ရန်စ
Vol. 22 Ch. 420
ရှဲ့မိသားစုရဲ့ အဆင့်အတန်းက မမြင့်ပေမဲ့လည်း ရှဲ့ချောင်က လီရှီးယန်ရဲ့ မြေးတပည့် ဖြစ်နေတာ
ကြောင့် သူ့အတွက် ရွေးချယ်မှုကောင်းတစ်ခုပင်။
ရှဲ့ချောင် ခွင့်ရက် အနည်းငယ် ယူခဲ့တာဖြစ်ပြီး နောက်တစ်နေ့မှာတော့ သူမ ချက်ချင်းပဲ တော်ဝင်ကျောင်းတော်ဆီ သွားခဲ့လေသည်။
သို့သော် ၊သူမ ကျောင်းတော်ကို ရောက်သည်နှင့် ဆရာကြီးလုက သူမကို ခေါ်တွေ့ခဲ့၏။
လူအိုကြီးကတန်းပြီးကို ကျသင့်ငွေ စာရင်းကို ထုတ်ပြလာ၏။
ရှဲ့ချောင် ယူပြီး ကြည့်လိုက်ရာ… သူမရဲ့ လက်တွေ တုန်ယင်လို့ သွားပြီး သူမရဲ့ မျက်နှာထားဟာလည်း ချက်ချင်းဆိုသလို ပိုပြီး စိတ်ဝင်စားစရာကောင်းသွားသည်။
“ဆရာ၊ ကျွန်မ ခွင့်ယူတာက…..”
သူမ ငိုချင်နေပေမဲ့ မျက်ရည်က ထွက်မလာ။
သူမ ခွင့်လေး သုံးရက်ယူလိုက်မိတာကို ငွေပဲစေ့ ၈၀၀၀ တောင် အဖြတ်ခံလိုက်ရတယ်!
ဆရာကြီးလုက တည်ကြည်လှသောမျက်နှာထားနဲ့ သူရဲ့ မုတ်ဆိတ်မွေးတွေကို သပ်လိုက်ပေမဲ့ သူရဲ့ စကားတွေကတော့ တကယ်ကို ရက်စက်လှ၏။
“ကျောင်းတော်မှာလည်း သူ့စည်းကမ်းနဲ့သူ ရှိတယ်။မင်း ကျောင်းတော်ကို ဝင်လာပြီးကတည်းက ခွင့်ရက်တွေ တစ်ရက်ပြီးတစ်ရက် ယူနေတာ။ ငါ့ရဲ့ အတန်းတင် မဟုတ်ဘူး တခြား အတန်းတွေကိုလည်း မတက်သလောက်နီးပါးပဲ။ဒါကြောင့်မလို့ ဆရာတွေ မကျေမနပ်ဖြစ်နေကြပြီ”
ရှဲ့ချောင်ကတော့ မယုံပေ။
ကျောင်းတော်က သူမရဲ့ ငွေတွေကို တမင်တကာ ဖြတ်သွားတာပဲ။
“မင်းက အတန်း ရှစ်ခုစာ အတွက် စာရင်းပေးထားပေမဲ့၊ သုံးခုကိုပဲ တက်တယ်။ ကျန်တဲ့ ငါးခု အတွက် ကတော့ … စာမေးပွဲကြေးကနေ ငွေပဲစေ့ ၅၀၀၀ ဖြတ်ချခံရမယ်” ရှဲ့ချောင် သနားစရာကောင်းနေတဲ့ပုံပေါက်နေတာကို မြင်တော့ သူ ဆက်ပြီး ရှင်းပြလိုက်၏။
“ငါလည်း စိတ်အနှောက် အယှက်ဖြစ်ရတဲ့ အတွက် အထက်လူကြီးတွေက ဖြတ်ချမယ့်ငွေကို ၈၀၀၀ ဆိုပြီး ရေးလိုက်တာပဲ”
“ကျွန်မ အရင်စာမေးပွဲကနေ ရခဲ့တာက ငွေပဲစေ့ ၈၀၀၀ တည်း။ နောက်တော့ ကျွန်မ အလှူလုပ်ဖို့ သွားတော့ ငွေတွေ အကုန်လုံးနီးပါး ကို သုံးလိုက်ရတယ်….”
ရှဲ့ချောင်မှာ ပြောစရာစကား ပျောက်ဆုံးနေသည်။
အစောပိုင်းကဆိုလျှင် သူမလက်ထဲ ငွေပဲစေ့ တစ်သောင်းကျော်တောင် ရှိခဲ့သည်။
မြို့ပြင်က သွားရတာက အတော်လေးဈေးကြီးလှ၏။အဝတ်အစားနဲ့ ဆေးဖက်ဝင် အပင်တချို့ကို ဝယ်ဖို့ လိုတာကြောင့် သူမလက်ထဲ ငွေပဲစေ့ ၁၀၀၀ နီးပါးသာ ကျန်တော့သည်။နောက်တော့ သူမ ရှားယာ့ယွင်နဲ့ အလောင်းအစားနိုင်ခဲ့ရာ ပြန်ချမ်းသာလာခဲ့ပြန်၏။
ထို ငွေပဲစေ့ ၆၀၀၀ ဟာ များပြားလှတဲ့ ပမာဏ
လောက် ထင်စရာ ကောင်းပေမဲ့ ကျောင်းတော်မှာက ပစ္စည်းကောင်းများစွာကို ရောင်းချနေတာကြောင့် ထိုပမာဏလောက်က ပြောပလောက်သည်မဟုတ်။
ဟင်္သာပြဒါးရိုင်း တွေကိုတောင် ဝယ်ယူလို့ရနိုင်ပြီး အားလုံးက အရည်အသွေးကောင်းတွေ ချည်းပင်
သူမ ဟင်္သာပြဒါးရိုင်း တချို့ကို ဝယ်ယူခဲ့ကာ ကျန်တဲ့ ငွေပဲစေ့ ၂၀၀၀ မှာ သူမရဲ့ နေ့စဉ် အသုံးစရိတ် အတွက်ဖြစ်လို့ စိုးရိမ်စရာ မရှိခဲ့။
ဒါပေမဲ့၊ အခုတော့ ဆရာကြီး လုက သူမဆီကနေ ငွေပဲစေ့၈၀၀၀ ဖြတ်ချနေပြီလေ!
ရှဲ့ချောင်ခမျာ အသက်ရှုရပ်လုနီးပါးပင်။
“ဆရာက မတရားဘူးပဲ။ စာမေးပွဲ အတွက် ဆုကြေးက ငွေပဲစေ့ ၁၀၀၀ လေးတည်းကို။ ကျွန်မသာ ပထမ မရခဲ့ရင် စာမေးပွဲ အတွက် ကျွန်မမှာ ပေးဖို့ ငွေ တောင် ရှိပါ့မလား” ရှဲ့ချောင် အသက်ရှူထုတ်ကာ စိတ်ငြိမ်အောင် ကြိုးစားနေ၏။
“ဒါပေ့ါ ငါတို့ မေးခွန်းတွေ ထုတ်ပြီးသွားပြီ။ ဒါက ပုံမှန် အတန်းတက်တဲ့ ကျောင်းသား တွေ အတွက်ကတော့ သင့်တော်ပါတယ်။ ဒါပေမဲ့.. မင်းကတော့ အဲဒီ ဆရာတွေရဲ့ အတန်းကို မတက်ထားဘူးလေ။ ဒါကြောင့် လေးစားသမှု ကိုပြဖို့ အတွက် အခကြေးငွေ တချို့ကို ပေးရလိမ့်မယ်။ ဥပမာ မြို့တော်ထဲမှာရှိတဲ့ အခြားကျောင်းက ကျောင်းသားတွေက တော်ဝင်ကျောင်းတော်ရဲ့ စာကြည့်တိုက်ကို ဝင်ချင်တယ်ဆိုရင် အခကြေးငွေ ပေးရသလိုမျိုးပေါ့။ ဒါ မျှတတာာပဲလေ”
ဆရာကြီးလုက ရှင်းပြလိုက်သည်။
ရှဲ့ချောင် ပြုံးတောင်မပြုံးနိုင်ခဲ့။
အခုဟာက သူမမှာရှိသမျှ ငွေ အားလုံး သုံးလိုက်ပြီးတဲ့ အပြင်ကို ငွေပဲစေ့၆၀၀၀ တောင် အကြွေးတင်နေသေးတာလေ!
အကြွေးချေနိုင်ဖို့ အတွက်ဆိုရင် စာအုပ် ဘယ်လောက်တောင် ကူးရေး ရမှာလဲ!
ရှဲ့ချောင်မှာ လုံးဝကို ပျော့ခွေနေလေပြီ။
“မင်း စိတ်ဓာတ်ကျဖို့ မလိုပါဘူး။ ကျောင်းတော်က မင်း ငွေပဲစေ့ အများကြီး ပေးထားရတာကို သိ
လို့ အထူးအခွင့်ရေး အနေနဲ့ ပျိုနီပန်းခြံဝန်းကို အခမဲ့ အဆင့်တက်ခွင့်ပေးထားတယ်…”
ဆရာကြီး လုလည်း တော်တော် နောင်တရနေသည်။ သစ်ခွ ခြံဝန်းမှာ ဒီလို ဉာဏ်ရည်ထက်မြတ်တဲ့ကျောင်းသားတစ်ယောက် ရှိဖို့ဆိုတာ ရှားပါးတဲ့ဖြစ်စဉ်လိုဖြစ်နေတာကိုး။
ဒါပေမဲ့၊ သူ ဒီကိစ္စကို သူတစ်ယောက်တည်း ဆုံးဖြတ်ခဲ့တာ မဟုတ်။
“ပျိုနီပန်း ခြံဝန်း….”
ရှဲ့ချောင်ရဲ့ မျက်နှာဟာ တင်းမာသွားရကာ
“ဆရာ ကျွန်မကို တည့်ပဲ ပြောလိုက်ပါလား။ ကျွန်မ ဘယ်သူ့ကို ဆန့်ကျင်ခဲ့မိလို့လဲ”
ဆရာကြီးလု သူမကို ဂရုဏာ သက်စွာနဲ့သာ ကြည့်လိုက်၏။
ခဏလောက် တုံ့ဆိုင်းနေပြီးတော့မှ “လက်ထောက် ကျောင်းအုပ်၊ ဆရာချိုး … သူ့သမီးက ကျိုးမိသားစုရဲ့ ချွေးမ၊ တိုက်ရိုက်ဆက်စပ်နေတာတော့ မဟုတ်ပေမဲ့လို့ပေါ့”
ဆရာကြီးလုက နည်းနည်းလောက်သာ ပြောလိုက်ပေမဲ့ ရှဲ့ချောင်ကတော့ သဘောပေါက်သွားပြီဖြစ်သည်။
ကျိုးမိသားစုရဲ့ ကြိုးကိုင်သူက ဆောင်းဦးအကုန်တွင် ကွပ်မျက်ခံရမည်ဖြစ်ပြီး ကျန်တဲ့သူများမှာ နယ်နှင် ဒဏ်ပေးခံကြရမည်ဖြစ်သည်။ ထိုသို့သော ပြစ်မှုကြီးဟာ မျိူးဆက်သုံးဆက်တိုင် ပြစ်ဒဏ်ပေးခံကြရလိမ့်မည်။
ဒါဟာ ရန်စကြီးတစ်ခုပင်။
•••••