← Chapters

ထင်ပေါ်ကျော်ကြားအောင် လုပ်ခြင်း

Vol. 22 Ch. 419

ထင်ပေါ်ကျော်ကြားအောင် လုပ်ခြင်း

Vol. 22 Ch. 419

ထိုနှစ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ အတွက်နဲ့  မိန်းမတစ်ယောက်ဖြစ်တဲ့ မော့ချူးရှန်းနဲ့ ပြိုင်ပြီး ငြင်းနေလိမ့်မည်မဟုတ်ပေ။ 

ဒါပေမဲ့၊ လီရှီးယန် မှားခဲ့တဲ့ ဆိုတာကိုတော့ သူ သက်သေပြချင်သေးသည်။

……

ကျောက်ရွှီကျီးကို ပြန်လွှတ်လိုက်ပြီးတဲ့နောက်၊ ရှဲ့ချောင်လည်း အဝတ်အစားလဲကာ ဦးထုပ်ဆောင်းလျက်  အိမ်ပြန်သွားတော့သည်။ 

သို့သော်၊ သူမ ထွက်သွားသည်နှင့် တစ်စုံတစ်ယောက်က ကျောက်ရွှီကျီးကို တိတိတ

ဆိတ် သတင်းပို့လာခဲ့၏။

“ ခုနတုန်းက ကြမ္မာဥယျာဉ် မှာ ရှဲ့မိသားစုက သခင်မလေးလည်း ရှိနေခဲ့ပြီးတော့ သူမ အနောက်တံခါးကနေ ပြန်ထွက်သွားတယ်လို့ မင်းပြောချင်တာလား”

ကျောက်ရွှီကျီး အနည်းငယ်တော့ ပဟေဠိ ဖြစ်သွားခဲ့၏။

“ဆရာက ကြမ္မာဥယျဉ်ထဲမှာပဲ ရှိနေပြီးတော့ အခုထိ ပြန်မထွက်လာသေးပါဘူး။ ရှဲ့သခင်မလေးကတစ်ယောက်ပဲ အိမ်ပြန်သွားတာပါ။ သူမ ဦးထုပ်ဆောင်းတတ်ဆိုပေမဲ့ ရှဲ့အိမ်တော်က အစေခံက သခင်မလေးလို့ ခေါ်လိုက်တာဆိုတော့ ရှဲ့သခင်မလေးဆိုတာ သေချာပါတယ်” 

အစေခံက ပြောလိုက်သည်။

“ ငါ မြိုတော်ကို ရောက်ကတည်းက ရှဲ့သခင်မလေးရဲ့ နာမည်ကို တစ်ခါမှ မကြားဖူးသေးဘူး။ သွားပြီး စုံးစမ်းကြည့်လိုက်။ သူမရဲ့ နောက်ခံက ဘာလဲဆိုတာ”

ကျောက်ရွှီကျီး ထပ်မေးလိုက်၏။

သူမက မော့ချူးရှန်းရဲ့ တပည့်များ ဖြစ်နေမလား?

ရှဲ့ချောင်အကြောင်းကို မေးမြန်းရသည်မှာ လွယ်ကူလှ၏ ရှဲ့ချောင်ရဲ့ သတင်းတွေကို မေးမြန်းဖို့အတွက် အစေခံမှာ သိပ်တောင် အချိန်မယူလိုက်ရကာ ကျောက်ရွှီကျီးကို ပြန်တင်ပြလိုက်၏။

“သူမက တာအိုဘုရားကျောင်းကလား။ဒါဆို မော့

ချူးရှန်းရဲ့ တပည့်ပေါ့။ ဒီ ရှဲ့သခင်မလေးရဲ့ ဘဝက ကောင်းသားပဲ”

ကျောက်ရွှီကျီး ပြုံးလိုက်သည်။

မော့ချူးရှန်းဟာ သာမန် တာအိုဆရာတစ်ယောက်ဆိုပေမဲ့ သူမရဲ့‌ နောက်ခံ အဆက်အသွယ်တွေကိုတော့ လျှော့တွက်လို့မရ။

လီရှီးယန် ဆိုတာက နံပါတ်တစ် ပညာသင်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့တာ!

နတ်ရွာစံ မင်းကြီး ရှိစဉ်က သူဟာ ‌တော်ဝင်ရုံးတော်၌ အရာရှိတစ်ဦး ဖြစ်ခဲ့ကာ  အလွန်ကို အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

သူဟာ မှူးမတ် အသိုင်းအဝိုင်း‌ကို သဘောမ

ကျ၍သာ နောက်ပိုင်းမှာ ‌ထွက်သွားခဲ့တာ ဖြစ်သည်။ မဟုတ်လျှင် သူ မြိုစားမင်း အမတ်ကြီး သုံးဦးထဲမှ တစ်ဦးတောင် ဖြစ်နိုင်သည်။

လက်ရှိ ဧကရာဇ်သည်လည်း  လီရှီးယန်ကို အင်မတန် လေးစား၏။ သို့မဟုတ်ပါက အိမ်ရှေ့စံမင်းသားရဲ့ ဆရာတစ်ယောက် ဖြစ်လာဖို့ ခွင့်ပြုခဲ့လိမ့်မည်မဟုတ်ပေ။

လီရှီးယန်၌ တပည့် အများကြီး မရှိဘူးဆိုပေမဲ့ သူဟာ လူပေါင်းများစွာကို သင်ပြပေးခဲ့တယ်လို့တော့ ဆိုလို့ရသည်။ ပညာသင်ကျောင်းသားတွေမှန်သမျှ သူ့ကို လေးစားကြတယ်လေ!

ရှဲ့ချောင်သာ သူရဲ့ မြေးတပည့် ဖြစ်ခဲ့ပါက၊ လီရှီးယန်ရဲ့ နာမည်၊ရှောင်းယွိရုန်နဲ့  ဆရာတူ ဦးလေး အိမ်ရှေ့စံမင်းသားတို့ရဲ့ ကာကွယ်ပေးထားမှုအောက်မှာတင် အဲဒီ ရှဲ့သခင်မလေးက မြို့တော်

ထဲ သူမ ကြိုက်တာ ဘာမဆို လုပ်လို့ရနေပြီ!

ဒါပေမဲ့၊ သတင်းက ပြန့်မသွားခဲ့။

လူနည်းစုလောက်ကသာ မော့ချူးရှန်းက လီရှီးယန်ရဲ့ အကြီးဆုံး တပည့်ဆိုတာကို သိကြသည်။

“ရှဲ့သခင်မလေးက တော်ဝင်ကျောင်းတော်မှာ ပညာသင်နေတာလား” 

ကျောက်ရွှီကျီး မေးလိုက်သည်။

“ဟုတ်ပါတယ်၊ သခင်လေး။ နှစ်သစ်ကူးမတိုင်ခင်ကဆိုရင်  ရှဲ့သခင်မလေးက ပထမဆုရှစ်ခါ တောင် ရခဲ့တာပါ။ သူမက အလွန်ကိုမှ ပါရမီရှိပြီးတော့ သုန့်သခင်‌မလေးထက်တောင် ထက်မြက်တယ်လို့တောင် ပြောကြပါတယ်”

“ ပထမဆုလေးတွေပဲကို အဲဒီလောက်ကြီး အရေးတယူ ဖြစ်နေစရာ မလိုပါဘူး။ တော်ဝင်ကျောင်းတော််မှာ ဆရာကြီးရှောင်းနဲ့ ဆရာကြီးစန်း တို့ကို သူမရဲ့‌ကျောထောက်နောက်ခံတွေ ဖြစ်နေကြမှတော့ သူမ ထင်ပေါ်ကျော်ကြားဖို့ လုပ်ပေးတာက အံ့ဩစရာတော့ မရှိပါဘူး”

“ငါ မြို့တော်ကို မရောက်ဖြစ်တာကြာပြီ၊ ကြည့်၊ ငါရဲ့ အရည်ချင်းနဲ့ဆိုရင် ငါရော ဆရာ တစ်ယောက် မဖြစ်နိုင်ဘူးလား” 

ကျောက်ရွှီကျီး အစေခံကို မေးလိုက်သည် 

“အကြီးဆုံး သခင်လေးက ငယ်ရွယ်ပေမဲ့ ထူးချွန်တာပဲဟာ သေချာပေါက် လုပ်နိုင်မှာ!” 

အစေခံက ကျောက်ရွှီကျီးကို မြှောက်ပင့် ပြောဆို

နေလေသည်။

ကျောက်ရွှီကျီးကတော့ ဘာမှ ထပ်မပြောဖြစ်ခဲ့။

သူက အသက် ၁၈ နှစ် အရွယ် ရှိနေပြီ ဖြစ်ကာ ဒီတစ်ခါ သူ မြို့တော်ကို ပြန်လာချိန်၌   ကိုယ်ရံတော်ရာထူးနေရာဖို့ အတွက် သူ့‌အဖေက သူ့ကို နန်းတွင်းထဲ သွားစေချင်နေခဲ့သည်။ နှစ်နစ် သုံးနှစ်  အတွင်း ရာထူးတိုးကာ သံအမတ်နေရာ သို့မဟုတ် ‌ဒေသခံအုပ်ချုပ်သူ အရာရှိရာထူးကဲ့သို့ တည်ငြိမ်တဲ့နေရာကောင်းတစ်ခု ရှာနိုင်လောက်သည်။ သူသာ ကောင်းကောင်းမွန်မွန် လုပ်ခဲ့မယ်ဆိုလျှင်၊ မင်းသား ရာထူး ပေးအပ်ခံရဖို့အတွက် နန်းတွင်းရုံးတော် အမိန့် တောင်းခံလို့ရနိုင်၏။

သူရဲ့ အခြေနေနဲ့သာဆိုလျှင် ဘာအမှားတစ်ခုမှ မလုပ်၊ ကံလည်းကောင်းမည်ဆိုလျှင် သူ့

အသက်အရွယ်ရလာတဲ့အခါ  ဘုရင်ခံဘွဲ့ချီးမြှင့်ခံရလောက်မယ်ဆိုတာ သူသိသည်။ ကံမကောင်း အကြောင်းမလှခဲ့လျှင်လည်း သူသေဆုံးပြီးသွားတော့မှ ဘုရင်ခံဘွဲ့ချီးမြှင့်ခံရလောက်သည်။

သို့သော် သူဘဝသက်တမ်းတစ်လျှောက် ကြိုးစားမှုရလာဒ်က သူ့ညီအတွက်ဆိုလျှင်တော့ ခြေလှမ်းအစ သာသာပင်။

ကျောက်ရွှီကျီး စိတ်ထဲ အစီအစဉ်တစ်ခု ချထားပြီး ဖြစ်၏။

သူ့ရဲ့ အသက်အရွယ်အရ ဇနီးတစ်ယောက် ယူရတော့မယ့်အရွယ် ဖြစ်ပြီး သူ ဒီတစ်ခေါက် မြိုတော်ကို ပြန်လာခဲ့တာသာ ကောင်းမွန် ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာဖွေရန်ပဲ ဖြစ်သည်။။

မြိုတော်ကို ပြန်လာပြီးတဲ့နောက် သူ့ညီရဲ့ ကျန်းမာရေး အခြေနေဟာ ချို့တဲ့နေတဲ့ အတွက် သူ့ရဲ့ အစီအစဉ်ကို မလုံနိုင်လောက်ဟု ထင်ခဲ့၏… ဒါကြောင့် သူ့အမေဟာ မြိုတော်ထဲက ဂုဏ်သတင်းကြီးပြီး အဆင့်တန်းမြင့်တဲ့ မိန်းကလေး တစ်ယောကို ရွေးချယ်ပေးထားခဲ့၏။

ဒါပေမဲ့၊ အခုချိန်မှတော့ သူရဲ့ ကနဦး ရွေးချယ်ခဲ့မှုဟာ အလုပ်မဖြစ်မှာကို သူ စိုးရိမ်နေလေပြီ။

••••

All Chapters