သမီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှု
Vol. 23 Ch. 421
နှစ်သစ်ကူး အချိန်သာရှိသေးပေမဲ့ ကျိုးမိသားစုကလူတွေကတော့ ပြည်နှင်ဒဏ်ပေးခံရမယ့်လမ်းမှာ ရောက်နေကြလေပြီ။ဆရာချိုးရဲ့ သမီး ဖြစ်သူ ဘယ်လောက်ကြာ အသက်ရှင် နေနိုင်မလဲ ဆိုတာ မသိနိုင်ပေ။
ဒါ့အပြင် ပြည်နှင်ဒဏ်ပေးခံရသည့်နေရာသို့ သွားတဲ့ လမ်းဟာလည်း လွယ်ကူသည် မဟုတ်ပေ။
သို့သော်၊အဲဒီလိုဆိုရင်တောင်မှ ရှဲ့ချောင်ကတော့ သူမ မှားတယ်လို့မထင်။
တကယ်တမ်း မှားသူက မင်းသားကျိုးပင်။ ထို
ပြစ်မှုကို ချပြလိုက်ရတဲ့ အတွက် သူမ အပြစ်ရှိသလိုခံစားတယ်ရတယ်ဆိုရင်တောင် သူမသေရမယ်ဆိုလည်း ဆက်လုပ်မှာပင်။
ဒါပေမဲ့လည်း အပြစ်မရှိတဲ့သူတွေပါ သက်သက်မဲ့ ငြိစွန်းသွားခဲ့တာကတော့ သူမ ဖြစ်စေချင်ခဲ့တာ မဟုတ်ပေ။
“စိတ်မပူပါနဲ့၊ ဆရာ ချိုးဆိုတာက ဘယ်ဟာမှားလည်း ဘယ်ဟာမှန်လည်း ဆိုတာ မသိတဲ့သူမဟုတ်ပါဘူး။ ချိုးမိသားစုက သခင်မလေးလည်း ကျိုးမိသားစုရဲ့ လုပ်ရပ်တွေကို သိပြီး နောက်ပိုင်း တော်တော်ခံစားသွားရပြီးတော့ သူမမိသားစု ဂုဏ်သတင်းကိုပါ ထိခိုက်သွားမှာ စိုးရိမ်နေခဲ့တာ။ ဒါကြောင့်မလို့ သူမ နယ်နှင်ဒဏ်အပေး မခံရတင်မှာပဲ…. ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့တယ်၊ ဆယ်နှစ်တောင် မရှိသေးတဲ့ သားလေးတစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူက ကျိုးမိသားစုရဲ့ တိုက်ရိုက်
မျိူးဆက်မဟုတ်တော့ ဆရာချိုးလည်း အဆက်အသွယ် တချို့ရှာပြီး ကလေးကို မြို့တော်မှာထားခဲ့တယ်”
“အဲဒီ ကလေးကသူ့အမေ သေတာကို မျက်မြင်တွေ့ခဲ့ရတော့ တော်တော်လေး ခံစားနေရရှာတာ” ဆရာကြီးလုက ပြောပြလိုက်သည်။
ဆရာချိုးမှာ အင်မတန်ကို ပူဆွေးသောက ရောက်လို့နေ၏။
သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုက အမှန်တကယ်ကို မချည့်ဆံ့ဖွယ်ပင်။
ရှဲ့ဖင်းကန်းဟာ တရားမျှမှု ရှိဖို့ ဒီ အမှူကို စုံစမ်းစစ်ဆေးနေတယ်ဆိုတာကို သူ သိပေမဲ့လည်း စိတ်မချမ်းမသာတော့ ဖြစ်ရသည်။
“ဆရာ ကျွန်မနဲ့ ကျွန်မ အစ်ကို ဘာအမှား တစ်ခုမှ မလုပ်ခဲ့ဘူး” ရှဲ့ချောင် ပြောလိုက်၏။
“ရှဲ့သခင်မလေး၊ ဒီလူအိုကြီးက စကားကို ဝေ့လည်ကြောင်ပတ်ပြောနေတတ်တဲ့သူ မဟုတ်ဘူး။ ဒီ ကျိုးမိသားစုရဲ့ ပြစ်မှုက တုန်လှုပ်စရာကောင်းတယ်။ မင်းရဲ့ အစ်ကိုကြီးက လူပေါင်းများစွာရဲ့ အသက်ကို ပြစ်ဒဏ်ချမှတ်ခဲ့တာ။မင်းက မှန်ကန်တဲ့အရာကို လုပ်ခဲ့တာ ဆိုပေမဲ့ ဥပဒေဘောင် အပြင်ဘက်က အခွင့်အရေးဆိုတာ ရှိသေးတယ်။ ကျိုးမိသားစုမှာ အပြစ်ကင်းတဲ့သူတွေ အများကြီး ရှိတယ်။ ဆရာချိုးရဲ့လုပ်ရပ်က လက်မခံနိုင်စရာတော့ မဟုတ်ဘူး”
ဆရာလုက သက်ပြင်းချလိုက်ပြီးနောက် ဆက်၍
“ဆရာချိုးမှာက သားတွေ အများကြီး ရှိပေမဲ့၊ သမီးဆိုလို့ တစ်ယောက်တည်းပဲ ရှိတာ။ သူ ချိုး
သခင်မလေးကို ကြပ်ကြပ်မတ်မတ်နဲ့ကို သင်ပြပေးခဲ့တယ်။ သူမကို အမှား အမှန်ခွဲခြားတတ်ဖို့၊ ကြင်နာပြီး သမာသမတ်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ လောက ကြီးကို မျှမျှတတ မြင်တတ်ဖို့အတွက် သင်ပြပျိုးထောင်ပေးခဲ့တယ်”
သူမဟာ အလွန်ကို မြင့်မြတ်လွန်းတဲ့အတွက်ကြောင့်ပဲ ကျိုးမိသားစုရဲ့ လုပ်ရပ်တွေကို ရှာတွေ့သွားပြီးနောက်ပိုင်း အလွန်ဒေါသထွက်ပြီး ဆုံးဖြတ်ချ ပြတ်သားသွားခဲ့တာပင်။
ချိုးမိသားစုရဲ့ ဂုဏ်သတင်းဟာ အမြဲတမ်းကောင်းမွန်နေခဲ့၏။ တကယ်တော့ သူတို့သမီးကို ကယ်တင်ဖို့ ကျိုးမိသားစုနဲ့ကွာရှင်းဖို့ မလုပ်နိုင်ခဲ့တာ မဟုတ် ။
ကံဆိုးစွာဖြင့်၊ ချိုးသခင်မလေးဟာ သူမသာ အများသူငှာရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို စဉ်ဆက်
မပြတ်ခံနေရပါက သူမ သေသွားလိမ့်မည်ဟု ခံစားခဲ့ရတာဖြစ်သည်။
ရှဲ့ချောင် ခဏတော့ နှုတ်ဆိတ်သွားခဲ့၏။
“တကယ်လို့ ဆရာချိုးကို ခံစားရတာ နည်းနည်းလောက်ပဲ ဖြစ်ဖြစ် သက်သာ သွားစေမယ် ဆိုရင်တော့ ဆရာ ကျွန်မရဲ့ ငွေတွေ့ကို ဖြတ်ချတာပဲဖြစ်ဖြစ် ပျိုနီပန်းခြံဝန်းကို လွှတ်လိုက်တာပဲ ဖြစ်ဖြစ်…. ဆရာ ကြိုက်သလိုသာ လုပ်ပါ”
ရှဲ့ချောင်ရဲ့ စိတ်အခြေနေဟာ စောစောကလောက် တက်လိုက်ကျလိုက်ကြီး ဖြစ်မနေတော့။
သစ်ခွခြံဝန်းနဲ့ ပျိုနီးပန်း ခြံဝန်းဟာ သူမ အတွက်တော့ ကြီးကြီးမားမား ကွာခြားနေတာမျိူး မရှိလှ။
ငွေတွေ အတွက်ကတော့ အစကတည်းက ပစ္စည်းဥစ္စာသက်သက်ပဲမလို့ စာအုပ်တွေ ကူးရေးပြီး ပြန်ရှာလို့ရသည်။
သူမ ဒေါသလည်း မထွက်သလို ဝမ်းနည်းတာမျိူးလည်း မရှိတာကြောင့် ဆရာလုတောင် အနည်းငယ် အံ့အားသင့်သွားရသည်။
“ဆရာချိုးရဲ့ ဆုံးဖြတ်ချက်က တကယ်တော့ မင်းအတွက် အကျိူးရှိပါတယ်။ ရှဲ့သခင်မလေး မင်းက ထက်မြတ်တဲ့ကျောင်းသူတစ်ယောက်ပါ။
မင်း သစ်ခွခြံဝန်းထဲမှာ ဆက်နေမယ်ဆိုရင် မင်း ဘယ်လောက်ပဲ ပထမနေရာရရ ပျိူနီပန်းခြံဝန်းမှာ ရှိခွင့်ရတာလောက်တော့ ကျေနပ်စရာ ကောင်းမှာမဟုတ်ဘူး” ဆရာလုက ပြောလိုက်၏။
ဒါတင်မက ရှဲ့ချောင်ရဲ့ ပင်ကိုယ်အကျင့်စရိုက်
ဟာ တည်ငြိမ်လွန်း၏။
ပျိုနီးပန်းခြံဝန်းက ပြိုင်ဆိုင်မှုတွေဟာ ပိုပြီး ပြင်းထန်သည်။
“ဆရာ့ရဲ့ သင်ကြားပြသပေးမှုတွေ အတွက် ကျေးဇူးပါ” ရှဲ့ချောင်ရိုးရိုးရှင်းရှင်းသာ ပြောလိုက်ပြီးနောက် သူမ ပစ္စည်းတွေကို သိမ်းဖို့အတွက် ကျောင်းတော်ကို ပြန်သွားတော့သည်။
သို့သော်၊ သူမ ကျောင်းတော်ကို ပြန်ရောက်တဲ့အခါမှတော့ ကလေးတစ်ယောက် သူမကို စိုက်ကြည့်နေတာကိုတွေ့လိုက်ရ၏။
ကလေးရဲ့ဘေးမှတော့ လွင့်မျောနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ရှိနေခဲ့သည်။
ကျောင်းတော်ဟာ ၊ပုံမှန်ဆို
မကောင်းဆိုးဝါးဝိဉာဉ်တွေ ဝင်လာရဲကြတဲ့နေရာမဟုတ်။ ဒါတင် မက ယန် စွမ်းအင်ကလည်း အလွန်အားကောင်း၏။ သို့သော် ၊ကလေးရဲ့ဘေးမှာရှိနေတဲ့ ဝိဉာဉ်ကတော့ ခေါင်းမာလှ၏။ ဘေးမှာပဲ အမြဲတမ်းရှိနေကာ အတော်လေးလည်း ဇွဲကောင်းလှသည်။
ထို မကောင်းဆိုးဝါးဝိဉာဉ်ဟာလည်း ယန်စွမ်အင်ကြောင့် အားနည်းနေပြီဖြစ်ကာ သူသာ ဆက်နေနေပါက လုံးဝ ကွယ်ပျောက်သွားတော့မည်ပင်။
“အဲ့ကလေးမျိုးရိုးနာမည်က… ကျိုးလေ။ အစောက သူ ဒီကို ရောက်လာကတည်းက အဲ့အတိုင်းကြီးပဲ ရပ်နေတာ၊ စကားလည်း တစ်ခွန်းမှ မပြောဘူး၊ ကြောက်စရာကြီး” ချင်လျို့က ရှဲ့ချောင်ရဲ့ အင်္ကျီစကို ဆွဲလျက် ပြောလိုက်သည်
“လွန်ခဲ့တဲ့နှစ်ရက်ကလည်း ကြွေပန်းခြံဝန်းကို သွားပြီး နင့်မောင်ကို အခုလိုကြီး စိုက်ကြည့်နေခဲ့သေးတယ်။ဒုတိယ သခင်လေး ရှဲ့က သူ့ကို ရိုက်တောင် ရိုက်တော့မလို့၊ ကံကောင်းလို့ တစ်ယောက်ယောက်က တားလိုက်လို့ပေါ့”
••••