← Chapters

 ချီးကျူးစကားအားစောင့်ဆိုင်းခြင်း

Vol. 23 Ch. 424

 ချီးကျူးစကားအားစောင့်ဆိုင်းခြင်း

Vol. 23 Ch. 424

ရှဲ့ချောင် လှမ်းကြည့်လိုက်၏။

သူမ ….သတိမထားခဲ့မိဘူးပဲ။

အရင်က မြင်ဖူးချင်လည်း မြင်ဖူးမှာပေါ့၊သူမ မှ တစ်ဖက်လူရဲ့ နာမည်ကို မှတ်မှ မမှတ်မိတာ။သူမက ဒီလိုမျိုး သက်ရောက်မျိုး ရှိနေတာလားဆိုတာလည်း မသိခဲ့။

ရှဲ့ချောင်ရဲ့ စိုက်ကြည့်မှုကို ခံနေရတာကို ထိုလူမှာ ရှက်သွားရကာ “မင်း ငါ့ကို အထင်မလွဲနဲ့နော် … ငါက   စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောချင်တာ မင်းက ဆရာလုရဲ့ အတန်းထဲမှာဆို ငိုက်မျဉ်းနေပေမဲ့၊ မင်းရဲ့ စုတ်တံကတော့ လှုပ်ရှားနေတုန်းပဲလေ၊”

စိတ်ဝင်စားဖို့ကောင်းတယ်။ 

ရှဲ့ချောင်ရဲ့ ခေါင်းက ဆန်စေ့ကောက်နေတဲ့ ကြက်တစ်ကောင်လို တလှုပ်လှုပ် ဖြစ်နေကာ မျက်လုံးတွေ ‌မှိတ်ထားပြီး ငိုက်မြည်းနေပေမဲ့ သူမရဲ့ လက်တွေကတော့ ပျင်းရိမနေခဲ့။

သူ ခေါင်းဆန့်ပြီး ရှဲ့ချောင်ကို ချောင်းကြည့်လိုက်တဲ့ အခါတိုင်း  သူမ ရေးထားတာတွေ အကုန် မှန်နေတာကို တွေ့ရတယ်လေ!

ဒီလို စွမ်းဆောင်ရည်မျိုးကို အချိန်အကြာကြီး လေ့လာခဲ့ပေမဲ့၊ အခုထိ မတတ်သေးဘူး!

“ငါ မငိုက်ပါဘူး”  ရှဲ့ချောင်က တည်ကြည်သော မျက်နှာဖြင့် “ငါက ဒီအတိုင်း မျက်လုံးလေးမှိတ်ပြီး တွေးနေရုံပဲ”

ထိုလူမှာ ရယ်မိသွားတော့၏။

ဖုန်းမုရွှယ်ကလည်း

“ရှဲ့ချောင်၊ ပျိုနီးပန်းခြံဝန်းမှာက အရည်အချင်းရှိတဲ့ မိန်းကလေးတွေ အများကြီးပဲ၊ ငါတော့ နင့်နဲ့ သင့်တော်တယ် မထင်ဘူး၊  ငါလည်း ဆရာကြီးကို သွားပြောမယ်”

ရှဲ့ချောင်ရဲ့ စိတ်နေစိတ်ထားဟာ  အတန်းထဲမှာရှိတဲ့ ငြိမ်သက်နေတဲ့ ရှုခင်း ပန်းချီကားတစ်ချက်လိုပင်။

ပျိုနီပန်းခြံဝန်းဆိုတာကတော့…

ထိုခြံဝန်းက မိန်းကလေးတွေဟာ ကဗျာ၊ သီချင်း၊ဂီတာ၊ စစ်တုရင်၊ လက်ရေးလှ ပညာ၊ ပန်းချီ စတဲ့ အမျိူးမျိုးသော အကြောင်းရာတွေကို မကြာခဏ ဆိုသလို စုဝေးဆွေးနွေးတတ်ကြသည်။  သူတို့ဟာ သစ်ခွခြံဝန်းက လူတွေ ထက်ကို ပိုပြီး စားသောက် သုံးစွဲကြ၏။  ပျိုနီပန်းခြံဝန်းက သူတွေက ဆိုးသွမ်းတဲ့ သူတွေတော့ မဟုတ်ပေမဲ့ သူတို့က မြို့တော်ထဲမှာ ငယ်စဉ်ကတည်းက  နာမည်ကြီးတဲ့သူတွေ ဖြစ်ကြရာ သူတို့ရဲ့ ပင်ကိုယ်စရိုက်က အနည်းငယ် အထက်စီးတော့ ဆန်ကြ၏။

ရှဲ့ချောင်သာ အဲဒီကို ရောက်သွားပြီး သူမကိုယ်တိုင် ခုခံ တိုက်ခိုက်တာမျိုးမလုပ်လျှင်  ဒုက္ခများစွာ ကြုံတွေ့နိုင်ပေသည်။

ဖုန်းရွှမ်းရွှမ်းကလည်း

“ ငါတို့ အားလုံး ကျောင်းအုပ်ဆီ အတူတူ သွား

မယ်ဆိုရင်ရော။အရင်ကတောင်မှ မုန့်ကျိဖန်က ရှဲ့ချောင်နဲ့ ရှားယာ့ယွင်ပြိုင်ဖို့ဆိုပြီး ငွေနဲ့ ကမ်းလှမ်းခဲ့သေးတာပဲ မဟုတ်လား။ ငါတို့လည်း ရှဲ့ချောင် သစ်ခွခြံဝန်းမှာ ဆက်နေလို့ရအောင် အတွက် ငွေပေးလို့ရတယ်။ ဒါတင်မဟုတ်သေးဘူး၊ စည်းမျဉ်းတွေ အရဆိုရင် ရှဲ့ချောင်သာ ဆန္ဒရှိတယ်ဆိုရင် ဆက်နေလို့ရတယ်လေ။ဟုတ်တယ်မလား”

ထိုစကားကို လူများစွာ ထောက်ခံကြ၏။

ရှဲ့ချောင်တောင် နည်းနည်း အံ့ဩသွားရ၏။

သူမ ဘယ်ချိန်က ဒီလောက် နာမည်ကြီးသွားတာလဲ။။

ချင်လျို့မှာ အပျော်လွန်နေလေသည်။

“စိတ်မပူပါနဲ့၊ ငါ နင့်ကို သွားခွင့်မပြုနိုင်ဘူး။ဒီမှာ လူတွေ နည်းတာ မဟုတ်ဘူး။ဆရာလု ငြင်းလည်း ကျောင်းအုပ်ဆီ သွားလိုက်ရုံပေါ့”

ရှဲ့ချောင်ရဲ့ မျက်လုံးထဲမှာ‌တော့ ဇဝေဇဝါ ဖြစ်နေတဲ့ အရိပ်‌ယောင်တွေနဲ့ပင်။

ချင်လျို့ဟာ တက်တက်ကြွကြွနဲ့ပဲ လူတစ်‌အုပ်ကို ဦးဆောင်လျင် ဆရာလုရဲ့ ခြံဝန်းဆီ တကယ် သွားခဲ့လေသည်။

ရှဲ့ချောင်ကတော့ ဘာမှ မသိတဲ့ပုံစံနှင် ကြောင်တောင်တောင် ဖြစ်နေကာ အနောက်မှာ ကျန်ရစ်နေခဲ့၏။

“ရှဲ့သခင်မလေး၊ နေမကောင်းဘူးလား” ရှဲ့ချောင်

ရဲ့ မျက်နှာထားက ထူးဆန်းနေတာကြောင့် အခန်းထဲမှာ ရှိနေကြတဲ့ အခြားသူတွေ စိုးရိမ်နေလေသည်။

ရှဲ့ချောင် ခေါင်းခါလိုက်ကာ “မဟုတ်ပါဘူး၊ ကျွန်မ ဒီအတိုင်း ဇဝေဇဝါ ဖြစ်သွားလို့ပါ”

မုန့်ရှူရှန်းက ရှဲ့ချောင် ဘေးကနေလျက် သူမကို ဆွဲပြီး ထိုင်ခိုင်းလိုက်ကာ “ငါတို့ နင့်ကို မုန်းနေတုန်းပဲလို့ ထင်နေတယ်လို့တော့ မပြောနဲ့‌နော်”

“မဟုတ်ဘူးလား” ရှဲ့ချောင်မျက်နှာက ခပ်တည်တည်ဖြစ်နေ၏။

သူမရဲ့ သွင်ပြင်နဲ့ အားနည်းလှတဲ့ ခန္ဓာကိုယ်ကြောင့် မိန်းကလေးတွေ သူမကို မုန်းကြတယ်ဆိုတာကို သိသည်။ 

ဖေဝမ်ယွဲ့လိုပင်၊သူမကို ကြည့်ကတည်းက ဟုတ်မနေခဲ့ပေ။

မုန့်ရှူရှန်းက မနေနိုင်တော့ဘဲ ရယ်လိုက်ကာ “ငါနင့်ကို သဘောကျတယ်ဆိုတာက နင် အရင်က ငါ့ကို ကူညီပေးခဲ့ဖူးလို့လေ။ တခြားသူတွေကတော့.. အင်းပေါ့၊သူတို့လည်း သူတို့ အကြောင်းပြချက်နဲ့သူတို့တော့ ရှိမှာပဲ”

“ဘယ်လိုမျိုးလဲ” ရှဲ့ချောင်မတ်မတ်ထိုင်လိုက်ကာ မုန့်ရှူရှန်း ကို လေးလေးနက်နက် စိုက်ကြည့်လျက် သူမရဲ့ ချီးကျူးစကားတွေကို စောင့်ဆိုင်းနေခဲ့၏။

“နင် အခုလုပ်နေသလိုမျိုးလေ”  မုန့်ရှူရှန်း က ပါးစပ်ကို အုပ်လျက်ရယ်လိုက်ကာ “နင်ရဲ့ မျက်နှာအမူအရာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။

နင် သိလား.. နင် အမြဲတမ်း.. ဒီလို ပုံမျိုးဆိုတာ”

မုန့်ရှူရှန်းက ခဏတာ စဉ်းစားပြီးတဲ့နောက် ရှဲ့ချောင်ကို အတုခိုးကာ ခပ်တည်တည် မျက်နှာထားမျိုး ဖြစ်အောင် လုပ်လိုက်ပြီး “ဒီလိုမျိုးလေ၊ နင်ရဲ့ မျက်‌နှာသေပုံစံ၊ ဒါမှမဟုတ် တစ်ခါတစ်လေ ဖျစ်ညှစ်ပြီး ပြုံးပြနေတဲ့ပုံစံက အဘိုးကြီးတစ်‌‌ယောက်လိုပဲ။ နင် ဆရာလုကိုတောင် ဒီလိုပုံစံကြီးနဲ့ ကြည့်တာလေ။ ဆရာတွေ နင့်ကို လန့်လန့်သွားရတဲ့ အချိန်တောင်ရှိသေး။ ငါနင့်ကို စကားပြောရင် လူကြီးတစ်‌ယောက်ကို ပြောနေရသလိုပဲ၊ငါတို့အကုန် ပီတိ ဖြစ်နေကြတာလေ”

ဒါပေါ့ သူတို့ ဒီအကြောင်းကို တိတ်တဆိတ်ပြောနေခဲ့ကြတာပင်။

••••

All Chapters