← Chapters

ဂုဏ်သတင်းနဲ့ အရှက်ရစရာကို အတူမျှဝေခံစားခြင်း

Vol. 23 Ch. 422

ဂုဏ်သတင်းနဲ့ အရှက်ရစရာကို အတူမျှဝေခံစားခြင်း

Vol. 23 Ch. 422

ရှဲ့ဖင်းဟွိုက်သာ တစ်ယောက်‌ယောက်ကို ရိုက်ချင်တယ်ဆိုလျှင် တစ်ဖက်လူက ‌ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် သူ ဂရုစိုက်နေလိမ့်မည် မဟုတ်။

ဆရာရှောင်းရဲ့ အကြီးဆုံးတပည့်ဖြစ်တဲ့ ချူကျန်းက မြင်ပြီး သူ့ကို ဆွဲခေါ်ထုတ်သွားလို့သာ။သို့မဟုတ်ပါက၊ ထို ကျိုး မျိုးရိုးနာမည်နဲ့ ကလေးမှာ အိပ်ယာ‌ပေါ်လှဲနေရလောက်လေပြီ။

“ရှဲ့ရှီကိုရော ဒုက္ခပေးခဲ့သေးလား” 

ရှဲ့ချောင်မေးလိုက်၏။

ချင်လျို့က ခေါင်းခါလျက်

“ရှဲ့ရှီကိုတော့ ဘာမှ မလုပ်ခဲ့ဘူး”

“အနည်းဆုံးတော့ သူ့မှာ  မိန်းကလေးတွေကို အနိုင်မကျင့်ဖို့ အသိတရားရှိသေးတဲ့ပုံပါပဲ” ရှဲ့ချောင်ရေ‌ရွတ်လိုက်သည်။

ရှဲ့ရှီဟာ အသက် ၁၃ နှစ် ရှိပြီ ဖြစ်ပေမဲ့ ၁၁နှစ်၊ ၁၂ အရွယ်သာ ရှိပုံပေါ်ကာ ကြောက်လည်းကြောက်တတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် သူမကို ခံစားရတာမျိုး မဖြစ်စေချင်။

ရှဲ့ချောင် အပြင်ကို ကြည့်လိုက်သည်။

မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ မျက်နှာဟာ ဖြူဖျော့လို့နေပြီး သူရဲ့ မျက်လုံးတွေဟာ ဗလာကျင်းလို့နေကာ တော်တော်လေး ဝမ်းနည်းနေပုံပင်။သူက ကျိုးသခင်လေးရဲ့ ဘေးမှာပဲ နေနေကာ အလွန်ကို အားနည်းနေပုံရသည်။

ရှဲ့ချောင် ခဏတော့ နှုတ်ဆိတ်သွားခဲ့သည်။ ကျိုးမိသားစုရဲ့သခင်လေးက သူမကို စိုက်ကြည့်နေသေးတာကို မြင်တော့၊ သူမ သူ့ဆီ လျှောက်သွားလိုက်သည်။

“နင် ငါ့ကို ကြည့်နေတာပဲ” ရှဲ့ချောင်ရဲ့ လေသံက အေးတိအေးစက်နဲ့ ခပ်တန်းတန်း ဖြစ်လို့နေ၏။ “ကျိုးမိသားစုကို ဒုက္ခရောက်စေခဲ့ အတွက် ငါ့အစ်ကိုကြီးကို မုန်းနေ‌တာမလား” 

ထို ကျိုးသခင်လေးရဲ့ မျက်လုံးတွေထဲမှာ မီးတောက် နေသ‌ယောင် ထင်ရသလို သူမကို စိုက်ကြည့်နေတဲ့ ဝံပုလွေငယ်တစ်ကောင်ရဲ့ မျက်လုံးတွေနဲ့လည်း တူနေပြန်သည်။

“ ငါ့ကို အဲဒီလို စိုက်ကြည့်နေရုံနဲ့ ဘာများ ပြောင်းလဲသွားလို့လဲ။နင် ငါ့ကို စိုက်ကြည့်နေလို့ရတယ်။ နာကျင်တာ ယားယံတာတွေ မဖြစ်သလို ငါ့အနေနဲ့ ဘာမှ ဆုံးရှုံးသွားတာမျိုးလည်း မရှိဘူး။ နင့် အတွက်တော့ နင့်ရဲ့ အနာဂတ်ကို ဆုံးရှုံးသွားရလိမ့်မယ်”

ရှဲ့ချောင်က ခဏ စဉ်းစားလိုက်ပြီးနောက် နူးနူးညံ့

ညံ့နှင့် 

“မဟုတ်သေးဘူး၊ နင့်ရဲ့ အနာဂတ်က ပျက်ဆီးပြီးနေပြီ”

ကြင်ယာဝောာ် မင်းသားကြီးကျိုးက လူပေါင်းများစွာရဲ့ အသက်ကို သေစေခဲ့သည်။

ကျိုးမိသားစုရဲ့ တခြား မိသားစု‌ဝင်တွေ ဘယ်လောက် သနားစရာကောင်းတယ်ပဲဆိုဆို သူတို့ ပြစ်ဒဏ်ခံရဖို့ ထိုက်တန်သည်။

ဒီ ကျိုးမိသားစုက ကလေးဟာ ငယ်ရွယ်ပြီး မသိနားမလည်သေးတဲ့သူတစ်ယောက်ဖြစ်ရာ အစပိုင်းမှာ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့သူတစ်‌‌ယောက်ဖြစ်ခဲ့ရခြင်းကို အခြားသူတွေက  စာနာနားလည်ပေးကောင်းပေးနိုင်ကြ၏။

သို့သော်၊ သူ ဒီလိုသာ အငြိုးကြီးတဲ့သူတစ်ယောက် ဆက်ပြီး ဖြစ်နေမယ်ဆိုရင်တော့  သူဟာ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိတဲ့သူတစ်‌‌ယောက်လို့သာ လူတွေ မြင်ကြတော့မည်။

သူ့အနာဂတ်ကတော့…

တကယ်ကို ပျက်ဆီးနေလေပြီ။

သူ့ကို ချိုးမိသားစုက ကယ်တင်ခဲ့တယ်ဆိုပေမဲ့ ရာဇဝတ်သားဟာ ရာဇဝတ်သားပဲဖြစ်ရာ  လွတ်ငြိမ်းချမ်းခွင့်ရခဲ့တယ်ဆိုလျှင်တောင် သူ့မိသားစုအပြစ်ရှိတယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲသွားမည် မဟုတ်။

ကျိုးမိသားစုရဲ့ မိသားစုဝင်များမှာ မျိုးဆက် သုံး

ဆက်အထိ နန်းတွင်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုခွင့် မရှိချေ။

ရှဲ့ချောင်ရဲ့စကားလုံးတွေဟာ ထိုကလေးရဲ့ နုနယ်လှ‌တဲ့ နှလုံးသားထဲ ထိုး‌ဖောက် ဝင်ရောက်လို့သွားခဲ့၏။

သူရဲ့မျက်လုံးတွေဟာ နီရဲနေကာ နူးညံ့စင်ကြယ်လှတဲ့ မျက်နှာဟာလည်း မလိုမုန်းထားမှုတွေနဲ့ပြည့်ပြီး နီရဲလို့သွားသည်။ ကံဆိုးစွာဖြင့် သူဟာ ငယ်သေးတာကြောင့် ပြောရလောက်အောင်တော့ ကြောက်စရာကောင်းပုံ ပေါ်မနေခဲ့ပေ။

“နာမည် ဘယ်လိုခေါ်လဲ” 

ရှဲ့ချောင်မေးလိုက်၏။

ကလေးက သူမကို အဖက် မလုပ်။

“နင် ငါတို့ကို အရမ်းတွေ မုန်းနေပေမဲ့ နာမည်ကျတော့ ထုတ်မပြောရဲဘူး၊ နောင်တစ်ချိန်မှာ နင်က အညတရ လေးတစ်‌ယောက်သာသာပဲ ဖြစ်လာမှာ။ ငါတို့ကို ကြိတ်ပုန်းလေးပဲ မုန်းနေရပြီးတော့ ငါနဲ့ ငါ့အစ်ကိုကြီးကတော့ နင် ဘယ်သူလဲဆိုတာ မှတ်မိမှာ မဟုတ်ဘူး”

ရှဲ့ချောင် ရက်စက်စွာပြောလိုက်လေသည်။

“ကျိုးခိုင်ယွင်!” ကောင်လေးက အံကို ကြိတ်လျက် ထုတ်ပြောလိုက်၏။

“ကောင်းပြီ၊ ကျိုးခိုင်ယွင်၊ နင် ငါ့ဆီ ဘာလို့လာတာလဲ။ နင့်အမေအတွက် တရားမျှတမှုကို ‌ရှာပေးစေချင်လို့လား”

“ငါ့ အမေက အပြစ်ကင်းတယ်၊  လူတွေကို သတ်ခဲ့တယ် ဆိုတာ ငါ-ငါတို့ သိတောင် မသိဘူး”

ကျိုးခိုင်ယွင်က ဒေါသတကြီး ပြောလိုက်သည်။

ရှဲ့ချောင်သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကြည့်လိုက်၏။

“မင်း အမေ ကျိုးမိသားစုနဲ့ လက်ထပ်တုန်းက ကျိုးမိသားစုက ချမ်းသာတယ်ဆိုတာကို သိခဲ့လား။ ကျိုးမိသားစုက ဂုဏ်ဒြပ်တွေနဲ့ ကောင်းချီးပေးခံခဲ့ရတယ်ဆိုတာကို သိလား။ ကျိုးမိသားစုက မျိုးဆက်တွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ခဲ့လား”

ရှဲ့ချောင်တစ်ခွန်းပြီး တစ်ခွန်း ပြောသွားကာ သူမရဲ့ အသံဟာလည်း လေးနက်နေခဲ့သည်။

“မင်း အမေက ဒါတွေ အကုန်လုံးကို သိထားပြီး ဖြစ်သလို မင်း အဖိုးရဲ့ မိသားစုကလည်း ကျိုးမိသားစုက တော်တော်လေး ကောင်းမွန်တယ်လို့ထင်ခဲ့တယ်၊ ဒါကြောင့်မလို့ပဲ မင်းအမေကို သူတို့မိသားစုနဲ့ လက်ထပ်ပေးခဲ့တာ”

“အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ ဒုတိယ အကြိမ် ပြန်ဝင်စားရသလိုပဲ မင်းအ‌မေက… မှားယွင်းတဲ့ မိသားစုမှာ ပြန်ဝင်စားခဲ့မိတာ”

“မိသားစု တစ်ခုရဲ့ လင်နဲ့မယားကြားမှာ  ဂုဏ်သတင်းပဲဖြစ်ဖြစ်၊ အရှက်ရစရာပဲ ဖြစ်ဖြစ် ၊ အကုန်လုံးကို အတူတူ မျှဝေခံစားကြရတယ်။

မင်း အမေ မတရားသဖြင့် ခံခဲ့ရတယ်ဆိုတာ ဘယ်သူ မသိလို့လဲ။ ငါ့အဖေနဲ့ အစ်ကိုကြီးတောင် သိတယ်။ ဒါပေမဲ့၊ မင်းက ကျိုးမိသားစု ဝင်တစ်ယောက် ဖြစ်နေတုန်းလေ၊ မင်း ပြောင်းလဲနိုင်လို့လား။ ကြင်ယာတော် မင်းသားကြီးကျိုး

ကျူးလွန်းခဲ့တဲ့ ပြစ်မှုက ဖျောက်ဖျက်ပစ်လို့မရဘူး။ ဒါက ဥပဒေ အတိုင်းလုပ်သွားတာ၊ ဘယ်သူမှ  ဘာမှ လုပ်လို့မရဘူး။ မင်း ကောင်းကင်ဘုံနဲ့ ဒီက လူတွေကိုပဲ ထိုင် အပြစ်တင်နေမယ်ဆိုရင်၊ မင်းအမေရဲ့နာမည်ကို ပိုပြီး ညစ်နွမ်းသွားစေရုံက လွဲလို့ ဘာမှ ဖြစ်မလာနိုင်ဘူး။ သူမလိုမြင့်မြတ်တဲ့သူတစ်ယောက်က မင်းကို ဒါမျိုး လုပ်စေချင်မှာတဲ့လား”

ရှဲ့ချောင် ပြောရင်းဆိုရင်းနှင့်ပင် ဘေးဘက်ကို တစ်ချက်ကြည့်လိုက်၏။

••••

All Chapters