← Chapters

  အကြီးမားဆုံး အတား အဆီး

Vol. 22 Ch. 418

  အကြီးမားဆုံး အတား အဆီး

Vol. 22 Ch. 418

ကျောက်ရွှီကျီး ရဲ့စကားကို ကြားတဲ့ အခါ ရှဲ့ချောင် ခပ်ဖွဖွသာ ပြုံးလိုက်ပြီး

“ဒီလောကကြီးထဲမှာ နာကျင်မှုတွေ၊ ဘေးဒုက္ခတွေ မရှိဘဲနဲ့  နေနိုင်တဲ့သူဆိုတာ အများကြီး မရှိဘူး။ ဒါပေမဲ့ အကြီးဆုံး သခင်လေးက သိချင်တယ်ဆိုမှတော့ ကျွန်မ ပြောပြ‌မယ်၊ ဒုတိယသခင်လေးက ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်သွားပြီဖြစ်တော့ သူရဲ့ ဘဝလမ်းခရီးက ပိုပြီး ချော‌မွေ့လာတော့မှာ”

ကျောက်ရွှီကျီး ခေါင်းညိတ်လိုက်သည်။

လောကမှာ ဘာမှ လုပ်စရာမလုပ်ဘဲနဲ့ နေရင်းထိုင်ရင်း အကောင်းဆုံး အရာတွေကို ပေးခြင်းခံရတဲ့ လူတချို့ ရှိတယ်ဆိုတာ သူလည်း သဘောပေါက်သည်။ ဥပမာ မင်းကြီးက အိမ်ရှေ့စံမင်းသားကို၊ သူ့အဖေက သူ့ရဲ့ ဒုတိယညီကို အလိုလိုက် ချစ်ခင်ပေးသလိုမျိုး။

တချို့လူတွေ အတွက်ကတော့ သူတို့သာ ကြားက တိုက်ခိုက်ပြီးရယူခဲ့တယ်ဆိုရင် လောဘကြီးတဲ့သူလို့ သတ်မှတ်ခံရပြီး၊ အဆုံးသတ်ကောင်းကောင်းတောင် မရရှိနိုင်ကြ!

သူက ဒုတိယ အမျိုးအစားဖြစ်၏။

ဒါပေမဲ့ သူ ကျောက်ယွီကျီးထက်ဆိုးနေလို့လား?

သူ့အသက် သုံးနှစ် အရွယ်၌  စတင်စာဖတ်နိုင်ပြီးဖြစ်ကာ အသက် ခုနစ် နှစ် အရွယ်တွင် ပါရမီရှင်ကလေးတစ်‌ယောက်လို့တောင် ခေါ်တွင်သတ်မှတ်ခံခဲ့ရကာ သူရဲ့ သင်ယူနိုင်စွမ်းက အိမ်ရှေ့စံမင်းသားနဲ့ ယှဉ်လျှင် အနည်းငယ်သာ နောက်ကျသည်ဟု လူတိုင်း ပြောကြ၏။

ထိုအချိန်က သူ့ကိုယ်သူ အိမ်ရှေ့စံမင်းသားနဲ့ နှိုင်းယှဉ်ခဲ့ပြီး သူနဲ့ ယှဉ်ပြိုင်ရမယ့်သူဟာ အိမ်ရှေ့စံမင်းသားတစ်‌ယောက်သာ ရှိတယ်လို့လည်း တွေးခဲ့သည်။

ဒါပေမဲ့  အိမ်ရှေ့စံနဲ့တောင် မယှဉ်ရသေးဘူး၊ မိသားစုထဲမှာ ဆက်ခံသူငယ်ဆိုတဲ့သူ ပေါ်လာတယ်တဲ့!

ကျောက်ယွီကျီး ဟာ မင်းသားတစ်ပါးအနေနဲ့မွေးဖွားလာခဲ့၏။ ထို အချိန်မှစလို့ တခြားသူတွေ သူ့ကို ကြည့်ကြတဲ့ အခါတိုင်း မင်းသားနင်းပေ့ရဲ့ တစ်ဦးတည်းသော သားလို့ မပြောကြတော့ အဲဒီအစား ကိုယ်လုပ်တော်ကမွေးတဲ့ သားအကြီးဆုံးလို့သာ ခေါ်ကြတော့သည်။

"ကိုယ်လုပ်တော်" ဆိုတဲ့ စကားလုံးဟာ သူ့အပေါ်

ကို ဖိချချေမွနေတဲ့ တောင်လိုမျိုးပင်၊ သူရဲ့ ပါရမီစွမ်းရည်တွေနဲ့ အရည်အချင်းတွေကို ကာဆီးပိတ်ဆို့ထားခဲ့သည်။

ကျောက်ရွှီကျီး လှောင်ပြုံးပြုံးလိုက်၏။

“ ကျွန်တော်ရဲ့ သံသယတွေကို ရှင်းလင်းအောင် လုပ်ပေးတဲ့ အတွက် ဆရာမကို ကျေးဇူးတင်ပါတယ်”  ကျောက်ရွှီကျီး ထရပ်လိုက်ကာ  သူရဲ့ အကြည့်တွေကတော့ ခုနက အတိုင်း ဖြစ်နေဆဲပင်။  စူးရှတဲ့ အကြည့်မျိုး မဟုတ်ဘဲ သိမ်မွေ့တဲ့ အကြည့်မျိုး။ “ဘာပဲဖြစ်ဖြစ်၊ ဆရာမက ကျွန်တော့်ညီရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာ မလို့ ဆရာမကို ကျေးဇူးတင်ပါတယ်”

သူ ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

 ရှဲ့ချောင်ရဲ့ ကြမ္မာဥယျာဉ်ကနေ ထွက်လာပြီးသည်နှင့် ကျောက်ရွှီကျီး သူရဲ့ လူယုံတော်ကို မှာလိုက်၏။ 

“ ကြမ္မာဥယျာဉ်ကို တိတ်တဆိတ် စောင့်ကြည့်ထား၊ သူမ ဘယ်သူတွေနဲ့ အဆက်အသွယ်လုပ်လည်း ဆိုတာကိုပါ”

မော့ချူးရှန်း… သူမရဲ့ နာမည်ကို အရမ်း ရင်းနှီး‌နေခဲ့ပြီး သူ ဒီ‌နာမည်ကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က တစ်နေရာရာမှာ ကြားဖူးနေသယောင်ဖြစ်ခဲ့၏။ 

သူမ အိမ်ရှေ့စံမင်းသားအကြောင်း ပြောလိုက်တော့မှ သူ ရုတ်တရက် သတိရသွားခဲ့သည်။

တစ်ချိန်က ၊ အိမ်ရှေ့စံနဲ့ ရှောင်းယွိရုန်တို့ ဆရာတင်မြှောက်ပွဲ အတွက် သွားခဲ့စဉ်၊ သူလည်း မြို့တော်မှာ ရှိနေခဲ့၏။ ထိုအချိန်က သူလည်း အိမ်ရှေ့စံမင်းသားလိုမျိုး လီရှီးယန်ကို ဆရာအဖြစ်

တင်မြှောက်ချင်ခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရတာကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသေးသည်။ 

ထိုအချိန်က လီရှီးယန်ပြောခဲ့ဖူးသည်မှာ သူ့တွင်တပည့်တစ်ယောက်ရှိကာ ထိုတပည့်မှာ အင်မတန်ကိုမှ ဇီဇာကြောင်သူတစ်ယောက်ဖြစ်သည်။ လီရှီးယန် ရွေးလိုက်တဲ့ တပည့်အသစ်က သူ့အကြီးဆုံးတပည့်မော့ချူးရှန်းသဘောကျတဲ့သူလည်း ဖြစ်‌ဖို့လိုတယ်ဟုပင်။

ထိုစကားကို ကြားတဲ့ အချိန်က၊ ရွဲ့နေတယ်ဟုတောင် သူထင်ခဲ့မိသည်။

မော့ချူးရှန်း က အိမ်ရှေ့စံနဲ့ ရှောင်းယွိရုန်ကို မြင်တောင်မမြင်ဖူးဘဲနဲ့ သူမ သဘောကျလောက် မလားဆိုတာ သူက ဘယ်လိုလုပ်သိနိုင်မှာလဲ။

သို့ပေမဲ့၊ ဆရာအိုကြီးဟာလည်း တကယ်ကို

ကြောင်တိကြောင်တောင်နိုင်လှ၏။ သူက ပြုံးလျက်

“သူမ က လူတွေရဲ့ ကံကြမ္မာကို ဟောပေးနိုင်တယ်။ရုပ်ရည်သွင်ပြင်ဆိုတာ နှလုံးသားကနေ လာတာ။ အိမ်ရှေ့စံမင်းသားနဲ့ ရှောင်းယွိရုန်တို့က ကြည့်ကောင်းတဲ့သူတွေ ဆိုတော့  သူတို့ရဲ့ အတွင်းစိတ်ကလည်း ကောင်းမယ်လို့ ငါထင်တယ်”

ဒါပေမဲ့၊ သူလည်း ကြည့်ရဆိုးနေတဲ့သူတစ်ယောက်မှ မဟုတ်ဘဲ၊သူငယ်ငယ်တုန်းကဆိုရင် အိမ်ရှေ့စံမင်းသားနဲ့ ခပ်ဆင်‌ဆင်တူတယ်လို့ ပြောတဲ့သူတွေတောင် ရှိကြတာကို!

သူ ငယ်စဉ်က အိမ်ရှေ့စံမင်းသားရဲ့ လက်မောင်းဟာ ကောင်းမွန်ဆဲ ဖြစ်ကာ သူ့ရဲ့ ပင်ကိုယ် အကျင့်စရိုက်ဟာလည်း ညင်သာ ဖော်ရွေ့တတ်တဲ့သူ ဖြစ်ခဲ့၏။ အိမ်ရှေ့စံမင်းသား လုပ်သမျှ

အရာတိုင်းကို သူလည်းပဲ သင်ယူခဲ့ပြီး ချီးမွမ်းမှု မျိုးစုံကို ရရှိခဲ့သည် 

ဒါကြောင့် အိမ်ရှေ့စံမင်းသားက တပည့်တစ်ယောက် ဖြစ်လာနိုင်ပြီး သူကျတော့ ဘာလို့ မဖြစ်နိုင်ရလဲဆိုတာ  နားမလည်နိုင်ခဲ့ပေ။

လီရှီးယန်ဟာ သူ ဇွဲကောင်းတာကို သိပေမဲ့ အတွင်းစိတ်ကိုပဲ ဦးစားပေး ရွေးချယ်ခဲ့သည်။ တကယ်လို့ အိမ်ရှေ့စံသာ ငြင်းပယ်ခံခဲ့ရပါက သူ့ကို စိတ်ပါလက်ပါနဲ့ လက်ခံပေးမည်ဟု ဆိုခဲ့၏။ သူ ဆန္ဒမရှိခဲ့ရင်တောင် စာပိုဖတ်ပြီး ပို‌သင်ယူရုံပင်။ သူ့ကို အနှောင့်အယှက်ပေးနေမှာမဟုတ်.

မော့ချူးရှန်းနဲ့ သူက အလှမ်းဝေးတဲ့ အတွက် ဆရာတူအစ်မနဲ့ ဆရာတူ မောင်လေး ဖြစ်လာဖို့ မသင့်တော်ဘူးဟုတောင်  ပြောခဲ့သေးသည်။

မော့ချူးရှန်း ဆိုတဲ့သူဟာ သူတစ်ခါမှ မမြင်ဖူးသေးတဲ့ သူတစ်ယောက်ဖြစ်ပေမဲ့ သူ အတွက် အကြီးမားဆုံး အတားအဆီးကြီး တစ်ခု ဖြစ်နေနှင့် ပြီးလေပြီ။

မင်းသမီးက ကလေးတစ်ယောက် မွေးဖွားလာနိုင်ခဲ့တဲ့ အတွက် တပည့်ဖြစ်လာဖို့ ကျဆုံးခဲ့ရကာ လူအများရဲ့ လှောင်ရယ်စရာ တစ်ခု ဖြစ်လာခဲ့ရသည်။

ကျောက်ရွှီကျီး ထေ့ငေါ့ကာ ပြုံးလိုက်၏။

လီရှီးယန်က သူရဲ့ တပည့်ကို ချစ်တဲ့သူဖြစ်လို့ သာ မော့ချူးရှန်းကို ဘာမှ တော့ လုပ်မည်မဟုတ်။

ဒါပေမဲ့ လီရှီးယန်က အလွန်အရေးပါသောသူတစ်ယောက် ဖြစ်နေ၏။

သူရဲ့ တပည့်ခြောက်ယောက်ထဲ၌၊ မော့ချူးရှန်းက လွဲလျှင် ကျန်တဲ့သူတွေဟာ ရာထူးမြင့်သူ သို့မဟုတ် လောကတစ်ခွင် နာမည်ကြီးသူ များဖြစ်ကြသည်။

အခုတော့ သူ မော့ချူးရှန်း သူ့အပေါ် ဘဝင်မကျအောင် လုပ်မိပြီ ဖြစ်လို့ မော့ချူးရှန်း သူ့ဘက်ပါလာဖို့ အခြားနည်းလမ်းကိုသာ စဉ်းစားရတော့မည်။

••••

All Chapters