ပစ်မှတ်
Vol. 23 Ch. 426
ချင်လျို့ တဲ့တိုးဆန်ဆန် ပြောချလိုက်မိတယ်ဆိုပေမဲ့ လူတော်တော်များများလည်း သူမ လို တွေးမိကြတာပဲ ဖြစ်၏။
ဆရာချိုးရဲ့ သမီးဟာ ကျိုးအိမ်တော်ရဲ့ ချွေးမတစ်ယောက်ဖြစ်ပြီး ရှဲ့ချောင်ရဲ့ အစ်ကိုကြီးက ကျိုး အိမ်တော်ရဲ့ ပြစ်မှုကို ဖော်ထုတ်ခဲ့တဲ့သူဆိုတာကို လူတိုင်းသိထားကြသည်။
ရှဲ့မိသားစုက လူတိုင်းကို ဆရာချိုး မျက်မုန်းကျိုးနေတယ်ဆိုတာက ပုံမှန်ပင်။
ဆရာချိုးကတော့ ဒေါသထွက်သွားပုံတောင် မပေါ်၊ သူ လူအုပ်ကြီးကို ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ “ရှဲ့ချောင်က ကျောင်းတော်ကို ရောက်လာပြီဆိုမှတော့ ငါတို့မှာ သူ့ကို သင်ပြပေးရမယ့် ဝတ္တရားရှိတယ်။ ရှဲ့ချောင်လို အရည်အချင်းရှိတဲ့သူတစ်ယောက်အတွက် သစ်ခွခြံဝန်းလိုနေရာမျိုးမှာ နေရတာက မမျှတဘူး။ ပျိုနီပန်းခြံဝန်းက ကျောင်းသားတွေက တကယ်ကို ထက်မြက်ပြီးတော့ ကြိုးစားကြတဲ့သူတွေ။သူ့ကို
သွားခွင့်ပြုလိုက်တာက ဘာမှားလို့လဲ”
သစ်ခွခြံဝန်းက လူအုပ်ကြီးမှာ မျက်နှာတွေ ရဲသွားကြတော့သည်။
ပျိုနီပန်းခြံဝန်းက လူတွေက ပိုပြီး ထူးချွန်ကြတယ်ဆိုတာ သူတို့လည်း သိပါတယ်။
“ဒါပေမဲ့ ပျိုနီပန်းခြံဝန်းမှာက ရှဲ့ချောင်ကို သဘောမကျတဲ့သူတွေ ရှိတယ်လေ။ ညီမရှဲ့က အဲဒီကို မသွားချင်ဘူးလို့တော့ မပြောပေမဲ့….” ချင်လျို့ရဲ့ အသံမှာ ပိုပြီး တိုးဝင်လို့သွားခဲ့၏။
သူမလည်း နည်းနည်းတော့ အပြစ်ရှိသလို ခံစားရသည်။
ရှဲ့ချောင်ဟာ စာမေးပွဲမှာ ပထမနေရာကို ရှစ်ခါတောင် ရခဲ့တဲ့သူတစ်ဦးဖြစ်တဲ့ အတွက် ပျိုနီပန်းခြံဝန်းရဲ့ ဂုဏ်သတင်းကသာ သူမနဲ့ လိုက်ဖက်ညီတာဖြစ်သည်။
ဒါပေမဲ့၊ သူမ ခေါင်းမာစွာနဲ့ပဲ ပျိုနီပန်းခြံဝန်းကသူတွေဟာ ရက်စက်တဲ့သူတွေ ဖြစ်ကြလို့ ရှဲ့ချောင်သာ အဲဒီကို ရောက်သွားလျှင် ဒုက္ခများစွာ ကြုံရလောက်မယ်လို့ ထင်နေဆဲပင်။
“မင်းက ဒါကို သူမ ကောင်းဖို့ အတွက်လုပ်နေတာလား။ ရှဲ့သခင်မလေးက ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့ ဘယ်လိုကြိုးကြိုးစားစား လုပ်ရမလဲဆိုတာကို မသိဘူး။ သူ ကျောင်းတော်မှာ ရှိနေတာ လပိုင်းလောက်ရှိနေပြီ၊ ဒါပေမဲ့ လတိုင်း ဆရာလုရဲ့ အတန်းလောက်ကိုပဲ တက်တယ်။ ဒါကို သူမ အတွက် ကောင်းတယ်လို့ မင်းထင်လား။”
ဆရာချိုးရဲ့ မျက်နှာမှာ ခက်ထန်နေကာ “လွန်ခဲ့တဲ့ နှစ်တွေမှာ၊ သစ်ခွခြံဝန်းရဲ့ စာမေးပွဲ ရလဒ်က ဆိုးသထက် ဆိုးဆိုးလာတယ်။ အခု ရှဲ့ချောင်ပဲ ရှိတယ်။ အဲ့တော့ ငါ့အထင် သစ်ခွခြံဝန်းက ပထမဆု ရှစ်ခါရတယ်ဆိုတဲ့ ဂုဏ်သတင်းးမျိုးနဲ့ မထိုက်တန်ဘူး။ ရှဲ့ချောင်ကို ဆက်ပြီးနေခိုင်းစေချင်တယ်ဆိုရင် မင်းတို့အားလုံး ပျိုနီပန်းခြံဝန်းနဲ့ ပြိုင်ရမယ်”
“မင်းတို့ရဲ့ စွမ်းဆောင်ရည်က ပျိုနီပန်း ခြံဝန်းထက် မဆိုးဘူးဆိုတာကို သက်သေပြနိုင်မယ်ဆိုရင်… ရှဲ့ချောင်ဆက်နေလို့ရတယ်”
ဆရာချိုးက ထက်ပြောလိုက်သည်။
ရှဲ့ချောင်ဟာ ရောက်ရောက်ချင်း ထိုစကားကို ကြားလိုက်၏။
သူမ သဘောပေါက်သွားခဲ့သည်။
အဲဒီ ဆရာကြီးချိုးဆိုတဲ့သူက သစ်ခွခြံဝန်းကို ပြဿနာရှာနေတာပဲ!
ပြီးတော့ သူမက သစ်ခွခြံဝန်းကကျောင်းသာတွေကို ဖိနှိပ်ဖို့ အသုံးချခံနေရတဲ့ နယ်ရုပ်သာသာပဲ။
သူမသာ ဒီနေ့ ပျိုနီပန်း ခြံဝန်းကို ထွက်သွားခဲ့မယ်ဆိုရင် သစ်ခွခြံဝန်းက အမှိုက်တစ်စုသာ ဖြစ်ပြီး စာမေးပွဲမှာ ရလဒ်ကောင်းရတဲ့သူဟာ ချက်ချင်း ထွက်သွားရမယ်ဆိုပြီး လူအိုကြီးက ပြောမှာပင်။
ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ခြံဝန်းနှစ်ခု ကြားက ရှုပ်ထွေးတင်းမာလှတဲ့ ဆက်ဆံရေးဟာ
ယောက်ျားပဲ ဖြစ်ဖြစ် ဖြစ်ဖြစ် မိန်းကလေး ပဲ ဖြစ်ဖြစ်ကျောင်းတော်တစ်ခုလုံးမှာ သက်ရောက်စေမှာ ဖြစ်သည်။
ပျိုနီပန်း ခြံဝန်းက သူတွေဟာ သစ်ခွခြံဝန်းက သူတွေကိုပိုလို့တောင် အထင်မြင်သေးလာကြမည် ဖြစ်ကာ သစ်ခွ ခြံဝန်းက သူတွေကတော့….. ပိုပြီးယှဥ်ပြိုင်တိုက်ခိုက်လိုစိတ် ပြင်းထန်လာကြလိမ့်မည်။
ဒါကြောင့် ဆရာလု သူမကို ထွက်သွားဖို့ ခွင့်ပြုလိုက်တာ အံ့ဩစရာ မရှိတော့။
မိန်းကလေး ကျောင်းသူတွေဟာ အမြဲတမ်းလိုလို လေးလံထိုင်မှိုင်းနေကြကာ မိန်းကလေးတွေကို သင်ပြပေးမယ့် ဆရာတွေအတွက် လိုအပ်ချက်ဟာလည်း နိမ့်ကျပေမဲ့ အမျိုးသားတွေရဲ့ကျောင်းတော်ကတော့ ကွာခြားကြကာ ကျောင်းသားတိုင်း
ဟာ သူတို့ရဲ့ အနာဂတ် အတွက် သင်ယူလေ့လာနေကြသူတွေ ချည်းပင်။
သို့သော်၊ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ပျိုနီပန်း ခြံဝန်းဟာ နာမည်ကျော်ကြားလာခဲ့ပြီး အချိန်ကြာလာတာနဲ့ အမျှ အခြားခြံဝန်းက သူတွေဟာ ပျိုနီးပန်း ခြံဝန်းကို ခေါင်းဆောင်အနေနဲ့ ထားရတာကို ကျင့်သားရလာကြသည်။
ခြံဝန်းနှစ်ခုကြားက ပြိုင်ဆိုင်မှုဟာလည်း နည်းသထက် နည်းလာရုံသာမက သစ်ခွခြံဝန်းက လူတွေဟာ ပျိုနီးပန်း ခြံဝန်းကို ရှုံးနိမ့်ခဲ့တာတောင်မှ အခွင့်အရေးပဲလို့ တွေးနေကြသေးသည်။
ဒါဟာ မကောင်းတဲ့အရာပင်။
ခြံဝန်းငါးခုမှာ အဆင့်သတ်မှတ်ချက်တစ်ခုစီတိုင်း
တွင်ရှိပြီး ကြွေပန်း ခြံဝန်းနဲ့ နှင်းလုံးနှင်းဆီ ခြံဝန်းက ကျောင်းသားတွေဟာ ငယ်ကြပေမဲ့ ကျန်တဲ့ ခြံဝန်းသုံးခုကသူတွေကတော့ အသက်အရွယ် သိပ်မကွာကြပေ။ တကယ်ဆိုလျှင် သူတို့ အရှုံးကို လက်ခံတာ အနိုင်ပိုင်းခံရတာ မျိုး မဖြစ်သင့်။
ဆရာကြီးချိုးဟာတော်ဝင်ကျောင်းတော်က ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်စေဖို့ အတွက် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကိုအသုံးချခဲ့သည်။ ထိုကဲ့သို့သော အပြုအမူမျိုးဟာ တခြားသူတွေကိုယ်စား ကျောင်းအုပ်ကြီးက သိသိသာသာကို အသိအမှတ်ပြုပေးထားသည်။
ကျောင်းတော်ဘက်က ကြည့်မယ်ဆိုလျှင်လည်း ဆရာချိုးရဲ့ လုပ်ရပ်ဟာ လူအများ အတွက် သူ့ကိုယ်သူ စတေးခံတယ်ဟုယူဆနိုင်သည်။
သို့်သော် ရှဲ့ချောင်ကတော့ မတရားခံရတယ်လို့ ခံစားနေရသည်။
သူမက ဘယ်လိုလုပ်ပြီး ပစ်မှတ်ဖြစ်လာရတာလဲ။
ဒါပေမဲ့ သူမ ပျိုနီပန်း ခြံဝန်းကို တကယ် သွားလိုက်ပြန်ရင်လည်း သစ်ခွခြံဝန်းကကျောင်းသားအားလုံးရဲ့ ရန်သူကြီးတစ်ယောက် ဖြစ်လာဦးမှာ!
အဲဒီ ဆရာချိုးက အပေါက်ဆိုးတဲ့သူပဲ။ဒီလို ရက်စက်ပြီး အောက်တန်းကျတဲ့ နည်းလမ်းကိုတောင် စဉ်းစားမိတယ်။
•••••