနေခဲ့ပြန်၏။
ရှဲ့ဖင်းကန်းဟာ သဘောထားကြီးသူတစ်ယောက်ဖြစ်ကာ ထိုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မေးမြန်းခြင်း မရှိခဲ့။
ရှဲ့ချောင် မပြန်ခင် မင်းသား နင်းပေ့က သူမကို ဖိတ်ကြားလာခဲ့၏။
သူမ ရဲ့ အရှေ့မှာတော့…. မြောက်များလှသော ရွှေတွေပင်။
ရွှေတွေဟာ တလက်လက် တောက်ပနေသည်။
ရှဲ့ချောင်ရဲ့ မျက်နှာဟာ ချက်ချင်းကို တင်းမာသွား၏။ သူမဟာ စိတ်အား ထက်သန်မှုမရှိတဲ့သူတစ်ယောက်လိုမျိုး၊ ရွှေတွေကို ကြည့်တောင် မကြည့်ခဲ့၊ ရွှေတွေကို မသန့်ရှင်းတဲ့ အရာလိုမျိူးသဘောထားတဲ့ ပညာရှင် တစ်ယောက် သဖွယ်
ပင်။
“ကျုပ် အရင်ကလည်း ပြောဖူးပါတယ်၊ ကျုပ်သားရဲ့ အသက်ကို ကယ်နိုင်ရင် ရွှေစ တစ်သောင်းပေးမယ်ဆိုတာ” မင်းသားနင်းပေ့က အလေးအနက် ပြောလာခဲ့သည်။
ရှဲ့ချောင်သည်လည်း
“လူတစ်ယောက်ရဲ့ ဘဝကို ငွေကြေးနဲ့ တိုင်းတာလို့်ရဘူး၊ ဒီလို ဈေးကြီးတဲ့ လက်ဆောင် ကို ပေးတာဟာလည်း ဆီလျော်မှုမရှိပါဘူး။ အခု ဈေးအရ ကျွန်မကို… ငွေစ ငါးထောင်ပဲပေးပါ”
ဒါဟာ အငြိုးကြိး ဝိဉာဉ်ကို ဖမ်းပေးရတဲ့ အတွက် အဖိုးအခပင်။
ခုနက၊ ဆက်ခံသူငယ်ရဲ့ အစောင့်သည်လည်း ငွေစ တစ်ရာကို လက်ခံရရှိခဲ့သည်။
သူမ အနေနဲ့ အငြိုးကြီး ဝိဉာဉ်ကို ဖမ်းပေးတဲ့ အဖိုးအခအတွက် ငွေစ ၅၀၀၀ ကိုသာ တောင်းခံလို့ရပြီး ဒါဟာလည်း မင်းသား နင်းပေ့က ချမ်းသာတဲ့သူဖြစ်လို့ သူတတ်နိုင်တဲ့ ပမာဏတစ်ခုသာ ဖြစ်သည်။ သူမ ထပ်ပြီး ပိုတောင်းလို့လည်း မကောင်းပေ။
••••