ကလေးနဲ့ ကျွန်မက ရေစက် မပါလာဘူး
Vol. 22 Ch. 416
ရှဲ့ချောင် မြေကြီးပေါ်က ရွှေတွေကို မကြည့်ဘဲ ကြိတ်မှိတ်သည်းခံနေရသည်။ သူမရဲ့ အကြည့်က ဘေးဘယ်ညာကိုကြည့်နေပြီး အပြုံးတွေက
ရက်ရောလို့နေ၏။ သူမဟာ အခြားကမ္ဘာလောကက ကျွမ်းကျင် ပညာရှင်တစ်ယောက် သဖွယ်။
နင်းပေ့မင်းသားမှာ လွန်စွာ အံ့အားသင့်သွားခဲ့ရ၏။ ဒီလို ဖြစ်လိမ့်မယ်လို့ သူ မထင်မှတ်ထားခဲ့။
သူမ အရှေ့မှာ ဒီလောက် ရွှေတွေ အများကြီး ရှိနေတာကို ကြည့်တောင် မကြည့်ဘူး!
တကယ်ကို ဆရာတစ်ဆူပဲ!
“ကျုပ် ရိုင်းပျမိသွားတယ်။ ဒီလိုဆိုရင်ရော၊ ဆရာရဲ့ တာအို ဘုရားကျောင်းမှာ ရွှေဆင်းတု တစ်ဆူထုလုပ်ဖို့ အတွက် ကျန်တဲ့ ရွှေတွေ အားလုံးကို လှူလိုက်ဖို့ ကျုပ်ဆန္ဒရှိပါတယ်”
ရှဲ့ချောင် ရင်ဘတ်ထဲ စူးခနဲအောင့်သွားရ၏။
တာအို ဘုရားကျောင်းက ဒီမှာ မဟုတ်ဘူးလေ!
အဝေးကြီးပဲကို!
“အရှင့်သားသာ ဆန္ဒရှိတယ်ဆိုရင်၊ ရွှေတချို့နဲ့ ငွေတွေကို ယွမ်ကျင်းမှာ ရှိတဲ့ ရွှေယွဲ့တာအို ဘုရားကျောင်းမှာ သွားလှူပြီး ကောင်းမှုကုသိုလ်လုပ်လို့ရပါတယ်။ ကျွန်မ ငွေစ ငါးထောင်ကိုပဲ ယူမှာ၊ ကျန်တဲ့ငွေတွေကို လှူပါလို့လဲ အတင်း မတိုက်တွန်းပါဘူး”
သူမရဲ့ငွေတွေလေ…
ရှဲ့ချောင် သက်ပြင်းသာ ချလိုက်တော့သည်။
ရှဲ့ချောင် သက်ပြင်းချလိုက်တာကို မင်းသားနင်းပေ့က နားလည်မှုလွဲသွားပြီး နည်းနည်း ရှက်သလို ဖြစ်သွားခဲ့၏။
လောကကြီးကို ကူညီကယ်တင်နေတဲ့ သူမလို စစ်မှန်တဲ့ ပညာရှင်တစ်ယောက်က ရွှေရောင် ရုပ်တု ကို ဘာလို့ဂရုစိုက်မှာတဲ့လဲ။
သူမကို ပဲကြည့်။လောကကြီးထဲက လူသားတွေ အတွက်ပဲ တွေးပေးနေတာ၊ တကယ်ကို ကြင်နာတတ်တဲ့သူတစ်ယောက်ပါလား။
“ ကျုပ် နားလည်ပါပြီ”
မင်းသားနင်းပေ့ဟာ လေးစားသမှုနဲ့
“ဒီနေ့ ကျုပ်သား ထထိုင်နိုင်ပြီး ဖြစ်သလို
မင်းသမီးကိုလည်း စကားပြောနိုင်ပြီ။ နန်းတွင်းသမားတော်ကလည်း သားရဲ့ အခြေအနေက တော်တော်ကြီး တိုးတက်လာပြီ လို့ပြောတယ်၊ ဒါပေမဲ့ ဆရာမ ကို တစ်ခုလောက် မေးစရာ ရှိသေးတယ်”
“မေးပါ အရှင့်သား”
ရှဲ့ချောင်ကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်၏။
“ကိုယ်တော် ဒီတစ်ခေါက် မြို့တော်ကို ပြန်လာတာ၊ အချိန်တစ်ခုလောက်ထိတော့ နယ်မြေဆီကို ပြန်သွားဖြစ်မှာ မဟုတ်သေးဘူး။ ဧကရာဇ်ကလည်း ကိုယ်တော့်ကို မြို့တော်ထဲမှာ အနားယူစေချင်နေပြီ။ ကိုယ်တော့်မှာက သားနှစ်ယောက်ပဲ ရှိတာ။ကိုယ်တော့်ရဲ့ သားကြီးကတော့ အရွယ်ရောက်နေပါပြီ၊ ဒါပေမဲ့ သားငယ်က….ဒီလိုကိစ္စကြီး ဖြစ်သွားတော့ ကိုယ်တော်သူ့အတွက်
စိတ်ပူတယ်။ မင်းသာ သူရဲ့ ဆရာဖြစ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပဲ” မင်းသားနင်းပေ့ ကပြောလိုက်၏။
“ကျွန်မကို ဆရာ အဖြစ်ထားမလို့လား”
မင်းသား နင်ပေ့ရဲ့စကားကို ကြားတော့ အမြဲတမ်းလိုလို တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ရှဲ့ချောင်တောင် တုန်လှုပ်သွားခဲ့၏
မင်းသား နင်းပေ့ရဲ့ ဆက်ခံသူငယ်က အဖိုးတန်လေးတစ်ယောက်ပဲ။ သူသာ နာခံနေသ၍၊ သူရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံး သူလုပ်ချင်တာ ဘာမဆို လုပ်လို့ရတဲ့ သူ!
ဒီလို အဆင့်တန်းရှိနေတဲ့သူတစ်ယောက်က သူမကို ဆရာအဖြစ် ထားမယ်တဲ့လား?
သူရဲ့ အကြိုက်က .. ကောင်းတာပဲ!
ဒါပေမဲ့… သူမရဲ့ အဆင့်အတန်းကို ပြန်တွေးမိချိန်မှာတော့..
မသင့်တော်ဘူးလို့ ရှဲ့ချောင်ခံစားလိုက်ရသည်။
သူမဟာ မော့ချူးရှန်း တစ်ဖြစ်လည်း ရှဲ့ချောင်လည်း ဖြစ်နေပြန်၏။ သူမရဲ့ သရုပ်အစစ်အမှန်သာ တစ်န့ဖော်ထုတ်ခံလိုက်ရပါက၊ မင်းသား နင်းပေ့ဟာ အလှည့်စားခံလိုက်ရတယ်လို့ ထင်သွားနိုင်၏။ ဒီလိုဆိုရင် ရှဲ့မိသားစု အတွက်လည်း မကောင်းပေ။
“ဒီကလေးနဲ့ ကျွန်မနဲ့က … ဆရာ တပည့်ဖြစ်ဖို့
ကံကြမ္မာ မပါလာဘူး” ရှဲ့ချောင်စကားစလိုက်သည်နှင့် မကောင်းတဲ့ ဘက်ကိုဦးတည်သွားတော့၏။
မင်းသား နင်ပေ့ဟာလည်း အံ့ဩသွားရကာ
“ဘာလို့…”
သူမ တောင်းဆိုချက် တချို့တလေ ရှိလိမ့်မယ်လို့ သူထင်ထားခဲ့တာ ဖြစ်သည်။
သူမ အခုလိုပြောတော့၊ သူ ဘယ်လိုလုပ်ပြီး စကား ဆက်လို့ရတော့မှာလဲ။
“ ကျွန်မက အမြဲတမ်း လျှောက်ပတ်သွားနေတဲ့သူတစ်ယောက်ဖြစ်ပြီး၊ ကလေးတစ်ယောက်ကို ဘယ်လို ထိန်းကွပ်ရမလဲဆိုတာ မသိဘူး။
တကယ်လို့ ဆက်ခံသူငယ် နောင်တစ်ချိန် ဒီလို ကိစ္စမျိုး ထပ်ကြုံလာမှာကို အရှင့်သား တွေးပူနေတာဆိုရင် ၊အဲ့အချိန်ကျ ကျွန်မကို ကြမ္မာဥယျာဉ်မှာ လာရှာလို့ရပါတယ်”
မင်းသားနင်းပေ့မှာ စိတ်မကောင်းစရာပဲ ဟု တွေးလိုက်မိလေသည်။
ဒါပေမဲ့၊ သူမကို တပည့်လက်ခံဖို့လည်း အတင်းတိုက်တွန်းလို့မရတာကြောင့် ထွက်သွားခွင့်သာ ပြုလိုက်ရတော့သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် သူ ကြမ္မာဥယျာဉ်ဆိုတဲ့ ဆိုင်နာမည်ကိုတော့ မှတ်ထားခဲ့သည်။
သူ့အတွက်တော့ သူသားရဲ့ အသက်ဟာ အခြား အရာ အားလုံးထက် အရေးကြီးသည်မို့၊ ဒီလို
အကူအညီတစ်ခုကအတွက်ကတော့ ဒီလောက် ငွေပမာဏ လေးက ပြောပလောက်သည်မဟုတ်။
ရှဲ့ချောင် ခြံဝန်းထဲက ထွက်သွားကာ သာ့ရှုန်းကို ကြမ္မာဥယျဉ်ဆီ အရင် ပြန် ခေါ်သွားလိုက်သည်။
သူမ ကြမ္မာဥယျာဉ်ကို ပြန်ရောက်ပြီး နှစ်နာရီ ကြာရုံရှိသေး ဂုဏ်သရေရှိ ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့လေသည်။ ထို ဂုဏ်သရေရှိ ဧည့်သည်မှာ မင်းသားနင်းပေ့ရဲ့ ကိုယ်လုပ်တော်မှ မွေးတဲ့ အကြီးဆုံးသားပင်။
သတင်းက မြန်မြန်ဆန်ဆန် ပျံ့သွားပြီးတော့ ဒီ ပုဂ္ဂိုလ်ကသတင်းနဲ့ ပတ်သက်ပြီး တိတ်တဆိတိ မေးမြန်းနေခဲ့သည်မှာ သိသာသည်။
ဆိုင်ရဲ့ ပထမထပ်တွင် ဧည်သည့်တွေကို ဧည့်ခံဖို့
နေရာတစ်ခု ရှိ၏။ ဆိုင်ရှင်ချန်က လက်ဖက်ရည်နဲ့ဧည့်ခံနေခဲ့ပြီး ထို ကိုယ်လုပ်တော်ရဲ့ သားအကြီးဆုံး ဆိုသူက သူမကို လက်ဆောင်တစ်ခု ပေးလာခဲ့၏။
ဒီ လက်ဆောင်က…
ငွေရောင် မြင်းမြီး၊ ရွှေရောင် လက်ကိုင်နဲ့ တောင်ဝှေးတစ်လက်ပင်။
ထိုအရာကို ဘယ်က ဝယ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ပေမဲ့၊ အင်မတန်ကိုမှ ရှားပါးအဖိုးတန်ပုံရသည်။
ဒါပေမဲ့ဒီ ပစ္စည်းက ဘယ်လောက်ပဲ ရှားပါး အဖိုးထိုက်တယ်ပဲဆိုဆို ရွှေစတစ်သောင်းနဲ့တော့ နှိုင်းယှဉ်လို့မရနိုင်။ သို့သော်လည်း ရှဲ့ချောင်ဟာ
စိတ်ဓာတ်မာကြောသူတစ်ယောက်ဖြစ်လို့ သူမရဲ့ မျက်နှာကတော့ လုံးဝ မပြောင်းသွားခဲ့ပေ။မြင်းမြီး တောင်ဝှေးကို သိမ်မွေ့ညင်သာတဲ့ အပြုံးနဲ့သာ စိုက်ကြည့်လို့နေခဲ့သည်။
••••