နောက်တစ်ကြိမ် ထပ်ပြီး ဦးမော့နိုင်မှာ မဟုတ်
Vol. 23 Ch. 423
မကောင်းဆိုးဝါးဝိဉာဉ်ဟာ ကျိုးခိုင်ယွင်ရဲ့ ခေါင်းကို ကြင်ကြင်နာနာနဲ့ ပွတ်သပ်ပေးနေ၏။
ဝမ်းနည်းကာ အားကိုးရာမဲ့နေပုံပင်။
သူမ နောင်တရနေပုံလည်း ပေါ်၏။
ရှဲ့ချောင်ရဲ့ စကားတွေကို ကြားပြီးနောက် ကျိုးခိုင်ယွင်ခမျာ မျက်ရည်ပေါက်ကြီးငယ် ကျဆင်းလာရတော့သည်။ သူရဲ့ နှုတ်ခမ်းတွေကို တွန့်ကွေးလျက် ငိုကြွေးနေတာကြောင့် ရှဲ့ချောင်ကို ရက်စက်တဲ့သူတစ်ယောက်ပုံပေါ်သွားစေတော့သည်။
“ငါမင်းကို လက်စားချေဖို့ အခွင့်အရေး မပေးဘူးလို့တော့ မပြောနဲ့။ မင်း မှာ အချိန်တွေ အများကြီးရှိနေရင် ငါ့ကို ဒီမှာ လာပြီးစောင့်ကြည့်မနေနဲ့၊ မှောင်ရီပျိုးတဲ့ အချိန်ရောက်တဲ့ အထိစောင့်လိုက်။ ငါ့မောင်နဲ့ အတူ လိုက်လာခဲ့ရင် ငါ့အစ်ကို
ကြီးက အိမ်ကနေ မင်းကို စောင့်နေလိမ့်မယ်။ မင်း လက်စားချေချင်တယ် ဆိုရင် ငါ တံခါး ပိတ်ထားပေးမယ်။ ဓားပဲ သုံးသုံး၊ လှံပဲ သုံးသုံး၊ ကြိုက်ရာ သုံးလို့ရတယ်။ ငါ သူ့ကို ဒီ အတိုင်း မတ်တပ်ရပ်ခိုင်းထားမယ်၊ မင်း သူ့ကို သုံးကြိမ် တိုက်ခိုက်လို့ရတယ်။ သူ့ကို မသတ်နိုင်ဘူးဆိုရင်တော့.. မင်း အသုံးမကျလို့ပဲ။ အနာဂတ်မှာ အသုံးမဝင်တဲ့ အရာတွေ မလုပ်ဖြစ်တော့ဘူးပေါ့..”
သူမ အစ်ကိုကြီး အတွက်ကတော့… သိပ်ပြီး ကိစ္စမရှိလှ။
“သူ့ကို သတ်ပစ်မယ်” ကျိူးခိုင်ယွင်မှာ သွားမရှိတဲ့ ကျားတစ်ကောင်ပမာ ခက်ထန် နေ၏။
“ကောင်းပြီလေ” ရှဲ့ချောင်ရဲ့ လေသံက အေးအေးလူလူဖြစ်ဆဲပင်။ သူမ လုံးဝ ဂရုမစိုက်
ပေ။
ကျိုးခိုင်ယွင် ထွက်ပြေးသွားခဲ့သည်။
သို့သော်၊ မကောင်းဆိုးဝါးဝိဉာဉ်ကတော့ ရှိနေဆဲပင်။
ရှဲ့ချောင် ဖြည်းဖြည်းအေးအေးနှင့်
“ကျောင်းတော်ထဲမှာက ယန်စွမ်းအင်တွေ အပြည့်ပဲ၊ ရှင့်ရဲ့ ဝိဉာဉ်ကို တစ်စစီ မဖြစ်သွားစေချင်ဘူးဆိုရင် ကျွန်မရဲ့ လှည်းထဲမှာ သွားစောင့်နေလိုက်”
သူမရဲ့ အသံဟာ တိုးလွန်းတာကြောင့် ဘယ်သူမှ သတိမထားမိခဲ့။
မကောင်းဆိုးဝါးဝိဉာဉ်မှာ ခေါင်းရှုပ်သွား၏။ ခေါင်းမော့ကာ ရှဲ့ချောင်ကို ဇဝေဇဝါ ဖြစ်စွာနဲ့ ကြည့်လိုက်ရင်း
“နင်.. ငါ့ကို ပြောနေတာလား”
“ဒီမှာ ရှင်က လွဲလို့ တခြားဘယ်ဝိဉာဉ်မှ မရှိဘူးလေ”
ရှဲ့ချောင်ရဲ့ လေသံဟာ တည်ငြိမ်နေဆဲ ဖြစ်ကာ
“အပြင်မှာပဲနေလေ၊ ရှင် ဘယ်လိုလုပ်ပြီး ဒီလို အမှောင်စွမ်းအင် နည်းနည်းလောက်နဲ့ ဒီနေရာကို လာရဲတာလဲ။ ဘာလဲ ရှင်က တစ်ခါ သတ်သေရုံလောက်နဲ့ မလုံလောက်သေးဘူးလို့ထင်နေတာလား။ထပ်ပြီး လုပ်ချင်နေတာလား”
ရှဲ့ချောင်ပြောစရာရှိတာ ပြောပြီးတဲ့ အခါ
မကောင်းဆိုးဝါး ဝိဉာဉ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထွက်သွားတော့သည်။
ချိုးသခင်မလေးက ဂုဏ်သိက္ခာရှိတဲ့သူတစ်ယောက် ဖြစ်နေတော့ရော ဘာထူးသွားလို့လဲ။
သူမ သေသွားပြီဆိုရင်တောင် ကျိုးမိသားစု ဝင်တစ်ယောက် ဖြစ်နေတုန်းပဲလေ။ အမည်းစက်ဆိုတာ ဖျောက်လို့ရမှာတဲ့လား။
ဒါတင်မက သူမမှာ ကလေးတစ်ယောက် ရှိခဲ့သေး၏။
သူမသာ ချိုးမိသားစုကသူတစ်ယောက်လည်းဖြစ်၊ သူမတို့ရဲ့ ဆက်ဆံရေးကလည်းကောင်းပြီးတော့ သူမရဲ့ ခင်ပွန်းက ဒီ လူသတ်မှု အကြောင်းကို မသိခဲ့ဘူးဆိုရင် သူမ ဒီတိုင်း နယ်နှင်ဒဏ်ပေး
ခံရပြီး သူနဲ့ အတူ သွားလိုက်ရုံပင်။
ဧကရာဇ်နဲ့ ဝေးရာကိုသာ ရောက်သွားခဲ့ရင်။
သူမ ဆင်းရဲသွားခဲ့ရင်။
ဒီလိုဆိုရင်တောင် သူမရဲ့ ခင်ပွန်းနဲ့ သား အနားမှာ ရှိနေသ၍ သာမန်အတိုင်း အသက်ရှင် နေထိုင်သွားလို့ရသည်။
သူမရဲ့ ယောက်ျားက ရက်စက်တဲ့ သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်၊ ပိုလို့တောင် သူနဲ့ ဖြေရှင်းရ လွယ်သွားဦးမည်။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး သူမ သားကို အတူနေဖို့ ခေါ်သွားလိုက်ရုံပင်။
သေမင်းတံခါးဝနားရောက်မှ ရှင်ကျန်ရစ်ရတာလည်း အဆိုးကြီးတော့ မဟုတ်လှ။
ဘာနေနေ အခု သူမ သေသွားပြီဆိုမှတော့ သူမ စိတ်ကို ဖြတ်လိုက်သင့်ပြီဖြစ်၏။ ဘာကြောင့်များ အောက်ဘုံကို သွားဖို့ ငြင်းဆိုပြီး လူ့လောကမှာပဲ တဝဲဝဲလည်လည် လုပ်နေရသလဲ။ ဒါ သူမ စိတ်ပူရတဲ့သူတစ်ယောက်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ပဲ မဟုတ်လား။
ရှဲ့ချောင်ရဲ့ အသံဟာ အနည်းငယ်တော့ ခက်ထန်သွားခဲ့၏။
သို့သော် ထို မကောင်းဆိုးဝါးဝိဉာဉ် လွင့်မျောနေတာဟာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး ဘယ်သူ့မှ သူမကို မြင်နိုင်ခြင်းမရှိခဲ့။
အခု၊ ရှဲ့ချောင်က သူမကို ရုတ်တရက်ကြီး စကားပြောလာတဲ့ အတွက် သူမ စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူမ ရှဲ့ချောင်ပြောစကားကို နာခံ
ခဲ့၏။ ရှဲ့မိသားစုရဲ့ မြင်းလှည်းကို ရှာဖို့ အပြင်ထွက်သွားခဲ့ပြီး၊ လှည်းထဲမှာ ငြိမ်ငြိမ်လေး စောင့်နေခဲ့သည်။
သစ်ခွ ခြံဝန်းထဲမှာတော့ ရှဲ့ချောင် ပျိုနီပန်းခြံဝန်းကို ပြောင်းမယ်ဆိုတဲ့ အကြောင်း လူတိုင်း သိပြီးနေကြလေပြီ။
“ဆရာလုက တကယ်လွန်တယ်။ သူ ဘာလို့ နင့်ကို သွားခွင့်ပြုလိုက်ရတာလဲ။ သစ်ခွ ခြံဝန်းထဲမှာ နင့်လို ထက်မြက်တဲ့သူတစ်ယောက်ရှိဖို့ ရှားတဲ့ဟာကို။ နင်သာ ပျိုနီပန်းခြံဝန်းရောက်သွားရင် အနာဂတ်မှာလည်း ငါတို့ သစ်ခွ ခြံဝန်းက ရှုံးရဦးမှာပေါ့” တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ကျယ်လောင်စွာ ပြောလာခဲ့၏။
သူတို့ရဲ့ သစ်ခွခြံဝန်းလေးက ဒုက္ခရောက်နေရှာ၏။
သူတို့ ပျိုနီပန်းခြံဝန်းကို တစ်ကြိမ်တစ်ခါသာ ဖိနှိပ်ခဲ့ဖူးပြီး၊ အနာဂတ်မှာတော့ … သူတို့ ဘယ်သောအခါမှ ထပ်ပြီး ဦးမော့နိုင်မှာ မဟုတ်တော့ပေ။
“ညီမရှဲ့၊ နင် ဆရာလုကို ဒီထက်ပိုပြီး စကားကောင်းတွေ ပြောလို့မရဘူးလား၊ ငါနင့်ကို မသွားစေချင်ဘူး” ချင်လျို့မှာ စိတ်မချမ်းမသာ ဖြစ်နေ၏။
ရှဲ့ချောင် သူမကို ပြုံးပြလိုက်ရင်း
“ အဆင်ပြေပါတယ် ငါတို့ ကျောင်းတော်ထဲမှာ အကြာကြီးနေရမှာမှ မဟုတ်ဘဲ၊ ဘယ်နေရာဖြစ်ဖြစ်အတူတူပါပဲ”
သူမ အသက် ၁၇ နှစ် နှစ်ရှိပြီ၊၊ လက်ထပ်ရတော့မယ့် အချိန်ရောက်နေပြီလေ!
သူမ ဘယ်သူနဲ့လက်ထပ်မယ်ဆိုတာ ပြောဖို့ခက်ပေမဲ့၊ အသက်နှစ်ဆယ်ရောက်တဲ့ အထိ ရှဲ့မိသားစု မှာပဲ နေနေလို့မရဘူးလေ။
“ဟင့်အင်း၊ ငါနင့်ကို သွားခွင့်မပြုဘူး”
ချင်လျို့မှာ ခေါင်းမာနေကာ
“ငါ ကျောင်းအုပ်ကို သွားရှာမယ်။ကျောင်းက ငွေတွေဆို အရမ်းကြိုက်တာ၊အဲ့တော့ နင့်ကို ဆက်နေခွင့်ပေးနိုင်ဖို့အတွက် အဲဒီ ငွေတွေကို ငါပေးမယ်”
ရှဲ့ချောင်ရဲ့ နှုတ်ခမ်းထောင့်တို့ လှုပ်သွားခဲ့၏။
ဒါကြီးက အဆင်ပြေမနေဘူးလေ!
“ အမှန်ပဲ ရှဲ့သခင်မလေး၊ ငါ နင့်ကို အရင်က သဘောမကျခဲ့ပေမဲ့ အခုတော့…၊ ဆရာတွေ ငါတို့ကို သင်ခန်းစာပေးတဲ့ အချိန်တိုင်း နင်သာ ရှိနေလို့ကတော့ ငါနင့်ကို ကြည့်ပြီး၊ သင်ခန်းစာက စိတ်ဝင်စားစရာကောင်းတယ်လို့ထင်မိတယ်။ ဒါကြောင့်မလို့ နင် မထွက်သွားပါနဲ့၊ ငါလည်း ငွေပေးဖို့ ဆန္ဒရှိတယ်” နောက်ထပ်တစ်ယောက်က ပြောလာခဲ့ပြန်သည်။
•••••